သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD အစိုးရကို တရား၀င္ အသိအမွတ္ျပဳဆဲ (ကန္ႏိုင္ငံျခားေရးေျပာခြင္႔ရ)


အေမရိကန္ ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Ned Price

(Zawgyi/Unicode)

ျမန္မာ စစ္တပ္ အေနနဲ႔ ဒီမိုကေရစီနည္းက် ေရြးေကာက္ခံ အစိုးရကို အာဏာျပန္မအပ္ဘဲ ဒီအတိုင္း ဆက္လုပ္ေနမယ္၊ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို အၾကမ္းဖက္ေနမယ္ဆိုရင္ေတာ့ အေမရိကန္ အစိုးရဘက္က ထပ္မံ အေရးယူ ေဆာင္ရြက္သြားမယ္လို႔ အေမရိကန္ ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Ned Price က တနလာၤေန႔ သတင္းစာ ရွင္းလင္းပြဲမွာ သတင္းေထာက္ေတြရဲ႕ ေမးခြန္းကို ေျဖၾကားခဲ႔ပါတယ္။

“အခုအခ်ိန္ထိေတာ့ NLD ကို ျမန္မာ အစိုးရ အျဖစ္ ႏုိင္ငံတကာ အသိအမွတ္ျပဳထားဆဲ ျဖစ္ပါတယ္”

တနလာၤေန႔က လုပ္တဲ႔ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန သတင္းစာရွင္းလင္းပြဲမွာေတာ့ ေျပာခြင့္ရ Ned Price က ထပ္ေလာင္း ေျပာဆိုခဲ႔ပါတယ္။

တခ်ိန္တည္းမွာပဲ ျမန္မာ့ စစ္အာဏာသိမ္းမႈနဲ႔ အၾကမ္းဖက္မႈေတြမွာ တာ၀န္ရွိသူေတြကို ေနာက္ထပ္ ဒဏ္ခတ္ အေရးယူဖို႔ ရွိေၾကာင္း အေမရိကန္ သမၼတ အိမ္ျဖဴေတာ္က တနလၤေန႔မွာ ေျပာပါတယ္။ လူေတြ ေသဆံုးရမႈဟာဆိုရင္လည္း စစ္အာဏာသိမ္းၿပီးေနာက္ ဒီမိုကေရစီ လိုလားတဲ႔ ဆႏၵျပသူေတြ အေပၚ ပိုၿပီး ၿဖိဳခြဲမႈရဲ႕ ရလဒ္ ျဖစ္တယ္လို႔လည္း အိမ္ျဖဴေတာ္ ေျပာခြင့္ရ Jen Psaki က တနလာၤေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

“စစ္အာဏာသိမ္းမႈ၊ ေနာက္ အခု ေနာက္ဆံုး ျဖစ္ခဲ႔တဲ႔ အၾကမ္းဖက္မႈေတြ အတြက္ တာ၀န္ရွိသူေတြကို ေနာက္ထပ္ အေရးယူႏိုင္ေရး ျပင္ဆင္ေဆာင္ရြက္ေနပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး လာမယ့္ ရက္ပိုင္းေတြ အတြင္း ပိုၿပီး ထုတ္ျပန္ေပးႏုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း” အိမ္ျဖဴေတာ္ ေျပာခြင့္ရက ေျပာခဲ႔တာပါ။

အရပ္သား ေခါင္းေဆာင္ေတြကို ဖမ္းၿပီး အာဏာယူမႈကို စစ္အာဏာသိမ္းမႈ အျဖစ္ အေမရိကန္က သတ္မွတ္ထားၿပီး စစ္တပ္ဘက္က အာဏာစြန္႔ဖို႔ ေျပာဆိုထားတာပါ။ စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္ၿပီး တာ၀န္ရွိတဲ႔ လူပုဂၢိဳလ္ေတြ၊ ေနာက္ စီးပြားေရး လုပ္ငန္းေတြကိုပါ ပစ္မွတ္ထား ဒဏ္ခတ္ ပိတ္ဆို႔ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

NLD အစိုးရကို တရားဝင်အသိအမှတ်ပြုဆဲ (ကန်နိုင်ငံခြားရေးပြောခွင့်ရ)

(Unicode)

မြန်မာ စစ်တပ် အနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို အာဏာပြန်မအပ်ဘဲ ဒီအတိုင်း ဆက်လုပ်နေမယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်နေမယ်ဆိုရင်တော့ အမေရိကန် အစိုးရဘက်က ထပ်မံ အရေးယူ ဆောင်ရွက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။

“အခုအချိန်ထိတော့ NLD ကို မြန်မာ အစိုးရ အဖြစ် နိုင်ငံတကာ အသိအမှတ်ပြုထားဆဲ ဖြစ်ပါတယ်”

တနလာၤနေ့က လုပ်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာတော့ ပြောခွင့်ရ Ned Price က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြန်မာ့ စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို နောက်ထပ် ဒဏ်ခတ် အရေးယူဖို့ ရှိကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က တနင်္လနေ့မှာ ပြောပါတယ်။ လူတွေ သေဆုံးရမှုဟာဆိုရင်လည်း စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေ အပေါ် ပိုပြီး ဖြိုခွဲမှုရဲ့ ရလဒ် ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“စစ်အာဏာသိမ်းမှု၊ နောက် အခု နောက်ဆုံး ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွက် တာဝန်ရှိသူတွေကို နောက်ထပ် အရေးယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လာမယ့် ရက်ပိုင်းတွေ အတွင်း ပိုပြီး ထုတ်ပြန်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း” အိမ်ဖြူတော် ပြောခွင့်ရက ပြောခဲ့တာပါ။

အရပ်သား ခေါင်းဆောင်တွေကို ဖမ်းပြီး အာဏာယူမှုကို စစ်အာဏာသိမ်းမှု အဖြစ် အမေရိကန်က သတ်မှတ်ထားပြီး စစ်တပ်ဘက်က အာဏာစွန့်ဖို့ ပြောဆိုထားတာပါ။ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ နောက် စီးပွားရေး လုပ်ငန်းတွေကိုပါ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG