သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့က ဆန္ဒပြသူများ စုဝေးရာနေရာနှစ်ခု အင်အားသုံးဖြိုခွဲခံရ


မြေနီကုန်းဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကအင်အားသုံးလူစုခွဲ
မြေနီကုန်းဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကအင်အားသုံးလူစုခွဲ

{{Zawgyi/Unicode}}

ရန်ကုန်မြို့မှာ ဆန္ဒပြသူအများအပြား နေ့စဉ်စုဝေးတဲ့ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဒီကနေ့ ရဲတွေက သေနတ်ပစ်ဖောက်ပြီး အင်အားသုံး ဖြိုခွဲခဲ့ပါတယ်။ ဒါ့အပြင် သတင်းထောက်တွေနဲ့ ပြည်သူတချို့ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေနဲ့ ဖြိုခွဲတဲ့ အခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစု သတင်းပေးပို့ထားပါတယ။်

ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ မြေနီကုန်းနဲ့ လှည်းတန်းတလျှောက် ဆန္ဒပြသူအများဆုံး စုဝေးကြတဲ့နေရာနှစ်ခုဖြစ်ပြီး နေ့စဉ်လိုစုဝေးပြီးတော့ ထိုင်သပိတ်အပါအဝင် ပုံစံမျိုးစုံနဲ့ ဆန္ဒပြကြတဲ့နေရာတွေဖြစ်ပါတယ်။ ဒီကနေ့မှာ အဲဒီနှစ်နေရာစလုံးကို ရဲအင်အားအလုံးအရင်းနဲ့ ဝင်ပြီးဖြိုခွဲတာပါ။

ဆန္ဒပြသူတွေ စုဝေးကြွေးကြော်နေတဲ့အချိန်မှာ ရဲတွေက အတင်းဝင်ရိုက် ဖြိုခွဲလို့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့သလို နီးစပ်ရာနေရာတွေမှာ ပြေးလွှားရင်း ညနေအချိန်အထိ ပိတ်မိနေသူတွေလည်းရှိခဲ့ပါတယ်။ လှည်းတန်း-အင်းစိန်လမ်းမပေါ်က ဘူတာရုံမှတ်တိုင်အနီးမှာ ဒီကနေ့ နေ့လည်ခင်း ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲသွားခဲ့တဲ့ အခြေအနေကိုတော့ မနက်ခင်းအချိန်ကစပြီး လှည်းတန်းမှာ တနေကုန်သတင်းယူနေတဲ့ သတင်းထောက်တဦးက ပြောပြပါတယ်။

"၁၀ နာရီကျော်ကျော်လောက်မှာ စဖြစ်တဲ့အဖြစ်အပျက်က ၁၁ နာရီ ၄၅မိနစ်လောက်မှာ ပထမဆုံးအကြိမ် စပြီးတော့ ပြည်သူလူထုက တဖြေးဖြေးနဲ့ လှည်းတန်းလမ်းဆုံကနေပြီးတော့ ပြနေတဲ့အနေအထားကနေ နောက်ဆုတ်လာတာ လှည်းတန်းဈေးအကျော်ပေါ့လေ ... စိန်ဂေဟာရှေ့ အကျော်နားလောက်ထိ ရောက်လာတဲ့အချိန်မှာ သူတို့ဘက်က စပစ်ပြီးတော့ လူစုခွဲတာပေါ့လေ။ အဲဒါပြီးတော့ ၃ နာရီ ၄၀ လောက်အထိ နောက်ဆုံး တတိယအကြိမ် ထပ်ခွဲတယ်ပေါ့လေ။ ပစ်တာခတ်တာတွေ ကျနော်တို့ကြားရပါတယ်ဗျ။"

ဒဏ်ရာရသူတွကို ကယ်ဆယ်ပေးနေတဲ့ လူနာတင်ယာဉ်တွေလည်း အလံဖြူပြပြီးတော့ သွားလာရတဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။

မြေနီကုန်းမှာ ဖြစ်ပျက်ခဲ့တာကိုတော့ သတင်းယူနေရင်း ရဲက ဖမ်းဆီးသွားပြီးတဲ့နောက် အချုပ်ကားပေါ်တင် မေးမြန်းပြီးတော့မှ ပြန်လွှတ်ပေးခဲ့တဲ့ သတင်းထောက်တဦးက ရှင်းပြပါတယ်။

"သူတို့ လူထုကိုလိုက်ပြီးတော့ ဒိုင်းတွေနဲ့ရိုက်ပြီး မောင်းထုတ်တဲ့အချိန်မှာ လိုက်ပြီးဆွဲတဲ့အချိန်မှာ ကျနော်က သူတို့ရဲတပ်ဖွဲ့ အနောက်ဘက်နားလောက်ကနေ သတင်းယူနေတာပေါ့။ သူတို့က ရှေ့ကိုသွားနေရင်းနဲ့ ရုတ်တရက် နောက်ပြန်လှည့်ပြီး အဲကောင်တွေပါဖမ်းဆိုပြီးတော့ ကျနော်တို့ကို ဖမ်းတာပေါ့။ ကျနော်တို့ သတင်းယူနေတာ ဘာအမှားလုပ်မိလို့ ဖမ်းတာလဲဆိုတော့ ... မင်းတို့ဘယ်သတင်းဌာနကလဲ မေးပြီးတော့ ခဏနေပါဦးဆိုပြီး အချုပ်ကားပေါ် ခဏတင်လိုက်တယ်ပေါ့။ သူတို့လည်းပဲ အလုပ်ရှုပ်မခံချင်ပါဘူးတဲ့။ အဲတော့ ညီလေးတို့ကို ပြန်လွှတ်ပေးပါမယ်ဆိုပြီးတော့ ကျနော်ရယ်၊ နောက်သတင်းထောက် ဦးလေးကြီးတယောက်ရယ်၊ အရင်ကတည်းက ဖမ်းမိထားတဲ့ ဆန္ဒပြသူလို့ထင်ရတဲ့ အသက် ၆၀ လောက်ရှိတဲ့ ဦးလေးကြီးတယောက်ရယ်။ အဲဒီကားပေါ်မှာ ရှိနေတဲ့ သုံးယောက်လုံးကို တခါတည်း ပြန်လွှတ်လိုက်တယ်ဗျ။"

မြေနီကုန်းမှာ အဖမ်းခံရသူတွေထဲမှာ ရုပ်သံဇာတ်လမ်း စီစဉ်ရိုက်ကူးသူ ဂျပန်နိုင်ငံသားတစ်ဦးလည်း ပါဝင်ခဲ့ပြီးတော့ အဲဒီသတင်းကို ဂျပန်နိုင်ငံက သတင်းမီဒီယာတွေထဲမှာ ချက်ချင်းဆိုသလို ထုတ်လွှင့်ခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ ဂျပန်နိုင်ငံသားအပါအဝင် သတင်းထောက်တွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆန္ဒပြသူတွေကို ရေသန့်အလှူလုပ်နေရင်း ဖမ်းဆီးခံခဲ့ရတဲ့ ဆေးကျောင်းသားလူငယ်တစ်ဦးကို မိသားစုဝင်တွေနဲ့ ရှေ့နေတွေက တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းနေပေမယ့် ဒီကနေ့ညနေ ၆နာရီအချိန်အထိ တွေ့ဆုံခွင့် မရသေးပါဘူး။

ဆန္ဒပြသူတွေကို ဝင်ရောက်ဖြိုခွဲပြီး လမ်းတွေကို တားဆီးပိတ်ဆို့ထားတဲ့ကြားကပဲ ဆန္ဒပြသူတွေဘက်ကတော့ ဒီမိုကရေစီရရှိရေးဆိုပြီး ရဲတွေနဲ့ မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းနေရာတွေကနေ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ဆန္ဒပြတာတွေလည်း ဆက်ရှိခဲ့ပါတယ်။

.......................

တိုက်ရိုက် လင့်ခ်


{{Unicode}}











XS
SM
MD
LG