သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ၀န္ႀကီးမ်ား ျမန္မာ႔အေရး အထူးစည္းေ၀းပဲြ က်င္းပမည္


မွတ္တမ္းဓါတ္ပံု- ၂၀၂၀ ႏို၀င္ဘာတုန္းက အာဆီယံအစည္းအေ၀းအတြင္း စကၤာပူႏိုင္ငံျခားေရးဝန္ႀကီး Vivian Balakrishnan ေျပာၾကားစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီး ဖမ္းဆီးထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ခ်က္ခ်င္းျပန္လႊတ္ေပးေရးေတာင္းဆိုမႈ အပါအဝင္ ျမန္မာ့အေရး ေဆြးေႏြးဖို႔ ဒီကေန႔ အဂၤါေန႔မွာ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြ အထူးအစည္းေဝးတရပ္ က်င္းပဖို႔ရွိေၾကာင္း စကၤာပူႏိုင္ငံျခားေရးဝန္ႀကီးက တနလၤာေန႔မွာ ေျပာပါတယ္။

အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အထူးအစည္းေဝးကို အြန္လိုင္းကေန က်င္းပမွာ ျဖစ္ၿပီး ဒီအစည္းေဝးမွာ ျမန္မာစစ္အာဏာပိုင္ေတြရဲ႕ ကိုယ္စားလွယ္ ဘာေတြေျပာၾကားမယ္ ဆိုတာကို နားေထာင္ၾကမွာ ျဖစ္ေၾကာင္း စကၤာပူႏိုင္ငံျခားေရးဝန္ႀကီး Vivian Balakrishnan က လႊတ္ေတာ္မွာ ေျပာပါတယ္။

ျမန္မာစစ္အာဏာပိုင္ေတြအေနနဲ႔ လူေသေစတဲ့ လက္နက္ေတြမသံုးဖို႔ ေတာင္းဆိုလိုက္တဲ့အျပင္ ေနာက္ထပ္ေသြးေျမက်တာ၊ အၾကမ္းဖက္တာနဲ႔ ေသဆံုးတာေတြ မျဖစ္ေအာင္ အေျခေနကို ခ်က္ခ်င္းထိန္းဖို႔လည္း ေျပာပါတယ္။

ရဲေတြရဲ႕အၾကမ္းဖက္ႏွိမ္နင္းမႈေတြေၾကာင့္ ဆႏၵျပသူ အနည္းဆံုး ၁၈ ေယာက္ထက္မနည္း တနဂၤေႏြေန႔ကေသဆံုးခဲ့ရေပမယ့္ တနလၤာေန႔မွာလည္း ျမန္မာျပည္သူေတြက ဆက္လက္ ခ်ီတက္ ဆႏၵျပေနၾကတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ ဒီမိုကေရစီေရးကူးေျပာင္းမႈ လမ္းေၾကာင္းေပၚျပန္ေရာက္လာဖို႔အပါအဝင္ ႏိုင္ငံတြင္း ႏိုင္ငံေရးျပႆနာအတြက္ ေရရွည္အေျဖရွာဖို႔ အဖြဲ႔အားလံုး ေတြ႕ဆံုေဆြးေႏြးၾကဖို႔လည္း ဝန္ႀကီး Vivian က တိုက္တြန္းခဲ့ပါတယ္။ ဒါဟာ သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ဖမ္းဆီးထားတဲ့ႏိုင္ငံေရးအက်ဥ္းသားေတြကို အျမန္လႊတ္ေပးမွသာ စတင္ႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္းလည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္တုန္းကေတာ့ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi ဟာ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး Don Pramudwinai နဲ႔အတူ ျမန္မာစစ္တပ္ရဲ႕ စီမံခန္႔ခြဲေရးေကာင္စီက ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ခန္႔အပ္ထားတဲ့ ဦးဝဏၰေမာင္လြင္နဲ႔ ဘန္ေကာက္မွာေတြ႕ဆံုခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


...........

အာဆီယံ ဝန်ကြီးများ မြန်မာ့အရေးအထူးစည်းဝေးပွဲ ကျင်းပမည်
(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးရေးတောင်းဆိုမှု အပါအဝင် မြန်မာ့အရေး ဆွေးနွေးဖို့ ဒီကနေ့ အင်္ဂါနေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အထူးအစည်းဝေးတရပ် ကျင်းပဖို့ရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းဝေးကို အွန်လိုင်းကနေ ကျင်းပမှာ ဖြစ်ပြီး ဒီအစည်းဝေးမှာ မြန်မာစစ်အာဏာပိုင်တွေရဲ့ ကိုယ်စားလှယ် ဘာတွေပြောကြားမယ် ဆိုတာ်ကု နားထောင်ကြမှာ ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က လွှတ်တော်မှာ ပြောပါတယ်။

မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ လူသေစေတဲ့ လက်နက်တွေမသုံးဖို့ တောင်းဆိုလိုက်တဲ့အပြင် နောက်ထပ်သွေးမြေကျတာ၊ အကြမ်းဖက်တာနဲ့ သေဆုံးတာတွေ မဖြစ်အောင် အခြေနေကို ချက်ချင်းထိန်းဖို့လည်း ပြောပါတယ်။

ရဲတွေရဲ့အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် ဆန္ဒပြသူ အနည်းဆုံး ၁၈ ယောက်ထက်မနည်း တနင်္ဂနွေနေ့ကသေဆုံးခဲ့ရပေမယ့် တနင်္လာနေ့မှာလည်း မြန်မာပြည်သူတွေက ဆက်လက် ချီတက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးကူးပြောင်းမှု လမ်းကြောင်းပေါ်ပြန်ရောက်လာဖို့အပါအဝင် နိုင်ငံတွင်း နိုင်ငံရေးပြဿနာအတွက် ရေရှည်အဖြေရှာဖို့ အဖွဲ့အားလုံး တွေ့ဆုံဆွေးနွေးကြဖို့လည်း ဝန်ကြီး Vivian က တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေကို အမြန်လွှတ်ပေးမှသာ စတင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တုန်းကတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နဲ့အတူ မြန်မာစစ်တပ်ရဲ့ စီမံခန့်ခွဲရေးကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဦးဝဏ္ဏမောင်လွင်နဲ့ ဘန်ကောက်မှာတွေ့ဆုံခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG