သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ အဖမ္းအဆီးမ်ားျပားလာမႈ ကုလ အထူးစိုးရိမ္


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရသူ Stephane Dujarric

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ ဆႏၵျပလႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ဖမ္းဆီးခံရမႈေတြ တိုးလာေနတဲ့အေပၚ စိုးရိမ္ေၾကာင္း ကုလသမဂၢက ေျပာဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံရသူဦးေရ တိုးလာေနတဲ့အေပၚ အလြန္အမင္း စိုးရိမ္ေၾကာင္းနဲ႔ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔က ေနျပည္ေတာ္မွာတင္ တရက္တည္းနဲ႔ လူ ၁၅၀ ထက္မနည္း ဖမ္းဆီးခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံက ကုလသမဂၢ တာ၀န္ရွိသူေတြကို ကိုးကားၿပီး ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရသူ Stephane Dujarric က နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္မွာ ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပဲြအတြင္း ေျပာဆိုလိုက္တာပါ။

ႏိုင္ငံေရးသမားေတြ၊ အစိုးရ တာ၀န္ရွိသူေတြ၊ တက္ႂကြလႈပ္ရွားသူေတြနဲ႔ သတင္းမီဒီယာသမားေတြ၊ သံဃာေတာ္ေတြနဲ႔ ေက်ာင္းသားေတြ အပါအ၀င္ အရပ္ဖက္အဖဲြ႕အစည္းက စုစုေပါင္း ထိန္းသိမ္းခံထားရသူ ၉၀၀ ေက်ာ္ နဲ႔ ပတ္သက္လို႔ ကုလသမဂၢ တာ၀န္ရွိသူေတြ စုံစမ္းေနတယ္လို႔လည္း ေျပာပါတယ္။ ဖမ္းဆီးထိန္းသိမ္းထားသူေတြ အားလုံးကို ခ်က္ျခင္း ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုခဲ့တာပါ။

ကုလသမဂၢ အဖဲြ႕၀င္ႏိုင္ငံတခ်ဳိ႕ရဲ႕ တိ္ုက္တြန္းခ်က္အရ ဒီကေန႔ ေသာၾကာေန႔မွာပဲ အေထြေထြ ညီလာခံမွာ အလြတ္သေဘာ ေဆြးေႏြးပြဲက်င္းပဖို႔ စီစဥ္ထားၿပီး ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener က အစီရင္ခံ တင္ျပမွာျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ျမန္မာႏိုင္ငံအ၀န္းက ဆႏၵျပလႈပ္ရွားမႈေတြမွာ ဦးေဆာင္ေနတဲ့ Generation Z အဖဲြ႕ကေတာ့ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းအေနနဲ႔ သေဘာထား ထုတ္ျပန္ခ်က္ေတြထက္ ထိေရာက္တဲ့ အေရးယူမႈေတြနဲ႔ တုံ႔ျပန္ဖို႔လည္း ေဖ့စ္ဘြတ္လူမႈကြန္ရက္ကေန အိတ္ဖြင့္ေပးစာထုတ္ျပန္ တိ္ုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

မြန်မာနိုင်ငံ အဖမ်းအဆီးများပြားလာမှု ကုလအထူးစိုးရိမ်

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံရမှုတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံရသူဦးရေ တိုးလာနေတဲ့အပေါ် အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နေပြည်တော်မှာတင် တရက်တည်းနဲ့ လူ ၁၅၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာနိုင်ငံက ကုလသမဂ္ဂ တာဝန်ရှိသူတွေကို ကိုးကားပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။

နိုင်ငံရေးသမားတွေ၊ အစိုးရ တာဝန်ရှိသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာသမားတွေ၊ သံဃာတော်တွေနဲ့ ကျောင်းသားတွေ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းက စုစုပေါင်း ထိန်းသိမ်းခံထားရသူ ၉၀၀ ကျော် နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားသူတွေ အားလုံးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့တာပါ။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတချို့ရဲ့ တိုက်တွန်းချက်အရ ဒီကနေ့ သောကြာနေ့မှာပဲ အထွေထွေ ညီလာခံမှာ အလွတ်သဘော ဆွေးနွေးပွဲကျင်းပဖို့ စီစဉ်ထားပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener က အစီရင်ခံ တင်ပြမှာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံအဝန်းက ဆန္ဒပြလှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ Generation Z အဖွဲ့ကတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ သဘောထား ထုတ်ပြန်ချက်တွေထက် ထိရောက်တဲ့ အရေးယူမှုတွေနဲ့ တုံ့ပြန်ဖို့လည်း ဖေ့စ်ဘွတ်လူမှုကွန်ရက်ကနေ အိတ်ဖွင့်ပေးစာထုတ်ပြန် တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG