ဒီကေန႔ တနလၤာေန႔ ေဖေဖၚဝါရီလ ၂၂ ရက္ (၂၂.၂.၂၀၂၁) မွာ တႏိုင္ငံလုံး ရွိသမွ် ကုန္စုံဆိုင္ေတြ၊ ေဈးေတြ၊ ကုန္ကားဂိတ္ေတြ၊ လုပ္ငန္းေတြ အကုန္ပိတ္ၿပီး ၂၂၂၂၂ ( ႏွစ္ငါးလုံး) CDM အေထြေထြသပိတ္ႀကီးမွာ ပါဝင္ၾကဖို႔ Gen Z မ်ိဳးဆက္ လူငယ္ေတြဦးေဆာင္ၿပီး ႏႈိးေဆာ္ထားသလို၊ လူထုလႈပ္ရွားမႈေတြမွာ ဦးေဆာင္ေနသူေတြရဲ႕ ကိုယ္ပိုင္ Facebook စာမ်က္ႏွာေတြမွာလည္း ျဖန႔္ေဝထားပါတယ္။၂၂၂၂၂ အေထြေထြသပိတ္ကို အၾကမ္းမဖက္ လူထုလႈပ္ရွားမႈႀကီးအျဖစ္ အသြင္မ်ိဳးစုံနဲ႔ စီစဥ္ထားတယ္လို႔လည္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ကိုစည္သူေမာင္က ဗြီအိုေအကို ေျပာပါတယ္။
စစ္ေကာင္စီက ေနရာတခ်ိဳ႕မွာ အၾကမ္းဖက္ၿဖိဳခြဲမႈေတြလုပ္လာေပမယ့္ ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ေတြမွာ ျပည္သူေတြဘက္ကလည္း ဆႏၵျပအရွိန္ပိုၿပီးျမႇင့္တင္လာတဲ့ အေျခအေနကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပမွာပါ။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ရက္ေပါင္း ၂၂ ရက္ေျမာက္တဲ့ေန႔မွာ တတိုင္းတျပည္လုံး ပါဝင္လႈပ္ရွားမယ့္ ၂၂၂၂၂ (ႏွစ္ငါးလုံး) အေထြေထြသပိတ္ႀကီးဆင္ႏြဲွဖို႔ Gen Z မ်ိဳးဆက္ လူငယ္ေတြ ဦးေဆာင္ ႏႈိးေဆာ္ထားတဲ့အတြက္ ဒီကေန႔ ရန္ကုန္ၿမိဳ႕မွာ ၿမိဳ႕နယ္အလိုက္ သပိတ္ေၾကာင္းေတြနဲ႔ခ်ီတက္ၾကဖို႔ ျပင္ဆင္ထားေၾကာင္း NLD ပန္းဘဲတန္း ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ကိုစည္သူေမာင္က ဗြီအိုေအကို ေျပာပါတယ္။
" ဒီ ၂၂၂၂၂ (ႏွစ္ငါးလံုး) က Gen Z မ်ိဳးဆက္ အခ်င္းခ်င္းၾကား လူထုလႈပ္ရွားမႈႀကီးကို ျပန္ၿပီး တပ္လွန္႔သံအေနနဲ႔ သူတို႔ အေရးေတာ္ပံုရဲ႕ အရွိန္အဟုန္ ျပန္တင္တယ္လို႔ က်ေနာ္ နားလည္ပါတယ္။ ဘာပဲေျပာေျပာ အခု ၂၂၂၂၂ (ႏွစ္ငါးလံုး) ေန႔ဆိုၿပီး ႏႈိးေဆာ္ထားတဲ့ ျဖစ္တဲ့အတြက္ တနလၤာမွာေန႔မွာဆိုရင္ သပိတ္စစ္ေၾကာင္းေတြဟာ ၿမိဳ႕နယ္အလိုက္ ၀န္ထမ္းေပါင္းစံု၊ ဘာသာေပါင္းစံု၊ အလႊာ လူတန္းစားေပါင္းစံု ပါ၀င္တဲ့ အေထြေထြ သပိတ္စစ္ေၾကာင္းမ်ဳိးေတြ ျပင္ဆင္ေနၾကပါတယ္။ ျပင္ဆင္တဲ့အခါမွာ ၿမိဳ႕နယ္အသီးသီးရဲ႕ logo ေတြပါတဲ့ ဗီြႏိုင္းပိုစတာေတြ ထုတ္ေနတာ က်ေနာ္တို႔ ေတြ႕ရပါတယ္။”
တနဂၤေႏြေန႔ညက ရန္ကုန္ၿမိဳ႕တြင္း စစ္ကားေတြ ေနရာအသီးသီးယူထားတဲ့ အေျခအေနကိုလည္း သူက အခုလိုေျပာျပပါတယ္။
”အခု လြန္ခဲ့တဲ နာရီပိုင္းမွာ ရန္ကုန္ၿမိဳ႕ထဲနဲ႔ လွည္းတန္းကုန္းတံတားေပၚေတြ၊ တိုက္ခန္းေတြေပၚကေန ရိုက္ယူထားတဲ့ ဗီြဒီယို မွတ္တမ္းေတြအရ အခု စစ္ကားေတာ္ေတာ္မ်ားမ်ားက ရန္ကုန္ၿမိဳ႕တြင္းကို ၀င္လာၿပီ။ ေနာက္ သံရံုးေတြဘက္သြားတဲ့ လမ္းေတြကို စစ္ကားေတြ ပိတ္ဆို႔ထားတာရွိတယ္။ တနလၤာေန႔ကို သံရံုးေတြဘက္ ခ်ီတက္ဆႏၵျပတာေတြမလုပ္ႏိုင္ေအာင္ တားဆီးထားမယ့္ သေဘာလည္း ရွိႏိုင္တယ္။ ေနာက္တခုက အခု ဆႏၵျပပဲြေတြကို ၿဖိဳခြင္းတဲ့ ေရကားမ်ဳိးေတြ၊ လံုထိန္းေတြကို အင္အားတိုးၿပီး ခ်လာတဲ့ ဗီြဒီယိုဖိုင္ေတြလည္း အမ်ားအျပားတက္ေနပါတယ္။ ေနာက္တခုက တံတားေတြကိုလည္း ပိတ္လိုက္တယ္ဆိုတဲ့ သတင္းရုပ္သံေတြလည္း က်ေနာ္တို႔ ေတာက္ေလ်ာက္ရေနတယ္။”
ေမး။ ။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ မႏၲေလး၊ ျမစ္ႀကီးနား စတဲ့ ၿမိဳ႕ေတြမွာ စစ္တပ္က အၾကမ္းဖက္ၿဖိဳခြဲမႈေတြလုပ္ခဲ့တဲ့အတြက္ ေသနတ္ဒဏ္ရာရၿပီး လူေသဆုံးမႈတခ်ိဳ႕ ရွိခဲ့ပါတယ္။ အဲေတာ့ ရန္ကုန္မွာ စစ္တပ္က ေနရာအသီးသီးမွာ ရွိေနေတာ့ လူေတြဘက္က အင္အားဘယ္ေလာက္ထိ ဆက္ၿပီး ထြက္လာဖို႔ရွိမယ္လို႔ ေမွ်ာ္လင့္ထားသလဲ။
ေျဖ။ ။ မႏၱေလးရဲ႕ အေျခအေနကိုပဲ ျပန္ၾကည့္ပါဗ်။ မႏၱေလးမွာ ပစ္ခတ္လိုက္တဲ့အခါမွာ ပိုၿပီးေတာ့ လူစုလူေ၀းနဲ႔ လူထုရဲ႕ ဆႏၵျပမႈ ပိုၿပီး အားေကာင္းလာတာေတြ႕ရတယ္။ ေျပာခ်င္တာက ျပည္သူေတြရဲ႕ စိတ္မွာ ျပင္ဆင္ထားၿပီးသာခင္ဗ်။ ျပည္သူေတြရဲ႕ ႏိုင္ငံေရးႏိုးၾကားမႈက ဒီမတရားမႈကို ဆန္႔က်င္ေနမယ္။ တရက္၊ ႏွစ္ရက္နဲ႔ ၿပီးသြားမွာ မဟုတ္ဘူး။ ဒီအေရးေတာ္ပံုႀကီးဟာ တပတ္၊ ဆယ္ရက္ ၾကာၾကာ၊ လနဲ႔ ပဲ ခ်ီၾကာၾကာ အမွန္တရားအတြက္ သူတို႔ရေအာင္ တိုက္ပဲြ၀င္မယ္လို႔ စိတ္ပိုင္းျဖတ္ထားတယ္။”
အလားတူ မႏၲေလးမွာလည္း အရင္ ၈၈၈၈ ရွစ္ေလးလုံး လူထုလႈပ္ရွားမႈလို အခု ၂၂၂၂၂ (ႏွစ္ငါးလံုး) လႈပ္ရွားမႈမွာ တၿမိဳ႕လည္း ဆိုင္ေတြပိတ္ အင္နဲ႔ အားနဲ႔ ပါဝင္ဖို႔ ျပင္ဆင္ထားတာေတြ႕ရတယ္လို႔ Save Our Mandalay အဖဲြ႔က ကိုေနမ်ိဳးက ဗီြအိုေအကို ေျပာပါတယ္။
”၂၂၂၂၂ (ႏွစ္ငါးလံုး) ေန႔မွာ တၿမိဳ႕လံုးထြက္ၾကမယ္လို႔ ေျပာထားတယ္။ ဆိုင္ေတြ အားလံုးပိတ္ၿပီးတဲ့ အခါက်ေတာ့ အေထြေထြသပိတ္ႀကီးအျဖစ္ အားလံုးထြက္ၾကမယ္ဆိုေတာ့ ခါတိုင္းထက္ေတာ့ လူပိုမ်ားမယ္ထင္တယ္။ ဒီနံပါတ္ကလည္း ၂၂၂၂၂ (ႏွစ္ငါးလံုး) ဆိုေတာ့ တိုက္ဆိုင္တာရယ္၊ နံပါတ္က လွတယ္ရယ္ဆိုေတာ့ ဒီရက္ကို ယူလိုက္တယ္ ထင္တာပဲ။ ၈၈၈၈ ရွစ္ေလးလံုး လိုေပါ့။”
ေမး။ ။ မႏၱေလးမွာ လူအင္အား ဘယ္ေလာက္ထိ ထြက္လာဖို႔ရွိမလဲ။
ေျဖ။ ။ ခါတိုင္းေတြထက္ေတာ့ အရွိန္အဟုန္က ပိုၿပီး ျမင့္လာမွာပဲ။ တတိုင္းတျပည္လံုး ဒီရက္မွာ ပိုၿပီးေတာ့ အကုန္ အရွိန္အဟုန္ျမွင့္ၿပီး ဆႏၵျပၾကဖို႔၊ လိုခ်င္တာ မရမခ်င္း လူထုက ၿငိမ္းခ်မ္းစြာ ဆႏၵျပေနၾကအံုးမွာပဲ။ စစ္အာဏာသိမ္းၿပီး ကိုဗစ္ကိုေတာင္ မေၾကာက္ႏိုင္ေတာ့ဘူးေပါ့ဗ်ာ။”
ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထိခိုက္နစ္နာေနတဲ့ စီးပြားေရးလုပ္ငန္းေတြဟာ
ေဖေဖၚ၀ါရီလ (၁)ရက္ စစ္အာဏာသိမ္းၿပီးကတည္းကပိုၿပီး အထိအခိုက္ေတြရွိခဲ့ေပမယ့္ ေနာင္အနာဂတ္ ျမန္မာႏိုင္ငံမွာ စစ္အုပ္ခ်ဳပ္ေရးဆိုတာမ်ဳိး လံုး၀မလိုလားတဲ့ ခံယူခ်က္ေတြနဲ႔ ျပည္သူေတြက ေနာက္မဆုတ္ပဲ ပါ၀င္ဆႏၵျပေနၾကတာျဖစ္တယ္လို႔ကိုေနမ်ဳိးက ဗီြအိုေအကို ေျပာပါတယ္။
-----------------------------------------
၂ ငါးလုံးအထွေထွေသပိတ် ဆော်သြသူတချို့ရဲ့ အစီအစဉ်
ဒီကနေ့ တနင်္လာနေ့ ဖေဖေါ်ဝါရီလ ၂၂ ရက် (၂၂.၂.၂၀၂၁) မှာ တနိုင်ငံလုံး ရှိသမျှ ကုန်စုံဆိုင်တွေ၊ ဈေးတွေ၊ ကုန်ကားဂိတ်တွေ၊ လုပ်ငန်းတွေ အကုန်ပိတ်ပြီး ၂၂၂၂၂ ( နှစ်ငါးလုံး) CDM အထွေထွေသပိတ်ကြီးမှာ ပါဝင်ကြဖို့ Gen Z မျိုးဆက် လူငယ်တွေဦးဆောင်ပြီး နှိုးဆော်ထားသလို၊ လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်နေသူတွေရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာတွေမှာလည်း ဖြန့်ဝေထားပါတယ်။၂၂၂၂၂ အထွေထွေသပိတ်ကို အကြမ်းမဖက် လူထုလှုပ်ရှားမှုကြီးအဖြစ် အသွင်မျိုးစုံနဲ့ စီစဉ်ထားတယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုစည်သူမောင်က ဗွီအိုအေကို ပြောပါတယ်။
စစ်ကောင်စီက နေရာတချို့မှာ အကြမ်းဖက်ဖြိုခွဲမှုတွေလုပ်လာပေမယ့် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြည်သူတွေဘက်ကလည်း ဆန္ဒပြအရှိန်ပိုပြီးမြှင့်တင်လာတဲ့ အခြေအနေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၂၂ ရက်မြောက်တဲ့နေ့မှာ တတိုင်းတပြည်လုံး ပါဝင်လှုပ်ရှားမယ့် ၂၂၂၂၂ (နှစ်ငါးလုံး) အထွေထွေသပိတ်ကြီးဆင်နွဲှဖို့ Gen Z မျိုးဆက် လူငယ်တွေ ဦးဆောင် နှိုးဆော်ထားတဲ့အတွက် ဒီကနေ့ ရန်ကုန်မြို့မှာ မြို့နယ်အလိုက် သပိတ်ကြောင်းတွေနဲ့ချီတက်ကြဖို့ ပြင်ဆင်ထားကြောင်း NLD ပန်းဘဲတန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုစည်သူမောင်က ဗွီအိုအေကို ပြောပါတယ်။
" ဒီ ၂၂၂၂၂ (နှစ်ငါးလုံး) က Gen Z မျိုးဆက် အချင်းချင်းကြား လူထုလှုပ်ရှားမှုကြီးကို ပြန်ပြီး တပ်လှန့်သံအနေနဲ့ သူတို့ အရေးတော်ပုံရဲ့ အရှိန်အဟုန် ပြန်တင်တယ်လို့ ကျနော် နားလည်ပါတယ်။ ဘာပဲပြောပြော အခု ၂၂၂၂၂ (နှစ်ငါးလုံး) နေ့ဆိုပြီး နှိုးဆော်ထားတဲ့ ဖြစ်တဲ့အတွက် တနင်္လာမှာနေ့မှာဆိုရင် သပိတ်စစ်ကြောင်းတွေဟာ မြို့နယ်အလိုက် ဝန်ထမ်းပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အလွှာ လူတန်းစားပေါင်းစုံ ပါဝင်တဲ့ အထွေထွေ သပိတ်စစ်ကြောင်းမျိုးတွေ ပြင်ဆင်နေကြပါတယ်။ ပြင်ဆင်တဲ့အခါမှာ မြို့နယ်အသီးသီးရဲ့ logo တွေပါတဲ့ ဗွီနိုင်းပိုစတာတွေ ထုတ်နေတာ ကျနော်တို့ တွေ့ရပါတယ်။”
တနင်္ဂနွေနေ့ညက ရန်ကုန်မြို့တွင်း စစ်ကားတွေ နေရာအသီးသီးယူထားတဲ့ အခြေအနေကိုလည်း သူက အခုလိုပြောပြပါတယ်။
”အခု လွန်ခဲ့တဲ နာရီပိုင်းမှာ ရန်ကုန်မြို့ထဲနဲ့ လှည်းတန်းကုန်းတံတားပေါ်တွေ၊ တိုက်ခန်းတွေပေါ်ကနေ ရိုက်ယူထားတဲ့ ဗွီဒီယို မှတ်တမ်းတွေအရ အခု စစ်ကားတော်တော်များများက ရန်ကုန်မြို့တွင်းကို ဝင်လာပြီ။ နောက် သံရုံးတွေဘက်သွားတဲ့ လမ်းတွေကို စစ်ကားတွေ ပိတ်ဆို့ထားတာရှိတယ်။ တနင်္လာနေ့ကို သံရုံးတွေဘက် ချီတက်ဆန္ဒပြတာတွေမလုပ်နိုင်အောင် တားဆီးထားမယ့် သဘောလည်း ရှိနိုင်တယ်။ နောက်တခုက အခု ဆန္ဒပြပွဲတွေကို ဖြိုခွင်းတဲ့ ရေကားမျိုးတွေ၊ လုံထိန်းတွေကို အင်အားတိုးပြီး ချလာတဲ့ ဗွီဒီယိုဖိုင်တွေလည်း အများအပြားတက်နေပါတယ်။ နောက်တခုက တံတားတွေကိုလည်း ပိတ်လိုက်တယ်ဆိုတဲ့ သတင်းရုပ်သံတွေလည်း ကျနော်တို့ တောက်လျောက်ရနေတယ်။”
မေး။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မန္တလေး၊ မြစ်ကြီးနား စတဲ့ မြို့တွေမှာ စစ်တပ်က အကြမ်းဖက်ဖြိုခွဲမှုတွေလုပ်ခဲ့တဲ့အတွက် သေနတ်ဒဏ်ရာရပြီး လူသေဆုံးမှုတချို့ ရှိခဲ့ပါတယ်။ အဲတော့ ရန်ကုန်မှာ စစ်တပ်က နေရာအသီးသီးမှာ ရှိနေတော့ လူတွေဘက်က အင်အားဘယ်လောက်ထိ ဆက်ပြီး ထွက်လာဖို့ရှိမယ်လို့ မျှော်လင့်ထားသလဲ။
ဖြေ။ ။ မန္တလေးရဲ့ အခြေအနေကိုပဲ ပြန်ကြည့်ပါဗျ။ မန္တလေးမှာ ပစ်ခတ်လိုက်တဲ့အခါမှာ ပိုပြီးတော့ လူစုလူဝေးနဲ့ လူထုရဲ့ ဆန္ဒပြမှု ပိုပြီး အားကောင်းလာတာတွေ့ရတယ်။ ပြောချင်တာက ပြည်သူတွေရဲ့ စိတ်မှာ ပြင်ဆင်ထားပြီးသာခင်ဗျ။ ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုက ဒီမတရားမှုကို ဆန့်ကျင်နေမယ်။ တရက်၊ နှစ်ရက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ဒီအရေးတော်ပုံကြီးဟာ တပတ်၊ ဆယ်ရက် ကြာကြာ၊ လနဲ့ ပဲ ချီကြာကြာ အမှန်တရားအတွက် သူတို့ရအောင် တိုက်ပွဲဝင်မယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်။”
အလားတူ မန္တလေးမှာလည်း အရင် ၈၈၈၈ ရှစ်လေးလုံး လူထုလှုပ်ရှားမှုလို အခု ၂၂၂၂၂ (နှစ်ငါးလုံး) လှုပ်ရှားမှုမှာ တမြို့လည်း ဆိုင်တွေပိတ် အင်နဲ့ အားနဲ့ ပါဝင်ဖို့ ပြင်ဆင်ထားတာတွေ့ရတယ်လို့ Save Our Mandalay အဖွဲ့က ကိုနေမျိုးက ဗွီအိုအေကို ပြောပါတယ်။
”၂၂၂၂၂ (နှစ်ငါးလုံး) နေ့မှာ တမြို့လုံးထွက်ကြမယ်လို့ ပြောထားတယ်။ ဆိုင်တွေ အားလုံးပိတ်ပြီးတဲ့ အခါကျတော့ အထွေထွေသပိတ်ကြီးအဖြစ် အားလုံးထွက်ကြမယ်ဆိုတော့ ခါတိုင်းထက်တော့ လူပိုများမယ်ထင်တယ်။ ဒီနံပါတ်ကလည်း ၂၂၂၂၂ (နှစ်ငါးလုံး) ဆိုတော့ တိုက်ဆိုင်တာရယ်၊ နံပါတ်က လှတယ်ရယ်ဆိုတော့ ဒီရက်ကို ယူလိုက်တယ် ထင်တာပဲ။ ၈၈၈၈ ရှစ်လေးလုံး လိုပေါ့။”
မေး။ ။ မန္တလေးမှာ လူအင်အား ဘယ်လောက်ထိ ထွက်လာဖို့ရှိမလဲ။
ဖြေ။ ။ ခါတိုင်းတွေထက်တော့ အရှိန်အဟုန်က ပိုပြီး မြင့်လာမှာပဲ။ တတိုင်းတပြည်လုံး ဒီရက်မှာ ပိုပြီးတော့ အကုန် အရှိန်အဟုန်မြှင့်ပြီး ဆန္ဒပြကြဖို့၊ လိုချင်တာ မရမချင်း လူထုက ငြိမ်းချမ်းစွာ ဆန္ဒပြနေကြအုံးမှာပဲ။ စစ်အာဏာသိမ်းပြီး ကိုဗစ်ကိုတောင် မကြောက်နိုင်တော့ဘူးပေါ့ဗျာ။”
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာနေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ
ဖေဖေါ်ဝါရီလ (၁)ရက် စစ်အာဏာသိမ်းပြီးကတည်းကပိုပြီး အထိအခိုက်တွေရှိခဲ့ပေမယ့် နောင်အနာဂတ် မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးဆိုတာမျိုး လုံးဝမလိုလားတဲ့ ခံယူချက်တွေနဲ့ ပြည်သူတွေက နောက်မဆုတ်ပဲ ပါဝင်ဆန္ဒပြနေကြတာဖြစ်တယ်လို့ ကိုနေမျိုးက ဗွီအိုအေကို ပြောပါတယ်။