သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှု လက်ခံနိုင်ဖွယ်မရှိ (ထိုင်ဝမ်)


မန္တလေးဆန္ဒပြပွဲအနီး စောင့်ကြပ်နေတဲ့ မြန်မာစစ်သားများ။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မန္တလေးဆန္ဒပြပွဲအနီး စောင့်ကြပ်နေတဲ့ မြန်မာစစ်သားများ။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို အာဏာသိမ်းထားတဲ့ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းတာကို လက်မခံနိုင်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

စစ်တပ်က မကြာခင်ရက်တွေအတွင်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူအုပ်ကို သေစေတဲ့အထိ အင်အားသုံး နှိမ်နင်းတာအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက အံ့သြတုန်လှုပ်ရကြောင်းနဲ့ ဒီလိုလုပ်ဆောင်မှုတွေကို ဒီမိုကရေစီနိုင်ငံတွေနဲ့ ပြည်သူတွေက လက်ခံမှာမဟုတ်ကြောင်းလည်း ပြောပါတယ်။

စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ဖို့ ဆန္ဒပြသူတွေကို စနေနေ့က ရဲတွေနဲ့ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး ၂ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းတွေ ရခဲ့တဲ့အတွက် မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်ဝမ်ပြည်သူတွေ သတိနဲ့နေကြဖို့လည်း သတိပေးပါတယ်။

တချိန်တည်းမှာပဲ တနင်္ဂနွေနေ့က ထိုင်ဝမ်သား ၅၀ ကျော် တရုတ်လေကြောင်းလိုင်းနဲ့ ထိုင်ဝမ်ကို ပြန်ရောက်လာကြောင်းနဲ့ သူတို့ဟာ ထိုင်ဝမ်ကို ပြန်ချင်သူတွေ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ စီစဉ်ထားတဲ့ လေကြောင်းခရီးစဉ် ၃ ခုထဲက ပထမခရီးစဉ်နဲ့ ပြန်လာသူတွေ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံတွင်း အခြေနေတွေ လုံခြုံမှုမရှိဘဲ စီးပွားရေးလုပ်ငန်းတွေလည်း ရပ်ဆိုင်းနေတာကြောင့် စနေနေ့ကလည်း ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် အများအပြား ဂျပန်လေကြောင်းလိုင်းနဲ့ ဂျပန်ကို ပြန်လည်ထွက်ခွာသွားကြတာပါ။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)







XS
SM
MD
LG