သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပႆနာ ျပည္တြင္းမွာ ေဆြးေႏြးေျဖရွင္းသင့္ (ပါေမာကၡ Karl Jackson)


professor Karl Jackson

[ Zawgyi / Unicode ]

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ျမန္မာနိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ ျဖစ္ေပၚလာတဲ့ အက်ပ္အတည္းကို ေျဖရွင္းဖို႔ အေကာင္းဆုံး နည္းလမ္းက ျပည္တြင္း မွာ ျမန္မာစစ္တပ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ႏွစ္ဖက္ေတြ႕ဆုံ ေဆြးေႏြးၾကဖို႔ပဲ ျဖစ္တယ္လို႔ အေမရိကန္ ျပည္ေထာင္စု Johns Hopkins တကၠသိုလ္ အဆင့္ ျမင့္ နိုင္ငံတကာေလ့လာေရးေက်ာင္း SAIS ရဲ့ အေရွ႕ေတာင္ အာရွဌာနက ပါေမာကၡ Dr. Karl Jackson ေျပာပါတယ္။ ကိုရဲမင္းထြန္းက ဆက္သြယ္ ေမးျမန္းထားပါတယ္။

ရဲမင္းထြန္း။ အာရွနဲ႔ အေရွ႕ေတာင္ အာရွ ေရးရာ ကြၽမ္းက်င္သူ ပါေမာကၡ Dr. Karl Jackson က အရင္ ျမန္မာႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ အာဏာသိမ္းမႈ ၂ ႏွစ္ ခုကို ျမင္ေတြ႕ခဲ့ဖူးသူျဖစ္ပါတယ္။ အဲဒီ အာဏာသိမ္းမႈေတြအၿပီး တိုင္းျပည္ရဲ႕ စီးပြားေရးေတြ က်ဆင္းရသလို ျပည္သူလူထုရဲ႕ သက္သာ ေခ်ာင္ခ်ိေရးမွာ ထိခိုက္ နစ္နာတာေတြ ရွိခဲ့ပါတယ္။ အခု အာဏာသိမ္းမႈကိုေကာ အရင္ အာဏာသိမ္းမႈေတြနဲ႔ တူမယ္လို႔ ထင္ပါသလား။

Dr. Karl Jackson။ အခု အာဏာသိမ္းမႈကေတာ့ အားလုံးအတြက္ ေတာ္ေတာ္ေလး စိတ္ပ်က္စရာ ကိစၥပါ။ ျမန္မာျပည္သူေတြအတြက္ေရာ ျပင္ပကမာၻက လူေတြအတြက္ပါ စိတ္ပ်က္စရာျဖစ္ပါတယ္။ COVID-19 ကိစၥေရာ အာဏာသိမ္းတာေရာ ႏွစ္မ်ိဳးစလုံး တစ္ခ်ိန္တည္း ျဖစ္ေနတာဆိုေတာ့ တိုင္းျပည္ရဲ႕ စီး ပြားေရးအေပၚ ဘယ္ေလာက္ ထိခိုက္မလဲဆိုတာ ခန႔္မွန္းတြက္ခ်က္ဖို႔ ခက္ပါတယ္။ ႏွစ္မ်ိဳးစလုံးကေတာ့ ေကာင္းတဲ့ သက္ေရာက္မႈေတြ ရွိမွာမဟုတ္ပါဘူး။

စီးပြားေရး တိုးတက္မႈႏႈန္း က်ဆင္းမယ္လို႔ ခန႔္မွန္းရပါတယ္။ အာဏာသိမ္းမႈေၾကာင့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံ ဝင္လာတာေတြ ရပ္စဲသြားမွာ ေၾကာင့္တင္မက ဘူး၊ COVID 19 ေၾကာင့္ ကမာၻ စီးပြားေရး အေျခအေန ေႏွးေကြးေနတာေၾကာင့္လည္း ျမန္မာ့ စီးပြားေရး က်ဆင္းမယ္လို႔ ခန႔္မွန္းတာပါ။

ရဲမင္းထြန္း။ ဟုတ္ကဲ့၊ တိုင္းျပည္ကို လြတ္လပ္တဲ့ ဒီမိုကေရစီႏိုင္ငံ ျဖစ္ေစခ်င္တဲ့ ျမန္မာ ျပည္သူေတြက သူတို႔ရဲ႕ အိပ္မက္ တကယ္ျဖစ္လာေစဖို႔ႏိုင္ငံတကာ အသိုက္အဝိုင္းရဲ႕ အားေပးေထာက္ခံမႈကို သိပ္ၿပီး အားထားေနၾကပါတယ္။ အေမရိကန္ျပည္ေထာင္စု၊ ကုလသမဂၢအဖြဲ႕နဲ႔ အာဆီယံအဖြဲ႕တို႔လည္း အဲဒီအထဲ ပါဝင္ပါတယ္။ ေလာေလာဆယ္ အေမရိကန္သမၼတ Joe Biden ရဲ႕ မူဝါဒက ျမန္မာႏိုင္ငံအေပၚ ဘယ္ေလာက္အထိ အကူအညီ ေပးႏိုင္ပါသလဲ။

Dr. Karl Jackson။ အာဏာသိမ္းတာ ရက္သတၱပါတ္ သိပ္မၾကာေသးတာေၾကာင့္ အခုအခ်ိန္မွာ အေမရိကန္ အစိုးရဲ႕ မူဝါဒဘာလဲဆိုတာရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ဒါေပမဲ့ ဒါက အာဏာသိမ္းမႈ ျဖစ္တယ္ဆိုၿပီးေတာ့ အေမရိကန္ အစိုးရက ေဝဖန္ရႈတ္ခ်သလို စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႕ဝင္ေတြ ကိုလည္း ဒဏ္ခတ္ပိတ္ဆို႔မႈေတြလုပ္ခဲ့ပါတယ္။ ဒါေပမဲ့ ေရရွည္မွာေကာ ဘာေတြ ျဖစ္လာမလဲ၊ ဒါက ေမးစရာ ေမးခြန္းတစ္ခုပါ။ အေမရိကန္ကြန္ဂရက္ ကလည္း သီးျခား တင္းက်ပ္တဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္လာႏိုင္ပါတယ္။

ရဲမင္းထြန္း။ ျမန္မာျပည္သူေတြ အေနနဲ႔ ကုလသမဂၢနဲ႔ အာဆီယံတို႔ဆီကေန အားေပးေထာက္ခံမႈနဲ႔ အကူအညီ ရမယ္လို႔ ေမွ်ာ္လင့္ႏိုင္ပါ သလား။

Dr. Karl Jackson။ အခု အက်ပ္အတည္းကို ေျဖရွင္းဖို႔က အေကာင္းဆုံး နည္းလမ္းကေတာ့ ျပည္တြင္းမွာ ျမန္မာစစ္တပ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ႏွစ္ဖက္ေတြ႕ဆုံ ေဆြးေႏြးၾကဖို႔ပဲ ျဖစ္ပါတယ္။ ျပည္တြင္းမွာ ႏွစ္ဖက္ေတြ႕ဆုံ ေဆြးေႏြးပြဲေတြကို အင္ဒိုနီးရွားနဲ႔ ထိုင္း အစိုးရတို႔ကေနၾကားဝင္ ေဆာင္႐ြက္ ေပးႏိုင္ပါတယ္။ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ကလည္း ၾကားဝင္ ေဆာင္႐ြက္ႏိုင္ပါတယ္။ ဒါေပမဲ့ ဒီလို ေဆြးေႏြးပြဲေတြ စဖို႔က ခက္ခဲေလ့ရွိပါတယ္။

ဒီလို ေဆြးေႏြးပြဲေတြကို တံခါးပိတ္ ေဆြးေႏြးပြဲေတြနဲ႔ လုပ္ေလ့ ရွိၿပီး ေနာက္က်ေတာ့မွ ျပင္ပကလူေတြက ၾကားၾကရတာပါ။

ရဲမင္းထြန္း။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ အင္ဒိုနီးရွား ႏိုင္ငံျခားေရး ဝန္ႀကီး နဲ႔ ျမန္မာ စစ္ေကာင္စီက ခန႔္ထားတဲ့ ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးတို႔ ဗန္ေကာက္ၿမိဳ႕ မွာ ေတြ႕ဆုံခဲ့ၾကေသးတယ္။ အဲဒီ ေဆြးေႏြးပြဲကေန ရလဒ္ေကာင္း ထြက္မယ္လို႔ ျမင္မိပါသလား။

Dr. Karl Jackson။ ဒီေမးခြန္း အတိအက် ေျဖဖို႔ ခက္ပါတယ္။ ေဆြးေႏြးႏိုင္ခဲ့ၾကတာက ေကာင္းပါတယ္။ ဒါေပမဲ့ ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ တိုးတက္မႈကို ခ်က္ခ်င္း မျမင္ေတြ႕ရပါဘူး။ တိုးတက္မႈ ခ်က္ခ်င္း ရလိမ့္မယ္လို႔ မေမွ်ာ္လင့္မိပါဘူး။ အာဆီယံအဖြဲ႕ တစ္ခုလုံးထက္ အာဆီယံ အဖြဲ႕ဝင္ ႏိုင္ငံ တစ္ႏိုင္ငံခ်င္းစီကေန ဒီကိစၥျပႆနာကို အျမန္ဆုံး ေျဖရွင္းႏိုင္ဖို႔ လိုလားေနတာကို ေတြ႕ရပါတယ္။

ရဲမင္းထြန္း။ အာဏာသိမ္းကိစၥမွာ တ႐ုတ္ႏိုင္ငံရဲ႕ အခန္းက႑ကိုေကာ ရွင္းျပေပးႏိုင္ပါသလား။

Dr. Karl Jackson။ စိတ္ဝင္စားစရာေကာင္းတာက တ႐ုတ္ႏိုင္ငံရဲ႕ လူသိရွင္ၾကား ရပ္တည္ခ်က္က ျပည္တြင္း ႏွစ္ဖက္ ေတြ႕ဆုံေဆြးေႏြးတာကို ေထာက္ခံ တာျဖစ္ပါတယ္။ အလားတူပဲ ျပည္တြင္းမွာပဲ ဒီျပႆနာကို ေျဖရွင္းႏိုင္ဖို႔ အေျဖရွာေနတဲ့ အင္ဒိုနီးရွားနဲ႔ ထိုင္းႏိုင္ငံတို႔ရဲ႕ ၾကားဝင္ ေဆာင္႐ြက္ခ်က္ေတြ ကိုလည္း ေထာက္ခံပါတယ္။ ဒါက တ႐ုတ္ဘက္က အေတာ္ေလးတာဝန္သိမႈကို ျပသေနတာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံက ျမန္မာ စစ္တပ္ကို အရင္တုန္း ကေပးခဲ့ သလိုမ်ိဳး ေထာက္ခံမႈ အျပည့္အဝ မေပးတာကို အံ့ဩ ဝမ္းသာမိပါတယ္။ ဒီေတာ့ တ႐ုတ္ႏိုင္ငံ၊ အေမရိကန္ ျပည္ေထာင္စု၊ ထိုင္းနဲ႔ အင္ဒိုနီးရွား ႏိုင္ငံေတြက ၾကားဝင္ေဆာင္႐ြက္ေပးႏိုင္တဲ့ အခန္းက႑မွာ ရွိေနပါတယ္။

ရဲမင္းထြန္း။ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ ျမန္မာ့ အက်ပ္အတည္း ေျဖရွင္းေရးကိစၥမွာ ပူးေပါင္း ေဆာင္႐ြက္ႏိုင္မယ္လို႔ ထင္ပါသလား။

Dr. Karl Jackson။ လက္တြဲ အလုပ္လုပ္ႏိုင္ဖို႔ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ ဒီ ကိစၥအေၾကာင္း ေဆြးေႏြးႏိုင္ရင္ အေတာ္ေလး ေကာင္းမွာပါ။ ျမန္မာကိစၥမွာ တ႐ုတ္ႏိုင္ငံ မပါရင္ ဘာမွ ျဖစ္လာမွာ မဟုတ္ပါဘူး။ အေမရိကန္တို႔က မူဝါဒတစ္ခု ခ်မွတ္မယ္ဆို႔ တ႐ုတ္ႏိုင္ငံ ကိစၥကိုလည္း ထည့္သြင္းစဥ္းစားဖို႔ လိုပါတယ္။ ဥပမာ ေျပာရရင္ သမၼတ George W. Bush လက္ထက္က ဒဏ္ခတ္ အေရးယူမႈေတြ တင္းတင္းက်ပ္က်ပ္နဲ႔ အမ်ားႀကီး ခ်ထားပါတယ္။ ဒါေပမဲ့ ဒီလို ဒဏ္ခတ္အေရးယူမႈထဲ တ႐ုတ္ႏိုင္ငံ ပါဝင္ခဲ့ျခင္း မရွိပါဘူး။

ရဲမင္းထြန္း။ ေက်းဇူးတင္ပါတယ္ Dr. Jackson ခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္


= = = = =

[ unicode ]

မြန်မာပြဿနာ ပြည်တွင်းမှာ ဆွေးနွေးဖြေရှင်းသင့် (ပါမောက္ခ Karl Jackson)

ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းက ပြည်တွင်း မှာ မြန်မာစစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးကြဖို့ပဲ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ် အဆင့် မြင့် နိုင်ငံတကာလေ့လာရေးကျောင်း SAIS ရဲ့ အရှေ့တောင် အာရှဌာနက ပါမောက္ခ Dr. Karl Jackson ပြောပါတယ်။ ကိုရဲမင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ရဲမင်းထွန်း။ အာရှနဲ့ အရှေ့တောင် အာရှ ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ Dr. Karl Jackson က အရင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှု ၂ နှစ် ခုကို မြင်တွေ့ခဲ့ဖူးသူဖြစ်ပါတယ်။ အဲဒီ အာဏာသိမ်းမှုတွေအပြီး တိုင်းပြည်ရဲ့ စီးပွားရေးတွေ ကျဆင်းရသလို ပြည်သူလူထုရဲ့ သက်သာ ချောင်ချိရေးမှာ ထိခိုက် နစ်နာတာတွေ ရှိခဲ့ပါတယ်။ အခု အာဏာသိမ်းမှုကိုကော အရင် အာဏာသိမ်းမှုတွေနဲ့ တူမယ်လို့ ထင်ပါသလား။

Dr. Karl Jackson။ အခု အာဏာသိမ်းမှုကတော့ အားလုံးအတွက် တော်တော်လေး စိတ်ပျက်စရာ ကိစ္စပါ။ မြန်မာပြည်သူတွေအတွက်ရော ပြင်ပကမ္ဘာက လူတွေအတွက်ပါ စိတ်ပျက်စရာဖြစ်ပါတယ်။ COVID-19 ကိစ္စရော အာဏာသိမ်းတာရော နှစ်မျိုးစလုံး တစ်ချိန်တည်း ဖြစ်နေတာဆိုတော့ တိုင်းပြည်ရဲ့ စီး ပွားရေးအပေါ် ဘယ်လောက် ထိခိုက်မလဲဆိုတာ ခန့်မှန်းတွက်ချက်ဖို့ ခက်ပါတယ်။ နှစ်မျိုးစလုံးကတော့ ကောင်းတဲ့ သက်ရောက်မှုတွေ ရှိမှာမဟုတ်ပါဘူး။

စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းမယ်လို့ ခန့်မှန်းရပါတယ်။ အာဏာသိမ်းမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ ဝင်လာတာတွေ ရပ်စဲသွားမှာ ကြောင့်တင်မက ဘူး၊ COVID 19 ကြောင့် ကမ္ဘာ စီးပွားရေး အခြေအနေ နှေးကွေးနေတာကြောင့်လည်း မြန်မာ့ စီးပွားရေး ကျဆင်းမယ်လို့ ခန့်မှန်းတာပါ။

ရဲမင်းထွန်း။ ဟုတ်ကဲ့၊ တိုင်းပြည်ကို လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်တဲ့ မြန်မာ ပြည်သူတွေက သူတို့ရဲ့ အိပ်မက် တကယ်ဖြစ်လာစေဖို့နိုင်ငံတကာ အသိုက်အဝိုင်းရဲ့ အားပေးထောက်ခံမှုကို သိပ်ပြီး အားထားနေကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂအဖွဲ့နဲ့ အာဆီယံအဖွဲ့တို့လည်း အဲဒီအထဲ ပါဝင်ပါတယ်။ လောလောဆယ် အမေရိကန်သမ္မတ Joe Biden ရဲ့ မူဝါဒက မြန်မာနိုင်ငံအပေါ် ဘယ်လောက်အထိ အကူအညီ ပေးနိုင်ပါသလဲ။

Dr. Karl Jackson။ အာဏာသိမ်းတာ ရက်သတ္တပါတ် သိပ်မကြာသေးတာကြောင့် အခုအချိန်မှာ အမေရိကန် အစိုးရဲ့ မူဝါဒဘာလဲဆိုတာရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ ဒါက အာဏာသိမ်းမှု ဖြစ်တယ်ဆိုပြီးတော့ အမေရိကန် အစိုးရက ဝေဖန်ရှုတ်ချသလို စစ်အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တွေ ကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရေရှည်မှာကော ဘာတွေ ဖြစ်လာမလဲ၊ ဒါက မေးစရာ မေးခွန်းတစ်ခုပါ။ အမေရိကန်ကွန်ဂရက် ကလည်း သီးခြား တင်းကျပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာနိုင်ပါတယ်။

ရဲမင်းထွန်း။ မြန်မာပြည်သူတွေ အနေနဲ့ ကုလသမဂ္ဂနဲ့ အာဆီယံတို့ဆီကနေ အားပေးထောက်ခံမှုနဲ့ အကူအညီ ရမယ်လို့ မျှော်လင့်နိုင်ပါ သလား။

Dr. Karl Jackson။ အခု အကျပ်အတည်းကို ဖြေရှင်းဖို့က အကောင်းဆုံး နည်းလမ်းကတော့ ပြည်တွင်းမှာ မြန်မာစစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးကြဖို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးပွဲတွေကို အင်ဒိုနီးရှားနဲ့ ထိုင်း အစိုးရတို့ကနေကြားဝင် ဆောင်ရွက် ပေးနိုင်ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကလည်း ကြားဝင် ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ဆွေးနွေးပွဲတွေ စဖို့က ခက်ခဲလေ့ရှိပါတယ်။

ဒီလို ဆွေးနွေးပွဲတွေကို တံခါးပိတ် ဆွေးနွေးပွဲတွေနဲ့ လုပ်လေ့ ရှိပြီး နောက်ကျတော့မှ ပြင်ပကလူတွေက ကြားကြရတာပါ။

ရဲမင်းထွန်း။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး နဲ့ မြန်မာ စစ်ကောင်စီက ခန့်ထားတဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးတို့ ဗန်ကောက်မြို့ မှာ တွေ့ဆုံခဲ့ကြသေးတယ်။ အဲဒီ ဆွေးနွေးပွဲကနေ ရလဒ်ကောင်း ထွက်မယ်လို့ မြင်မိပါသလား။

Dr. Karl Jackson။ ဒီမေးခွန်း အတိအကျ ဖြေဖို့ ခက်ပါတယ်။ ဆွေးနွေးနိုင်ခဲ့ကြတာက ကောင်းပါတယ်။ ဒါပေမဲ့ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ တိုးတက်မှုကို ချက်ချင်း မမြင်တွေ့ရပါဘူး။ တိုးတက်မှု ချက်ချင်း ရလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။ အာဆီယံအဖွဲ့ တစ်ခုလုံးထက် အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံချင်းစီကနေ ဒီကိစ္စပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ လိုလားနေတာကို တွေ့ရပါတယ်။

ရဲမင်းထွန်း။ အာဏာသိမ်းကိစ္စမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကိုကော ရှင်းပြပေးနိုင်ပါသလား။

Dr. Karl Jackson။ စိတ်ဝင်စားစရာကောင်းတာက တရုတ်နိုင်ငံရဲ့ လူသိရှင်ကြား ရပ်တည်ချက်က ပြည်တွင်း နှစ်ဖက် တွေ့ဆုံဆွေးနွေးတာကို ထောက်ခံ တာဖြစ်ပါတယ်။ အလားတူပဲ ပြည်တွင်းမှာပဲ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အဖြေရှာနေတဲ့ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ကြားဝင် ဆောင်ရွက်ချက်တွေ ကိုလည်း ထောက်ခံပါတယ်။ ဒါက တရုတ်ဘက်က အတော်လေးတာဝန်သိမှုကို ပြသနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာ စစ်တပ်ကို အရင်တုန်း ကပေးခဲ့ သလိုမျိုး ထောက်ခံမှု အပြည့်အဝ မပေးတာကို အံ့ဩ ဝမ်းသာမိပါတယ်။ ဒီတော့ တရုတ်နိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေက ကြားဝင်ဆောင်ရွက်ပေးနိုင်တဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

ရဲမင်းထွန်း။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေးကိစ္စမှာ ပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့ ထင်ပါသလား။

Dr. Karl Jackson။ လက်တွဲ အလုပ်လုပ်နိုင်ဖို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဒီ ကိစ္စအကြောင်း ဆွေးနွေးနိုင်ရင် အတော်လေး ကောင်းမှာပါ။ မြန်မာကိစ္စမှာ တရုတ်နိုင်ငံ မပါရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အမေရိကန်တို့က မူဝါဒတစ်ခု ချမှတ်မယ်ဆို့ တရုတ်နိုင်ငံ ကိစ္စကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဥပမာ ပြောရရင် သမ္မတ George W. Bush လက်ထက်က ဒဏ်ခတ် အရေးယူမှုတွေ တင်းတင်းကျပ်ကျပ်နဲ့ အများကြီး ချထားပါတယ်။ ဒါပေမဲ့ ဒီလို ဒဏ်ခတ်အရေးယူမှုထဲ တရုတ်နိုင်ငံ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ရဲမင်းထွန်း။ ကျေးဇူးတင်ပါတယ် Dr. Jackson ခင်ဗျား။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG