သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ္တပြည်ထောင်စုဝန်ကြီး ၄ ဦး CRPH ခန့်အပ်


CRPH။ (Credit Committee Representing Pyidaungsu Hluttaw - CRPH's Facebook)
CRPH။ (Credit Committee Representing Pyidaungsu Hluttaw - CRPH's Facebook)

[Zawgyi/Unicode]

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခေတ္တပြည်ထောင်စုဝန်ကြီး လေး ဦးကို ခန့်အပ် တာဝန်ပေးလိုက်တဲ့အကြောင်း ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဝန်ကြီးဌာန ၉ ခုအတွက် ခေတ္တပြည်ထောင်စုဝန်ကြီး လေး ဦးကို ခန့်အပ် တာဝန်ပေးလိုက်တာဖြစ်ပြီး နိုင်ငံရဲ့ "တရားဝင်အစိုးရဖြစ်တဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ပြည်သူ့အစိုးရကို စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းနဲ့ ဖယ်ရှားပြီး အာဏာသိမ်းယူထားတာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေဟာ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ အခြေအနေမရှိတဲ့အတွက် နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေကိုယ်စား ဆောင်ရွက်ဖို့" ဆိုပြီး CRPH ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ခေတ္တပြည်ထောင်စုဝန်ကြီးတွေအဖြစ် တာဝန်ပေး ခန့်အပ်လိုက်သူတွေကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ဒေါ်ဇင်မာအောင်၊ သမ္မတရုံးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတို့အတွက် ဦးလွင်ကိုလတ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အတွက် ဦးတင်ထွန်းနိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့အတွက် ဒေါက်တာဇော်ဝေစိုးတို့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG