သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာႏိုင္ငံ ကိုဗစ္ကာကြယ္ေဆးထိုးလုပ္ငန္း ထိခိုက္ႏိုင္ေျခ ကုလစိုးရိမ္


ရန္ကုန္ၿမိဳ႕ ဧရာဝတီကိုဗစ္စင္တာတခုမွာ ကိုဗစ္ကာကြယ္ေဆးထိုးႏွံေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ဇန္နဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြ ေပၚေပါက္ေနတာေၾကာင့္ ကိုဗစ္ေရာဂါ ကာကြယ္ေဆးထိုး လုပ္ငန္းေတြကို ထိခိုက္မွာ စိုးရိမ္ေၾကာင္း ကုလသမဂၢက ေျပာလိုက္ပါတယ္။

"ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါကာကြယ္ေဆးထိုးမယ့္ အမ်ဳိးသားအဆင့္ စီမံကိန္းတခုကို အခိုင္အမာ ျပင္ဆင္ေရးဆဲြထားေပမဲ့ မၾကာေသးခင္က ၾကံဳခဲ့ရတဲ့ အေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ ရွိေနတဲ့ ကုလသမဂၢ တာ၀န္ရွိသူေတြ အလြန္အမင္း စိုးရိမ္ေနၾကတဲ့အေၾကာင္း" ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပဲြမွာ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာခြင့္ရသူ Stephane Dujarric က ေျပာဆိုလိုက္တာပါ။

ဇန္နဝါရီလ ၃၁ ရက္ေန႔အထိ က်န္းမာေရး၀န္ထမ္း စုစုေပါင္း ၁၀၅,၀၀၀ ကို ကာကြယ္ေဆးေတြ ထိုးေပးၿပီး ျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံက ကုလသမဂၢ တာ၀န္ရွိသူေတြကို ကိုးကားၿပီး ေျပာခြင့္ရပုဂၢိဳလ္က ေျပာဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အရပ္သားအစိုးရကို ဖယ္ရွားၿပီး အာဏာသိမ္းလိုက္တာေၾကာင့္ ဆႏၵျပလႈပ္ရွားမႈေတြလည္း ေပၚေပါက္ေနတာပါ။

စစ္တပ္က အာဏာသိမ္းတာကို ကန္႔ကြက္တဲ့အေနနဲ႔ လမ္းေပၚထြက္ ဆႏၵျပတာေတြ အႏုနည္းနဲ႔ အာဏာဖီဆန္တဲ့ လႈပ္ရွားမႈေတြမွာ က်န္းမာေရး ၀န္ထမ္းေတြလည္း ပါ၀င္လာၾကတာေၾကာင့္ က်န္းမာေရးက႑ အပါအ၀င္ လုပ္ငန္းေတ ြေတာ္ေတာ္မ်ားမ်ားလည္း ရပ္ဆိုင္းေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ထိခိုက်နိုင်ခြေ ကုလစိုးရိမ်
(Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတာကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို ထိခိုက်မှာ စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

"မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးမယ့် အမျိုးသားအဆင့် စီမံကိန်းတခုကို အခိုင်အမာ ပြင်ဆင်ရေးဆွဲထားပေမဲ့ မကြာသေးခင်က ကြုံခဲ့ရတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အလွန်အမင်း စိုးရိမ်နေကြတဲ့အကြောင်း" ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stephane Dujarric က ပြောဆိုလိုက်တာပါ။

ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၁၀၅,၀၀၀ ကို ကာကွယ်ဆေးတွေ ထိုးပေးပြီး ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံက ကုလသမဂ္ဂ တာဝန်ရှိသူတွေကို ကိုးကားပြီး ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တာကြောင့် ဆန္ဒပြလှုပ်ရှားမှုတွေလည်း ပေါ်ပေါက်နေတာပါ။

စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ အနုနည်းနဲ့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါဝင်လာကြတာကြောင့် ကျန်းမာရေးကဏ္ဍ အပါအဝင် လုပ်ငန်းတေ ွတော်တော်များများလည်း ရပ်ဆိုင်းနေပါတယ်။

XS
SM
MD
LG