သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ႏွိမ္နင္းသူေတြရဲ႕ ပစ္မွတ္ထားခံရမႈ သတင္းသမားမ်ား စိုးရိမ္


ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔က Myanmar Now က သတင္းသမားတဦး ဖမ္းဆီးခံရတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi/Unicode)

အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြကို စစ္တပ္ဖြဲ႕စည္းထားတဲ့ အုပ္ခ်ဳပ္ေရး ေကာင္စီက အၾကမ္းဖက္ၿဖိဳခြဲမႈအတြင္း သတင္းေထာက္ေတြကို အဓိက ပစ္မွတ္ထား ႏွိမ္နင္းေၾကာင္း Burma Associated Press (BAP) ျမန္မာသတင္းမီဒီယာအဖြဲ႕ က တနလၤာေန႔က ေျပာၾကားခဲ့ပါတယ္။

ဖမ္းဆီးခံထားရတဲ့ သတင္းေထာက္၃၀ နီးပါးကို ခ်က္ခ်င္းျပန္လႊတ္ေပးေရး ႏိုင္ငံတကာ အသိုင္းအ၀ိုင္းအေနနဲ႔ ျမန္မာစစ္ေကာင္စီကို ဖိအားေပးဖို႔ လည္း BAP က တိုက္တြန္းလိုက္ပါတယ္။

ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အေၾကာင္းစံုတင္ျပမွာပါ။

ေဖေဖၚ၀ါရီလ (၁) ရက္ေန႔ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပပဲြေတြအတြင္း သတင္းယူသူေတြ၊ ဓါတ္ပံုနဲ႔ ဗီြဒီယို သတင္းေထာက္ေတြကို စစ္တပ္က ပစ္မွတ္ထား ႏွိမ္နင္းေနတဲ့ အေျခအေနကို BAP အဖဲြ႔ ေျပာခြင့္ရက ဗီြအိုေအကို အခုလိုေျပာပါတယ္။

”အျခားႏိုင္ငံမွာ ဆိုရင္ ဆႏၵျပတဲ့သူေတြရွိမယ္၊ ႏွိမ္နင္းတဲ့ ရဲေတြရွိမယ္။ ဒီၾကားထဲမွာ သတင္းေတြယူေနတဲ့ သတင္းေထာက္ေတြရွိမယ္။ သူတို႔အခန္းက႑က အေရးႀကီးတယ္။ ေနာက္ ဒီသတင္းေထာက္ေတြကို ဖမ္းဆီးတာေတြ မလုပ္ပါဘူး။ ဒါေပမယ့္ ျမန္မာႏိုင္ငံမွာၾကေတာ့ ဘယ္အရာမွ ပံုေသမွတ္ယူလို႔ မရဘူး။ က်ေနာ္တို႔က အခ်ိန္မေရြး အဖမ္းခံရႏိုင္တယ္။ ေနာက္ပိုင္းမွာလည္း က်ေနာ္တို႔ သတင္းေထာက္ေတြကို ပစ္မွတ္ထားၿပီး ဖမ္းတာေတြ ေတာ္ေတာ္လုပ္လာပါတယ္။

ဒီသတင္းေထာက္ေတြက ငါတို႔ သတင္းေတြကို ေရးေနတာ၊ ငါတို႔ ဓါတ္ပံုေတ ြရိုက္ၿပီး လူေတြသိေအာင္ လုပ္ေနတာပဲဆိုၿပီး၊ သူတို႔ သတင္းေတြက မေကာင္းတာေတြပဲမ်ားေနေတာ့ က်ေနာ္တို႔က ပစ္မွတ္ေတြျဖစ္လာတာေပါ့။ ေနာက္ပိုင္း က်ေနာ္တို႔သတင္းေထာက္ေတြအတြက္ ဘာေတြျဖစ္လာသလဲဆိုေတာ့ ပထမပိုင္းတုန္းက သတင္းေထာက္မွန္းသိေအာင္ Press စာသားပါတဲ့ ဦးထုပ္ေတြ၊ အျခားအသံုးအေဆာင္ေတြ သံုးတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ျပန္ျဖဳတ္လာရတဲ့ အေျခအေနျဖစ္လာတယ္။ ဘာလို႔လည္းဆိုေတာ့ ပစ္မွတ္ထားခံရၿပီးေတာ့ ေပၚလြင္ထင္ရွားေနရင္ ပစ္မွတ္ထားမွာပဲ ဆိုၿပီး စိုးရိမ္လာတာမ်ဳိးေတြ ရွိတဲ့အခါက်ေတာ့ ေနာက္ေန႕ေတြမွာ ဒီဟာကို ျဖဳတ္ရမလား၊ တတ္ရမလား၊ အခုေတာ့ ျဖဳတ္ရမယ့္ သေဘာပိုၿပီး ျဖစ္ေနတယ္။ ဒါက အရမ္းစိုးရိမ္ရတဲ့ အေျခအေနပါ။ အဖမ္းခံရမယ္ဆိုရင္ အလုပ္ဆက္လုပ္လို႔ရမွာ မဟုတ္ေတာ့ဘူးဆိုေတာ့ အဖမ္းမခံရဖို႔နံပတ္တစ္ ဦးစားေပးလုပ္ေနရပါတယ္။”

ေမး။ ။ သတင္းေထာက္ေတြအေနနဲ႔ ဒီလို ပစ္တဲ့ ခတ္တဲ့ၾကားထဲမွာ သတင္းယူရတဲ့ အေနအထားမွာ ဘယ္ေလာက္ထိ အႏၱရာယ္မ်ားလဲရွင့္။ ဒီၾကားထဲမွာ ကုိယ္က သတင္းကို တိတိက်က်ျဖစ္ေအာင္ယူရတဲ့အခါမွာ ကိုယ္တိုင္ေတြ႕ရတဲ့ အေတြ႕အႀကံဳကို ေျပာျပပါရွင့္။

ေျဖ။ ။ က်ေနာ္ကေတာ့ လက္ရွိအခ်ိန္ထိ ဓါတ္ပံုလည္းရိုက္တယ္။ သတင္းလည္း ယူတယ္။ ရဲနဲ႔ ဆႏၵျပသူေတြၾကားမွာ အႀကိမ္ႀကိမ္ ျဖတ္ေလ်ာက္ရပါတယ္။ အဲဒီျဖတ္ေလ်ာက္တဲ့အခါမွာ ေနာက္ေက်ာ မလံုဘူးေပါ့ေနာ္။ တကယ္ ပစ္လိုက္ရင္ ပစ္လိုက္တဲ့ က်ည္ဆံက က်ေနာ့္ ေက်ာကို ထိလားမလဲ၊ ေခါင္း အေနာက္ဖက္ကို ထိလားမလဲ ဆိုတဲ့ ေနာက္ေက်ာမလံုတဲ့ဟာက အၿမဲျဖစ္တယ္။ ျမန္ျမန္ ဓါတ္ပံုကို ရိုက္၊ ၿပီးရင္ေရွာင္၊ အကာအကြယ္ကို က်ေနာ္တို႔က အၿမဲရွာေနရတယ္။ ထိလိုက္တာနဲ႔လည္း ေသခ်ာတာက ဒဏ္ရာက ျပင္းထန္ဖို႔ မ်ားေနတယ္။ ေနာက္တခုက သူတို႔ကိုင္ေနတဲ့ ေသနတ္ေတြက G-3 ဆိုၿပီးေျပာေနၾကေတာ့ ဒီက်ည္ဆံမ်ဳိးကို ႏိုင္ငံတကာမွာ သံုးခြင့္ မေပးထားဘူး၊ ဒီေသနတ္ေတြက မီးရထား သံလမ္းေတာင္ ေဖာက္ႏိုင္တယ္ အေနအထားထိရွိေနတာဆိုေတာ့ က်ေနာ္တို႔ ေတာ္ေတာ္ေလး သတိထားရပါတယ္။

ေနာက္တခုက က်ေနာ္တို႔ သတင္းယူတဲ့အခါမွာ တခုေကာင္းတာက လူေနအိမ္ေတြကေနၿပီးေတာ့ တံခါးဖြင့္ေပးတာေပါ့ေနာ္ ဆိုေတာ့ က်ေနာ္တို႔က အျမဲေျပးေပါက္ကို ရွာထားရတယ္ ။ အခု ၿပီးခဲ့တဲ့ ရက္ေတြက သတင္းယူရင္းနဲ႔ အဖမ္းခံသြားရတဲ့ လူတခ်ိဳ႕ဆိုရင္ ေနာက္ပိုင္း ေျပးေပါက္ကို မရွာမိလို႔ ၊ သို႔မဟုတ္ ေျပးေပါက္ကို သတိမထားပဲနဲ႔ သတင္းယူတာကို ပိုၿပီးေတာ့ အာရံုစိုက္ ေနလို႔ အဖမ္းခံရတဲ့ သတင္းေထာက္ေတြလည္း ရွိတယ္ေပါ့ေနာ္ အဲဒီလိုမ်ိဳး ဒီ ခံတပ္လို႔ ထားပါေတာ့ ၊ ခံတပ္လို႔ ပဲ သံုးလိုက္မယ္ ။ က်ေနာ္တို႔ လမ္းတလမ္းကို ပိတ္ၿပီးေတာ့ ဆႏၵျပတဲ့အခါမွာ ခံတပ္ေတြတခု ၊ ၂ ခု၊ အမ်ားဆံုး ၃ ခုေပါ့ေနာ္ ။ ဒီၾကားထဲမွာ သတင္းယူေနရင္းနဲ႔ ရဲေတြ၀င္လာတဲ့အခါမွာ မ်က္ရည္ယိုဗံုးနဲ႔ ပစ္လိုက္တယ္ဆိုရင္ ဒီ ဒုတိယ ခံတပ္ကို မေက်ာ္ႏိုင္ပဲနဲ႔ ဖမ္းမိသြားတဲ့ သတင္းေထာက္ေတြလည္း ရွိတယ္ေပါ့ေလ အဲဒီေတာ့ ဒါေတြလည္း သတင္းသမားေတြက သိဖို႔လိုတာေပါ့ ။ တခ်ိဳ႕ေတာ္ေတာ္မ်ားမ်ားကလည္း အေတြ႔အၾကံဳမရွိပါဘူး ၊ ဒီလိုအေရးအခင္းမွာ သတင္းယူရတာေလ က်ေနာ္တို႔အတြက္လည္း ပထမဦးဆံုးပဲ ဆိုေတာ ့က်ေနာ္တို႔လည္း လုပ္ေနရတာေပါ့။”

ဒါ့အျပင္ သတင္းေထာက္ေတြကို ဖမ္းဆီးမိၿပီဆိုရင္ လံုၿခံဳေရးတပ္ေတြက အၿငိဳးတႀကီး ရိုက္ႏွက္တာေတြ ရွိေနတယ္လို႔လည္း သူကေျပာပါတယ္။ လက္ရွိ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဖမ္းဆီးထားတဲ့ သတင္းေထာက္ (၃၀) နီးပါးကို ခြ်င္းခ်က္မရွိ ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ႏိုင္ငံတကာအေနနဲ႔ ၀ိုင္း၀န္းကူညီဖို႔ BAP က တိုက္တြန္းေၾကာင္းလည္း အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ျမန္မာႏိုင္ငံက အရာရာမွာလည္း နိမ့္က်ေနတယ္၊ ဘယ္အရာကိုမွလည္း ပံုေသလို႔ မွတ္လို႔ မရဘူး။ သတင္းေထာက္ေတြအတြက္ အာမခံခ်က္ဆိုတာလည္း ဒီအခ်ိန္မွာ လံုး၀မရွိဘူး။ ဒီအေပၚမွာ အျခားႏိုင္ငံတကာက သတင္းသမားေတြအေနနဲ႔ အေရးစိုက္ၿပီး အျမင္သေဘာထုတ္ေျပာတာမ်ဳိးမဟုတ္ပဲ action တခုခုယူတာမ်ဳိး၊ ဒီမွာက အျခားႏိုင္ငံတကာ သတင္းဌာနေတြျဖစ္တဲ့ AP တို႔ EAP တို႔ ရွိေနတဲ့ အခါက်ေတာ့ ဒီအေပၚမွာ သူတို႔ အကူအညီေပးရင္ ေကာင္းမယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္ခင္ဗ်။”

တနလၤာေန႔ညကေတာ့ ၿမိတ္ၿမိဳ႕က ဒီဗီြဘီသတင္းေထာက္ ကိုေအာင္ေက်ာ္ရရဲ႕ ေနအိမ္ကို စစ္တပ္နဲ႔ ရဲတပ္ဖဲြ႕က ေသနတ္နဲ႔ ပစ္ခတ္ အၾကမ္းဖက္ ၀င္ေရာက္ ဖမ္းဆီးခဲ့ပါတယ္။ ဒီလို ဖမ္းဆီးေခၚေဆာင္တာကို ဒီဗီြဘီ ရုပ္သံရဲ႕ Facebook မွာ တိုက္ရိုက္ ထုတ္လႊင့္ျပသခဲ့ပါတယ္။ အခုခ်ိန္ထိ ကိုေအာင္ေက်ာ္ရ ရဲ႕ေနာက္ဆံုးအေျခအေနနဲ႔ ပတ္သက္လို႔ မသိရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


..............


အကြမ်းဖက်နှိမ်နင်းသူတွေရဲ့ ပစ်မှတ်ထားခံရမှု သတင်းသမားများစိုးရိမ်

(Unicode)

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေး ကောင်စီက အကြမ်းဖက်ဖြိုခွဲမှုအတွင်း သတင်းထောက်တွေကို အဓိက ပစ်မှတ်ထား နှိမ်နင်းကြောင်း Burma Associated Press (BAP) မြန်မာသတင်းမီဒီယာအဖွဲ့ က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်၃၀ နီးပါးကို ချက်ချင်းပြန်လွှတ်ပေးရေး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်ကောင်စီကို ဖိအားပေးဖို့ လည်း BAP က တိုက်တွန်းလိုက်ပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။

ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေအတွင်း သတင်းယူသူတွေ၊ ဓါတ်ပုံနဲ့ ဗွီဒီယို သတင်းထောက်တွေကို စစ်တပ်က ပစ်မှတ်ထား နှိမ်နင်းနေတဲ့ အခြေအနေကို BAP အဖွဲ့ ပြောခွင့်ရက ဗွီအိုအေကို အခုလိုပြောပါတယ်။

”အခြားနိုင်ငံမှာ ဆိုရင် ဆန္ဒပြတဲ့သူတွေရှိမယ်၊ နှိမ်နင်းတဲ့ ရဲတွေရှိမယ်။ ဒီကြားထဲမှာ သတင်းတွေယူနေတဲ့ သတင်းထောက်တွေရှိမယ်။ သူတို့အခန်းကဏ္ဍက အရေးကြီးတယ်။ နောက် ဒီသတင်းထောက်တွေကို ဖမ်းဆီးတာတွေ မလုပ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာကြတော့ ဘယ်အရာမှ ပုံသေမှတ်ယူလို့ မရဘူး။ ကျနော်တို့က အချိန်မရွေး အဖမ်းခံရနိုင်တယ်။ နောက်ပိုင်းမှာလည်း ကျနော်တို့ သတင်းထောက်တွေကို ပစ်မှတ်ထားပြီး ဖမ်းတာတွေ တော်တော်လုပ်လာပါတယ်။

ဒီသတင်းထောက်တွေက ငါတို့ သတင်းတွေကို ရေးနေတာ၊ ငါတို့ ဓါတ်ပုံတေ ွရိုက်ပြီး လူတွေသိအောင် လုပ်နေတာပဲဆိုပြီး၊ သူတို့ သတင်းတွေက မကောင်းတာတွေပဲများနေတော့ ကျနော်တို့က ပစ်မှတ်တွေဖြစ်လာတာပေါ့။ နောက်ပိုင်း ကျနော်တို့သတင်းထောက်တွေအတွက် ဘာတွေဖြစ်လာသလဲဆိုတော့ ပထမပိုင်းတုန်းက သတင်းထောက်မှန်းသိအောင် Press စာသားပါတဲ့ ဦးထုပ်တွေ၊ အခြားအသုံးအဆောင်တွေ သုံးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပြန်ဖြုတ်လာရတဲ့ အခြေအနေဖြစ်လာတယ်။ ဘာလို့လည်းဆိုတော့ ပစ်မှတ်ထားခံရပြီးတော့ ပေါ်လွင်ထင်ရှားနေရင် ပစ်မှတ်ထားမှာပဲ ဆိုပြီး စိုးရိမ်လာတာမျိုးတွေ ရှိတဲ့အခါကျတော့ နောက်နေ့တွေမှာ ဒီဟာကို ဖြုတ်ရမလား၊ တတ်ရမလား၊ အခုတော့ ဖြုတ်ရမယ့် သဘောပိုပြီး ဖြစ်နေတယ်။ ဒါက အရမ်းစိုးရိမ်ရတဲ့ အခြေအနေပါ။ အဖမ်းခံရမယ်ဆိုရင် အလုပ်ဆက်လုပ်လို့ရမှာ မဟုတ်တော့ဘူးဆိုတော့ အဖမ်းမခံရဖို့နံပတ်တစ် ဦးစားပေးလုပ်နေရပါတယ်။”

မေး။ ။ သတင်းထောက်တွေအနေနဲ့ ဒီလို ပစ်တဲ့ ခတ်တဲ့ကြားထဲမှာ သတင်းယူရတဲ့ အနေအထားမှာ ဘယ်လောက်ထိ အန္တရာယ်များလဲရှင့်။ ဒီကြားထဲမှာ ကိုယ်က သတင်းကို တိတိကျကျဖြစ်အောင်ယူရတဲ့အခါမှာ ကိုယ်တိုင်တွေ့ရတဲ့ အတွေ့အကြုံကို ပြောပြပါရှင့်။

ဖြေ။ ။ ကျနော်ကတော့ လက်ရှိအချိန်ထိ ဓါတ်ပုံလည်းရိုက်တယ်။ သတင်းလည်း ယူတယ်။ ရဲနဲ့ ဆန္ဒပြသူတွေကြားမှာ အကြိမ်ကြိမ် ဖြတ်လျောက်ရပါတယ်။ အဲဒီဖြတ်လျောက်တဲ့အခါမှာ နောက်ကျော မလုံဘူးပေါ့နော်။ တကယ် ပစ်လိုက်ရင် ပစ်လိုက်တဲ့ ကျည်ဆံက ကျနော့် ကျောကို ထိလားမလဲ၊ ခေါင်း အနောက်ဖက်ကို ထိလားမလဲ ဆိုတဲ့ နောက်ကျောမလုံတဲ့ဟာက အမြဲဖြစ်တယ်။ မြန်မြန် ဓါတ်ပုံကို ရိုက်၊ ပြီးရင်ရှောင်၊ အကာအကွယ်ကို ကျနော်တို့က အမြဲရှာနေရတယ်။ ထိလိုက်တာနဲ့လည်း သေချာတာက ဒဏ်ရာက ပြင်းထန်ဖို့ များနေတယ်။ နောက်တခုက သူတို့ကိုင်နေတဲ့ သေနတ်တွေက G-3 ဆိုပြီးပြောနေကြတော့ ဒီကျည်ဆံမျိုးကို နိုင်ငံတကာမှာ သုံးခွင့် မပေးထားဘူး၊ ဒီသေနတ်တွေက မီးရထား သံလမ်းတောင် ဖောက်နိုင်တယ် အနေအထားထိရှိနေတာဆိုတော့ ကျနော်တို့ တော်တော်လေး သတိထားရပါတယ်။

နောက်တခုက ကျနော်တို့ သတင်းယူတဲ့အခါမှာ တခုကောင်းတာက လူနေအိမ်တွေကနေပြီးတော့ တံခါးဖွင့်ပေးတာပေါ့နော် ဆိုတော့ ကျနော်တို့က အမြဲပြေးပေါက်ကို ရှာထားရတယ် ။ အခု ပြီးခဲ့တဲ့ ရက်တွေက သတင်းယူရင်းနဲ့ အဖမ်းခံသွားရတဲ့ လူတချို့ဆိုရင် နောက်ပိုင်း ပြေးပေါက်ကို မရှာမိလို့ ၊ သို့မဟုတ် ပြေးပေါက်ကို သတိမထားပဲနဲ့ သတင်းယူတာကို ပိုပြီးတော့ အာရုံစိုက် နေလို့ အဖမ်းခံရတဲ့ သတင်းထောက်တွေလည်း ရှိတယ်ပေါ့နော် အဲဒီလိုမျိုး ဒီ ခံတပ်လို့ ထားပါတော့ ၊ ခံတပ်လို့ ပဲ သုံးလိုက်မယ် ။ ကျနော်တို့ လမ်းတလမ်းကို ပိတ်ပြီးတော့ ဆန္ဒပြတဲ့အခါမှာ ခံတပ်တွေတခု ၊ ၂ ခု၊ အများဆုံး ၃ ခုပေါ့နော် ။ ဒီကြားထဲမှာ သတင်းယူနေရင်းနဲ့ ရဲတွေဝင်လာတဲ့အခါမှာ မျက်ရည်ယိုဗုံးနဲ့ ပစ်လိုက်တယ်ဆိုရင် ဒီ ဒုတိယ ခံတပ်ကို မကျော်နိုင်ပဲနဲ့ ဖမ်းမိသွားတဲ့ သတင်းထောက်တွေလည်း ရှိတယ်ပေါ့လေ အဲဒီတော့ ဒါတွေလည်း သတင်းသမားတွေက သိဖို့လိုတာပေါ့ ။ တချို့တော်တော်များများကလည်း အတွေ့အကြုံမရှိပါဘူး ၊ ဒီလိုအရေးအခင်းမှာ သတင်းယူရတာလေ ကျနော်တို့အတွက်လည်း ပထမဦးဆုံးပဲ ဆိုတော့ကျနော်တို့လည်း လုပ်နေရတာပေါ့။”

ဒါ့အပြင် သတင်းထောက်တွေကို ဖမ်းဆီးမိပြီဆိုရင် လုံခြုံရေးတပ်တွေက အငြိုးတကြီး ရိုက်နှက်တာတွေ ရှိနေတယ်လို့လည်း သူကပြောပါတယ်။ လက်ရှိ စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးထားတဲ့ သတင်းထောက် (၃၀) နီးပါးကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီဖို့ BAP က တိုက်တွန်းကြောင်းလည်း အခုလိုပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံက အရာရာမှာလည်း နိမ့်ကျနေတယ်၊ ဘယ်အရာကိုမှလည်း ပုံသေလို့ မှတ်လို့ မရဘူး။ သတင်းထောက်တွေအတွက် အာမခံချက်ဆိုတာလည်း ဒီအချိန်မှာ လုံးဝမရှိဘူး။ ဒီအပေါ်မှာ အခြားနိုင်ငံတကာက သတင်းသမားတွေအနေနဲ့ အရေးစိုက်ပြီး အမြင်သဘောထုတ်ပြောတာမျိုးမဟုတ်ပဲ action တခုခုယူတာမျိုး၊ ဒီမှာက အခြားနိုင်ငံတကာ သတင်းဌာနတွေဖြစ်တဲ့ AP တို့ EAP တို့ ရှိနေတဲ့ အခါကျတော့ ဒီအပေါ်မှာ သူတို့ အကူအညီပေးရင် ကောင်းမယ်လို့ ကျနော်ပြောချင်ပါတယ်ခင်ဗျ။”

တနင်္လာနေ့ညကတော့ မြိတ်မြို့က ဒီဗွီဘီသတင်းထောက် ကိုအောင်ကျော်ရရဲ့ နေအိမ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ် အကြမ်းဖက် ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ ဒီလို ဖမ်းဆီးခေါ်ဆောင်တာကို ဒီဗွီဘီ ရုပ်သံရဲ့ Facebook မှာ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။ အခုချိန်ထိ ကိုအောင်ကျော်ရ ရဲ့နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ မသိရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG