သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲမသမာမႈနဲ႔ မဲစာရင္းမွားယြင္းမႈေတြကုိ ေရြးေကာက္ပြဲေကာ္မရွင္ စုံစမ္းသင့္သလား


(Zawgyi/Unicode)

၂၀၂၀ေရြးေကာက္ပြဲမွာ မဲစာရင္းအမွားအယြင္းေတြနဲ႔ မဲမသမာမႈေတြရွိခဲ့တယ္လို႔ တပ္မေတာ္နဲ့ အတိုက္အခံၾကံ႔ခိုင္ေရးပါတီက ကန္႔ကြက္ေျပာဆိုမႈအေပၚ ေရြးေကာက္ပြဲေကာ္မရွင္ဘက္က စံုစမ္းေျဖရွင္းသင့္ပါတယ္လို႔ ယူဆမႈတခ်ိဳ႕ရွိပါတယ္။ ၂၀၂၀ ေရြးေကာက္ပြဲအလြန္ ေရြးေကာက္ပြဲေကာ္မရွင္ထံ တိုင္ၾကားကန္႔ကြက္မႈေတြနဲ ႔ပတ္သက္လို႔ ျမန္မာႏုိင္ငံတြင္းေရြးေကာက္ပြဲေတြကို အထူးေစာင့္ၾကည့္ေလ့လာေနတဲ့ New Myanmar Foundation ရဲ႕ ဒါရိုက္တာ-မျမနႏၵာသင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္က ဆက္သြယ္ေမးျမန္းတင္ျပထားပါတယ္။

ႏိုဝင္ဘာလ ၈ရက္ေန႔က က်င္းပခဲ့တဲ့ ၂၀၂၀ေရြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္ၿပီး အတုိက္အခံပါတီၾကီးျဖစ္တဲ့ ျပည္ေထာင္စုၾကံ့ခိုင္ေရးနဲ႔ဖံြ႔ၿဖိဳးေရးပါတီအပါအဝင္ ႏိုင္ငံေရးပါတီတခ်ိဳ႕ဘက္က ေရြးေကာက္ပြဲတြင္း မဲမသမာမႈေတြ ရွိခဲ့တယ္ဆိုၿပီး ေရြးေကာက္ပြဲေကာ္မရွင္ကိုကန္႔ကြက္လႊာေတြ တင္သြင္းတာရွိသလို တရားလႊတ္ေတာ္ခ်ဳပ္ကို တိုင္ၾကားမႈေတြလည္း လုပ္ခဲ့တဲ့အေၾကာင္း ဇန္နဝါရီလ ၅ရက္ေန႔က သတင္းစာ ရွင္းလင္းပြဲ ဒုတိယအၾကိမ္လုပ္ၿပီး ေျပာခဲ့ပါတယ္။ အလားတူ တပ္မေတာ္ဘက္ကလည္း တပ္မေတာ္သားေတြ မဲဆႏၵေပးခဲ့တဲ့နယ္ေျမေတြမွာ မဲမသမာမႈေတြ ရွိခဲ့ႏုိင္တယ္ဆိုၿပီး ထပ္ေနတဲ့မဲစာရင္းေတြကို အေထာက္အထားျဖင့္ စိစစ္တိုက္ဆိုင္ရန္ လိုအပ္တဲ့ မဲစာရင္းမ်ား ဆိုၿပီး ဇန္နဝါရီလ ၅ရက္ေန႔က နဝမအၾကိမ္ထုတ္ျပန္ပါတယ္။

ဒီလိုမ်ိဳး၂၀၂၀ေရြးေကာက္ပြဲအလြန္ မဲရလဒ္ေတြနဲ႔ပတ္သက္လို႔ ေနာက္ဆက္တြဲ ကန္႔ကြက္မႈ တိုင္ၾကားမႈေတြနဲ႔ ပတ္သက္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ စံုစမ္းစစ္ေဆးသင့္တယ္လို႔ ျမန္မာႏုိင္ငံရဲ႕ ေရြးေကာက္ပြဲေတြကို အထူးေလ့လာေစာင့္ၾကည့္ေနတဲ့အဖြဲ႔ New Myanmar Foundation ရဲ႕ ဒါရိုက္တာ မျမနႏၵာသင္းက သံုးသပ္ပါတယ္။

" စြပ္စြဲမႈေတြအတြက္က သက္ေသေတြ လိုတာေပါ့ေနာ္။ သက္ေသျပန္လိုတယ္ဆိုတာ ဥပမာ လူတေယာက္ေယာက္က မဲကို ၂ၾကိမ္ေပးလိုက္တယ္ ဒါမွမဟုတ္ တေယာက္ေယာက္က အေယာင္ေဆာင္ၿပီးေတာ့မွ မဲေပးတယ္ဆိုတဲ့ အေျခအေနေတြလည္းျဖစ္ႏိုင္တာပဲ။ အဲ့ဒီ့လိုျဖစ္ႏုိင္တဲ့ အခါမွာလည္း တိုင္ၾကားမႈေတြရွိလိမ့္မယ္။ ရွိတဲ့အေပၚမွာ တာဝန္ရွိတဲ့သူေတြအေနနဲ႔ ဒါကို စံုစမ္းစစ္ေဆးေဖာ္ထုတ္ၿပီးေတာ့မွ လိုအပ္တဲ့ Action ေတြ ယူရမွာေပါ့ေနာ္။ ဒါမ်ိဳးေတြကို ဘယ္လိုပညာေပးမလဲေပါ့ေနာ္။ ဒါမွမဟုတ္ရင္လည္း ဥပေဒေၾကာင္းအရ ဘယ္လိုသြားမလဲဆိုတဲ့ မွန္မွန္ကန္ကန္နဲ႔ စံုစမ္းစစ္ေဆးေဖာ္ထုတ္တာေတြ ဒီလိုဟာမ်ိဳးေတြၾကံဳခဲ့တယ္ဆိုရင္ သခၤန္းစာအေနနဲ႔ ေဖာ္ထုတ္ၿပီးေတာ့ ပိုေကာင္းတဲ့နည္းလမ္းေတြကို ထပ္ၿပီးေတာ့ ရွာေဖြရမွာေပါ့ေနာ္။"

၂၀၂၀ ေရြးေကာက္ပြဲက်င္းပတဲ့အခ်ိန္ဟာ ႏုိင္ငံမွာ ကပ္ေရာဂါကိုဗစ္၁၉ ျဖစ္ပြားေနခ်ိန္နဲ႔လည္း တုိက္ဆိုင္တာေၾကာင့္ မဲစာရင္းထုတ္ျပန္မႈေတြ မဲေပးမႈေတြမွာ အကန္႔အသတ္ေတြနဲ႔ရွိခဲ့လို႔ အခုလိုမဲစာရင္း အလြဲအမွားေတြနဲ႔ ပတ္သက္ၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဘက္က သက္ဆိုင္တဲ့အဖြဲ႔အစည္းေတြနဲ႔ ညွိႏိႈင္းအေျဖရွာသင့္တယ္လို႔လည္း အၾကံေပးပါတယ္။

" မ်ားေသာအားျဖင့္ အရင္ေရြးေကာက္ပြဲေတြမွာေတာ့-ဒီဟာအေပၚမွာ ညိွႏိႈင္းၿပီးေတာ့မွ ၿပီးဆံုးသြားတာ ပိုမ်ားတယ္ေပါ့ေနာ္။ အခုလိုမ်ိဳး ဥပေဒေၾကာင္းအရ မဲစာရင္းနဲ႔ပတ္သက္ၿပီး သြားမယ္ဆိုတာမ်ိဳး သိပ္မေတြ႔ခဲ့ဘူး။ က်မတို႔အတြက္ အသစ္ျဖစ္တယ္။ ဒါေပမဲ့ တခုရွိတာကေတာ့ "မဲစာရင္းမွားတာနဲ႔ မဲမသမာတာနဲ႔ကေတာ့ သိပ္မတူဘူးေပါ့ေနာ္"။ ဒါေၾကာင့္ မဲစာရင္းမွားမႈေၾကာင့္ မဲမသမာမႈေတြျဖစ္ခဲ့လား ဆိုတာကို ထပ္ၿပီးေတာ့ စံုစမ္းရမွာေပါ့ေနာ္။ ဒါကေတာ့ တပ္မေတာ္ကပဲျဖစ္ျဖစ္ ႏုိင္ငံေရးပါတီတခုခုကပဲျဖစ္ျဖစ္ ဘယ္သူပဲျဖစ္ျဖစ္ ဒီအေျခအေနေတြကို ေတြ႔ရွိတယ္ သိရွိတယ္ဆိုရင္ ေကာ္မရွင္ကို အေၾကာင္းၾကားမယ္။ တိုင္ၾကားတာလည္းျဖစ္ႏုိင္တယ္ သို႔မဟုတ္လို႔ရွိရင္လည္း အဲ့တာကို ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ မဲစာရင္း မွားယြင္းမႈေၾကာင့္ ဘာေတြျဖစ္ခဲ့သလဲဆိုတာကို ထပ္ၿပီးေတာ့မွ စံုစမ္းစစ္ေဆးမႈေတြ လုပ္လို႔ရတယ္ေပါ့ေနာ္။ အဓိက ကေတာ့ ဒီေနရာမွာ အားနည္းခ်က္ကို ေဖာ္ထုတ္တယ္လို႔မျမင္ပဲနဲ႔ ပိုၿပီးေတာ့မွ အဖြဲ႔အစည္း အခ်င္းခ်င္းၾကားထဲမွာ ပူးေပါင္းၿပီးေတာ့ ေဆာင္ရြက္ဖို႔ေတာ့ လိုလိမ့္မယ္လို႔ထင္တယ္။ ဒါမွာလည္း အေျဖတခုကို သြားႏုိင္မွာေပါ့ေနာ္။ ႏို႔မဟုတ္လို႔ရွိရင္ ဒီလိုမ်ိဳးနဲ႔ပဲ တဘက္နဲ႔တဘက္နဲ႔ ေျပာဆိုေနတာေတြနဲ႔ပဲ ၿပီးသြားမယ္ အဲ့တာမဟုတ္ပဲ အမွန္တကယ္ ဘာျဖစ္ခဲ့လဲဆိုတာကို သိေအာင္ လုပ္သင့္တယ္လို႔ထင္ပါတယ္။"

ျပည္သူေတြရဲ႕ ဆႏၵမဲစာရင္းျပဳစုထုတ္ျပန္တဲ့အခါတိုင္းမွာ အၾကိမ္တိုင္း ေဝဖန္ေထာက္ျပစရာေတြျဖစ္ခဲ့တာမို႔ ဒီအေျခအေနေတြအေပၚ သခၤန္းစာယူၿပီး ေနာင္လာမယ့္ေရြးေကာက္ပြဲေတြအတြက္လည္း စနစ္တက်ျပင္ဆင္ ထားသင့္တယ္လို႔ ေရြးေကာက္ပြဲေစာင့္ၾကည့္သူ မျမနႏၵာသင္းက အၾကံျပဳပါတယ္။

"ဒီအေျခအေနေတြကို ၾကည့္ၿပီးတဲ့အခါမွာ ေနာင္လာမယ့္ေရြးေကာက္ပြဲေတြမွာ မဲစာရင္းေတြကို ဘယ္လို မွန္ကန္ေအာင္ ျပင္ဆင္တဲ့နည္းလမ္းေတြ ဘယ္လိုလုပ္သင့္တယ္။ ဒီ့ထက္ပိုေကာင္းေအာင္ ဘာေတြလုပ္ၾကရမလဲ။ ဘယ္ေနရာေတြမွာ မွားခဲ့လဲဆိုတာကိုေတာ့ က်မတုိ႔က အမွားေတြ အလြဲေတြကေန သခၤန္းစာယူႏုိင္တယ္ဆိုရင္ေတာ့ ပိုေကာင္းတာေပါ့ေနာ္ အဲ့လိုမ်ိဳးအေနနဲ႔ ျပန္ၿပီး အေျဖရွာဖို႔ေတာ့ လိုလိမ့္မယ္လို႔ေတာ့ထင္တယ္။ ဒီေနရာမွာ အကုန္လံုးရဲ႕ပူးေပါင္းပါဝင္မႈကလည္း အေရးၾကီးတာေပါ့ေနာ္။ ႏုိင္ငံေရးပါတီေတြေရာ အရပ္ဖက္အဖြဲ႔အစည္းေတြေရာ ေကာ္မရွင္ရယ္ ဌာနဆိုင္ရာအသီးသီးရယ္ ပူးေပါင္းေဆာင္ရြက္မႈကလည္း လိုလိမ့္မယ္လို႔ထင္ပါတယ္။ ၿပီးေတာ့ က်မတို႔က မတူညီတဲ့ အဖြဲ႔အစည္းေတြၾကားထဲမွာ စကားေျပာၾကရလိမ့္မယ္ စကားေျပာၾကျခင္းအားျဖင့္ ပိုေကာင္းမြန္တဲ့နည္းလမ္းေတြကို ေဖာ္ထုတ္ႏိုင္မယ္လို႔ထင္ပါတယ္"

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃၀ရက္ေန႔က ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဘက္က အခုလို တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ရဲ႕ မဲစာရင္းထုတ္ျပန္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ဒီမဲစာရင္းေတြဟာ အခ်က္အလက္ မွားယြင္းေနရင္ ျပင္ဆင္နုိင္ဖို႔ ႏုိင္ငံေရးပါတီေတြနဲ႔ ကိုယ္စားလွယ္ေလာင္းေတြကိုသာ ျဖန္႔ေဝထားတဲ့ မဲစာရင္းေတြျဖစ္ၿပီး ႏိုဝင္ဘာလ ၈ရက္ေန႔တုန္းက မဲေပးတဲ့ေနာက္ဆံုးမဲစာရင္းမဟုတ္ေၾကာင္း တုန္႔ျပန္ေၾကညာပါတယ္။

အခုအခ်ိန္မွာ ေရြးေကာက္ပြဲအၾကိဳကာလနဲ႔ ေရြးေကာက္ပြဲကာလအတြင္း ရဲအေရးပိုင္တဲ့ ေရြးေကာက္ပြဲ ဆိုင္ရာျပစ္မႈနဲ႔ တရားမဲ့ျပဳက်င့္မႈေတြကိုတင္သြင္းလာတဲ့ကန္႔ကြက္လႊာေတြကို စစ္ေဆးေနတဲ့ ကာလျဖစ္တဲ့အတြက္ ေရြးေကာက္ပြဲျဖစ္စဥ္ေတြကို ပ်က္ျပားေစရန္ ဒါမွဟုတ္ ေရြးေကာက္ပြဲရလဒ္ကို လက္မခံတဲ့သေဘာ သက္ေရာက္တဲ့ သေဘာထားထုတ္ျပန္ခ်က္ေတြကို ႏုိင္ငံေရးပါတီေတြနဲ႔ အဖြဲ႔အစည္းေတြဘက္က ပါဝင္ေဆာင္ရြက္ျခင္းမျပဳၾကဖို႔ကိုလည္း ေကာ္မရွင္ဘက္က သတိေပးေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မဲမသမာမှုနဲ့ မဲစာရင်းမှားယွင်းမှုတွေကို ရွေးကောက်ပွဲကော်မရှင် စုံစမ်းသင့်သလား

(Unicode)

၂၀၂၀ရွေးကောက်ပွဲမှာ မဲစာရင်းအမှားအယွင်းတွေနဲ့ မဲမသမာမှုတွေရှိခဲ့တယ်လို့ တပ်မတော်နဲ့ အတိုက်အခံကြံ့ခိုင်ရေးပါတီက ကန့်ကွက်ပြောဆိုမှုအပေါ် ရွေးကောက်ပွဲကော်မရှင်ဘက်က စုံစမ်းဖြေရှင်းသင့်ပါတယ်လို့ ယူဆမှုတချို့ရှိပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအလွန် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားကန့်ကွက်မှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတွင်းရွေးကောက်ပွဲတွေကို အထူးစောင့်ကြည့်လေ့လာနေတဲ့ New Myanmar Foundation ရဲ့ ဒါရိုက်တာ-မမြနန္ဒာသင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး အတိုက်အခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီတချို့ဘက်က ရွေးကောက်ပွဲတွင်း မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ကိုကန့်ကွက်လွှာတွေ တင်သွင်းတာရှိသလို တရားလွှတ်တော်ချုပ်ကို တိုင်ကြားမှုတွေလည်း လုပ်ခဲ့တဲ့အကြောင်း ဇန်နဝါရီလ ၅ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ဒုတိယအကြိမ်လုပ်ပြီး ပြောခဲ့ပါတယ်။ အလားတူ တပ်မတော်ဘက်ကလည်း တပ်မတော်သားတွေ မဲဆန္ဒပေးခဲ့တဲ့နယ်မြေတွေမှာ မဲမသမာမှုတွေ ရှိခဲ့နိုင်တယ်ဆိုပြီး ထပ်နေတဲ့မဲစာရင်းတွေကို အထောက်အထားဖြင့် စိစစ်တိုက်ဆိုင်ရန် လိုအပ်တဲ့ မဲစာရင်းများ ဆိုပြီး ဇန်နဝါရီလ ၅ရက်နေ့က နဝမအကြိမ်ထုတ်ပြန်ပါတယ်။

ဒီလိုမျိုး၂၀၂၀ရွေးကောက်ပွဲအလွန် မဲရလဒ်တွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ကန့်ကွက်မှု တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို အထူးလေ့လာစောင့်ကြည့်နေတဲ့အဖွဲ့ New Myanmar Foundation ရဲ့ ဒါရိုက်တာ မမြနန္ဒာသင်းက သုံးသပ်ပါတယ်။

" စွပ်စွဲမှုတွေအတွက်က သက်သေတွေ လိုတာပေါ့နော်။ သက်သေပြန်လိုတယ်ဆိုတာ ဥပမာ လူတယောက်ယောက်က မဲကို ၂ကြိမ်ပေးလိုက်တယ် ဒါမှမဟုတ် တယောက်ယောက်က အယောင်ဆောင်ပြီးတော့မှ မဲပေးတယ်ဆိုတဲ့ အခြေအနေတွေလည်းဖြစ်နိုင်တာပဲ။ အဲ့ဒီ့လိုဖြစ်နိုင်တဲ့ အခါမှာလည်း တိုင်ကြားမှုတွေရှိလိမ့်မယ်။ ရှိတဲ့အပေါ်မှာ တာဝန်ရှိတဲ့သူတွေအနေနဲ့ ဒါကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီးတော့မှ လိုအပ်တဲ့ Action တွေ ယူရမှာပေါ့နော်။ ဒါမျိုးတွေကို ဘယ်လိုပညာပေးမလဲပေါ့နော်။ ဒါမှမဟုတ်ရင်လည်း ဥပဒေကြောင်းအရ ဘယ်လိုသွားမလဲဆိုတဲ့ မှန်မှန်ကန်ကန်နဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်တာတွေ ဒီလိုဟာမျိုးတွေကြုံခဲ့တယ်ဆိုရင် သင်္ခန်းစာအနေနဲ့ ဖော်ထုတ်ပြီးတော့ ပိုကောင်းတဲ့နည်းလမ်းတွေကို ထပ်ပြီးတော့ ရှာဖွေရမှာပေါ့နော်။"

၂၀၂၀ ရွေးကောက်ပွဲကျင်းပတဲ့အချိန်ဟာ နိုင်ငံမှာ ကပ်ရောဂါကိုဗစ်၁၉ ဖြစ်ပွားနေချိန်နဲ့လည်း တိုက်ဆိုင်တာကြောင့် မဲစာရင်းထုတ်ပြန်မှုတွေ မဲပေးမှုတွေမှာ အကန့်အသတ်တွေနဲ့ရှိခဲ့လို့ အခုလိုမဲစာရင်း အလွဲအမှားတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းအဖြေရှာသင့်တယ်လို့လည်း အကြံပေးပါတယ်။

" များသောအားဖြင့် အရင်ရွေးကောက်ပွဲတွေမှာတော့-ဒီဟာအပေါ်မှာ ညှိနှိုင်းပြီးတော့မှ ပြီးဆုံးသွားတာ ပိုများတယ်ပေါ့နော်။ အခုလိုမျိုး ဥပဒေကြောင်းအရ မဲစာရင်းနဲ့ပတ်သက်ပြီး သွားမယ်ဆိုတာမျိုး သိပ်မတွေ့ခဲ့ဘူး။ ကျမတို့အတွက် အသစ်ဖြစ်တယ်။ ဒါပေမဲ့ တခုရှိတာကတော့ "မဲစာရင်းမှားတာနဲ့ မဲမသမာတာနဲ့ကတော့ သိပ်မတူဘူးပေါ့နော်"။ ဒါကြောင့် မဲစာရင်းမှားမှုကြောင့် မဲမသမာမှုတွေဖြစ်ခဲ့လား ဆိုတာကို ထပ်ပြီးတော့ စုံစမ်းရမှာပေါ့နော်။ ဒါကတော့ တပ်မတော်ကပဲဖြစ်ဖြစ် နိုင်ငံရေးပါတီတခုခုကပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဒီအခြေအနေတွေကို တွေ့ရှိတယ် သိရှိတယ်ဆိုရင် ကော်မရှင်ကို အကြောင်းကြားမယ်။ တိုင်ကြားတာလည်းဖြစ်နိုင်တယ် သို့မဟုတ်လို့ရှိရင်လည်း အဲ့တာကို ပူးပေါင်းဆောင်ရွက်ပြီးတော့ မဲစာရင်း မှားယွင်းမှုကြောင့် ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ထပ်ပြီးတော့မှ စုံစမ်းစစ်ဆေးမှုတွေ လုပ်လို့ရတယ်ပေါ့နော်။ အဓိက ကတော့ ဒီနေရာမှာ အားနည်းချက်ကို ဖော်ထုတ်တယ်လို့မမြင်ပဲနဲ့ ပိုပြီးတော့မှ အဖွဲ့အစည်း အချင်းချင်းကြားထဲမှာ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့တော့ လိုလိမ့်မယ်လို့ထင်တယ်။ ဒါမှာလည်း အဖြေတခုကို သွားနိုင်မှာပေါ့နော်။ နို့မဟုတ်လို့ရှိရင် ဒီလိုမျိုးနဲ့ပဲ တဘက်နဲ့တဘက်နဲ့ ပြောဆိုနေတာတွေနဲ့ပဲ ပြီးသွားမယ် အဲ့တာမဟုတ်ပဲ အမှန်တကယ် ဘာဖြစ်ခဲ့လဲဆိုတာကို သိအောင် လုပ်သင့်တယ်လို့ထင်ပါတယ်။"

ပြည်သူတွေရဲ့ ဆန္ဒမဲစာရင်းပြုစုထုတ်ပြန်တဲ့အခါတိုင်းမှာ အကြိမ်တိုင်း ဝေဖန်ထောက်ပြစရာတွေဖြစ်ခဲ့တာမို့ ဒီအခြေအနေတွေအပေါ် သင်္ခန်းစာယူပြီး နောင်လာမယ့်ရွေးကောက်ပွဲတွေအတွက်လည်း စနစ်တကျပြင်ဆင် ထားသင့်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူ မမြနန္ဒာသင်းက အကြံပြုပါတယ်။

"ဒီအခြေအနေတွေကို ကြည့်ပြီးတဲ့အခါမှာ နောင်လာမယ့်ရွေးကောက်ပွဲတွေမှာ မဲစာရင်းတွေကို ဘယ်လို မှန်ကန်အောင် ပြင်ဆင်တဲ့နည်းလမ်းတွေ ဘယ်လိုလုပ်သင့်တယ်။ ဒီ့ထက်ပိုကောင်းအောင် ဘာတွေလုပ်ကြရမလဲ။ ဘယ်နေရာတွေမှာ မှားခဲ့လဲဆိုတာကိုတော့ ကျမတို့က အမှားတွေ အလွဲတွေကနေ သင်္ခန်းစာယူနိုင်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော် အဲ့လိုမျိုးအနေနဲ့ ပြန်ပြီး အဖြေရှာဖို့တော့ လိုလိမ့်မယ်လို့တော့ထင်တယ်။ ဒီနေရာမှာ အကုန်လုံးရဲ့ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတာပေါ့နော်။ နိုင်ငံရေးပါတီတွေရော အရပ်ဖက်အဖွဲ့အစည်းတွေရော ကော်မရှင်ရယ် ဌာနဆိုင်ရာအသီးသီးရယ် ပူးပေါင်းဆောင်ရွက်မှုကလည်း လိုလိမ့်မယ်လို့ထင်ပါတယ်။ ပြီးတော့ ကျမတို့က မတူညီတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ စကားပြောကြရလိမ့်မယ် စကားပြောကြခြင်းအားဖြင့် ပိုကောင်းမွန်တဲ့နည်းလမ်းတွေကို ဖော်ထုတ်နိုင်မယ်လို့ထင်ပါတယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က အခုလို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မဲစာရင်းထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး ဒီမဲစာရင်းတွေဟာ အချက်အလက် မှားယွင်းနေရင် ပြင်ဆင်နိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာ ဖြန့်ဝေထားတဲ့ မဲစာရင်းတွေဖြစ်ပြီး နိုဝင်ဘာလ ၈ရက်နေ့တုန်းက မဲပေးတဲ့နောက်ဆုံးမဲစာရင်းမဟုတ်ကြောင်း တုန့်ပြန်ကြေညာပါတယ်။

အခုအချိန်မှာ ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲကာလအတွင်း ရဲအရေးပိုင်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှုနဲ့ တရားမဲ့ပြုကျင့်မှုတွေကိုတင်သွင်းလာတဲ့ကန့်ကွက်လွှာတွေကို စစ်ဆေးနေတဲ့ ကာလဖြစ်တဲ့အတွက် ရွေးကောက်ပွဲဖြစ်စဉ်တွေကို ပျက်ပြားစေရန် ဒါမှဟုတ် ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့သဘော သက်ရောက်တဲ့ သဘောထားထုတ်ပြန်ချက်တွေကို နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေဘက်က ပါဝင်ဆောင်ရွက်ခြင်းမပြုကြဖို့ကိုလည်း ကော်မရှင်ဘက်က သတိပေးပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG