(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနသူေတြကို ေလးစားဖို႔နဲ႔ အဲဒီထဲက ကေလးငယ္ေတြကို အကာအကြယ္ေပးဖို႔ ႏိုင္ငံေပါင္း ၁၀၀ ေက်ာ္မွာ ကေလးငယ္ေတြအတြက္ အကူအညီေပးေနတဲ့ Save the Children အဖြဲ႔ႀကီးက တနဂၤေႏြေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။
စစ္တပ္က အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ ေန႔စဥ္ရက္ဆက္ ဆႏၵျပမႈေတြအတြင္း စေနေန႔က မႏၱေလးမွာ အသက္ ၁၈ ႏွစ္ေအာက္ လူငယ္ေလးတဦး ေသဆံုးခဲ့တဲ့သတင္းေၾကာင့္ Save the Children အဖြဲ႔ႀကီးက တုန္လႈပ္ အံ့ၾသခဲ့ရေၾကာင္းနဲ႔ ဆႏၵျပသူေတြၾကားက ကေလးငယ္ေတြရဲ့ လံုၿခံဳေရးအတြက္ပါ စိုးရိမ္ေၾကာင္း ေျပာပါတယ္။
ေသဆံုးသြားတဲ့ လူငယ္အျပင္ တျခား ေသဆံုးထိခိုက္ဒဏ္ရာရသူေတြရဲ့ မိသားစုဝင္ေတြအတြက္ ဝမ္းနည္းေၾကာင္း အဖြဲ႔ရဲ႕ေျပာခြင့္ရက ေျပာၾကားလိုက္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပခြင့္ကို ေလးစားၾကဖို႔နဲ႔ ကေလးငယ္ေတြကို အကာအကြယ္ေပးၾကဖို႔ သက္ဆိုင္သူအားလံုး၊ အထူးသျဖင့္ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြကို ထပ္မံေတာင္းဆိုေၾကာင္း ေျပာပါတယ္။
ဒါ့အျပင္ ျမန္မာႏုိင္ငံဟာ ကုလသမဂၢ ပဋိညာဥ္စာတမ္းပါ ကေလးငယ္ရပိုင္ခြင့္နဲ႔ ႏိုင္ငံတကာ လူ႔အခြင့္အေရးေတြကို ေလးစားလိုက္နာဖို႔ စာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ ႏိုင္ငံတႏိုင္ငံ ျဖစ္တာနဲ႔အညီ ကေလးငယ္ေတြကို အထူးကာကြယ္ေစာင့္ေရွာက္ဖို႔လည္း ပန္ၾကားခဲ့ပါတယ္။
အထူးသျဖင့္ လာမယ့္ရက္ သီတင္းပတ္ေတြအတြင္း ေသဆံုးမႈ၊ ထိခိုက္ဒဏ္ရာရတာေတြ မရွိရေအာင္ ကေလးငယ္ေတြကို အတတ္ႏိုင္ဆံုး အကာအကြယ္ေပးေရး အားလံုးက ဝိုင္းဝန္း ေဆာင္ရြက္ၾကဖို႔ကိုလည္း တုိက္တြန္းထားပါတယ္။
--------------------------------
(Unicode)
ဆန္ဒပြရာမှာပါဝင်တဲ့ ကလေးသူငယ်တွေကို မထိခိုက်စေဖို့ Save the Children တောင်းဆို
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေကို လေးစားဖို့နဲ့ အဲဒီထဲက ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ကလေးငယ်တွေအတွက် အကူအညီပေးနေတဲ့ Save the Children အဖွဲ့ကြီးက တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နေ့စဉ်ရက်ဆက် ဆန္ဒပြမှုတွေအတွင်း စနေနေ့က မန္တလေးမှာ အသက် ၁၈ နှစ်အောက် လူငယ်လေးတဦး သေဆုံးခဲ့တဲ့သတင်းကြောင့် Save the Children အဖွဲ့ကြီးက တုန်လှုပ် အံ့သြခဲ့ရကြောင်းနဲ့ ဆန္ဒပြသူတွေကြားက ကလေးငယ်တွေရဲ့ လုံခြုံရေးအတွက်ပါ စိုးရိမ်ကြောင်း ပြောပါတယ်။
သေဆုံးသွားတဲ့ လူငယ်အပြင် တခြား သေဆုံးထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း အဖွဲ့ရဲ့ပြောခွင့်ရက ပြောကြားလိုက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို လေးစားကြဖို့နဲ့ ကလေးငယ်တွေကို အကာအကွယ်ပေးကြဖို့ သက်ဆိုင်သူအားလုံး၊ အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ထပ်မံတောင်းဆိုကြောင်း ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ကလေးငယ်ရပိုင်ခွင့်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ စာချုပ် ချုပ်ဆိုထားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာနဲ့အညီ ကလေးငယ်တွေကို အထူးကာကွယ်စောင့်ရှောက်ဖို့လည်း ပန်ကြားခဲ့ပါတယ်။
အထူးသဖြင့် လာမယ့်ရက် သီတင်းပတ်တွေအတွင်း သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရတာတွေ မရှိရအောင် ကလေးငယ်တွေကို အတတ်နိုင်ဆုံး အကာအကွယ်ပေးရေး အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။