သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းမႈ ကုလလူ႔အခြင့္အေရးေကာင္စီ ေဆြးေႏြးမည္


ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အစည္းအေဝး က်င္းပေနတဲ့ျမင္ကြင္း။ (ဇြန္ ၃၀၊ ၂၀20)

(Zawgyi / Unicode)

၄၆ ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ပုံမွန္အစည္းအေဝးအတြင္းမွာ COVID-19 ကပ္ေရာဂါရဲ႕ သက္ေရာက္မႈေၾကာင့္ က်ယ္က်ယ့္ျပန္႔ျပန္႔ ေပၚေပါက္ခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ကိစၥေတြကို အဓိက ေဆြးေႏြးၾကမွာပါ။ ဒီကေန႔ တနလၤာေန႔ ဂ်ီနီဗာမွာ စတင္က်င္းပမယ့္ အစည္းအေဝးအေၾကာင္း Lisa Schlein သတင္းေပးပို႔ထားတာကို မျမသဇင္ေအာင္ တင္ျပေပးထားပါတယ္။

ေလးပတ္ၾကာ က်င္းပဖို႔ရွိတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ၄၆ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးကို ကပ္ေရာဂါ အေျခအေနေတြေၾကာင့္ ဗီြဒီယိုကေနတဆင့္သာ က်င္းပမွာျဖစ္ပါတယ္။ ညီလာခံ ပထမသုံးရက္မွာ ႏိုင္ငံေခါင္းေဆာင္ ၉ ဦး ပါဝင္တက္ေရာက္မွာျဖစ္ၿပီး ႏိုင္ငံေပါင္း ၁၃၀ ေက်ာ္က ပါဝင္ေဆြးေႏြးသြားမွာပါ။

ဒီကေန႔ တနလၤာေန႔မွာ ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ သီးသန္႔ အထူးအစည္းအေဝး ရွိပါတယ္။ ဒီစည္းေဝးပြဲမွာ ကပ္ေရာဂါနဲ႔ ဆက္ႏႊယ္ၿပီး ေပၚေပါက္လာတဲ့ လူမ်ိဳးေရးခြဲျခားမႈနဲ႔ လူအခ်င္းခ်င္း ခြဲျခားဆက္ဆံမႈေတြရဲ႕ အက်ိဳးသက္ေရာက္မႈေတြကို ထည့္သြင္းေဆြးေႏြးမွာ ျဖစ္ပါတယ္။

အစိုးရေတြက အတိုက္အခံေတြကို ႏွိမ္နင္းဖို႔နဲ႔ အာဏာတည္ၿမဲဖို႔ လုပ္ေဆာင္တာမွာ ကပ္ေရာဂါကို အေၾကာင္းျပခ်က္အေနနဲ႔ အသုံးခ်ေနတဲ့ ကိစၥကို ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီအေနနဲ႔ ေလ့လာဆန္းစစ္သင့္တယ္လို႔ ေကာင္စီ အမႈေဆာင္ၫႊန္ၾကားေရးမွဴး Kenneth Roth က ေျပာပါတယ္။

ဥပမာအေနနဲ႔ ဟန္ေဂရီႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Victor Orban က ပါလီမန္မွာ တရားဝင္ဥပေဒျပဳတာကို ခြင့္မျပဳဘဲ သူ႔အမိန္႔အာဏာနဲ႔ အုပ္ခ်ဳပ္ေနတာကို ေထာက္ျပပါတယ္။

“ေနာက္ထပ္ ဥပမာတခုကေတာ့ မၾကာေသးခင္က ယူဂန္ဒါမွာ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲပါ။ သမၼတ Yoweri Musevani က သူ႔ရဲ႕ အဓိက အတိုက္အခံေတြကို ေရြးေကာက္ပြဲ မပါႏုိင္ေအာင္ ႀကိဳၿပီး ဖယ္ရွားဖို႔ ကပ္ေရာဂါကို အေၾကာင္းျပခဲ့တာပါ။ အၾကမ္းဖက္မႈေတြကို အႀကိမ္ႀကိမ္လုပ္ခဲ့တယ္။ လူေတြကို ဖမ္းဆီးခဲ့တယ္။ ထပ္ခါတလဲလဲ ဖမ္းၿပီး အတိုက္အခံ ႏိုင္ငံေရးေခါင္းေဆာင္ Pop အဆိုေတာ္ Bobi Wine ကို ဖမ္းဆီး႐ိုက္ႏွက္ခဲ့တာမ်ိဳးေတြပါ။ ေတာ္ေတာ္မ်ားမ်ားက ကပ္ေရာဂါေၾကာင့္ဆိုၿပီး အေၾကာင္းျပခဲ့တာပါ။”

အထူးအစည္းအေဝးမွာ ေသဒဏ္ျပစ္ဒဏ္ ခ်မွတ္တဲ့ကိစၥ၊ ကေလးသူငယ္ အခြင့္အေရးနဲ႔ မသန္စြမ္းသူေတြရဲ႕ အခြင့္အေရးေတြကိုလည္း အဓိကထား ေဆြးေႏြးဖို႔ ရွိတာပါ။ ဒီအထဲမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနတဲ့ တိုင္းျပည္အေတာ္မ်ားမ်ားရဲ႕ အေရးကိစၥေတြကိုလည္း သုံးသပ္ေဆြးေႏြးမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ အခုလတ္တေလာ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းလိုက္တဲ့ ကိစၥ၊ လူ႔အခြင့္အေရး ဆက္တိုက္ခ်ိဳးေဖာက္ေနတဲ့ ဘယ္လာ႐ုစ္၊ ဗင္နီဇြဲလား၊ အီရန္၊ ကြန္ဂုိသမၼတႏိုင္ငံ၊ ဘူရြန္ဒီနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံေတြရဲ႕ အေရးေတြလည္း ပါဝင္ေဆြးေႏြးၾကမွာပါ။

လူ႔အခြင့္အေရးေကာင္စီကို အေမရိကန္က ျပန္လည္ဝင္ေရာက္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ သမၼတ Joe Biden ရဲ႕ ဆုံးျဖတ္ခ်က္ကိုလည္း ကုလသမဂၢနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ႀကိဳဆိုလိုက္ပါတယ္။ သမၼတေဟာင္း Donald Trump လက္ထက္ ၃ ႏွစ္နီးပါးၾကာ ေကာင္စီက ႏုတ္ထြက္ထားခဲ့တဲ့ အေမရိကန္အေနနဲ႔ ကမာၻ႔စင္ျမင့္မွာ အေျခခံလူ႔အခြင့္အေရးေတြနဲ႔ တရားဥပေဒစိုးမိုးေရး ျမႇင့္တင္ဖို႔ သူ႔အင္အားကို အသုံးျပဳလိမ့္မယ္လို႔လည္း လူ႔အခြင့္အေရးလႈပ္ရွားသူေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မြန်မာစစ်အာဏာသိမ်းမှု ကုလလူ့အခွင့်အရေးကောင်စီ ဆွေးနွေးမည်

၄၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးအတွင်းမှာ COVID-19 ကပ်ရောဂါရဲ့ သက်ရောက်မှုကြောင့် ကျယ်ကျယ့်ပြန့်ပြန့် ပေါ်ပေါက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကိစ္စတွေကို အဓိက ဆွေးနွေးကြမှာပါ။ ဒီကနေ့ တနင်္လာနေ့ ဂျီနီဗာမှာ စတင်ကျင်းပမယ့် အစည်းအဝေးအကြောင်း Lisa Schlein သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ပြပေးထားပါတယ်။

လေးပတ်ကြာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ကပ်ရောဂါ အခြေအနေတွေကြောင့် ဗွီဒီယိုကနေတဆင့်သာ ကျင်းပမှာဖြစ်ပါတယ်။ ညီလာခံ ပထမသုံးရက်မှာ နိုင်ငံခေါင်းဆောင် ၉ ဦး ပါဝင်တက်ရောက်မှာဖြစ်ပြီး နိုင်ငံပေါင်း ၁၃၀ ကျော်က ပါဝင်ဆွေးနွေးသွားမှာပါ။

ဒီကနေ့ တနင်္လာနေ့မှာ ကပ်ရောဂါနဲ့ ပတ်သက်လို့ သီးသန့် အထူးအစည်းအဝေး ရှိပါတယ်။ ဒီစည်းဝေးပွဲမှာ ကပ်ရောဂါနဲ့ ဆက်နွှယ်ပြီး ပေါ်ပေါက်လာတဲ့ လူမျိုးရေးခွဲခြားမှုနဲ့ လူအချင်းချင်း ခွဲခြားဆက်ဆံမှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။

အစိုးရတွေက အတိုက်အခံတွေကို နှိမ်နင်းဖို့နဲ့ အာဏာတည်မြဲဖို့ လုပ်ဆောင်တာမှာ ကပ်ရောဂါကို အကြောင်းပြချက်အနေနဲ့ အသုံးချနေတဲ့ ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ လေ့လာဆန်းစစ်သင့်တယ်လို့ ကောင်စီ အမှုဆောင်ညွှန်ကြားရေးမှူး Kenneth Roth က ပြောပါတယ်။

ဥပမာအနေနဲ့ ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Victor Orban က ပါလီမန်မှာ တရားဝင်ဥပဒေပြုတာကို ခွင့်မပြုဘဲ သူ့အမိန့်အာဏာနဲ့ အုပ်ချုပ်နေတာကို ထောက်ပြပါတယ်။

“နောက်ထပ် ဥပမာတခုကတော့ မကြာသေးခင်က ယူဂန်ဒါမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပါ။ သမ္မတ Yoweri Musevani က သူ့ရဲ့ အဓိက အတိုက်အခံတွေကို ရွေးကောက်ပွဲ မပါနိုင်အောင် ကြိုပြီး ဖယ်ရှားဖို့ ကပ်ရောဂါကို အကြောင်းပြခဲ့တာပါ။ အကြမ်းဖက်မှုတွေကို အကြိမ်ကြိမ်လုပ်ခဲ့တယ်။ လူတွေကို ဖမ်းဆီးခဲ့တယ်။ ထပ်ခါတလဲလဲ ဖမ်းပြီး အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် Pop အဆိုတော် Bobi Wine ကို ဖမ်းဆီးရိုက်နှက်ခဲ့တာမျိုးတွေပါ။ တော်တော်များများက ကပ်ရောဂါကြောင့်ဆိုပြီး အကြောင်းပြခဲ့တာပါ။”

အထူးအစည်းအဝေးမှာ သေဒဏ်ပြစ်ဒဏ် ချမှတ်တဲ့ကိစ္စ၊ ကလေးသူငယ် အခွင့်အရေးနဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေကိုလည်း အဓိကထား ဆွေးနွေးဖို့ ရှိတာပါ။ ဒီအထဲမှာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ တိုင်းပြည်အတော်များများရဲ့ အရေးကိစ္စတွေကိုလည်း သုံးသပ်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလတ်တလော မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ကိစ္စ၊ လူ့အခွင့်အရေး ဆက်တိုက်ချိုးဖောက်နေတဲ့ ဘယ်လာရုစ်၊ ဗင်နီဇွဲလား၊ အီရန်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဘူရွန်ဒီနဲ့ မြောက်ကိုရီးယားနိုင်ငံတွေရဲ့ အရေးတွေလည်း ပါဝင်ဆွေးနွေးကြမှာပါ။

လူ့အခွင့်အရေးကောင်စီကို အမေရိကန်က ပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတ Joe Biden ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ပါတယ်။ သမ္မတဟောင်း Donald Trump လက်ထက် ၃ နှစ်နီးပါးကြာ ကောင်စီက နုတ်ထွက်ထားခဲ့တဲ့ အမေရိကန်အနေနဲ့ ကမ္ဘာ့စင်မြင့်မှာ အခြေခံလူ့အခွင့်အရေးတွေနဲ့ တရားဥပဒေစိုးမိုးရေး မြှင့်တင်ဖို့ သူ့အင်အားကို အသုံးပြုလိမ့်မယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက မျှော်လင့်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG