သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရးဆုံးျဖတ္ခ်က္ ကန္ေအာက္လႊတ္ေတာ္ ႏုိင္ငံျခားေရးေကာ္မတီ အတည္ျပဳ


Ohio ျပည္နယ္ ေအာက္လႊတ္အမတ္ Steve Chabot

(Zaw Gyi/Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္ကို ျပစ္တင္ရႈတ္ခ် အေရးယူဖို႔နဲ႔ ဖမ္းဆီးထားသူ အားလုံးကို လႊတ္ေပးဖို႔ ေတာင္းဆိုထားတဲ့ ဆုံးျဖတ္ခ်က္တစ္ရပ္ကို အေမရိကန္ ေအာက္လႊတ္ေတာ္က နိုင္ငံျခားေရးရာေကာ္မတီကအတည္ ျပဳလိုက္ပါတယ္။

ျမန္မာ့ဒီမိုကေရစီ ကာကြယ္ေရး ဥပေဒမူၾကမ္းကို ေထာက္ခံေၾကာင္းနဲ႔ အာဏာသိမ္းမႈမွာ တာဝန္ရွိသူေတြကို ကုလသမဂၢ စင္ျမင့္မွာ အျပစ္ေပး အေရးယူနိုင္ေရး အေမရိကန္ကို အစိုးရကို ေတာင္းဆိုသြားမွာ ျဖစ္ေၾကာင္း နယူးေယာက္ျပည္နယ္ ကိုယ္စားျပဳ ေအာက္လႊတ္ေတာ္ ရီပတ္ဘလင္ကန္ အမတ္ Claudia Tenneyက ေျပာပါတယ္။

Ohio ျပည္နယ္က ေအာက္လႊတ္အမတ္ Steve Chabot နဲ႔ Michigan ျပည္နယ္က ေအာက္လႊတ္ေတာ္ အမတ္ Andy Levin တို႔ ဦးေဆာင္ တင္သြင္းတဲ့ ဆုံးျဖတ္ခ်က္ကုိေတာ့ ပါတီ ၂ ရပ္လုံးက ေထာက္ခံခဲ့ၾကတာပါ။

လြတ္လပ္ခြင့္အတြက္ တိုက္ပြဲဝင္ေနတဲ့ ျမန္မာျပည္သူေတြနဲ႔ အေမရိကန္ျပည္ေထာင္စုက အတူ ရပ္တည္သြားမွာျဖစ္ၿပီး ျမန္မာ ျပည္သူေတြကို ေထာက္ခံအားေပးဖို႔ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဆက္ၿပီး လက္တြဲ အလုပ္လုပ္သြားမယ္လို႔လည္း ရီပတ္ဘလစ္ကန္ ကုိယ္စားလွယ္ Chabotက ေျပာပါတယ္။

တပ္မေတာ္က ဖြံ႔ၿဖိဳးစ ျမန္မာ့ ဒီမိုကေရစီကို ဆိုးဆိုးရြားရြား ဖ်က္လိုဖ်က္ဆီး လုပ္ပစ္ေပမယ့္ ျမန္မာျပည္သူေတြ အေပၚမွာ သူ႔အေန နဲ႔ ယုံၾကည္မႈရွိေၾကာင္း ဒီမိုကရက္ကုိယ္စားလွယ္ Andy Levin က ေျပာပါတယ္။ အာဏာရွင္စနစ္ကို ျပန္လွည့္သြားတာ လက္မခံနိုင္စရာ ျဖစ္တယ္ဆိုတာကို ျမန္မာ စစ္တပ္သိေအာင္ နိုင္ငံတကာ အသိုင္းအဝိုင္းနဲ႔ အေမရိကန္ ျပည္ေထာင္စုတို႔က လုပ္ေဆာင္သြားမယ္လို႔လည္း ေျပာပါတယ္။

ေအာက္လႊတ္ေတာ္ ႏုိင္ငံျခားေရးရာ ေကာ္မတီမွာပဲ ျမန္မာ့ဒီမုိကေရစီ ကာကြယ္ေရး ဥပေဒမူၾကမ္း ၂၀၂၁ ကုိလည္း ဒီတပတ္ထဲမွာပဲ တင္သြင္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ့အရေးဆုံးဖြတ်ချက် ကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ အတည်ပြု

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချ အရေးယူဖို့နဲ့ ဖမ်းဆီးထားသူ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်က နိုင်ငံခြားရေးရာကော်မတီကအတည် ပြုလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ကာကွယ်ရေး ဥပဒေမူကြမ်းကို ထောက်ခံကြောင်းနဲ့ အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို ကုလသမဂ္ဂ စင်မြင့်မှာ အပြစ်ပေး အရေးယူနိုင်ရေး အမေရိကန်ကို အစိုးရကို တောင်းဆိုသွားမှာ ဖြစ်ကြောင်း နယူးယောက်ပြည်နယ် ကိုယ်စားပြု အောက်လွှတ်တော် ရီပတ်ဘလင်ကန် အမတ် Claudia Tenney က ပြောပါတယ်။

Ohio ပြည်နယ်က အောက်လွှတ်အမတ် Steve Chabot နဲ့ Michigan ပြည်နယ်က အောက်လွှတ်တော် အမတ် Andy Levin တို့ ဦးဆောင် တင်သွင်းတဲ့ ဆုံးဖြတ်ချက်ကိုတော့ ပါတီ ၂ ရပ်လုံးက ထောက်ခံခဲ့ကြတာပါ။

လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့ အမေရိကန်ပြည်ထောင်စုက အတူ ရပ်တည်သွားမှာဖြစ်ပြီး မြန်မာ ပြည်သူတွေကို ထောက်ခံအားပေးဖို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ပြီး လက်တွဲ အလုပ်လုပ်သွားမယ်လို့လည်း ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Chabot က ပြောပါတယ်။

တပ်မတော်က ဖွံ့ဖြိုးစ မြန်မာ့ ဒီမိုကရေစီကို ဆိုးဆိုးရွားရွား ဖျက်လိုဖျက်ဆီး လုပ်ပစ်ပေမယ့် မြန်မာပြည်သူတွေ အပေါ်မှာ သူ့အနေ နဲ့ ယုံကြည်မှုရှိကြောင်း ဒီမိုကရက်ကိုယ်စားလှယ် Andy Levin က ပြောပါတယ်။ အာဏာရှင်စနစ်ကို ပြန်လှည့်သွားတာ လက်မခံနိုင်စရာ ဖြစ်တယ်ဆိုတာကို မြန်မာ စစ်တပ်သိအောင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အမေရိကန် ပြည်ထောင်စုတို့က လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာပဲ မြန်မာ့ဒီမိုကရေစီ ကာကွယ်ရေး ဥပဒေမူကြမ်း ၂၀၂၁ ကိုလည်း ဒီတပတ်ထဲမှာပဲ တင်သွင်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG