သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီကို အၾကမ္းဖက္အဖဲြ႔အျဖစ္ CRPH ေၾကညာ


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ေတြ႔ရတဲ့ ျမန္မာစစ္တပ္ တပ္ဖဲြ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၂၈၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဆႏၵျပသူေတြ ေသဆံုးတဲ့အထိ ပစ္ခတ္ႏွိမ္နင္းခဲ့တဲ့ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္မႈေကာင္စီကို အၾကမ္းဖက္အုပ္စုအျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က ဒီေန႔ ေၾကညာလိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က ရန္ကုန္ ဆႏၵျပပဲြအတြင္း ဆႏၵျပသူမ်ားကို ျဖိဳခြင္းေနတဲ့ ရဲမ်ား။ (ေဖေဖာ္ဝါရီ ၂၈၊ ၂၀၂၁)
ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က ရန္ကုန္ ဆႏၵျပပဲြအတြင္း ဆႏၵျပသူမ်ားကို ျဖိဳခြင္းေနတဲ့ ရဲမ်ား။ (ေဖေဖာ္ဝါရီ ၂၈၊ ၂၀၂၁)

ႏိုင္ငံတဝန္း လက္နက္ကိုင္အာဏာပိုင္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ တနဂၤေႏြေန႔က ၂၀ ဝန္းက်င္ေသဆံုးခဲ့ရၿပီးေနာက္ CRPH က ဒီေန႔ ထုတ္ျပန္ေၾကညာတာ ျဖစ္ပါတယ္။

"ျပည္ေထာင္စုသမၼတႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားအေပၚ အၾကမ္းဖ်က္မႈတိုက္ဖ်က္ေရး ဥပေဒအပါ အၾကမ္းဖက္မႈမ်ားကို က်ဴးလြန္လ်က္ရွိသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအား အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကျငာလိုက္သည္။ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ။"

ႏိုင္ငံတကာဥပေဒေတြနဲ႔ အေရးယူႏိုင္ဖို႔အတြက္ အခုလို ေၾကျငာတာျဖစ္တယ္လို႔ ဒီကေန႔ ေၾကျငာတဲ့အထဲမွာ ေျပာပါတယ္။

"အာဏာသိမ္းစစ္ေကာင္စီဟာ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြရဲ႕ တရားဥပေဒစိုးမိုးေရးနဲ႔ လံုျခံဳေရးကို အကာအကြယ္မေပးတဲ့အျပင္ ျငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြကို လမ္းမေတြမွာေရာ၊ လမ္းသြယ္လမ္းက်ဥ္းေတြမွာေရာ၊ အေဆာက္အဦးေတြၾကားထဲမွာပါ အၾကမ္းဖက္သတ္ျဖတ္မႈေတြ က်ဴးလြန္ေနပါတယ္။ ဒီလို အၾကမ္းဖက္သတ္ျဖတ္မႈေတြေၾကာင့္မို႔လို႔ ႏိုင္ငံသားမ်ားစြာရဲ႕ အသက္လည္း ဆံုးရံႈးခဲ့ရပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒီ န.စ.က ေကာင္စီကို ႏိုင္ငံတကာ ဥပေဒေတြနဲ႔အညီ အေရးယူေဆာင္ရြက္ႏိုင္ဖို႔အတြက္ ေအာက္ပါ ေၾကျငာခ်က္ကို ထုတ္ျပန္ေၾကျငာလိုက္ပါတယ္။"

ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီက အျပင္းထန္ဆံုး ရႈတ္ခ်လိုက္ပါတယ္။ ျမန္မာႏိုင္ငံအႏွံ႔က ၿမိဳ႕ေတြမွာ မေန႔က လူေသဆံုးတဲ့အထိ ပစ္ခတ္ႏွိမ္နင္းမႈေတြ ရွိခဲ့ေပမဲ့ ဒီေန႔ ဆႏၵျပသူအေျမာက္အမ်ား လမ္းေပၚ ျပန္ထြက္လာၿပီးေတာ့ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာေတာ့ ဆႏၵျပသူေတြကို မ်က္ရည္ယိုဗံုးေတြ၊ အသံဗံုးေတြ၊ ရာဘာက်ည္ေတြနဲ႔ ပစ္ခတ္လူစုခဲြခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းဘက္မွာ လက္နက္ကိုင္လံုျခံဳေရးေတြက လူေနအိမ္ေတြ ရွိရာလမ္းေတြမွာ မ်က္ရည္ယိုဗံုးေတြနဲ႔ ပစ္ခတ္တဲ့ အိမ္ထဲေနသူ ကေလးေတြ၊ လူႀကီးေတြ ထိခိုက္ ဒဏ္ရာေတြ ရခဲ့ၾကပါတယ္။ ခုလိုပစ္ခတ္ေနတဲ့ၾကားကပဲ ဆႏၵျပသူေတြက ေရွာင္တိမ္း ဆႏၵျပခဲ့ၾကတာပါ။

"ဒီမေကာင္းဆိုးဝါးေခတ္ၾကီးကို က်ေနာ္သားေတြေခတ္ကို မသယ္သြားခ်င္ဘူး။ အဲဒီအတြက္ က်ေနာ္တို႔ပဲ ခံလိုက္မယ္။ သူတို႔ကိုေတာ့ မခံေစခ်င္ဘူး။ အဲဒီအတြက္ အဓိကတစ္ခ်က္။ ၿပီးေတာ့ မေန႔က က်ဆံုးသြားတဲ့ ညီအကိုေတြ၊ သူရဲေကာင္းေတြအတြက္ကို က်ေနာ္ ခံျပင္းတဲ့အတြက္ ဒီကို လာတာပါ။ မေန႔ကေတာ့ defense line မွာ မရွိခဲ့ပါဘူး။ ဒီေန႔ကေတာ့ က်ေနာ္ကိုယ္တိုင္ defense line တက္ပါတယ္။ က်ေနာ့္သူငယ္ခ်င္း ေလးေယာက္ပါပါတယ္။"

ရန္ကုန္ၿမိဳ႕မွာ မေန႔က ပစ္ခတ္မႈအတြင္း ေသဆံုးသူ ေလး ေယာက္လို႔ အတည္ျပဳႏိုင္ပါတယ္။ ေသဆံုးသူ ႏွစ္ ေယာက္လို႔ အတည္ျပဳႏိ္ုင္တဲ့ မႏၲေလးၿမိဳ႕မွာလည္း ဒီေန႔ ျပည္သူေတြ လမ္းေပၚထြက္ ဆႏၵျပၾကပါတယ္။

"စစ္အာဏာရွင္ ပ်က္သုဥ္းေရး... ဒို႔အေရး၊ ဒို႔အေရး။ အာဏာလုတဲ့ စစ္ေကာင္စီ... အလိုမရွိ၊ အလိုမရွိ။ သပိတ္၊ သပိတ္... ေမွာက္၊ ေမွာက္။"

ဒါကေတာ့ မႏၱေလးၿမိဳ႕က ဆႏၵျပတဲ့ အသံေတြပါ။

မေန႔က ေသဆံုးသူ ငါး ေယာက္ထက္မနည္းရွိတဲ့ ထားဝယ္ၿမိဳ႕မွာလည္း ဒီေန႔ ဆႏၵျပသူေတြက ေသဆံုးသြားသူေတြအတြက္ ေအာက္ေမ့ဆုေတာင္းပြဲလုပ္ခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာလည္း ေသဆံုးသြားသူေတြအတြက္ အထိမ္းအမွတ္ ဆုေတာင္းပဲြေတြကို လုပ္ခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံမွ ၿငိမ္းခ်မ္းစြာ ဒီမိုကေရစီေတာင္းဆိုရင္း ေသဆံုးသြားသူေတြရဲ႕ က်န္ရစ္သူမိသားစုေတြကို အထူးစိတ္မေကာင္းေၾကာင္း အေမရိကန္သမၼတရဲ႕ အမ်ဳိးသားလံုျခံဳေရး အၾကံေပး Jake Sullivan ကလည္း ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ခုလို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပသူေတြကို ေသေစတဲ့အထိ အင္အားသံုးႏွိမ္နင္းတဲ့အတြက္ အေမရိကန္ျပည္ေထာင္စုက ေနာက္ထပ္ အေရးယူမႈေတြ လာမဲ့ရက္ပိုင္းေတြက်ရင္ ထပ္လုပ္သြားမယ္လို႔ သူကေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဒီမိုကေရစီ၊ တရားဥပေဒစိုးမိုးေရးနဲ႔ လူ႔အခြင့္အေရးအတြက္ သတၱိရွိရွိ ေတာင္းဆိုေနၾကသူေတြနဲ႔ တသားတည္း ဆက္လက္ရပ္တည္ေနတယ္လု႔ိလည္း ေျပာပါတယ္။ ျမန္မာျပည္သူေတြအေပၚ အားျဖည့္ေထာက္ခံဖို႔နဲ႔ အၾကမ္းဖက္သူေတြ သူတို႔လုပ္ရပ္အတြက္ တာဝန္ယူမႈ ရွိေအာင္ Indo-Pacific ေဒသတြင္းမွာ ရွိတဲ့ အေမရိကန္ မဟာမိတ္ေတြနဲ႔ ဆက္လက္ အနီးကပ္ပူးေပါင္း ေဆြးေႏြးေဆာင္ရြက္ေနတယ္လို႔လည္း အိမ္ျဖဴေတာ္ အမ်ဳိးသားလံုျခံဳေရးအၾကံေပး Jake Sullivan ရဲ႕ ေၾကညာခ်က္ထဲမွာ ေျပာၾကားထားပါတယ္။ ကုလသမဂၢလံုျခံဳေရးေကာင္စီ အၿမဲတမ္းအဖဲြ႕ဝင္ျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စုက အလွည့္က် ဥကၠ႒တာဝန္ကို ဒီေန႔ စတင္တာဝန္ယူမွာျဖစ္ပါတယ္။ ဥကၠ႒တာဝန္ယူထားစဥ္မွာ ဦးစားေပးေဆာင္ရြက္မယ့္ကိစၥေတြကို ဒီေန႔ ေၾကညာတဲ့အခါ ျမန္မာအေရးကိစၥကို ကိုင္တြယ္ေဆာင္ရြက္ေရးအစီအစဥ္ေတြ ပါဝင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ျမန္မာႏိုင္ငံကို ႏိုင္ငံတကာ လံုျခံဳေရးတပ္ေတြ ဝင္ေရာက္ႏိုင္တဲ့ ကုလသမဂၢ ပဋိညာဥ္စာခ်ဳပ္ပါ Chapter 7 ကို အသံုးျပဳေရး ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ အေရးေပၚ ေဆြးေႏြးစဥ္းစားဖို႔အတြက္ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢအထူးသံတမန္ Tom Andrews ကလည္း ေၾကညာခ်က္ ထုတ္ျပန္ တိုက္တြန္းလိုက္ပါတယ္။ Chapter 7 ထဲမွာ ကုလသမဂၢရဲ႕ ျငိမ္းခ်မ္းေရးထိန္းတပ္ေတြ ဝင္ေရာက္ေရးဆိုတဲ့ အခ်က္ပါဝင္ပါတယ္။ ၿငိ္မ္းခ်မ္းစြာဆႏၵျပေနသူေတြကို စစ္အာဏာသိမ္းထားသူေတြက ရက္ရက္စက္စက္ ႏွိမ္နင္းမႈေတြ တိုးလုပ္ေနတဲ့အတြက္ ကမာၻ႔ႏိုင္ငံေတြအေနနဲ႔ အေရးယူေဆာင္ရြက္ရမယ္လို႔ လူ႔အခြင့္အေရးဆိုင္ရာ အထူးသံတမန္ Tom Andrews ကေျပာပါတယ္။ အင္အားသံုးႏွိမ္နင္းသူေတြအေပၚ ပစ္မွတ္ထား ဒဏ္ခတ္အေရးယူမႈေတြ လုပ္ရမယ္လို႔လည္း သူက ေျပာထားပါတယ္။

အာဆီယံႏိုင္ငံျခားေရးဝန္ၾကီးေတြအေနနဲ႔ ျမန္မာ့အေရးကို မနက္ျဖန္က်ရင္ေတာ့ အြန္လိုင္းေပၚကေန ေတြ႔ဆံုေဆြးေႏြးမယ္လို႔ စကၤာပူ ႏိုင္ငံျခားေရးဝန္ၾကီးက အတည္ျပဳေျပာပါတယ္။ အထူးအစည္းအေဝးလုပ္ၿပီးေတာ့ စစ္အာဏာပိုင္ေတြဘက္က ဘာေျပာမလဲဆိုတာ နားေထာင္မယ္လို႔ သူကေျပာၾကားထားပါတယ္။

ေနျပည္ေတာ္မွာေတာ့ ဆက္လက္ဖမ္းဆီး တရားစြဲခံထားရတဲ့ သမၼတဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ဒီေန႔ Video conferencing နဲ႔ ရံုးထုတ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈ႔ံေဆာ္မႈ ပုဒ္မ ၅၀၅ (ခ)၊ ဆက္သြယ္ေရးပုဒ္မ ၆၇ တို႔နဲ႔ ထပ္ၿပီး တရားစြဲပါတယ္။ ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲထားတဲ့ ပုဒ္မစုစုေပါင္းက ေလး ခုျဖစ္သြားပါၿပီ။ ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သူ႔ရဲ႕ ေရွ႕ေနနဲ႔ ခုထိေတ႔ြခြင့္ မရေသးဘူးလို႔ သူ႔ရဲ႕ ဥပေဒ အက်ဳိးေဆာင္ ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

"ေဒၚေအာင္ဆန္းစုၾကည္ကလည္း ေရွ႕ေနေတြနဲ႔ ေတြ႔ခ်င္တယ္လို႔ ေျပာတယ္။ အဲဒီေတာ့ တရားသူၾကီးက ရဲကို စီစဥ္ေပးလိုက္ပါလို႔ ညႊန္ၾကားလိုက္ပါတယ္။ ဆိုေတာ့ အဲဒီအမႈကိုေတာ့ ေရွ႕ေနမပါေသးတဲ့အတြက္ေၾကာင့္ CMP (Case Management Program) ကို မလုပ္ရေသးပါဘူး။ ၁၅ ရက္ေန႔ကို ျပန္ခ်ိန္းလိုက္ပါတယ္။"

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူ အမႈတတြဲထဲျဖစ္တဲ့ သမၼတဦးဝင္းျမင့္ကိုလည္း ပုဒ္မ ၅၀၅ (ခ) နဲ႔အမႈထပ္တိုး တရားစြဲသလို ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္ကိုလည္း ပုဒ္မ ၅၀၅ (ခ) နဲ႔တရားစြဲတယ္လို႔ ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲထားတဲ့ အမႈ ၄ ခုကေတာ့ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈဥပေဒ ပုဒ္မ ၂၅၊ ပုိ႕ကုန္ သြင္းကုန္ဥပေဒ ပုဒ္မ ၈၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၇နဲ႔ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈ႔ံေဆာ္မႈ ပုဒ္မ ၅၀၅ (ခ) တို႔ျဖစ္ပါတယ္။ သမၼတဦးဝင္းျမင့္ကေတာ့ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈဥပေဒ ပုဒ္မ ၂၅၊ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ) တုိ႔နဲ႔ တရားစြဲခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာစစ်အုပ်ချုပ်ရေးကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် CRPH ကြေညာ

မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေ သေဆုံးတဲ့အထိ ပစ်ခတ်နှိမ်နင်းခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဒီနေ့ ကြေညာလိုက်ပါတယ်။

နိုင်ငံတဝန်း လက်နက်ကိုင်အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် တနင်္ဂနွေနေ့က ၂၀ ဝန်းကျင်သေဆုံးခဲ့ရပြီးနောက် CRPH က ဒီနေ့ ထုတ်ပြန်ကြေညာတာ ဖြစ်ပါတယ်။

"ပြည်ထောင်စုသမ္မတနိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများအပေါ် အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဥပဒေအပါ အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာလိုက်သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ။"

နိုင်ငံတကာဥပဒေတွေနဲ့ အရေးယူနိုင်ဖို့အတွက် အခုလို ကြေငြာတာဖြစ်တယ်လို့ ဒီကနေ့ ကြေငြာတဲ့အထဲမှာ ပြောပါတယ်။

"အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို အကာအကွယ်မပေးတဲ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို လမ်းမတွေမှာရော၊ လမ်းသွယ်လမ်းကျဉ်းတွေမှာရော၊ အဆောက်အဦးတွေကြားထဲမှာပါ အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေပါတယ်။ ဒီလို အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့်မို့လို့ နိုင်ငံသားများစွာရဲ့ အသက်လည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီ န.စ.က ကောင်စီကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် အောက်ပါ ကြေငြာချက်ကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။"

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။ မြန်မာနိုင်ငံအနှံ့က မြို့တွေမှာ မနေ့က လူသေဆုံးတဲ့အထိ ပစ်ခတ်နှိမ်နင်းမှုတွေ ရှိခဲ့ပေမဲ့ ဒီနေ့ ဆန္ဒပြသူအမြောက်အများ လမ်းပေါ် ပြန်ထွက်လာပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာတော့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။

ရန်ကုန်မြို့ စမ်းချောင်းဘက်မှာ လက်နက်ကိုင်လုံခြုံရေးတွေက လူနေအိမ်တွေ ရှိရာလမ်းတွေမှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တဲ့ အိမ်ထဲနေသူ ကလေးတွေ၊ လူကြီးတွေ ထိခိုက် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ခုလိုပစ်ခတ်နေတဲ့ကြားကပဲ ဆန္ဒပြသူတွေက ရှောင်တိမ်း ဆန္ဒပြခဲ့ကြတာပါ။

"ဒီမကောင်းဆိုးဝါးခေတ်ကြီးကို ကျနော်သားတွေခေတ်ကို မသယ်သွားချင်ဘူး။ အဲဒီအတွက် ကျနော်တို့ပဲ ခံလိုက်မယ်။ သူတို့ကိုတော့ မခံစေချင်ဘူး။ အဲဒီအတွက် အဓိကတစ်ချက်။ ပြီးတော့ မနေ့က ကျဆုံးသွားတဲ့ ညီအကိုတွေ၊ သူရဲကောင်းတွေအတွက်ကို ကျနော် ခံပြင်းတဲ့အတွက် ဒီကို လာတာပါ။ မနေ့ကတော့ defense line မှာ မရှိခဲ့ပါဘူး။ ဒီနေ့ကတော့ ကျနော်ကိုယ်တိုင် defense line တက်ပါတယ်။ ကျနော့်သူငယ်ချင်း လေးယောက်ပါပါတယ်။"

ရန်ကုန်မြို့မှာ မနေ့က ပစ်ခတ်မှုအတွင်း သေဆုံးသူ လေး ယောက်လို့ အတည်ပြုနိုင်ပါတယ်။ သေဆုံးသူ နှစ် ယောက်လို့ အတည်ပြုနိုင်တဲ့ မန္တလေးမြို့မှာလည်း ဒီနေ့ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။

"စစ်အာဏာရှင် ပျက်သုဉ်းရေး... ဒို့အရေး၊ ဒို့အရေး။ အာဏာလုတဲ့ စစ်ကောင်စီ... အလိုမရှိ၊ အလိုမရှိ။ သပိတ်၊ သပိတ်... မှောက်၊ မှောက်။"

ဒါကတော့ မန္တလေးမြို့က ဆန္ဒပြတဲ့ အသံတွေပါ။

မနေ့က သေဆုံးသူ ငါး ယောက်ထက်မနည်းရှိတဲ့ ထားဝယ်မြို့မှာလည်း ဒီနေ့ ဆန္ဒပြသူတွေက သေဆုံးသွားသူတွေအတွက် အောက်မေ့ဆုတောင်းပွဲလုပ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာလည်း သေဆုံးသွားသူတွေအတွက် အထိမ်းအမှတ် ဆုတောင်းပွဲတွေကို လုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှ ငြိမ်းချမ်းစွာ ဒီမိုကရေစီတောင်းဆိုရင်း သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို အထူးစိတ်မကောင်းကြောင်း အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan ကလည်း ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ခုလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို သေစေတဲ့အထိ အင်အားသုံးနှိမ်နင်းတဲ့အတွက် အမေရိကန်ပြည်ထောင်စုက နောက်ထပ် အရေးယူမှုတွေ လာမဲ့ရက်ပိုင်းတွေကျရင် ထပ်လုပ်သွားမယ်လို့ သူကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးအတွက် သတ္တိရှိရှိ တောင်းဆိုနေကြသူတွေနဲ့ တသားတည်း ဆက်လက်ရပ်တည်နေတယ်လု့ိလည်း ပြောပါတယ်။ မြန်မာပြည်သူတွေအပေါ် အားဖြည့်ထောက်ခံဖို့နဲ့ အကြမ်းဖက်သူတွေ သူတို့လုပ်ရပ်အတွက် တာဝန်ယူမှု ရှိအောင် Indo-Pacific ဒေသတွင်းမှာ ရှိတဲ့ အမေရိကန် မဟာမိတ်တွေနဲ့ ဆက်လက် အနီးကပ်ပူးပေါင်း ဆွေးနွေးဆောင်ရွက်နေတယ်လို့လည်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ရဲ့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဒီနေ့ စတင်တာဝန်ယူမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌတာဝန်ယူထားစဉ်မှာ ဦးစားပေးဆောင်ရွက်မယ့်ကိစ္စတွေကို ဒီနေ့ ကြေညာတဲ့အခါ မြန်မာအရေးကိစ္စကို ကိုင်တွယ်ဆောင်ရွက်ရေးအစီအစဉ်တွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံတကာ လုံခြုံရေးတပ်တွေ ဝင်ရောက်နိုင်တဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ပါ Chapter 7 ကို အသုံးပြုရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးပေါ် ဆွေးနွေးစဉ်းစားဖို့အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Tom Andrews ကလည်း ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ Chapter 7 ထဲမှာ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးထိန်းတပ်တွေ ဝင်ရောက်ရေးဆိုတဲ့ အချက်ပါဝင်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို စစ်အာဏာသိမ်းထားသူတွေက ရက်ရက်စက်စက် နှိမ်နင်းမှုတွေ တိုးလုပ်နေတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်ရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် Tom Andrews ကပြောပါတယ်။ အင်အားသုံးနှိမ်နင်းသူတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေ လုပ်ရမယ်လို့လည်း သူက ပြောထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မြန်မာ့အရေးကို မနက်ဖြန်ကျရင်တော့ အွန်လိုင်းပေါ်ကနေ တွေ့ဆုံဆွေးနွေးမယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပြောပါတယ်။ အထူးအစည်းအဝေးလုပ်ပြီးတော့ စစ်အာဏာပိုင်တွေဘက်က ဘာပြောမလဲဆိုတာ နားထောင်မယ်လို့ သူကပြောကြားထားပါတယ်။

နေပြည်တော်မှာတော့ ဆက်လက်ဖမ်းဆီး တရားစွဲခံထားရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီနေ့ Video conferencing နဲ့ ရုံးထုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၇ တို့နဲ့ ထပ်ပြီး တရားစွဲပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ ပုဒ်မစုစုပေါင်းက လေး ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ ရှေ့နေနဲ့ ခုထိတေ့ွခွင့် မရသေးဘူးလို့ သူ့ရဲ့ ဥပဒေ အကျိုးဆောင် ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှေ့နေတွေနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။ အဲဒီတော့ တရားသူကြီးက ရဲကို စီစဉ်ပေးလိုက်ပါလို့ ညွှန်ကြားလိုက်ပါတယ်။ ဆိုတော့ အဲဒီအမှုကိုတော့ ရှေ့နေမပါသေးတဲ့အတွက်ကြောင့် CMP (Case Management Program) ကို မလုပ်ရသေးပါဘူး။ ၁၅ ရက်နေ့ကို ပြန်ချိန်းလိုက်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အမှုတတွဲထဲဖြစ်တဲ့ သမ္မတဦးဝင်းမြင့်ကိုလည်း ပုဒ်မ ၅၀၅ (ခ) နဲ့အမှုထပ်တိုး တရားစွဲသလို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကိုလည်း ပုဒ်မ ၅၀၅ (ခ) နဲ့တရားစွဲတယ်လို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှု ၄ ခုကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန် သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇နဲ့ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) တို့ဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်ကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG