သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ဆႏၵျပမႈမ်ား အၾကမ္းဖက္ၿဖိဳခဲြခံရ၊ လမ္းေပၚထြက္သူတခ်ိဳ႕ ဖမ္းဆီးခံရ


ရန္ကုန္ဆႏၵျပမႈ ျမင္ကြင္း။ (မတ္ ၂၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္ၿမိဳ႕မွာ စစ္အာဏာရွင္ဆန္႔က်င္သူေတြကို စစ္တပ္နဲ႔ ရဲက ရက္ဆက္ဆိုသလို ပစ္ခတ္ ဖမ္းဆီးၿပီး အၾကမ္းပတမ္းႏွိမ္နင္းေနေပမဲ့ ဆႏၵျပမႈ ပိုမို အရွိန္ျမင့္ေနပါတယ္။ ရန္ကုန္ရဲ႕ အေျခအေနကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က တင္ျပေပးမွာပါ။

ရန္ကုန္ၿမိဳ႕ လွည္းတန္း၊ ေျမနီကုန္း၊ တာေမြ၊ ယုဇနပလာဇာ အင္းစိန္လမ္းမေပၚစတဲ့ သပိတ္စစ္ေၾကာင္း ေနရာေတြကို စစ္တပ္နဲ႔ ရဲက မ်က္ရည္ယိုဗံုး၊ အသံဗံုး၊ ရာဘာက်ည္ေတြနဲ႔ ပစ္ခတ္ၿဖိဳခြဲေနတာပါ။

ရန္ကုန္ဆႏၵျပပဲြ ျမင္ကြင္း။ (မတ္ ၂၊ ၂၀၂၁)
ရန္ကုန္ဆႏၵျပပဲြ ျမင္ကြင္း။ (မတ္ ၂၊ ၂၀၂၁)

ဆႏၵျပစုရပ္ေနရာ အေတာ္မ်ားမ်ားမွာ စစ္တပ္နဲ႔ ရဲအင္အား ပိုမုိတင္းၾကပ္ထားခ်ၿပီး ၿဖိဳခြဲတဲ့ေနရာမွာလည္း မ်က္ရည္ယိုဗံုး၊ အသံဗံုး ရာဘာက်ည္ေတြ ပိုမိုသံုးလာတာ ေတြ႕ရတယ္လို႔ ဆႏၵျပသူေတြက ေျပာၾကပါတယ္။

အင္းစိန္လမ္းမက သပိတ္စစ္ေၾကာင္းကိုလည္း မနက္အေစာပိုင္းကတည္းက အသံဗံုး၊ မ်က္ရည္ယိုဗံုး အမ်ားအျပား သံုးၿပီး အၾကမ္းဖက္ၿဖိဳခြဲေနတာပါ။ အဲ့ဒီသပိတ္စစ္ေၾကာင္းမွာ ေရာက္ေနတဲ့ သတင္းေထာက္တစ္ဦးက ကိုယ္တိုင္းႀကံဳေတြ႕ခဲ့တဲ့ အေျခအေနကို အခုလိုေျပာပါတယ္။

“မနက္ ၉ နာရီေလာက္က စတယ္၊ စၿပီးေတာ့ သူတို႔ေတြက ၂ နာရီေလာက္ေနမွေပါ့... စၿပီး ၂ နာရီေလာက္ေနမွ သပိတ္စၿဖိဳခြဲတယ္ေပါ့ေနာ္။ ၿဖိဳခြဲတဲ့ ပံုစံက အရင္ရက္ေတြကနဲ႔ မတူဘဲ ဒီေန႔ အင္အားပိုသံုးတယ္ေပါ့ေနာ္။ မ်က္ရည္ယိုဗံုးေတြလည္း ပိုမ်ားသံုးတယ္။ ၿပီးေတာ့ တစ္ခါတည္း သူတို႔မရပ္ဘူးေပါ့ေနာ္... ေတာက္ေလွ်ာက္ကို ရဲအင္အား စစ္တပ္အင္အားနဲ႔ ဝင္ၿပီးေတာ့ သပိတ္ေတြကို ၿဖိဳခြဲတယ္ေပါ့ေနာ္။ ဒီေန႔အကုန္လံုးက ျပန္ၿပီးေတာ့ေတာင္ ဆႏၵျပန္ျပခ်ိန္ မရလိုက္ဘူး။ တစ္ခါတည္း ေျပးလိုက္ရတယ္ေပါ့ေနာ္။ ေျပးၿပီးသြားလို႔ သက္ဆိုင္ရာ နီးရာနီးရာအိမ္ေတြထဲမွာ ပုန္းေနၾကတယ္။ ၿပီးေတာ့ အဲ့ဒီစစ္သားကလူေတြ၊ ရဲက လူေတြနဲ႔ လမ္းေတြေပၚမွာ ျပန္ၿပီးေတာ့ ေစာင့္ေနၾကတယ္ေပ့ါေနာ္။ အခုမွာပဲျပန္ထြက္လာၾကတယ္။ က်ေနာ္လည္း အခုမွထြက္လာရတယ္။”

အလာတူပဲ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗားကရာလမ္း၊ ကြ်န္းေတာလမ္း၊ ေျမနီကုန္းတစ္ဝိုက္မွာ စစ္တပ္နဲ႔ ရဲအင္အား အေျမာက္အမ်ားခ်ထားၿပီး ပစ္ခတ္ၿဖိဳခြင္းလို႔ ရာဘာက်ည္ ထိမွန္သူေတြရွိသလို အဖမ္းခံရသူ ၃ ဦးထက္မနည္း ရွိေနတယ္လို႔ အဲ့ဒီမွာ သတင္းယူေနတဲ့ သတင္းေထာက္တဦးက ေျပာပါတယ္။

“ဒီေန႔ကေတာ့ အခါတိုင္းရက္ေတြလိုပဲ ကြ်န္းေတာလမ္း၊ ပဒုမၼာလမ္း၊ ဗားကရာလမ္း၊ ဒီလမ္းေတြေပၚမွာ ဆႏၵျပၾကတယ္။ မေန႔ကလိုပဲ၊ ဟိုတစ္ေန႔ကလိုပဲ အကာေတြနဲ႔ အကာေတြ တဆင့္၊ ႏွစ္ဆင့္ခံၿပီးေတာ့ ဆႏၵျပၾကတယ္။ ၁၁ နာရီေက်ာ္၊ ၁၁ နာရီဝန္းက်င္က်ေတာ့ ရဲေတြက ဝင္လာၿပီးေတာ့ အသံဗံုးေတြ ေဖာက္တယ္။ မ်က္ရည္ယိုဗံုးေတြ ေဖာက္တယ္။ ေဖာက္ၿပီးေတာ့ လူစုခြဲတာေပါ့။ လူစုခြဲၿပီးေတာ့ ဆႏၵျပတဲ့ လူကို ဖမ္းတယ္။ ကၽြန္းေတာလမ္းက သံုးေယာက္ပါသြားတယ္။ ပဒုမၼာလမ္းမွာ အဲ့ဒီလို လူစုခြဲလိုက္တယ္။ ဒါေပမဲ့ ဘယ္ႏွေယာက္ပါလည္းဆိုတာ စာရင္းမသိေသးဘူး။ ညေန ၃ နာရီေက်ာ္ေက်ာ္ေလာက္က်ေတာ့ လူစုခြဲသြားၾကတယ္။”

ဆႏၵျပသူေတြဆီ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ေတြ အလြယ္တကူ မဝင္ေရာက္ႏိုင္ေအာင္ အကာအရံေတြ ပိတ္ထားတာကို ရဲက ေျမေကာ္စက္ေတြနဲ႔ ဖယ္ရွားခဲ့ပါတယ္။

မေန႔ကလည္း စမ္းေခ်ာင္းၿမိဳ႕နယ္ ဗဟိုလမ္းေပၚမွာ အာဏာသိမ္း စစ္တပ္ဆန္႔က်င္သူေတြကို အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲတာ၊ အိမ္ေပၚေထာင္ပစ္တာေတြ က်မကိုယ္တိုင္ ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီကေန႔မွာလည္း တာေမြဘက္က ဆႏၵျပ လူအုပ္ထဲ အရပ္ဝတ္တစ္ဦး ဝင္လာၿပီး မ်က္ရည္ယိုဗံုး ပစ္ေဖာက္လို႔ အနီးအနားလူေတြ ထိခိုက္တာေတြ ရွိတယ္လို႔ ဆႏၵျပသူတစ္ဦးက ေျပာပါတယ္။

“မနက္ကရွင္ မနက္ ၁၁ နာရီ ၁၀ မိနစ္က စၿပီး မ်က္ယိုရည္ဗံုးခြဲပါတယ္။ အရင္ေန႔ကထက္ဆိုးလား ဟုတ္၊ မ်က္ရည္ယိုဗံုးခြဲတာေတာ့ ဆိုးတယ္လို႔ေျပာတယ္။ ၿပီးေတာ့ ဒီေန႔ မ်က္ရည္ယိုဗံုးကိုေပါ့ေနာ္.. လူစုအုပ္ထဲကေနၿပီးေတာ့ အရပ္ဝတ္နဲ႔ စစ္သားကေနၿပီးေတာ့ ခြဲသြားၿပီး ဒီဘက္က နည္းနည္းေလး ပိုထိသြားတယ္ရွင္။ ညီမတို႔က ဒီဟာကို ျမန္မာႏိုင္ငံရဲ႕ စစ္တပ္၊ ရဲတပ္ဖြဲ႕လို႔ မသတ္မွတ္ေတာ့ပါဘူး၊ ဒါအၾကမ္းဖက္သေဘာ ၿမိဳ႕ေပၚတက္ၿပီးေတာ့ လူသတ္၊ ဓားျပတိုက္၊ ပစၥည္းလုေနတယ္လုိ႔ အဲ့ဒီလိုပဲ သတ္မွတ္ပါေတာ့တယ္။”

စစ္တပ္ကို ဆန္႔က်င္သူေတြသာမက လမ္းသြားလမ္းလာသူေတြလည္း ႐ုိက္ႏွက္ဖမ္းဆီးေနတာလည္း ရွိပါတယ္။ ဒီမနက္ လွည္းတန္းလမ္းဆံုမွာ အသက္ ၆၀ ႏွစ္အထက္ အမ်ဳိးသားတစ္ဦး အဖမ္းခံရတဲ့ အေျခအေနကို မိသားစုဝင္ ေဒၚခင္ေလးက အခုလို ေျပာပါတယ္။

“မနက္ကေတာ့ က်မတို႔ အေဖက ဆႏၵျပတဲ့ လူေတာ့ မဟုတ္ဘူးရွင့္။ သူက ၿဖိဳခြဲတာလည္း မဟုတ္ဘူး။ က်မတို႔အေဖက မနက္ဆိုလို႔ရွိရင္ လက္ဖက္ရည္ထြက္ေသာက္တယ္ရွင္။ လက္ဖက္ရည္ထြက္ေသာက္ေတာ့ အိမ္ကေနၿပီးေတာ့ အေဖက လွည္းတန္းလမ္းအေပၚလမ္း လမ္းဆံုမွာေနတာဆိုေတာ့ ကားကို ေရွ႕ကုိ ထြက္ၿပီးေတာ့ ေကြ႕တာနဲ႔ ကားရပ္ၿပီး အဖမ္းခံလိုက္ရတာ။ ဘာေၾကာင့္ အဖမ္းခံတာလဲ။ သပိတ္ေၾကာင္းကို ၿဖိဳခြဲတာလားဆိုတာ က်မတို႔ ရွင္းရွင္းလင္းလင္းမသိပါဘူးရွင္။ လွည္းတန္းလမ္းရဲ႕ တစ္ဘက္ျခမ္းမွာရွိတဲ့ အေဖေရာ ညာတစ္ဘက္ျခမ္းမွာရွိတဲ့ အန္တီေဒၚခင္ခင္ေထြးကိုေရာ ဖမ္းသြားတာပါရွင္။”

ဒီကေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕မွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က အၾကမ္းဖက္ၿဖိဳခြဲရာ ဒဏ္ရာရွိသူနဲ႔ အဖမ္းအဆီးေတြ ရွိခဲ့ေၾကာင္း ရပ္ကြက္ေနျပည္သူေတြက ေျပာေပမဲ့ ဗြီအိုေအဘက္က သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်ဆန္ဒပြမှုများ အကြမ်းဖက်ဖြိုခွဲခံရ၊ လမ်းပေါ်ထွက်သူတချို့ ဖမ်းဆီးခံရ

ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို စစ်တပ်နဲ့ ရဲက ရက်ဆက်ဆိုသလို ပစ်ခတ် ဖမ်းဆီးပြီး အကြမ်းပတမ်းနှိမ်နင်းနေပေမဲ့ ဆန္ဒပြမှု ပိုမို အရှိန်မြင့်နေပါတယ်။ ရန်ကုန်ရဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က တင်ပြပေးမှာပါ။

ရန်ကုန်မြို့ လှည်းတန်း၊ မြေနီကုန်း၊ တာမွေ၊ ယုဇနပလာဇာ အင်းစိန်လမ်းမပေါ်စတဲ့ သပိတ်စစ်ကြောင်း နေရာတွေကို စစ်တပ်နဲ့ ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွဲနေတာပါ။

ဆန္ဒပြစုရပ်နေရာ အတော်များများမှာ စစ်တပ်နဲ့ ရဲအင်အား ပိုမိုတင်းကြပ်ထားချပြီး ဖြိုခွဲတဲ့နေရာမှာလည်း မျက်ရည်ယိုဗုံး၊ အသံဗုံး ရာဘာကျည်တွေ ပိုမိုသုံးလာတာ တွေ့ရတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။

အင်းစိန်လမ်းမက သပိတ်စစ်ကြောင်းကိုလည်း မနက်အစောပိုင်းကတည်းက အသံဗုံး၊ မျက်ရည်ယိုဗုံး အများအပြား သုံးပြီး အကြမ်းဖက်ဖြိုခွဲနေတာပါ။ အဲ့ဒီသပိတ်စစ်ကြောင်းမှာ ရောက်နေတဲ့ သတင်းထောက်တစ်ဦးက ကိုယ်တိုင်းကြုံတွေ့ခဲ့တဲ့ အခြေအနေကို အခုလိုပြောပါတယ်။

“မနက် ၉ နာရီလောက်က စတယ်၊ စပြီးတော့ သူတို့တွေက ၂ နာရီလောက်နေမှပေါ့... စပြီး ၂ နာရီလောက်နေမှ သပိတ်စဖြိုခွဲတယ်ပေါ့နော်။ ဖြိုခွဲတဲ့ ပုံစံက အရင်ရက်တွေကနဲ့ မတူဘဲ ဒီနေ့ အင်အားပိုသုံးတယ်ပေါ့နော်။ မျက်ရည်ယိုဗုံးတွေလည်း ပိုများသုံးတယ်။ ပြီးတော့ တစ်ခါတည်း သူတို့မရပ်ဘူးပေါ့နော်... တောက်လျှောက်ကို ရဲအင်အား စစ်တပ်အင်အားနဲ့ ဝင်ပြီးတော့ သပိတ်တွေကို ဖြိုခွဲတယ်ပေါ့နော်။ ဒီနေ့အကုန်လုံးက ပြန်ပြီးတော့တောင် ဆန္ဒပြန်ပြချိန် မရလိုက်ဘူး။ တစ်ခါတည်း ပြေးလိုက်ရတယ်ပေါ့နော်။ ပြေးပြီးသွားလို့ သက်ဆိုင်ရာ နီးရာနီးရာအိမ်တွေထဲမှာ ပုန်းနေကြတယ်။ ပြီးတော့ အဲ့ဒီစစ်သားကလူတွေ၊ ရဲက လူတွေနဲ့ လမ်းတွေပေါ်မှာ ပြန်ပြီးတော့ စောင့်နေကြတယ်ပေ့ါနော်။ အခုမှာပဲပြန်ထွက်လာကြတယ်။ ကျနော်လည်း အခုမှထွက်လာရတယ်။”

အလာတူပဲ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကျွန်းတောလမ်း၊ မြေနီကုန်းတစ်ဝိုက်မှာ စစ်တပ်နဲ့ ရဲအင်အား အမြောက်အများချထားပြီး ပစ်ခတ်ဖြိုခွင်းလို့ ရာဘာကျည် ထိမှန်သူတွေရှိသလို အဖမ်းခံရသူ ၃ ဦးထက်မနည်း ရှိနေတယ်လို့ အဲ့ဒီမှာ သတင်းယူနေတဲ့ သတင်းထောက်တဦးက ပြောပါတယ်။

“ဒီနေ့ကတော့ အခါတိုင်းရက်တွေလိုပဲ ကျွန်းတောလမ်း၊ ပဒုမ္မာလမ်း၊ ဗားကရာလမ်း၊ ဒီလမ်းတွေပေါ်မှာ ဆန္ဒပြကြတယ်။ မနေ့ကလိုပဲ၊ ဟိုတစ်နေ့ကလိုပဲ အကာတွေနဲ့ အကာတွေ တဆင့်၊ နှစ်ဆင့်ခံပြီးတော့ ဆန္ဒပြကြတယ်။ ၁၁ နာရီကျော်၊ ၁၁ နာရီဝန်းကျင်ကျတော့ ရဲတွေက ဝင်လာပြီးတော့ အသံဗုံးတွေ ဖောက်တယ်။ မျက်ရည်ယိုဗုံးတွေ ဖောက်တယ်။ ဖောက်ပြီးတော့ လူစုခွဲတာပေါ့။ လူစုခွဲပြီးတော့ ဆန္ဒပြတဲ့ လူကို ဖမ်းတယ်။ ကျွန်းတောလမ်းက သုံးယောက်ပါသွားတယ်။ ပဒုမ္မာလမ်းမှာ အဲ့ဒီလို လူစုခွဲလိုက်တယ်။ ဒါပေမဲ့ ဘယ်နှယောက်ပါလည်းဆိုတာ စာရင်းမသိသေးဘူး။ ညနေ ၃ နာရီကျော်ကျော်လောက်ကျတော့ လူစုခွဲသွားကြတယ်။”

ဆန္ဒပြသူတွေဆီ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် အကာအရံတွေ ပိတ်ထားတာကို ရဲက မြေကော်စက်တွေနဲ့ ဖယ်ရှားခဲ့ပါတယ်။

မနေ့ကလည်း စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်မှာ အာဏာသိမ်း စစ်တပ်ဆန့်ကျင်သူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာ၊ အိမ်ပေါ်ထောင်ပစ်တာတွေ ကျမကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။

ဒီကနေ့မှာလည်း တာမွေဘက်က ဆန္ဒပြ လူအုပ်ထဲ အရပ်ဝတ်တစ်ဦး ဝင်လာပြီး မျက်ရည်ယိုဗုံး ပစ်ဖောက်လို့ အနီးအနားလူတွေ ထိခိုက်တာတွေ ရှိတယ်လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

“မနက်ကရှင် မနက် ၁၁ နာရီ ၁၀ မိနစ်က စပြီး မျက်ယိုရည်ဗုံးခွဲပါတယ်။ အရင်နေ့ကထက်ဆိုးလား ဟုတ်၊ မျက်ရည်ယိုဗုံးခွဲတာတော့ ဆိုးတယ်လို့ပြောတယ်။ ပြီးတော့ ဒီနေ့ မျက်ရည်ယိုဗုံးကိုပေါ့နော်.. လူစုအုပ်ထဲကနေပြီးတော့ အရပ်ဝတ်နဲ့ စစ်သားကနေပြီးတော့ ခွဲသွားပြီး ဒီဘက်က နည်းနည်းလေး ပိုထိသွားတယ်ရှင်။ ညီမတို့က ဒီဟာကို မြန်မာနိုင်ငံရဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့လို့ မသတ်မှတ်တော့ပါဘူး၊ ဒါအကြမ်းဖက်သဘော မြို့ပေါ်တက်ပြီးတော့ လူသတ်၊ ဓားပြတိုက်၊ ပစ္စည်းလုနေတယ်လို့ အဲ့ဒီလိုပဲ သတ်မှတ်ပါတော့တယ်။”

စစ်တပ်ကို ဆန့်ကျင်သူတွေသာမက လမ်းသွားလမ်းလာသူတွေလည်း ရိုက်နှက်ဖမ်းဆီးနေတာလည်း ရှိပါတယ်။ ဒီမနက် လှည်းတန်းလမ်းဆုံမှာ အသက် ၆၀ နှစ်အထက် အမျိုးသားတစ်ဦး အဖမ်းခံရတဲ့ အခြေအနေကို မိသားစုဝင် ဒေါ်ခင်လေးက အခုလို ပြောပါတယ်။

“မနက်ကတော့ ကျမတို့ အဖေက ဆန္ဒပြတဲ့ လူတော့ မဟုတ်ဘူးရှင့်။ သူက ဖြိုခွဲတာလည်း မဟုတ်ဘူး။ ကျမတို့အဖေက မနက်ဆိုလို့ရှိရင် လက်ဖက်ရည်ထွက်သောက်တယ်ရှင်။ လက်ဖက်ရည်ထွက်သောက်တော့ အိမ်ကနေပြီးတော့ အဖေက လှည်းတန်းလမ်းအပေါ်လမ်း လမ်းဆုံမှာနေတာဆိုတော့ ကားကို ရှေ့ကို ထွက်ပြီးတော့ ကွေ့တာနဲ့ ကားရပ်ပြီး အဖမ်းခံလိုက်ရတာ။ ဘာကြောင့် အဖမ်းခံတာလဲ။ သပိတ်ကြောင်းကို ဖြိုခွဲတာလားဆိုတာ ကျမတို့ ရှင်းရှင်းလင်းလင်းမသိပါဘူးရှင်။ လှည်းတန်းလမ်းရဲ့ တစ်ဘက်ခြမ်းမှာရှိတဲ့ အဖေရော ညာတစ်ဘက်ခြမ်းမှာရှိတဲ့ အန်တီဒေါ်ခင်ခင်ထွေးကိုရော ဖမ်းသွားတာပါရှင်။”

ဒီကနေ့မှာတော့ ရန်ကုန်မြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲရာ ဒဏ်ရာရှိသူနဲ့ အဖမ်းအဆီးတွေ ရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူတွေက ပြောပေမဲ့ ဗွီအိုအေဘက်က သီးခြားအတည်မပြုနိုင်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG