(Zawgyi/Unicode)
ျမန္မာနိုင္ငံက အာဏာသိမ္းကိစၥကို ေဆြးေႏြးဖို႔ အေရွ႕ေတာင္ အာရွနိုင္ငံမ်ား အဖြဲ႕ (အာဆီယံ) နိုင္ငံျခားေရး ဝန္ႀကီးအဆင့္ အထူး အစည္းအေဝးတစ္ရပ္ကို အဂၤါေန႔မွာ က်င္းပဖို႔ရွိလို႔ အာဆီယံ သံတမန္သတင္းရပ္ကြက္က ေသာၾကာေန႔က ေျပာပါတယ္။ ဒီအစည္းအေဝးက ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္တဲ့အစိုးရကို ျမန္မာစစ္တပ္က ျဖဳတ္ခ်ၿပီးတဲ့ေနာက္ အာဆီယံအဖြဲ႕ရဲ့ ပထမဆုံး အစည္းအေဝးျဖစ္လာမွာပါ။
အာဆီယံအဖြဲ႕ဝင္နိုင္ငံ ေတာ္ေတာ္မ်ားမ်ားက ဒီ အစည္းအေဝးကို တက္ေရာက္ဖို႔ အဆင္သင့္ ရွိေနသလို ျမန္မာစစ္တပ္ရဲ့ စစ္အုပ္ ခ်ဳပ္ေရးေကာင္စီက ခန္႔အပ္ထားတဲ့ ဝန္ႀကီးျဖစ္သူ ဦးဝဏၰေမာင္လြင္ကိုလည္း ဖိတ္ၾကားထားေၾကာင္း သတင္းအရင္းအျမစ္ေတြကို ကိုးကားၿပီး ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပထားပါတယ္။
ဒီအစည္းအေဝးကို လူကိုယ္တိုင္ တက္ေရာက္တာနဲ႔ ဗီြဒီယိုကတဆင့္ တက္ေရာက္တာ ႏွစ္မ်ိဳး စလုံးေရာၿပီး က်င္းပမွာ ျဖစ္ပါတယ္။ လူကိုယ္တိုင္ တက္ေရာက္မယ့္သူေတြက အာဆီယံ အတြင္းေရးမႉးခ်ဳပ္႐ုံး ရွိရာ အင္ဒိုနီးရွားနိုင္ငံ ဂ်ာကာတာ ၿမိဳ႕မွာ တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။
အာဏာသိမ္းၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ထိန္းသိမ္းထားတဲ့ ကိစၥနဲ႔ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီက တစ္ႏွစ္အၾကာ ေရြးေကာက္ပြဲ က်င္းပမယ္လို႔ကတိျပဳထားတဲ့ ကိစၥအေပၚမွာေတာ့ အာဆီယံ အဖြဲ႕ဝင္နိုင္ငံေတြအၾကား သေဘာထား မတူညီမႈေတြရွိလာနိုင္ပါတယ္။
စစ္တပ္အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြ ေန႔စဥ္ ျပဳလုပ္ေနတဲ့ ျမန္မာနိုင္ငံအတြင္းက ဆႏၵျပသူေတြကေတာ့ ျမန္မာ စစ္အုပ္စုက ခန္႔အပ္ထားတဲ့ နိုင္ငံျခားေရး ဝန္ႀကီး ပါဝင္တက္ေရာက္မႈအေပၚ ျပင္းျပင္းထန္ထန္ ကန္႔ကြက္ေနတာပါ။
အင္ဒိုနီးရွားနိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က ျမန္မာ့အေရး အာဆီယံ အစည္းအေဝး က်င္းပေရး ဦးေဆာင္ စည္း႐ုံးေနသူ ျဖစ္ပါတယ္။ ဝန္ႀကီး Retno Marsudi က သီတင္းပတ္ေတြထဲ အာဆီယံ လက္ရွိ ဥကၠဌ ဘ႐ူနိုင္းလ္နိုင္ငံနဲ႔ အဖြဲ႕ဝင္ စကၤာပူ နိုင္ငံေတြ အပါအဝင္ အဖြဲ႕ဝင္နိုင္ငံ ေတာ္ေတာ္မ်ားမ်ားကို သြားေရာက္ခဲ့ပါတယ္။
ဗုဒၶဟူးေန႔တုန္းကေတာ့ ထိုင္းနိုင္ငံမွာ Retno Marsudi က ထိုင္းနိုင္ငံျခားေရး ဝန္ႀကီး Don Pramudwinai နဲ႔ ျမန္မာ စစ္ေကာင္စီက ခန္႔အပ္ထားတဲ့ ဝန္ႀကီး ဦးဝဏၰေမာင္လြင္တို႔နဲ႔ သုံးပြင့္ဆိုင္ ေဆြးေႏြးခဲ့ပါတယ္။
.............
မြန်မာ့အရေး အာဆီယံ ရှေ့တပတ်ထဲ ဆွေးနွေးဖွယ်ရှိ
(Unicode)
မြန်မာနိုင်ငံက အာဏာသိမ်းကိစ္စကို ဆွေးနွေးဖို့ အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့ (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးအဆင့် အထူး အစည်းအဝေးတစ်ရပ်ကို အင်္ဂါနေ့မှာ ကျင်းပဖို့ရှိလို့ အာဆီယံ သံတမန်သတင်းရပ်ကွက်က သောကြာနေ့က ပြောပါတယ်။ ဒီအစည်းအဝေးက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့အစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချပြီးတဲ့နောက် အာဆီယံအဖွဲ့ရဲ့ ပထမဆုံး အစည်းအဝေးဖြစ်လာမှာပါ။
အာဆီယံအဖွဲ့ဝင်နိုင်ငံ တော်တော်များများက ဒီ အစည်းအဝေးကို တက်ရောက်ဖို့ အဆင်သင့် ရှိနေသလို မြန်မာစစ်တပ်ရဲ့ စစ်အုပ် ချုပ်ရေးကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးဖြစ်သူ ဦးဝဏ္ဏမောင်လွင်ကိုလည်း ဖိတ်ကြားထားကြောင်း သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒီအစည်းအဝေးကို လူကိုယ်တိုင် တက်ရောက်တာနဲ့ ဗွီဒီယိုကတဆင့် တက်ရောက်တာ နှစ်မျိုး စလုံးရောပြီး ကျင်းပမှာ ဖြစ်ပါတယ်။ လူကိုယ်တိုင် တက်ရောက်မယ့်သူတွေက အာဆီယံ အတွင်းရေးမှူးချုပ်ရုံး ရှိရာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့မှာ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ ကိစ္စနဲ့ စစ်အုပ်ချုပ်ရေး ကောင်စီက တစ်နှစ်အကြာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ကတိပြုထားတဲ့ ကိစ္စအပေါ်မှာတော့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထား မတူညီမှုတွေရှိလာနိုင်ပါတယ်။
စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ် ပြုလုပ်နေတဲ့ မြန်မာနိုင်ငံအတွင်းက ဆန္ဒပြသူတွေကတော့ မြန်မာ စစ်အုပ်စုက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေး ဝန်ကြီး ပါဝင်တက်ရောက်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာပါ။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာ့အရေး အာဆီယံ အစည်းအဝေး ကျင်းပရေး ဦးဆောင် စည်းရုံးနေသူ ဖြစ်ပါတယ်။ ဝန်ကြီး Retno Marsudi က သီတင်းပတ်တွေထဲ အာဆီယံ လက်ရှိ ဥက္ကဌ ဘရူနိုင်းလ်နိုင်ငံနဲ့ အဖွဲ့ဝင် စင်္ကာပူ နိုင်ငံတွေ အပါအဝင် အဖွဲ့ဝင်နိုင်ငံ တော်တော်များများကို သွားရောက်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းကတော့ ထိုင်းနိုင်ငံမှာ Retno Marsudi က ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai နဲ့ မြန်မာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ပါတယ်။