သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂ ငါးလံုး အႀကိဳ လံုၿခံဳေရးျပင္ဆင္မႈ အေျခအေနတခ်ိဳ႕


(Zawgyi/ Unicode)
စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပမႈေတြ အတြင္း ဒီကေန႔ တနလာၤေန႔ ၂ လပိုင္း ၂၂ ရက္ေန႔ ၂၀၂၁ ခုႏွစ္မွာ ၂ ငါးလံုးအျဖစ္ အလံုးအရင္းနဲ႔ ဆႏၵျပဖို႔ စည္းရံုးလႈပ္ရွားေနၾကတဲ႔ တဖက္မွာ စစ္ဘက္ ရဲဘက္ ကားေတြ လႈပ္ရွားသြားလာမႈေတြလည္း ေတြ႔ေနရပါတယ္။ ရန္ကုန္၊ မႏၱေလးနဲ႔ ျမစ္ႀကီးနား ၿမိဳ႕ေတြရဲ႕ ညသန္းေခါင္ အင္တာနက္ မပိတ္ခင္ အေျခအေတြကို မသိဂၤ ီထုိက္ စုစည္းတင္ျပေပးပါမယ္။

ရန္ကုန္ၿမိဳ႕ေပၚမွာ တနဂၤေႏြည သန္းေခါင္မတိုင္ခင္မွာ စစ္တပ္ကားေတြ၊ ရဲကားေတြနဲ႔ မီးသတ္ကား အျဖဴေတြ လွည္းတန္းဘက္က ေက်ာ္ျဖတ္သြားတာ ေတြ႔ပါတယ္လို႔ လွည္းတန္းမွာ ေနထိုင္သူ တဦးက ဗီြအိုေအကို ေျပာပါတယ္။

“ ၁၀ နာရီေလာက္ကေတာ့ အဲဒီ စစ္ကားေတြ လွည္းတန္း စင္တာေပါက္ကေန ၿပီးေတာ့ ခုန ေရကားေတြေရာေပါ့ေနာ္ အျဖဴေတြ သုတ္ထားတာ ၁၀ ကားေလာက္ ျဖတ္သြားတာေတြ႔တယ္။ သူက ၿမိဳ႕ထဲဘက္ကို သြားတယ္။ အဲဒါ လွည္းတန္း ကုန္းေပၚကေန သြားတာေနာ္။ ေအာက္ကေန က်ေတာ့ စစ္ကားေတြသြားတယ္။ စစ္ကားေတြက ဘယ္သြားလဲ ဆိုေတာ့ တကၠသိုလ္ ရိပ္သာလမ္းနဲ႔ အေမရိကန္ Embassy ဘက္ကိုသြားတာ ထင္တယ္။ ”

မႏၱေလးမွာေတာ့ ကိုယ့္ရပ္ကြက္တြင္း ညတိုင္း ကင္းေစာင့္ေနၾကရၿပီး တနလာၤေန႔ ဆႏၵျပပြဲ အခ်ိန္မွာလည္း လူငယ္ေတြ ရပ္ကြက္ လံုၿခံဳေရး တာ၀န္ယူဖို႔ ျပင္ဆင္ေနၾကပါတယ္။ ခ်မ္းျမသာစည္ေန ကိုမ်ိဳးႀကီးက ဗီြအိုေအကို အခုလို ေျပာပါတယ္။

“ ေန႔ခင္းပိုင္း ေရွ႕မွာ ထြက္တဲ႔ အခ်ိန္ေပါ့ေနာ္။ အဲဒီ ေနာက္တန္းမွာ ရပ္ကြက္ထဲမွာ နည္းနည္းေလး လူငယ္ပိုင္းလည္း က်န္ခဲ႔ေအာင္လို႔ေလ အဲဒါမ်ိဳးေလးေတြလည္း စီစဥ္ထားတယ္။”

ျမန္မာျပည္ တ၀န္း ကားလိုင္းေတြ စုစည္းရာ မႏၱေလး သီရိမႏၱလာ ကားကြင္းက ကားလိုင္း အမ်ားစုလည္း တနလာၤေန႔မွာ ပိတ္ဖို႔ စီစဥ္ထားပါတယ္။

“ ကားလိုင္းေတြ အေတာ္မ်ားမ်ား ၉၀ ရာခိုင္ႏႈန္းေလာက္ ကား၀င္း ပတ္ခ်ာလည္ေပါ့ေနာ္ အကုန္လံုး ပိတ္ၾကတယ္။ CDM တတပ္တအားေပါ့။ က်ေနာ္တို႔ ဥကၠဌ ဂိတ္ပိုင္က စၿပီးေတာ့ သူလည္း ပိတ္ခ်င္တဲ႔ ဆႏၵ ရွိတယ္။ ၀န္ထမ္းေတြကလည္း ပိတ္ၾကမယ္ ပိတ္ခ်င္တယ္ဆိုေတာ့ ပိတ္လိုက္တာ မ်ားတာေပါ့ေနာ္။ ”

သေဘာၤက်င္း ၀န္ထမ္းေတြ ဆႏၵျပပြဲကို ၀န္းရံတဲ႔ ျပည္သူေတြကို ေသနတ္နဲ႔ ပစ္ခတ္တာေၾကာင့္ စေနေန႔က ၂ ဦး ေသဆံုးခဲ႔ရၿပီး တနဂၤေႏြေန႔မွာလည္း မႏၱေလးမွာ ဆႏၵျပသူေတြပိုၿပီး မ်ားလာေနတာပါ။

အာဏာသိမ္း ဆန္႔က်င္မႈ ဆႏၵျပပြဲေတြ အၾကမ္းဖက္ ၿဖိဳခြင္းခံရတဲ႔ ျမစ္ႀကီးနားမွာလည္း တနလာၤေန႔ ဆႏၵျပပြဲေတြ အတြက္ စီစဥ္ထားေၾကာင္း ဆႏၵျပပြဲ စီစဥ္ လႈပ္ရွားသူ ဆြတ္ဆိုင္းထြယ္က ဗီြအိုေအကို ေျပာပါတယ္။

“ က်မတို႔က အၾကမ္းဖက္ၿပီး ဆႏၵ ထုတ္ေဖာ္တာေတြ မလုပ္ဘူး။ ဒါေၾကာင့္ အခု စုေပါင္း ပါ၀င္မယ့္ ျပည္သူေတြနဲ႔ ေရွ႕မွာ ဦးေဆာင္မယ့္ ေက်ာင္းသားေတြ အားလံုးေပါ့ေနာ္ က်မတို႔ ဘက္က ေျပာေနတာက အၾကမ္းမဖက္ဖို႔၊ တစံုတခု အာဏာပိုင္ေတြဘက္က အၾကမ္းဖက္တာေတြ လုပ္ခဲ႔တယ္ ဆိုရင္ေတာင္မွ ကိုယ့္ကုိယ္ကိုယ္ အျမန္ဆံုး တိမ္းေရွာင္ဖို႔ အတြက္ ဆူပူမႈေတြ လံုး၀ မျဖစ္ဖို႔ အတြက္ ဒါေတြကေတာ့ ေျပာၿပီး က်မတို႔ စီစဥ္ထားပါတယ္။ တဖက္မွာလည္း လံုၿခံဳေရးလို႔ ေျပာတဲ႔အခါမွာ က်န္းမာေရး အရ ထိခုိက္ခဲ႔ရင္ ဒီ ေသြးထြက္သံယို ျဖစ္ခဲ႔လို႔ ရွိရင္ ဆိုတဲ႔ စိုးရိမ္မႈမ်ိဳးနဲ႔ ဒါ ေရွးဦး သူနာျပဳ အဖြဲ႔ေတြနဲ႔ တျခား ေဒါက္တာ အဖြဲ႔ေတြ ဆရာ၀န္ အဖြဲ႔ေတြနဲ႔ က်မတို႔ ခ်ိတ္ဆက္ထားပါတယ္။ ”

ကခ်င္ျပည္နယ္ထဲမွာလည္း ညပိုင္း အဖမ္းအဆီးေတြ ရွိေနပါတယ္။ ျမစ္ႀကီးနားမွာလည္း ဆႏၵျပပြဲ ပါ၀င္သူေတြ ေနာက္ သတင္းသမားေတြလည္း ညပိုင္းမွာ လံုၿခံဳေရး စိုးရိမ္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

၂ ငါးလုံး အကြို လုံခြုံရေးပြင်ဆင်မှု အခြေအနေတချို့

စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြမှုတွေ အတွင်း ဒီကနေ့ တနလာၤနေ့ ၂ လပိုင်း ၂၂ ရက်နေ့ ၂၀၂၁ ခုနှစ်မှာ ၂ ငါးလုံးအဖြစ် အလုံးအရင်းနဲ့ ဆန္ဒပြဖို့ စည်းရုံးလှုပ်ရှားနေကြတဲ့ တဖက်မှာ စစ်ဘက် ရဲဘက် ကားတွေ လှုပ်ရှားသွားလာမှုတွေလည်း တွေ့နေရပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ မြစ်ကြီးနား မြို့တွေရဲ့ ညသန်းခေါင် အင်တာနက် မပိတ်ခင် အခြေအတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

ရန်ကုန်မြို့ပေါ်မှာ တနင်္ဂနွေည သန်းခေါင်မတိုင်ခင်မှာ စစ်တပ်ကားတွေ၊ ရဲကားတွေနဲ့ မီးသတ်ကား အဖြူတွေ လှည်းတန်းဘက်က ကျော်ဖြတ်သွားတာ တွေ့ပါတယ်လို့ လှည်းတန်းမှာ နေထိုင်သူ တဦးက ဗွီအိုအေကို ပြောပါတယ်။

“ ၁၀ နာရီလောက်ကတော့ အဲဒီ စစ်ကားတွေ လှည်းတန်း စင်တာပေါက်ကနေ ပြီးတော့ ခုန ရေကားတွေရောပေါ့နော် အဖြူတွေ သုတ်ထားတာ ၁၀ ကားလောက် ဖြတ်သွားတာတွေ့တယ်။ သူက မြို့ထဲဘက်ကို သွားတယ်။ အဲဒါ လှည်းတန်း ကုန်းပေါ်ကနေ သွားတာနော်။ အောက်ကနေ ကျတော့ စစ်ကားတွေသွားတယ်။ စစ်ကားတွေက ဘယ်သွားလဲ ဆိုတော့ တက္ကသိုလ် ရိပ်သာလမ်းနဲ့ အမေရိကန် Embassy ဘက်ကိုသွားတာ ထင်တယ်။ ”

မန္တလေးမှာတော့ ကိုယ့်ရပ်ကွက်တွင်း ညတိုင်း ကင်းစောင့်နေကြရပြီး တနလာၤနေ့ ဆန္ဒပြပွဲ အချိန်မှာလည်း လူငယ်တွေ ရပ်ကွက် လုံခြုံရေး တာဝန်ယူဖို့ ပြင်ဆင်နေကြပါတယ်။ ချမ်းမြသာစည်နေ ကိုမျိုးကြီးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ နေ့ခင်းပိုင်း ရှေ့မှာ ထွက်တဲ့ အချိန်ပေါ့နော်။ အဲဒီ နောက်တန်းမှာ ရပ်ကွက်ထဲမှာ နည်းနည်းလေး လူငယ်ပိုင်းလည်း ကျန်ခဲ့အောင်လို့လေ အဲဒါမျိုးလေးတွေလည်း စီစဉ်ထားတယ်။”

မြန်မာပြည် တဝန်း ကားလိုင်းတွေ စုစည်းရာ မန္တလေး သီရိမန္တလာ ကားကွင်းက ကားလိုင်း အများစုလည်း တနလာၤနေ့မှာ ပိတ်ဖို့ စီစဉ်ထားပါတယ်။

“ ကားလိုင်းတွေ အတော်များများ ၉၀ ရာခိုင်နှုန်းလောက် ကားဝင်း ပတ်ချာလည်ပေါ့နော် အကုန်လုံး ပိတ်ကြတယ်။ CDM တတပ်တအားပေါ့။ ကျနော်တို့ ဥက္ကဌ ဂိတ်ပိုင်က စပြီးတော့ သူလည်း ပိတ်ချင်တဲ့ ဆန္ဒ ရှိတယ်။ ဝန်ထမ်းတွေကလည်း ပိတ်ကြမယ် ပိတ်ချင်တယ်ဆိုတော့ ပိတ်လိုက်တာ များတာပေါ့နော်။ ”

သဘောၤကျင်း ဝန်ထမ်းတွေ ဆန္ဒပြပွဲကို ဝန်းရံတဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် စနေနေ့က ၂ ဦး သေဆုံးခဲ့ရပြီး တနင်္ဂနွေနေ့မှာလည်း မန္တလေးမှာ ဆန္ဒပြသူတွေပိုပြီး များလာနေတာပါ။

အာဏာသိမ်း ဆန့်ကျင်မှု ဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွင်းခံရတဲ့ မြစ်ကြီးနားမှာလည်း တနလာၤနေ့ ဆန္ဒပြပွဲတွေ အတွက် စီစဉ်ထားကြောင်း ဆန္ဒပြပွဲ စီစဉ် လှုပ်ရှားသူ ဆွတ်ဆိုင်းထွယ်က ဗွီအိုအေကို ပြောပါတယ်။

“ ကျမတို့က အကြမ်းဖက်ပြီး ဆန္ဒ ထုတ်ဖော်တာတွေ မလုပ်ဘူး။ ဒါကြောင့် အခု စုပေါင်း ပါဝင်မယ့် ပြည်သူတွေနဲ့ ရှေ့မှာ ဦးဆောင်မယ့် ကျောင်းသားတွေ အားလုံးပေါ့နော် ကျမတို့ ဘက်က ပြောနေတာက အကြမ်းမဖက်ဖို့၊ တစုံတခု အာဏာပိုင်တွေဘက်က အကြမ်းဖက်တာတွေ လုပ်ခဲ့တယ် ဆိုရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် အမြန်ဆုံး တိမ်းရှောင်ဖို့ အတွက် ဆူပူမှုတွေ လုံး၀ မဖြစ်ဖို့ အတွက် ဒါတွေကတော့ ပြောပြီး ကျမတို့ စီစဉ်ထားပါတယ်။ တဖက်မှာလည်း လုံခြုံရေးလို့ ပြောတဲ့အခါမှာ ကျန်းမာရေး အရ ထိခိုက်ခဲ့ရင် ဒီ သွေးထွက်သံယို ဖြစ်ခဲ့လို့ ရှိရင် ဆိုတဲ့ စိုးရိမ်မှုမျိုးနဲ့ ဒါ ရှေးဦး သူနာပြု အဖွဲ့တွေနဲ့ တခြား ဒေါက်တာ အဖွဲ့တွေ ဆရာဝန် အဖွဲ့တွေနဲ့ ကျမတို့ ချိတ်ဆက်ထားပါတယ်။ ”

ကချင်ပြည်နယ်ထဲမှာလည်း ညပိုင်း အဖမ်းအဆီးတွေ ရှိနေပါတယ်။ မြစ်ကြီးနားမှာလည်း ဆန္ဒပြပွဲ ပါဝင်သူတွေ နောက် သတင်းသမားတွေလည်း ညပိုင်းမှာ လုံခြုံရေး စိုးရိမ်နေကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG