သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းမႈ အေရးယူဖို႔ ကန္ေအာက္လႊတ္ေတာ္ ဥပေဒ ေရးဆဲြမည္


မွတ္တမ္းဓါတ္ပံု- ရီပတ္ဘလစ္ကန္ကိုယ္စားလွယ္ Steve Chabot အပါအ၀င္ လႊတ္ေတာ္အမတ္မ်ားကို ကန္ေအာက္လႊတ္ေတာ္ တြင္ ေတြ႔ရစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကို ျပစ္တင္႐ႈတ္ခ်ၿပီး၊ တာ၀န္ရွိသူေတြကို အေရးယူႏိုင္ဖို႔ အေမရိကန္ ေအာက္လႊတ္ေတာ္မွာ စတင္ျပင္ဆင္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္က ဖမ္းဆီးထားတဲ့ အရပ္သားအစိုးရ ေခါင္းေဆာင္နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတဲ့ ဆုံးျဖတ္ခ်က္နဲ႔ ဥပေဒတရပ္ျပဌာန္းဖို႔ ၾကာသပေတးေန႔ကပဲ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီမွာ တင္ျပခဲ့တာပါ။

"အာဏာသိမ္းခဲ့တဲ့ စစ္ေခါင္းေဆာင္ေတြ တာ၀န္ခံမႈ ရွိေစဖို႔နဲ႔ ျမန္မာျပည္သူေတြအတြက္ ဒီမိုကေရစီစနစ္ အျမန္ဆုံး ျပန္လည္ေဖာ္ေဆာင္ႏိုင္ဖို႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီ အကာအကြယ္ေပးေရး ဥပေဒကို တင္သြင္းရတာျဖစ္ေၾကာင္း"ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရး ေကာ္မတီမွာ ေဆြးေႏြးမယ့္ ကိစၥရပ္ေတြကို တင္ျပရာမွာ ဒီမိုကရက္ကိုယ္စားလွယ္ Gerry Connolly ကေျပာဆိုလိုက္တာပါ။ ျမန္မာစစ္တပ္က အာဏာသိမ္းတဲ့လုပ္ရပ္ကို ႐ႈတ္ခ်ၿပီး ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားတဲ့ ဆုံးျဖတ္ခ်က္တရပ္ကိုလည္း ေကာ္မတီမွာ တင္သြင္းထားပါတယ္။

ျမန္မာစစ္တပ္က အာဏာကို ထိန္းခ်ဳပ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦး၀င္းျမင့္ အပါအ၀င္ ထိပ္တန္း ႏိုင္ငံေရးေခါင္းေဆာင္ေတြ၊ ရာနဲ႔ခ်ီတဲ့ အျပစ္မဲ့ျပည္သူေတြကို ဖမ္းဆီးခဲ့တာဟာ ျမန္မာျပည္သူေတြရဲ႕ အခြင့္အေရးကို ေျပာင္ေျပာင္တင္းတင္း ခ်ဳိးေဖာက္ရာ ေရာက္ခဲ့ေၾကာင္းလည္း ျမန္မာႏိုင္ငံဆိုင္ရာ ဆုံးျဖတ္ခ်က္ကို ပူးတဲြ အဆိုျပဳခဲ့တဲ့ အတိုက္အခံ ရီပတ္ဘလစ္ကန္ကိုယ္စားလွယ္ Steve Chabot ကေျပာဆိုခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့အေပၚ တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္ အစိုးရက ျမန္မာစစ္ေခါင္းေဆာင္ေတြကို ပစ္မွတ္ထား ဒဏ္ခတ္မႈေတြ ခ်မွတ္ထားၿပီး၊ ေနာက္ထပ္ အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္ဖို႔ သတိေပးထားတဲ့ အခ်ိန္မွာပဲ အေမရိကန္ လႊတ္ေတာ္မွာလည္း ဥပေဒျပဌာန္းၿပီး ဖိအားေပးအေရးယူဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မြန်မာစစ်အာဏာသိမ်းမှု အရေးယူဖို့ ကန်အောက်လွှတ်တော် ဥပဒေ ရေးဆွဲမည်

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချပြီး၊ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ အမေရိကန် အောက်လွှတ်တော်မှာ စတင်ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က ဖမ်းဆီးထားတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ဥပဒေတရပ်ပြဌာန်းဖို့ ကြာသပတေးနေ့ကပဲ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ တင်ပြခဲ့တာပါ။

"အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေ တာဝန်ခံမှု ရှိစေဖို့နဲ့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီစနစ် အမြန်ဆုံး ပြန်လည်ဖော်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံ ဒီမိုကရေစီ အကာအကွယ်ပေးရေး ဥပဒေကို တင်သွင်းရတာဖြစ်ကြောင်း"အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီမှာ ဆွေးနွေးမယ့် ကိစ္စရပ်တွေကို တင်ပြရာမှာ ဒီမိုကရက်ကိုယ်စားလှယ် Gerry Connolly ကပြောဆိုလိုက်တာပါ။ မြန်မာစစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်ကို ရှုတ်ချပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တရပ်ကိုလည်း ကော်မတီမှာ တင်သွင်းထားပါတယ်။

မြန်မာစစ်တပ်က အာဏာကို ထိန်းချုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေ၊ ရာနဲ့ချီတဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ပူးတွဲ အဆိုပြုခဲ့တဲ့ အတိုက်အခံ ရီပတ်ဘလစ်ကန်ကိုယ်စားလှယ် Steve Chabot ကပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် အစိုးရက မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ ချမှတ်ထားပြီး၊ နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ သတိပေးထားတဲ့ အချိန်မှာပဲ အမေရိကန် လွှတ်တော်မှာလည်း ဥပဒေပြဌာန်းပြီး ဖိအားပေးအရေးယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG