သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြရလာဒ္ ဖ်က္သိမ္းတဲ့အေပၚ တုံ႔ျပန္ခ်က္မ်ား


ေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠဌ ဦးသိန္းစိုးမွ တိုင္းရင္းသားပါတီမ်ားနဲ ့ေတြ့ဆံုစဥ္ (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

အာဏာသိမ္း စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရးေကာင္စီက အသစ္ ဖဲြ႕စည္းထားတဲ့ ေရြးေကာက္ပဲြ ေကာ္မရွင္ UEC က ၂၀၂၀ ေရြးေကာက္ပဲြဟာ ပ်က္ျပယ္သြားၿပီးဆိုတဲ့ သေဘာ ေျပာဆိုခဲ့တာနဲ႔ ပတ္သက္လို႔ ႏိုင္ငံေရးပါတီတခ်ဳိ႕နဲ႔ မဲဆႏၵရွင္တခ်ဳိ႕ရဲ့ တုန္႔ျပန္မွုေတြအေၾကာင္းကို ကိုဥာဏ္၀င္းေအာင္က စုစည္းတင္ျပေပးထားပါတယ္။

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္ SNLD ဟာ ၂၀၂၀ ေရြးေကာက္ပဲြမွာ ကိုယ္စားလွယ္ ဒုတိယ အမ်ားဆုံး အႏိုင္ရထားတဲ့ပါတီ ျဖစ္ပါတယ္။ SNLD ပါတီရဲ႕ တဲြဖက္အတြင္းေရးမွဴး စိုင္းေက်ာ္ၫြန္႔ကေတာ့ ၂၀၂၀ ေရြးေကာက္ပဲြနဲ႔ ပတ္သက္လို႔ UEC အသစ္ရဲ႕ ေျပာဆိုခ်က္အေပၚမွာ ခုလို တုန္႔ျပန္ပါတယ္။

စိုင္းေက်ာ္ညြန္ ့။ ။ "SNLD အေနနဲ ့ေတာ့ ေျပာလို ့မရဘူး။ က်ေနာ့္တဦးထဲသေဘာအရဆိုရင္ က်ေနာ့္ပါတီက စစ္အာဏာသိမ္းတာကိုလည္း ျပင္းျပင္ထန္ထန္ကန္ ့ကြက္တယ္လို ့ထုတ္ျပန္ထားျပီးျဖစ္တယ္။ ေနာက္ျပီးေတာ့ ဒီ စစ္ေကာင္စီက ဖြဲ ့ထားတဲ့ UEC ဆိုတာကလည္း တရားမ၀င္ပါဘူူး။ သူတို ့ရဲ့ လွုပ္ရွားေဆာင္ရြက္မွုေတြ၊ ေျပာဆိုေနတဲ့ဟာေတြအားလံုးက တရားမ၀င္ပါဘူး။ က်ေနာ္တို ့အသိအမွတ္လည္း မျပဳပါဘူး။"

ႏိုဝင္ဘာ ေရြးေကာက္ပဲြမွာ တဦးမွ အႏိုင္မရခဲ့တဲ့ NDF ပါတီကေတာ့ UEC အသစ္ရဲ႕ ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး ခုလို ျမင္ေၾကာင္း NDF ပါတီအတြင္းေရးမွဴး ဦးေအာင္ဇင္က ေျပာပါတယ္။

ဦးေအာင္ဇင္။ ။" က်ေနာ္တို ့အေနနဲ ့ကေတာ့ ၂၀၂၀ မဲရလဒ္က မဲမသမာမွုေတြ၊ သံသယျဖစ္ဖြယ္ကိစၥေတြ အမ်ားၾကီးျဖစ္ပြားေနတယ္။ ေရြးေကာက္ပြဲတရပ္အေနနဲ ့ေတာ့ က်ေနာ္တို ့က အသိအမွတ္ျပဳတယ္။ လက္လည္း လက္ခံတယ္ေပါ့ေနာ္ ။ ဒါေပမယ့္ အခုခ်ိန္မွာ ဥပေဒအရ စစ္ေဆးေနတာျဖစ္ေနတဲ့အတြက္ လက္ရွိစစ္ေဆးေနတဲ့ အခ်ိန္ၾကီးကိုေတာ့ က်ေနာ္တို ့ဒါကို အတိအက်ၾကီးေပါ့ေနာ္၊ ခုနက UEC ကေျပာသလိုပဲ ဒါၾကီးဟာ ပ်က္ျပယ္သြားျပီလို ့ေတာ့ က်ေနာ္တို ့မမွတ္ေသးပါဘူး။"

အေမရိကန္ျပည္ေထာင္စုမွာ လတ္တေလာ ေနထိုင္ၿပီး ၂၀၂၀ ေရြးေကာက္ပဲြအတြက္ ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးမွာ ကိုယ္တိုင္မဲေပးခဲ့တဲ့ ေမရီလန္းျပည္နယ္က မခင္ႏွင္းမာကေတာ့ ႏိုဝင္ဘာေရြးေကာက္ပဲြအတြင္း သူတို႔ မဲေပးေရြးခ်ယ္မႈကသာ အတည္ျဖစ္တယ္လို႔ ခံယူပါတယ္။

မခင္နွင္းမာ။ ။ " အဲဒါကိုေတာ့ က်မက လံုး၀ အသိအမွတ္မျပဳပါဘူး။ ဘာလို ့လဲဆိုေတာ့ နို၀င္ဘာလတုန္းက က်ေနာ္တို ့ေပးခဲ့တဲ့ မဲ သည္ က်ေနာ္တို ့ေက်နပ္တဲ့၊ သေဘာက်တဲ့ ပါတီ၊ ကိုယ္စားလွယ္ေတြကို က်မတို ့ေရြးခဲ့တာ။ အဲဒါေၾကာင့္မို ့က်ေနာ္တို ့ရဲ့သေဘာထားအမွန္အကန္ေတြကို က်ေနာ္တို ့ေျပာထားျပီးသား။ က်ေနာ္တို ့ကို ေစာ္ကားတယ္လို ့က်ေနာ္သတ္မွတ္တယ္။ က်ေနာ္ဆိုရင္လည္း ဒီ ျမန္မာျပည္မွာေနတာမဟုတ္ဘူး ဒီနိုင္ငံမွာေနတာ။ ဒါေပမယ့္ ေရြးေကာက္ပြဲ မတိုင္မီမွာကတည္းက ဘယ္လိုလူမ်ိဴးေတြက NLD ပါတီကို ကိုယ္စားျပဳျပီး ၀င္ေရာက္ေရြးခ်ယ္တယ္ဆိုတာကို က်မ၀င္ၾကည့္တယ္။
တကယ္လည္းႀကိဳက္လို ့၊ တကယ္လည္း ယံုၾကည္လို ့က်မေပးထားခဲ့တဲ့လူေတြ။ အဲဒါေၾကာင့္မို ့ က်ေနာ္တို ့ရဲ့ ေရြးခ်ယ္ထားတဲ့ ဒီ ေရြးေကာက္ပြဲကိုေပါ့ေနာ္ လက္မခံဘူးဆိုတဲ့ဟာ လံုး၀ အသိအမွတ္မျပဳပါဘူး။ က်ေနာ္တို ့ရဲ့ တကယ့္အစိုးရအစစ္မွန္သည္ NLD အစိုးရပဲျဖစ္ပါတယ္။ အဲဒါကိုေတာ့ က်မေျပာခ်င္တယ္။"

၂၀၂၀ ေရြးေကာက္ပဲြမွာ NLD ပါတီက အျပတ္သတ္ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။

....................................................

တိုက္႐ိုက္ လင့္ခ္


ရွေးကောက်ပွဲရလာဒ် ဖျက်သိမ်းတဲ့အပေါ် တုံ့ပြန်ချက်များ

(Unicode)

အာဏာသိမ်း စစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီက အသစ် ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် UEC က ၂၀၂၀ ရွေးကောက်ပွဲဟာ ပျက်ပြယ်သွားပြီးဆိုတဲ့ သဘော ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတချို့နဲ့ မဲဆန္ဒရှင်တချို့ရဲ့ တုန့်ပြန်မှုတွေအကြောင်းကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြပေးထားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ဒုတိယ အများဆုံး အနိုင်ရထားတဲ့ပါတီ ဖြစ်ပါတယ်။ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်ကတော့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ UEC အသစ်ရဲ့ ပြောဆိုချက်အပေါ်မှာ ခုလို တုန့်ပြန်ပါတယ်။

စိုင်းကျော်ညွန့်။ ။ "SNLD အနေနဲ့တော့ ပြောလို့မရဘူး။ ကျနော့်တဦးထဲသဘောအရဆိုရင် ကျနော့်ပါတီက စစ်အာဏာသိမ်းတာကိုလည်း ပြင်းပြင်ထန်ထန်ကန့်ကွက်တယ်လို့ထုတ်ပြန်ထားပြီးဖြစ်တယ်။ နောက်ပြီးတော့ ဒီ စစ်ကောင်စီက ဖွဲ့ထားတဲ့ UEC ဆိုတာကလည်း တရားမဝင်ပါဘူူး။ သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ၊ ပြောဆိုနေတဲ့ဟာတွေအားလုံးက တရားမဝင်ပါဘူး။ ကျနော်တို့အသိအမှတ်လည်း မပြုပါဘူး။"

နိုဝင်ဘာ ရွေးကောက်ပွဲမှာ တဦးမှ အနိုင်မရခဲ့တဲ့ NDF ပါတီကတော့ UEC အသစ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ခုလို မြင်ကြောင်း NDF ပါတီအတွင်းရေးမှူး ဦးအောင်ဇင်က ပြောပါတယ်။

ဦးအောင်ဇင်။ ။" ကျနော်တို့အနေနဲ့ကတော့ ၂၀၂၀ မဲရလဒ်က မဲမသမာမှုတွေ၊ သံသယဖြစ်ဖွယ်ကိစ္စတွေ အများကြီးဖြစ်ပွားနေတယ်။ ရွေးကောက်ပွဲတရပ်အနေနဲ့တော့ ကျနော်တို့က အသိအမှတ်ပြုတယ်။ လက်လည်း လက်ခံတယ်ပေါ့နော် ။ ဒါပေမယ့် အခုချိန်မှာ ဥပဒေအရ စစ်ဆေးနေတာဖြစ်နေတဲ့အတွက် လက်ရှိစစ်ဆေးနေတဲ့ အချိန်ကြီးကိုတော့ ကျနော်တို့ဒါကို အတိအကျကြီးပေါ့နော်၊ ခုနက UEC ကပြောသလိုပဲ ဒါကြီးဟာ ပျက်ပြယ်သွားပြီလို့တော့ ကျနော်တို့မမှတ်သေးပါဘူး။"

အမေရိကန်ပြည်ထောင်စုမှာ လတ်တလော နေထိုင်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ကိုယ်တိုင်မဲပေးခဲ့တဲ့ မေရီလန်းပြည်နယ်က မခင်နှင်းမာကတော့ နိုဝင်ဘာရွေးကောက်ပွဲအတွင်း သူတို့ မဲပေးရွေးချယ်မှုကသာ အတည်ဖြစ်တယ်လို့ ခံယူပါတယ်။

မခင်နှင်းမာ။ ။ " အဲဒါကိုတော့ ကျမက လုံး၀ အသိအမှတ်မပြုပါဘူး။ ဘာလို့လဲဆိုတော့ နိုဝင်ဘာလတုန်းက ကျနော်တို့ပေးခဲ့တဲ့ မဲ သည် ကျနော်တို့ကျေနပ်တဲ့၊ သဘောကျတဲ့ ပါတီ၊ ကိုယ်စားလှယ်တွေကို ကျမတို့ရွေးခဲ့တာ။ အဲဒါကြောင့်မို့ကျနော်တို့ရဲ့သဘောထားအမှန်အကန်တွေကို ကျနော်တို့ပြောထားပြီးသား။ ကျနော်တို့ကို စော်ကားတယ်လို့ကျနော်သတ်မှတ်တယ်။ ကျနော်ဆိုရင်လည်း ဒီ မြန်မာပြည်မှာနေတာမဟုတ်ဘူး ဒီနိုင်ငံမှာနေတာ။ ဒါပေမယ့် ရွေးကောက်ပွဲ မတိုင်မီမှာကတည်းက ဘယ်လိုလူမျိူးတွေက NLD ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ရွေးချယ်တယ်ဆိုတာကို ကျမဝင်ကြည့်တယ်။
တကယ်လည်းကြိုက်လို့၊ တကယ်လည်း ယုံကြည်လို့ကျမပေးထားခဲ့တဲ့လူတွေ။ အဲဒါကြောင့်မို့ ကျနော်တို့ရဲ့ ရွေးချယ်ထားတဲ့ ဒီ ရွေးကောက်ပွဲကိုပေါ့နော် လက်မခံဘူးဆိုတဲ့ဟာ လုံး၀ အသိအမှတ်မပြုပါဘူး။ ကျနော်တို့ရဲ့ တကယ့်အစိုးရအစစ်မှန်သည် NLD အစိုးရပဲဖြစ်ပါတယ်။ အဲဒါကိုတော့ ကျမပြောချင်တယ်။"

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်သတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG