သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာက်န္းမာေရး လုပ္သားေတြ ဖမ္းဆီးခံရမႈ WHO စိုးရိမ္


ေဖေဖာ္၀ါရီလ ၁၁ ရက္ေန႔တုန္းက က်န္းမာေရး၀န္ထမ္းမ်ား ဆႏၵျပစဥ္ (Photo by Sai Aung Main / AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလ တရက္ေန႔ စစ္တပ္ကအာဏာသိမ္းၿပီးကတည္းက တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ဆန္႔က်င္ဆႏၵျပမႈေတြကို အာဏာပိုင္ေတြက အၾကမ္းဖက္ၿဖိဳခြဲၿပီး ဖမ္းဆီးထိန္းသိမ္းတဲ့ အထဲမွာ က်န္းမာေရးလုပ္သားေတြပါ ပါဝင္ေနတာအတြက္ စိုးရိမ္ေၾကာင္း WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus က တနလၤာေန႔ ဂ်ီနီဗာ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။

“ျမန္မာႏိုင္ငံမွာ က်န္းမာေရးလုပ္သားေတြပါ အဖမ္းဆီးခံေနရတယ္ ဆိုတဲ့ သတင္းေတြရရွိတာေၾကာင့္ စိုးရိမ္ေၾကာင္းနဲ႔ ဒီလိုဖမ္းဆီးဟာ COVID-19 ဆိုင္ရာ တုန္႔ျပန္ေဆာင္ရြက္မႈအတြက္ သက္ေရာက္မႈေတြ ရွိႏိုင္သလို တျခားမရွိမျဖစ္လိုအပ္တဲ့ က်န္းမာေရးဆိုင္ရာ ဝန္ေဆာင္မႈေတြကိုပါ ထိခိုက္ေစႏိုင္ေၾကာင္း” ေျပာသြားတာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္တေန႔မွာပဲ စစ္တပ္ရဲ႕ အာဏာသိမ္းမႈကို အၾကမ္းမဖက္ အာခံတဲ့ CDM လႈပ္ရွားမႈကို က်န္းမာေရးဝန္ထမ္းေတြကေန စတင္ခဲ့တာ ျဖစ္ၿပီး ဆရာဝန္နဲ႔ ေဆးဘက္ဝန္ထမ္းအမ်ားအျပားဟာ ဆႏၵျပပြဲမွာ ထိခိုက္ဒဏ္ရာရသူေတြကို သြားေရာက္ကူညီေနၾကတာ ျဖစ္ပါတယ္။ ဆႏၵျပပြဲေတြအတြင္း အဖမ္းခံရတဲ့ ေဆးဝန္ထမ္း အမ်ားအျပား ရွိေနေၾကာင္း သတင္းေတြမွာ ေဖၚျပေနပါတယ္။

စစ္တပ္အာဏာသိမ္းတာ တလျပည့္လာခ်ိန္မွာေတာ့ CDM လႈပ္ရွားမႈေတြနဲ႔ လူထုဆႏၵျပမႈေတြေၾကာင့္ ျမန္မာႏိုင္ငံတြင္း က်န္းမာေရး ဝန္ေဆာင္မႈ အပါအဝင္ စီးပြါးေရး၊ ပညာေရးနဲ႔ လူမႈက႑အားလံုးအတြက္ လည္ပတ္မႈ ရပ္ဆိုင္းေနၿပီျဖစ္ပါတယ္။

စစ္တပ္အာဏာမသိမ္းခင္က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ေလ်ာ့ပါးေစဖို႔ လူစုေဝးမႈေတြ မလုပ္ဖို႔ တားျမစ္မႈေတြ ခ်ထားခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ဒီကပ္ေရာဂါကိုဂ႐ုမစိုက္ၾကေတာ့ပဲ လမ္းမေတြေပၚထြက္ စုေဝးဆႏၵျပမႈေတြ ေန႔စဥ္ျပဳလုပ္ေနၾကတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေရာဂါကူးစက္မႈဆိုင္ရာ သတင္းထုတ္ျပန္မႈလည္း အရင္လိုမေတြ႕ရေတာ့ ပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဆိုင္ရာ ေစာင့္ၾကည့္မွတ္တမ္းတင္တဲ့ Johns Hopkins တကၠသိုလ္စစ္တမ္းမွာေတာ့ ျမန္မာႏိုင္ငံမွာ အခုခ်ိန္အထိ COVID 19 ကူးစက္သူ တသိန္း ေလးေသာင္းေက်ာ္ ရွိၿပီး ေသဆံုးရသူက ၃၁၉၉ ေယာက္ရွိေၾကာင္း ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံၿပီးသူေပါင္း တသိန္းေက်ာ္ ရွိေပမယ့္ ေဆးပတ္လည္ေအာင္ ထိုးႏွံၿပီးသူ ဘယ္ႏွစ္ေယာက္ရွိတယ္ ဆိုတာေတာ့ မသိရေသးဘူးလို႔ ေဖၚျပပါတယ္။ ျမန္မာႏိုင္ငံမွာ အိႏၵိယကလာတဲ့ AstraZeneca ေဆးထိုးႏွံေပးခဲ့တာ ျဖစ္ၿပီး စစ္တပ္အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္း ေဆးထိုးႏွံမႈအေျခေနကို ျပည့္ျပည့္စံုစံု မသိရပဲ ျဖစ္ေနတာပါ။

.......

မြန်မာကျန်းမာရေးလုပ်သားတွေ ဖမ်းဆီးခံရမှု WHO စိုးရိမ်

(Unicode)

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ တရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးကတည်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးထိန်းသိမ်းတဲ့ အထဲမှာ ကျန်းမာရေးလုပ်သားတွေပါ ပါဝင်နေတာအတွက် စိုးရိမ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့ ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ကျန်းမာရေးလုပ်သားတွေပါ အဖမ်းဆီးခံနေရတယ် ဆိုတဲ့ သတင်းတွေရရှိတာကြောင့် စိုးရိမ်ကြောင်းနဲ့ ဒီလိုဖမ်းဆီးဟာ COVID-19 ဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုအတွက် သက်ရောက်မှုတွေ ရှိနိုင်သလို တခြားမရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကိုပါ ထိခိုက်စေနိုင်ကြောင်း” ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်တနေ့မှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အကြမ်းမဖက် အာခံတဲ့ CDM လှုပ်ရှားမှုကို ကျန်းမာရေးဝန်ထမ်းတွေကနေ စတင်ခဲ့တာ ဖြစ်ပြီး ဆရာဝန်နဲ့ ဆေးဘက်ဝန်ထမ်းအများအပြားဟာ ဆန္ဒပြပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို သွားရောက်ကူညီနေကြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေအတွင်း အဖမ်းခံရတဲ့ ဆေးဝန်ထမ်း အများအပြား ရှိနေကြောင်း သတင်းတွေမှာ ဖေါ်ပြနေပါတယ်။

စစ်တပ်အာဏာသိမ်းတာ တလပြည့်လာချိန်မှာတော့ CDM လှုပ်ရှားမှုတွေနဲ့ လူထုဆန္ဒပြမှုတွေကြောင့် မြန်မာနိုင်ငံတွင်း ကျန်းမာရေး ဝန်ဆောင်မှု အပါအဝင် စီးပွါးရေး၊ ပညာရေးနဲ့ လူမှုကဏ္ဍအားလုံးအတွက် လည်ပတ်မှု ရပ်ဆိုင်းနေပြီဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျော့ပါးစေဖို့ လူစုဝေးမှုတွေ မလုပ်ဖို့ တားမြစ်မှုတွေ ချထားခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီကပ်ရောဂါကိုဂရုမစိုက်ကြတော့ပဲ လမ်းမတွေပေါ်ထွက် စုဝေးဆန္ဒပြမှုတွေ နေ့စဉ်ပြုလုပ်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီရောဂါကူးစက်မှုဆိုင်ရာ သတင်းထုတ်ပြန်မှုလည်း အရင်လိုမတွေ့ရတော့ ပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ စောင့်ကြည့်မှတ်တမ်းတင်တဲ့ Johns Hopkins တက္ကသိုလ်စစ်တမ်းမှာတော့ မြန်မာနိုင်ငံမှာ အခုချိန်အထိ COVID 19 ကူးစက်သူ တသိန်း လေးသောင်းကျော် ရှိပြီး သေဆုံးရသူက ၃၁၉၉ ယောက်ရှိကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း တသိန်းကျော် ရှိပေမယ့် ဆေးပတ်လည်အောင် ထိုးနှံပြီးသူ ဘယ်နှစ်ယောက်ရှိတယ် ဆိုတာတော့ မသိရသေးဘူးလို့ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံမှာ အိန္ဒိယကလာတဲ့ AstraZeneca ဆေးထိုးနှံပေးခဲ့တာ ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ဆေးထိုးနှံမှုအခြေနေကို ပြည့်ပြည့်စုံစုံ မသိရပဲ ဖြစ်နေတာပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG