သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အကြမ်းဖက်နှိမ်နင်းမှုအပေါ် နိုင်ငံကာတုန့်ပြန်ချက်


ဖေဖေါ်ဝါရီ ၂၈ ရက် တနင်္ဂနွေနေ့အတွင်း ရဲနဲ့စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရရှိမှု ( ဓါတ်ပုံ - VOA မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်)

[ Zawgyi / Unicode ]

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ တနင်္ဂနွေနေ့က နိုင်ငံတ၀န်း ဆန္ဒပြပွဲတွေမှာ ပစ်ခတ်ရိုက်နှက် ဖြိုခွင်းတာကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီးနောက်မှာတော့ ကုလသမဂ္ဂနဲ့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေရဲ့ တုံ့ပြန်ချက်တွေကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါမယ်။

ရွေးကောက်ပွဲက ဖော်ပြခဲ့တဲ့ မြန်မာ လူထုရဲ့ ဆန္ဒကို လေးစားဖို့နဲ့ ဖိနှိပ်နေတာတွေကို ရပ်ရမယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပါးနိုင်အောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တညီတညွတ်တည်း ပါဝင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲမှု အပေါ်မှာလည်း အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတားရက်စ်က အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း ပြောခွင့်ရက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရိုက်နှက် ပစ်ခတ် ဖြိုခွင်းတာတွေ၊ တရားဥပဒေမဲ့ ဖမ်းဆီးတာတွေကို လက်မခံနိုင်ဘူးလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြေညာချက်မှာ ပြောဆိုထားပါတယ်။ တချိန်တည်းမှာဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း ဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွင်းမှုနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ အချက်အလက်တွေစုဆောင်း ရရှိထားကြောင်း ပြောဆိုထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရ Ravina Shamdasani က အခုလို ပြောပါတယ်။

" မြန်မာနိုင်ငံမှာ စစ်တပ်က ကျည်ဆန် အစစ် သုံးတာကြောင့် ဒီကနေ့ အနည်းဆုံး လူ ၁၈ ဦး သေဆုံးရတယ်ဆိုတဲ့ ခိုင်မာ စိတ်ချရတဲ့ သတင်းအချက်အလက်တွေ ရရှိထားပါတယ်။ နောက်နိုင်ငံတ၀န်းက မြို့တွေမှာ ဖြစ်ခဲ့တာပါ။ အနည်းဆုံး လူ ၃၀ ဒဏ်ရာရတဲ့ အချက်အလက်တွေလည်း ရရှိထားပါတယ်။ အခု ဖြေကြားနေတဲ့ အချိန်မှာဘဲ ထိခိုက်ဒဏ်ရာရမှု အရေအတွက် တိုးလားနေဆဲ ဖြစ်ပါတယ်။ ဒီထဲက တချို့ရဲ့ အခြေအနေက စိုးရိမ်ရတယ်ဆိုတာကိုလည်း ကျမတို့ သိရှိထားပါတယ်။ နောက်ထပ် အသေအပျောက် ထပ်တိုးလာမယ့် အရေးကို ထိတ်လန့်မိပါတယ်။ "


ဆန္ဒပြပွဲတွေ စခဲ့ပြီးနောက် တလတာ အတွင်း တနင်္ဂနွေနေ့မှာ ပစ်ခတ် ရိုက်နှက် ဖြိုးခွင်းမှုက အဆိုးရွားဆုံး ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရ Ravina Shamdasani က ပြောပါတယ်။

" ပြီးခဲ့တဲ့ လ အတွင်းမှာ လူမှု အလွှာပေါင်းစုံကနေ ခိုင်မာတဲ့ ပိုင်းဖြတ်ချက် သတ္တိရှိရှိနဲ့ ဆန္ဒပြသူ အရေအတွက် တိုးလာတာကို တွေ့နေရပါတယ်။ တချိန်တည်းမှာဘဲ အဖမ်းအဆီးတွေ များလာတာလည်း တွေ့ရပါတယ်။ ဒီကနေ့ ဆိုရင် အနည်းဆုံး လူ ၁၀၀၀ လောက် တရားဥပဒေမဲ့ ဖမ်းဆီးခံရတဲ့ မှတ်တမ်းတွေ ကျမတို့ ရရှိထားပါတယ်။ ဆရာဝန်တွေ၊ ကျန်းမာရေး ၀န်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံ နိုင်ငံရေး သမားတွေ အကြောင်းလည်း ကျမတို့ဒီမှာ ပြောဆိုဆွေးနွေးနေကြပါတယ်။ လမ်းမတွေပေါ်မှာ ဆန္ဒပြသူ လူထုက ကြီးထွားလာတာနဲ့ အတူဘဲ စစ်တပ်ဘက်ကလည်း အင်အား ပိုသုံးလာပါတယ်။ "

မြန်မာ စစ်တပ်က ဒီထက်ပိုပြီး အကြမ်းဖက် ဖြိုခွဲလာမယ့် အရေးကို ကုလသမဂ္ဂဘက်က စိုးရိမ်နေတာပါ။

" ကျမတို့ သိပ်ကို စိုးရိမ်နေတဲ့ အချက်က စစ်တပ် တခု အနေနဲ့ အရင်က လူ့အခွင့်အရေးချိုးဖောက်တဲ့ မှတ်တမ်းရှိပြီး ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတယ်၊ တာဝန်ခံမှု တာဝန်ရှိမှု မရှိတဲ့ အခြေအနေပါ။ ဆိုတော့ ပိုပြီး ဆိုးရွားလာမယ့် အလားအလာ အပေါ်မှာ ကျမတို့ စိုးရိမ်နေပါတယ်။ "

နိုင်ငံတ၀န်းက မြို့တွေ နယ်တွေတိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ချိန်ရွယ် ပစ်ခတ်မှုတွေကိုပါ တနင်္ဂနွေနေ့က မြင်တွေ့ခဲ့ရတာနဲ့ အတူဘဲ ကုလသမဂ္ဂဘက်ကလည်း စစ်တပ်ဘက်က အင်အား မသုံးဖို့ တောင်းဆိုထားပါတယ်။

" ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံးနေတာတွေ ရပ်ဖို့ စစ်တပ်ကို ကျမတို့ တောင်းဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန်မှာ တရားရုံးထုတ်မယ်လို့ ကျမတို့ သိရှိထားပြီး သူ အပါအ၀င်၊ လွတ်လပ်စွာ စုဝေး ဖော်ထုတ်ခွင့် အခွင့်အရေးကို ကျင့်သုံးမှုကြောင့် တရားဥပဒေမဲ့ ဖမ်းဆီးခံရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။ စစ်တပ် အပေါ်မှာ တစုံတရာ သြဇာ သက်ရောက်မှု ရှိသူ အားလုံးနဲ့ နုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ဒီလို အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး တတ်နိုင်သမျှ ပါဝင်ပြီး ဖိအားပေး ဆောင်ရွက်ကြဖို့လည်း ကျမတို့ တောင်းဆိုပါတယ်။ "

အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ HRW ရဲ့ အာရှ ရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson ကလည်း သေဆုံး ဒဏ်ရာ ရမှုတွေကို ချက်ချင်းဘဲ သမာသမတ်ကျကျ စုံစမ်းစစ်ဆေးဖို့ တောင်းဆို ထားပါတယ်။

" နိုင်ငံတ၀န်းက မြို့တွေ နယ်တွေမှာ အများစု ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေဘက်က လူသေဆုံး ဒဏ်ရာရစေတဲ့ အထိ အင်အားသုံးခဲ့ပြီး ဒါဟာဆိုရင် လက်သင့်မခံနိုင်စရာ စြဖ်သလို ချက်ချင်း ရပ်ရပါမယ်။ ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့၊ ထိန်းချုပ်ဖို့မှာ ကျည်ဆန် အစစ် မသုံးသင့်သလို၊ အသက်အန္တရာယ်ကို ကာကွယ်ဖို့ ဒါမှမဟုတ်လည်း အကြီးအကျယ် ဒဏ်ရရမယ့် အရေး ကာကွယ်ဖို့ အတွက်သာ ရိုက်နှက်တာလိုမျိုး အင်အားသုံးနိုင်တာပါ။ သေဆုံးမှုတွေနဲ့ အပြင်းအထန် ထိခိုက်ဒဏ်ရာရမှုတွေကိုလည်း ချက်ချင်း သမာသမတ်ရှိရှိ စုံစမ်းစစ်ဆေးရပါမယ်။ တရားဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ လုပ်သူတွေကို တာဝန်ခံစေရမှာ ဖြစ်ပါတယ်။"

ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူး သံတမန် Tom Andrews ကလည်း ကမ္ဘာ့ အသိုင်းအ၀ိုင်း အနေနဲ့ ပြောဆိုကန့်ကွက် ရှုတ်ချနေတာကို ကျေးဇူးတင်ကြောင်း ဒါပေမယ့် ပြောဆို ကန့်ကွက်နေရုံနဲ့ မလုံလောက်ကြောင်း ပြောဆိုပြီး မြန်မာ့ စစ်အာဏာသိမ်းမှု အရေး လက်တွေ့ ဆောင်ရွက်ကြဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တနင်္ဂနွေနေ့မှာ တိုက်တွန်းထားပါတယ်။

= = = = = = =

[ Unicode ]

အကြမ်းဖက်နွိမ္နင်းမှုအေပါ် နိုင်ငံကာတုန့်ျပန္ခ်က်

စစ်အာဏာသိမ်းမှု ဆန့်က်င္တဲ့ တနင်္ဂနေနြေ့က နိုင်ငံတ၀န်း ဆန္ဒျပပြဲတြေမွာ ပစ္ခတ်ရိုက်နွက် ဖြိုခြင်းတာကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးပြီး ဒါဇင္နဲ့ခ်ီ ဒဏ်ရာရခဲ့ပြီးနောက္မွာတော့ ကုလသမဂ္ဂနဲ့ အခြင့်အေရး လှုပ်ရွားမှု အဖြဲ့တြေရဲ့ တုံျ့ပန္ခ်က်တြေကို မသိဂ င်္ီထိုက္က စုစည်းတင်ျပထားပါမယ်။


ရြေးကောက္ပြဲက ဖော်ျပခဲ့တျဲ့မန္မာ လူထုရဲ့ ဆန္ဒကို လေးစားဖို့နဲ့ ဖိနွိပ်နေတာတြေကို ရပ်ရမယ္ဆိုတဲ့ ရွင်းလင်ျးပတ်သားတဲ့ သတင်းစကားပါးနိုင်အောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တညီတညြတ္တည်း ပါဝင်ကြဖို့ ကုလသမဂ္ဂ အတြင်းရေးမွူးခ်ုပ္က တောင်းဆိုလိုက္ပါတယ်။ ဆန္ဒျပပြဲတြေကို အကြမ်းဖက် ဖြိုခြဲမှု အေပ်ါမွာလည်း အတြင်းရေးမွူးခ်ုပ် အန္တိုနီရို ဂူတားရက္စ္က အျပင်းအထန် ကန့်ကြက် ရှုတ္ခ်ကြောင်းျေပာခြင့်ရက တနင်္ဂနေနြေ့မွာျေပာပါတယ်။ ငြိမ်းခ်မ်းစြာ ဆန္ဒျပသူတြေကို ရိုက်နွက် ပစ္ခတ် ဖြိုခြင်းတာတြေ၊ တရားဥပေဒမဲ့ ဖမ်းဆီးတာတြေကို လက္မခံနိုင္ဘူးလို့လည်း ကုလသမဂ္ဂ အတြင်းရေးမွူးခ်ုပ္က ကြေညာခ်က္မွာျေပာဆိုထားပါတယ်။ တခိန္တည်းမွာဘဲ ကုလသမဂ္ဂ လူ့အခြင့်အေရးရုံးကလည်း ဆန္ဒျပပြဲတြေ အကြမ်းဖက် ဖြိုခြင်းမှုနဲ့ ပတ်သက္တဲ့ ခိုင္မာတဲ့ အခ်က်အလက်တြေစုဆောင်း ရရွိထားကြောင်းျေပာဆိုထားပါတယ်။ ကုလသမဂ္ဂ လူ့အခြင့်အေရးရုံးျေပာခြင့်ရ Ravina Shamdasani က အခုလိုျေပာပါတယ်။

"ျမန္မာနိုင်ငံမွာ စစ္တပ္က က်ည္ဆန် အစစ် သုံးတာကြောင့် ဒီကေန့ အနည်းဆုံး လူ ၁၈ ဦး သေဆုံးရတယ္ဆိုတဲ့ ခိုင္မာ စိတ္ခ်ရတဲ့ သတင်းအခ်က်အလက်တြေ ရရွိထားပါတယ်။ နောက်နိုင်ငံတ၀န်းက မြို့တြေမျွာဖစ္ခဲ့တာပါ။ အနည်းဆုံး လူ ၃၀ ဒဏ်ရာရတဲ့ အခ်က်အလက်တြေလည်း ရရွိထားပါတယ်။ အခုျေဖကြားနေတဲ့ အခိန္မွာဘဲ ထိခိုက္ဒဏ်ရာရမှု အေရအတြက် တိုးလားနေဆျဲဖစ္ပါတယ်။ ဒီထဲက တခို့ရဲ့ အျေခအေနက စိုးရိမ်ရတယ္ဆိုတာကိုလည်း က်မတို့ သိရွိထားပါတယ်။ နောက္ထပ် အေသအေပ်ာက် ထပ္တိုးလာမယ့် အေရးကို ထိတ္လန့်မိပါတယ်။ "

ဆန္ဒျပပြဲတြေ စခဲ့ပြီးနောက် တလတာ အတြင်း တနင်္ဂနေနြေ့မွာ ပစ္ခတ် ရိုက်နွက် ဖြိုးခြင်းမှုက အဆိုးရြားဆုံျးဖစ္တယ္လို့လည်း ကုလသမဂ္ဂ လူ့အခြင့်အေရးရုံးျေပာခြင့်ရ Ravina Shamdasani ကျေပာပါတယ်။

" ပြီးခဲ့တဲ့ လ အတြင်းမွာ လူမှု အလွှာပေါင်းစုံကေန ခိုင္မာတဲ့ ပိုင်ျးဖတ္ခ်က် သတ္တိရွိရွိနဲ့ ဆန္ဒျပသူ အေရအတြက် တိုးလာတာကို တြေ့နေရပါတယ်။ တခိန္တည်းမွာဘဲ အဖမ်းအဆီးတြေ မ်ားလာတာလည်း တြေ့ရပါတယ်။ ဒီကေန့ ဆိုရင် အနည်းဆုံး လူ ၁၀၀၀ လောက် တရားဥပေဒမဲ့ ဖမ်းဆီးခံရတဲ့ မွတ္တမ်းတြေ က်မတို့ ရရွိထားပါတယ်။ ဆရာဝန်တြေ၊ က်န်းမာရေး ၀န္ထမ်းတြေ၊ ကော်င်းဆရာ ဆရာမေတြ၊ တက်ကြလှုပ်ရွားသူတြေ၊ အတိုက်အခံ နိုင်ငံရေး သမားတြေ အေကြာင်းလည်း က်မတို့ဒီမွာျေပာဆိုဆြေးနြေးနေကြပါတယ်။ လမ်းမေတြေပ်ါမွာ ဆန္ဒျပသူ လူထုက ကြီးထြားလာတာနဲ့ အတူဘဲ စစ္တပ္ဘက္ကလည်း အင်အား ပိုသုံးလာပါတယ်။ "

ျမန္မာ စစ္တပ္က ဒီထက္ပိုပြီး အကြမ်းဖက် ဖြိုခြဲလာမယ့် အေရးကို ကုလသမဂ္ဂဘက္က စိုးရိမ်နေတာပါ။

" က်မတို့ သိပ္ကို စိုးရိမ်နေတဲ့ အခ်က္က စစ္တပ် တခု အေနနဲ့ အရင္က လူ့အခြင့်အေရးခိုးဖောက္တဲ့ မွတ္တမ်းရွိပြီျးပစ္ဒဏ္က ကင်းလြတ္ခြင့်ရေနတယ်၊ တာဝန္ခံမှု တာဝန်ရွိမှု မရွိတဲ့ အျေခအေနပါ။ ဆိုတော့ ပိုပြီး ဆိုးရြားလာမယ့် အလားအလာ အေပ်ါမွာ က်မတို့ စိုးရိမ်နေပါတယ်။ "

နိုင်ငံတ၀န်းက မြို့တြေ နယ်တြေတိုင်းမွာ စစ္တပ္နဲ့ ရဲတပ္ဖြဲ့က သေနတ္နဲ့ ခိန်ြရယ် ပစ္ခတ္မှုတြေကိုပါ တနင်္ဂနေနြေ့ကျမင်တြေ့ခဲ့ရတာနဲ့ အတူဘဲ ကုလသမဂ္ဂဘက္ကလည်း စစ္တပ္ဘက္က အင်အား မသုံးဖို့ တောင်းဆိုထားပါတယ်။

" ငြိမ်းခ်မ်းစြာ ဆန္ဒျပသူတြေကို အင်အားသုံးနေတာတြေ ရပ္ဖို့ စစ္တပ္ကို က်မတို့ တောင်းဆိုထားပါတယ်။ ဒေါ်အောင္ဆန်းစုကြည္ကို မနက်ျဖန္မွာ တရားရုံးထုတ္မယ္လို့ က်မတို့ သိရွိထားပြီး သူ အပါအ၀င်၊ လြတ္လပ္စြာ စုဝေး ဖ္ထောုတ္ခြင့် အခြင့်အေရးကို က်င့်သုံးမှုကြောင့် တရားဥပေဒမဲ့ ဖမ်းဆီးခံရသူ အားလုံးကျိုပန္လွှတ်ပေးဖို့ က်မတို့ တောင်းဆိုပါတယ်။ စစ္တပ် အေပ်ါမွာ တစုံတရာ သြဇာ သက်ရောက္မှု ရွိသူ အားလုံးနဲ့ နုင်ငံတကာ အသိုင်းအ၀ိုင်း အေနနဲ့ ဒီလို အကြမ်းဖက္မှုတြေ အဆုံးသတ်နိုင်ရေး တတ်နိုင်သမွ် ပါဝင်ပြီး ဖိအားပေး ဆောင်ြရက်ကြဖို့လည်း က်မတို့ တောင်းဆိုပါတယ်။ "

အခြင့်အေရး လှုပ်ရွားမှု အဖြဲ့ HRW ရဲ့ အာရွ ရေးရာ ဒုတိယ ညွှန်ကြားရေးမွူး Phil Robertson ကလည်း သေဆုံး ဒဏ်ရာ ရမှုတြေကို ခ်က္ခ်င်းဘဲ သမာသမတ္က်က် စုံစမ်းစစ်ဆေးဖို့ တောင်းဆို ထားပါတယ်။

" နိုင်ငံတ၀န်းက မြို့တြေ နယ်တြေမွာ အမ်ားစု ငြိမ်းငြိမ်းခ်မ်းခ်မ်း ရွိခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်က်င် ဆန္ဒျပသူတြေကျိုမန္မာ လုံခြုံရေး တပ္ဖြဲ့တြေဘက္က လူသေဆုံး ဒဏ်ရာရေစတဲ့ အထိ အင်အားသုံးခဲ့ပြီး ဒါဟာဆိုရင် လက်သင့်မခံနိုင္စရျာစဖ်သလို ခ်က္ခ်င်း ရပ်ရပါမယ်။ ဆန္ဒျပပြဲတြေကို ဖြိုခြင်းဖို့၊ ထိန်းခ်ုပ္ဖို့မွာ က်ည္ဆန် အစစ် မသုံးသင့်သလို၊ အသက်အန္တရာယ္ကို ကာကြယ္ဖို့ ဒါမွမဟုတ္လည်း အကြီးအက်ယ် ဒဏ်ရရမယ့် အေရး ကာကြယ္ဖို့ အတြက်သာ ရိုက်နွက္တာလိုမိုး အင်အားသုံးနိုင္တာပါ။ သေဆုံးမှုတြေနဲ့ အျပင်းအထန် ထိခိုက္ဒဏ်ရာရမှုတြေကိုလည်း ခ်က္ခ်င်း သမာသမတ်ရွိရွိ စုံစမ်းစစ်ဆေးရပါမယ်။ တရားဥပေဒနဲ့ မညီတဲ့ လုပ်ရပ်တြေ လုပ်သူတြေကို တာဝန္ခံစေရမျွာဖစ္ပါတယ်။"

ကုလသမဂ္ဂရျဲ့မန္မာ့ လူ့အခြင့်အေရးဆိုင်ရာ အထူး သံတမန် Tom Andrews ကလည်း ကမ္ဘာ့ အသိုင်းအ၀ိုင်း အေနနဲ့ျေပာဆိုကန့်ကြက် ရှုတ္ခ်နေတာကို ကေ်းဇူးတင်ကြောင်း ဒါပေမယ့်ျေပာဆို ကန့်ကြက်နေရုံနဲ့ မလုံလောက်ကြောင်းျေပာဆိုပြီျးမန္မာ့ စစ်အာဏာသိမ်းမှု အေရး လက်တြေ့ ဆောင်ြရက်ကြဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တနင်္ဂနေနြေ့မွာ တိုက္တြန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG