သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံအထူးစည္းေ၀းပဲြ ျမန္မာအတြက္ အေျဖထြက္သလား


ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ASEAN ႏိုင္ငံျခားေရးဝန္ႀကီးအထူးစည္းေဝးပြဲ

(Zawgyi/Unicode)

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ASEAN ႏိုင္ငံျခားေရးဝန္ႀကီးအထူးစည္းေဝးပြဲ အဂၤါေန႔က ၿပီးသြားခဲ့ၿပီးတဲ့ေနာက္မွာ ဒီအစည္းအေဝးကေန ျမန္မာႏိုင္ငံအတြက္ ေမွ်ာ္လင့္ခ်က္တစုံတရာ ရွိႏိုင္ပါသလား။ ဗြီအိုေအ ျမန္မာပိုင္း အယ္ဒီတာ ဦးေက်ာ္ဇံသာရဲ႕ သုံးသပ္ခ်က္အျမင္ကို တင္ျပေပးခ်င္ပါတယ္။ မျမသဇင္ေအာင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မျမသဇင္ေအာင္။ ။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ASEAN ႏိုင္ငံျခားေရးဝန္ႀကီးအထူးစည္းေဝးပြဲ မေန႔တုန္းက ၿပီးသြားခဲ့ၿပီဆိုေတာ့ ဒီအစည္းအေဝးကေန ျမန္မာႏိုင္ငံအတြက္ ေမွ်ာ္လင့္ခ်က္တစုံတရာ ေပၚထြက္လာခဲ့တယ္လို႔ ထင္ပါသလား။

ဦးေက်ာ္ဇံသာ။ ။ အေကာင္းမျမင္ရာမ်ား က်ေနမလား မသိပါဘူး။ တကယ္ေတာ့ အစကတည္းကေန မေမွ်ာ္လင့္ႏိုင္တဲ့ ကိစၥပါ။ ဘာေၾကာင့္လဲဆိုေတာ့ အာဆီယံဟာ စ႐ိုက္မ်ဳိးစုံ စနစ္မ်ိဳးစံုရွိတဲ့ ႏိုင္ငံေတြကို စုေပါင္းဖြဲ႔စည္းထားတာပါ။ ဒီမိုကေရစီႏိုင္ငံေတြလည္း ပါတယ္၊ ကြန္ျမဴနစ္ ႏိုင္ငံေတြလည္း ပါတယ္၊ ေနာက္ၿပီးေတာ့ ဒီမိုကေရစီ ေခါင္းေပါင္းေပါင္းထားတဲ့ စစ္အုပ္ခ်ဳပ္ေရးႏိုင္ငံလည္း ပါတယ္။ သက္ဦးဆံပိုင္စနစ္ကို က်င့္သံုးတဲ့ ႏိုင္ငံလည္းပါပါတယ္။ တကယ္ေတာ့ပြင့္ပြင့္လင္းလင္းေျပာရရင္ အုတ္အေရာေရာ၊ ေက်ာက္အေရာေရာ ႏုိင္ငံမ်ိဳးေတြေပါ့။ ဒီလိုႏိုင္ငံေတြ စုေပါင္းထားတဲ့ အဖြဲ႔အစည္းတခုက ျမန္မာႏိုင္ငံမွာ အာဏာရွင္စနစ္ကို ဆန္႔က်င္ၿပီးေတာ့ ဒီမိုကေရစီ ေပၚထြန္းဖို႔ ေတာင္းဆိုေနတာကို ျပတ္ျပတ္သားသား ရပ္တည္ၿပီးေတာ့ တြန္းအားေသာ္လည္းေကာင္း၊ ဖိအား ေသာ္လည္းေကာင္းေပးမယ့္ အေျခအေနမ်ိဳး မျဖစ္လာႏိုင္ဘူးလို႔ ယူဆရပါတယ္။ အာဆီယံရဲ႕ အလွည့္က် ဥကၠ႒ျဖစ္တဲ့ ဘရႈႏိႈင္းႏိုင္ငံရဲ႕ ထုတ္ျပန္ခ်က္ကို ၾကည့္မယ္ဆိုရင္ တေၾကာင္းပဲပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတ့ာ သူတို႔ စိုးရိမ္မကင္းျဖစ္တယ္၊ ၂ ဖက္လံုး ထိန္းထိန္းသိမ္းသိမ္းနဲ႔ ေျပလည္ေအာင္လုပ္ၾကဖို႔ ေျပာထားပါတယ္။ အဲဒီေတာ့ အဲဒီေၾကညာခ်က္တခုလံုးကို ၾကည့္ရင္ ‘ ဒီအစည္းအေဝးဟာ ျမန္မာႏိုင္ငံအတြက္ အေရးေပၚက်င္းပတဲ့ အစည္းအေဝးဟုတ္ပါရဲ႕လား’ လို႔ေတာင္ ေမးရမလိုျဖစ္ေနပါတယ္။

မျမသဇင္ေအာင္။ ။ ဒီအစည္းအေဝးပြဲမွာ အင္ဒိုနီးရွား ႏိုင္ငံျခားေရး၀န္ႀကီး Retno Marsudi က အာဆီယံ ႏိုင္ငံေတြအေနနဲ႔ တျခားႏိုင္ငံ ျပည္တြင္းေရးကို ၀င္မစြက္ေရး မူ၀ါဒကို မလြဲမေသြ က်င့္သံုးရမယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ တဖက္မွာလည္း ဒီမိုကေရစီ စံႏႈန္းေတြကို တန္ဖိုးထားဖို႔ လူ႔အခြင့္အေရးကို အေလးထားဖို႔နဲ႔ တရားဥပေဒ စိုးမိုးေရးနဲ႔ ဖြဲ႔စည္းပံုအေျခခံအုပ္ခ်ဳပ္ေရးနဲ႔ ကိုက္ညီတဲ့ အစိုးရတရပ္ေပၚထြန္းေရးလည္း တန္းတူအေရးႀကီးတယ္လို႔ ေျပာပါတယ္။ ဒီလိုအင္ဒိုနီးရွားက တိုက္တိုက္တြန္းတြန္းေျပာလာတဲ့ အတြက္ ဒါက တစံုတရာ လုပ္လာႏိုင္တယ္ဆိုတဲ့ သေဘာမ်ိဳးလို႔ ေျပာလို႔ ရႏိုင္ပါသလား။

ဦးေက်ာ္ဇံသာ။ ။ဟုတ္ကဲ့ အဲဒီမွာ သူမ်ားႏိုင္ငံရဲ႕ ျပည္တြင္းေရးကို ၀င္မစြက္ရ ဆိုတဲ့ မူအရ အာဆီယံကို တားျမစ္ထားသလို ေနာက္မူတခုကလည္း consensus ရမွ သာလွွ်င္ဆံုးျဖတ္တယ္ဆိုတဲ့ ကိစၥလည္းျဖစ္ပါတယ္။ ေစာေစာကေျပာခဲ့တဲ့ အုတ္အေရာေရာ၊ ေက်ာက္အေရာေရာ ႏိုင္ငံေတြထဲမွာ သေဘာတူညီတဲ့ ဆံုးျဖတ္ခ်က္တခုခ်ဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ အင္ဒိုနီးရွားလို ဒီမုိကေရစီႏိုင္ငံက အခုလိုေျပာဆိုတာကေတာ့ သဘာ၀ က်ပါတယ္။ အင္ဒိုနီးရွားဟာ အာဆီယံ ႏိုင္ငံထဲမွာ အင္အားအႀကီးဆံုး ႏိုင္ငံေတြျဖစ္လာတဲ့ ကမာၻေပၚမွာလည္း တတိယ အႀကီးမားဆံုး ဒီမုိကေရစီႏိုင္ငံျဖစ္ပါတယ္။ အိႏိၵယနဲ႔ အေမရိကန္ၿပီးရင္ သူက တတိယ အႀကီးမားဆံုး ဒီမုိကေရစီႏိုင္ငံျဖစ္တယ္။ ဆိုေတာ့ သူ႔ရဲ႕ အဲဒီ ဒီမုိကေရစီ အရွိန္အ၀ါ ဂုဏ္သိကၡာနဲ႔ ညီေအာင္ ေျပာၾကားတယ္လို႔ ေျပာရမွာ ျဖစ္ပါတယ္။ ႏိုင္ငံျခားေရး၀န္ႀကီး Retno Marsudi ေျပာတဲ့ အသံေတြဟာ ဒီမုိကေရစီအင္အားႀကီး ႏိုင္ငံတခုျဖစ္တယ္ဆိုတဲ့ ဂုဏ္သိကၡာနဲ႔ ညီေအာင္ တကယ္လည္း လိုက္လိုက္ေလ်ာေလ်ာေျပာတယ္လို႔ ယူဆႏိုင္ပါတယ္။ သို႔ေသာ္ တဖက္မွာ ASEAN အဖြဲ႔၀င္ႏိုင္ငံ တခုျဖစ္ေနတဲ့အတြက္ေၾကာင့္ ASEAN အဖြဲ႔၀င္တို႔ရဲ႕ သေဘာထားလည္း သူေျပာရတာျဖစ္ပါတယ္။ အဲဒါကေတာ့ ၂ ဖက္လံုး ထိန္းထိန္းသိမ္းသိမ္းနဲ႔လုပ္ၿပီးေတာ့ ျပန္လည္ ေစ့စပ္ေဆြးေႏြးသင့္တယ္။ ပထမဦးဆံုး သူတို႔ စၿပီးေတာ့ လုပ္ခဲ့တဲ့ ကိစၥဆိုရင္ ေနာက္ ၁ ႏွစ္မွာ ေရြးေကာက္ပြဲ က်င္းပေပးမယ္လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ေျပာၾကားတာကို အမွန္အတိုင္း တရားမွ်တတဲ့ စစ္မွန္တဲ့ ေရြးေကာက္ပြဲျဖစ္ဖို႔ တိုက္တြန္းတယ္ဆိုၿပီးေတာ့ သူက စကားဦး စခဲ့တာရွိပါတယ္။ အဲဒါကို ၾကားလို႔ ျမန္မာႏိုင္ငံမွာ ဆႏၵျပေနတဲ့ လူေတြေရာ CRPံH ေရာ ဒါကို အျပင္းအထန္ကန္႔ကြက္ခဲ့တာကိုလည္း ေတြ႔ရပါတယ္။ ဆိုေတာ့ အင္ဒိုနီးရွား ရပ္တည္ခ်က္ဟာ တဖက္မွာ ဒီမုိကေရစီအင္အားႀကီး ႏိုင္ငံ ၊ တဖက္မွာ အာဆီယံအဖြဲ႔၀င္ႏိုင္ငံ ဆိုတဲ့ ဒီ ၂ ခုကိုေရာေပါင္းၿပီးေတာ့ ရပ္တည္ေနတဲ့ ရပ္တည္ခ်က္လို႔ပဲ ေျပာရင္ မွားမယ္မဟုတ္ဘူး ထင္ပါတယ္။ တခ်ိန္တည္းမွာပဲ မေလးရွားေျပာတဲ့အထဲမွာ စိတ္၀င္စားစရာက ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ မသမာမႈဆိုတဲ့ကိစၥကို အာဆီယံအဖြဲ႔က စံုစမ္းေရးေကာ္မရွင္ဖြဲ႔ၿပီးေတာ့ လႊတ္ၿပီး စစ္ေရးရင္ေကာ ဆိုတဲ့ဟာ ပါပါတယ္။ သူတို႔က အဲဒီလို တႏိုင္ငံခ်င္းသေဘာထားကို ထုတ္ျပန္ၾကေပမယ့္ တဖြဲ႔လံုးအေနနဲ႔ သေဘာတူဖို႔ ခဲယဥ္းလိမ့္မယ္လို႔ ထင္ပါတယ္။

မျမသဇင္ေအာင္။ ။ ဟုတ္ကဲ့ပါ အန္ကယ္ အာဆီယံႏိုင္ငံျခားေရး၀န္ႀကီး အထူးအစည္းအေ၀းပြဲက မေန႔တုန္းက ၿပီးသြားၿပီဆိုေတာ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ အာဆီယံရဲ႕ လုပ္ရပ္ဟာ ဒီေလာက္နဲ႔ ၿပီးသြားႏိုင္မလား။ ႏိုင္ငံတကာက တံု႔ျပန္တာေတြဟာ အရင္ကနဲ႔ မတူတာေတြလည္း ရွိတယ္ဆိုေတာ့ အခုတႀကိမ္မွာ ဘာမ်ား ထူးျခားလာမယ္လို႔ ထင္ပါသလဲရွင္။

ဦးေက်ာ္ဇံသာ။ ။ ဟုတ္ကဲ့ ဒီေနရာမွာေတာ့ ေမွ်ာ္လင့္ႏိုင္တယ္လို႔ ထင္ပါတယ္ ဘာေၾကာင့္လဲဆိုေတာ့ အာဆီယံတခုတည္းအေနနဲ႔ မဟုတ္ေသာ္လည္း ၊ ကုလသမဂၢ တို႔ အေမရိကန္ ျပည္ေထာင္စုတို႔ ၊ တရုတ္ႏိုင္ငံ စသျဖင့္ ဒီႏိုင္ငံေတြပါ ပါ၀င္ၿပီးေတာ့ ကမာၻ႕အသိုင္းအ၀ိုင္းတခုလံုးက တြန္းမယ္ဆိုရင္ေတာ့ ေရြ႕မယ္လို႔ ထင္ပါတယ္။ တြန္းအားေပးတာနဲ႔ ဖိအားေပးတာကို က်ေနာ္ခြဲၿပီးေျပာခ်င္တယ္ အခု အေနာက္ႏိုင္ငံေတြရဲ႕ ရပ္တည္ခ်က္က ဖိအားေပးတာ pressure ပဲ ေပးေနၾကတယ္။ အာဆီယံတို႔နဲ႔ ေပါင္းလိုက္ၿပီးေတာ့ ဖိအားေရာေပး တဖက္မွာလည္း တြန္းပါ push လုပ္ပါ သူတို႔ကို ဒီမိုကေရစီဘက္ကိုေရြ႕ေအာင္ အဲလို ညိွႏိႈင္းေပးရင္ေတာ့ တနည္းတဖံု ေျပာင္းလဲလာႏိုင္တယ္လို႔ က်ေနာ္ထင္ပါတယ္။ အခုအခါမွာ ႏိုင္ငံတကာ ဖိအားေရာ တြန္းအားေရာ ေတာ္ေတာ္ေလး ျပင္းထန္တယ္ အရင္နဲ႔ မတူဘူးဆိုတာ ေတြ႔ရပါတယ္ ဒါေၾကာင့္ ဒီကိစၥမွာလည္း အဲလို ပူးေပါင္းၿပီးေတာ ့ေဆာင္ရြက္ၾကပါေစလို႔ပဲ ေမွ်ာ္လင့္ရမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

အာဆီယံအထူးစည်းဝေးပွဲ မြန်မာအတွက် အဖြေထွက်သလား

(Unicode)

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ASEAN နိုင်ငံခြားရေးဝန်ကြီးအထူးစည်းဝေးပွဲ အင်္ဂါနေ့က ပြီးသွားခဲ့ပြီးတဲ့နောက်မှာ ဒီအစည်းအဝေးကနေ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တစုံတရာ ရှိနိုင်ပါသလား။ ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာရဲ့ သုံးသပ်ချက်အမြင်ကို တင်ပြပေးချင်ပါတယ်။ မမြသဇင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မမြသဇင်အောင်။ ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ASEAN နိုင်ငံခြားရေးဝန်ကြီးအထူးစည်းဝေးပွဲ မနေ့တုန်းက ပြီးသွားခဲ့ပြီဆိုတော့ ဒီအစည်းအဝေးကနေ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တစုံတရာ ပေါ်ထွက်လာခဲ့တယ်လို့ ထင်ပါသလား။

ဦးကျော်ဇံသာ။ ။ အကောင်းမမြင်ရာများ ကျနေမလား မသိပါဘူး။ တကယ်တော့ အစကတည်းကနေ မမျှော်လင့်နိုင်တဲ့ ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ အာဆီယံဟာ စရိုက်မျိုးစုံ စနစ်မျိုးစုံရှိတဲ့ နိုင်ငံတွေကို စုပေါင်းဖွဲ့စည်းထားတာပါ။ ဒီမိုကရေစီနိုင်ငံတွေလည်း ပါတယ်၊ ကွန်မြူနစ် နိုင်ငံတွေလည်း ပါတယ်၊ နောက်ပြီးတော့ ဒီမိုကရေစီ ခေါင်းပေါင်းပေါင်းထားတဲ့ စစ်အုပ်ချုပ်ရေးနိုင်ငံလည်း ပါတယ်။ သက်ဦးဆံပိုင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံလည်းပါပါတယ်။ တကယ်တော့ပွင့်ပွင့်လင်းလင်းပြောရရင် အုတ်အရောရော၊ ကျောက်အရောရော နိုင်ငံမျိုးတွေပေါ့။ ဒီလိုနိုင်ငံတွေ စုပေါင်းထားတဲ့ အဖွဲ့အစည်းတခုက မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီးတော့ ဒီမိုကရေစီ ပေါ်ထွန်းဖို့ တောင်းဆိုနေတာကို ပြတ်ပြတ်သားသား ရပ်တည်ပြီးတော့ တွန်းအားသော်လည်းကောင်း၊ ဖိအား သော်လည်းကောင်းပေးမယ့် အခြေအနေမျိုး မဖြစ်လာနိုင်ဘူးလို့ ယူဆရပါတယ်။ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဘရှုနှိုင်းနိုင်ငံရဲ့ ထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင် တကြောင်းပဲပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတေ့ာ သူတို့ စိုးရိမ်မကင်းဖြစ်တယ်၊ ၂ ဖက်လုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြေလည်အောင်လုပ်ကြဖို့ ပြောထားပါတယ်။ အဲဒီတော့ အဲဒီကြေညာချက်တခုလုံးကို ကြည့်ရင် ‘ ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံအတွက် အရေးပေါ်ကျင်းပတဲ့ အစည်းအဝေးဟုတ်ပါရဲ့လား’ လို့တောင် မေးရမလိုဖြစ်နေပါတယ်။

မမြသဇင်အောင်။ ။ ဒီအစည်းအဝေးပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အာဆီယံ နိုင်ငံတွေအနေနဲ့ တခြားနိုင်ငံ ပြည်တွင်းရေးကို ဝင်မစွက်ရေး မူဝါဒကို မလွဲမသွေ ကျင့်သုံးရမယ်လို့ ပြောပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ဒီမိုကရေစီ စံနှုန်းတွေကို တန်ဖိုးထားဖို့ လူ့အခွင့်အရေးကို အလေးထားဖို့နဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံအုပ်ချုပ်ရေးနဲ့ ကိုက်ညီတဲ့ အစိုးရတရပ်ပေါ်ထွန်းရေးလည်း တန်းတူအရေးကြီးတယ်လို့ ပြောပါတယ်။ ဒီလိုအင်ဒိုနီးရှားက တိုက်တိုက်တွန်းတွန်းပြောလာတဲ့ အတွက် ဒါက တစုံတရာ လုပ်လာနိုင်တယ်ဆိုတဲ့ သဘောမျိုးလို့ ပြောလို့ ရနိုင်ပါသလား။

ဦးကျော်ဇံသာ။ ။ဟုတ်ကဲ့ အဲဒီမှာ သူများနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရ ဆိုတဲ့ မူအရ အာဆီယံကို တားမြစ်ထားသလို နောက်မူတခုကလည်း consensus ရမှ သာလျှင်ဆုံးဖြတ်တယ်ဆိုတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ စောစောကပြောခဲ့တဲ့ အုတ်အရောရော၊ ကျောက်အရောရော နိုင်ငံတွေထဲမှာ သဘောတူညီတဲ့ ဆုံးဖြတ်ချက်တခုချဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အင်ဒိုနီးရှားလို ဒီမိုကရေစီနိုင်ငံက အခုလိုပြောဆိုတာကတော့ သဘာ၀ ကျပါတယ်။ အင်ဒိုနီးရှားဟာ အာဆီယံ နိုင်ငံထဲမှာ အင်အားအကြီးဆုံး နိုင်ငံတွေဖြစ်လာတဲ့ ကမ္ဘာပေါ်မှာလည်း တတိယ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ပြီးရင် သူက တတိယ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ ဆိုတော့ သူ့ရဲ့ အဲဒီ ဒီမိုကရေစီ အရှိန်အဝါ ဂုဏ်သိက္ခာနဲ့ ညီအောင် ပြောကြားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ပြောတဲ့ အသံတွေဟာ ဒီမိုကရေစီအင်အားကြီး နိုင်ငံတခုဖြစ်တယ်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ ညီအောင် တကယ်လည်း လိုက်လိုက်လျောလျောပြောတယ်လို့ ယူဆနိုင်ပါတယ်။ သို့သော် တဖက်မှာ ASEAN အဖွဲ့ဝင်နိုင်ငံ တခုဖြစ်နေတဲ့အတွက်ကြောင့် ASEAN အဖွဲ့ဝင်တို့ရဲ့ သဘောထားလည်း သူပြောရတာဖြစ်ပါတယ်။ အဲဒါကတော့ ၂ ဖက်လုံး ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်ပြီးတော့ ပြန်လည် စေ့စပ်ဆွေးနွေးသင့်တယ်။ ပထမဦးဆုံး သူတို့ စပြီးတော့ လုပ်ခဲ့တဲ့ ကိစ္စဆိုရင် နောက် ၁ နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားတာကို အမှန်အတိုင်း တရားမျှတတဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တိုက်တွန်းတယ်ဆိုပြီးတော့ သူက စကားဦး စခဲ့တာရှိပါတယ်။ အဲဒါကို ကြားလို့ မြန်မာနိုင်ငံမှာ ဆန္ဒပြနေတဲ့ လူတွေရော CRPံH ရော ဒါကို အပြင်းအထန်ကန့်ကွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဆိုတော့ အင်ဒိုနီးရှား ရပ်တည်ချက်ဟာ တဖက်မှာ ဒီမိုကရေစီအင်အားကြီး နိုင်ငံ ၊ တဖက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဆိုတဲ့ ဒီ ၂ ခုကိုရောပေါင်းပြီးတော့ ရပ်တည်နေတဲ့ ရပ်တည်ချက်လို့ပဲ ပြောရင် မှားမယ်မဟုတ်ဘူး ထင်ပါတယ်။ တချိန်တည်းမှာပဲ မလေးရှားပြောတဲ့အထဲမှာ စိတ်ဝင်စားစရာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုဆိုတဲ့ကိစ္စကို အာဆီယံအဖွဲ့က စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးတော့ လွှတ်ပြီး စစ်ရေးရင်ကော ဆိုတဲ့ဟာ ပါပါတယ်။ သူတို့က အဲဒီလို တနိုင်ငံချင်းသဘောထားကို ထုတ်ပြန်ကြပေမယ့် တဖွဲ့လုံးအနေနဲ့ သဘောတူဖို့ ခဲယဉ်းလိမ့်မယ်လို့ ထင်ပါတယ်။

မမြသဇင်အောင်။ ။ ဟုတ်ကဲ့ပါ အန်ကယ် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အထူးအစည်းအဝေးပွဲက မနေ့တုန်းက ပြီးသွားပြီဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အာဆီယံရဲ့ လုပ်ရပ်ဟာ ဒီလောက်နဲ့ ပြီးသွားနိုင်မလား။ နိုင်ငံတကာက တုံ့ပြန်တာတွေဟာ အရင်ကနဲ့ မတူတာတွေလည်း ရှိတယ်ဆိုတော့ အခုတကြိမ်မှာ ဘာများ ထူးခြားလာမယ်လို့ ထင်ပါသလဲရှင်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ ဒီနေရာမှာတော့ မျှော်လင့်နိုင်တယ်လို့ ထင်ပါတယ် ဘာကြောင့်လဲဆိုတော့ အာဆီယံတခုတည်းအနေနဲ့ မဟုတ်သော်လည်း ၊ ကုလသမဂ္ဂ တို့ အမေရိကန် ပြည်ထောင်စုတို့ ၊ တရုတ်နိုင်ငံ စသဖြင့် ဒီနိုင်ငံတွေပါ ပါဝင်ပြီးတော့ ကမ္ဘာ့အသိုင်းအဝိုင်းတခုလုံးက တွန်းမယ်ဆိုရင်တော့ ရွေ့မယ်လို့ ထင်ပါတယ်။ တွန်းအားပေးတာနဲ့ ဖိအားပေးတာကို ကျနော်ခွဲပြီးပြောချင်တယ် အခု အနောက်နိုင်ငံတွေရဲ့ ရပ်တည်ချက်က ဖိအားပေးတာ pressure ပဲ ပေးနေကြတယ်။ အာဆီယံတို့နဲ့ ပေါင်းလိုက်ပြီးတော့ ဖိအားရောပေး တဖက်မှာလည်း တွန်းပါ push လုပ်ပါ သူတို့ကို ဒီမိုကရေစီဘက်ကိုရွေ့အောင် အဲလို ညှိနှိုင်းပေးရင်တော့ တနည်းတဖုံ ပြောင်းလဲလာနိုင်တယ်လို့ ကျနော်ထင်ပါတယ်။ အခုအခါမှာ နိုင်ငံတကာ ဖိအားရော တွန်းအားရော တော်တော်လေး ပြင်းထန်တယ် အရင်နဲ့ မတူဘူးဆိုတာ တွေ့ရပါတယ် ဒါကြောင့် ဒီကိစ္စမှာလည်း အဲလို ပူးပေါင်းပြီးတော့ဆောင်ရွက်ကြပါစေလို့ပဲ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG