သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီးနဲ႔ ဆက္သြယ္ေျပာဆိုမႈ CRPH အတည္ျပဳ


CRPH (ဓာတ္ပံု - Committee Representing Pyidaungsu Hluttaw - CRPH's website)

[Zawgyi/Unicode]

အာဆီယံအဖြဲ႔အေနနဲ႔ ပဋိညာဥ္စာတမ္းပါ မူအတိုင္းရပ္တည္ေပးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီးကို ေျပာခဲ့တယ္လို႔ CRPH ေကာ္မတီဝင္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ဗီြအိုေအကိုေျပာပါတယ္။ အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီးက သူ ျမန္မာျပည္လာမယ့္အေပၚ သေဘာထားကို CRPH ကိုေမးျမန္းခဲ့ၿပီးတဲ့့ေနာက္ ခရီးစဥ္ကို ဖ်က္သိမ္းခဲ့တာလို႔လည္း ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ျမန္မာ့အေရးကို ဝင္ၿပီး ေျဖရွင္းေပးဖို႔ ႀကိဳးစားေနတဲ့ အင္ဒိုနီးရွားနိုင္ငံျခားေရးဝန္ႀကီးဟာ ကနဦး စီစဥ္ထားတဲ့ ျမန္မာျပည္ခရီးစဥ္မတိုင္ခင္ ေဖေဖာ္ဝါရီ ၂၃ ရက္မွာ ကုလသမဂၢအထူးသံတမန္ကတဆင့္ အင္ဒိုနီးရွား နိုင္ငံျခားေရးဝန္ႀကီးဌာန အရာရွိခ်ဳပ္က ဆက္သြယ္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ရဲ႕ သေဘာထားကို ေတာင္းခံခဲ့တာပါ။

ျမန္မာ့ နိုင္ငံေရးအၾကပ္အတည္းမွာ အင္ဒိုနီးရွားနိုင္ငံအေနနဲ႔ အာဆီယံ ပဋိညာဥ္ပါ မူေတြအတိုင္း ရပ္တည္ေပးဖို႔ ေမၽွာ္လင့္ေၾကာင္း CRPH ဘက္က တုံ႔ျပန္လိုက္ၿပီးတဲ့ေနာက္ အင္ဒိုနီးရွားနိုင္ငံျခားေရးဝန္ႀကီးဟာ သူ႔ရဲ့ ျမန္မာျပည္ခရီးစဥ္ကို ဖ်က္သိမ္းလိုက္တာျဖစ္ေၾကာင္း CRPH ကိုယ္စားလွယ္တဦးျဖစ္တဲ့ ဦးလြင္ကိုလတ္က ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔ နိုင္ငံျခားေရး႐ုံး အႀကီးအကဲက ဖုန္းလွမ္းဆက္တာပါ။ က်ေနာ္တို႔ဘက္က ေျပာလိုက္တာကေတာ့ ဒီအစိုးရက unconstitutionally ေပါ့... coup (အာဏာသိမ္း) လုပ္ထားတာျဖစ္တယ္ေပါ့။ ဒါေၾကာင့္ အာဆီယံ charter နဲ႔လည္း မညီဘူးေပါ့ေနာ္။ ဒါေၾကာင့္ အာဆီယံ charter အတိုင္းပဲ ရပ္တည္ေပးဖို႔ အဓိက က်ေနာ္တို႔ ေျပာခဲ့တာပါ။ ျမန္မာနိုင္ငံကို လာမယ့္ခရီးစဥ္ေတာ့ ပ်က္သြားတယ္ေပါ့ေနာ္။ ပ်က္သြားၿပီးေတာ့ ထိုင္းဘက္မွာ သြားေတြ႕တဲ့ အေနအထားမ်ိဳးရွိတယ္။ က်ေနာ္တို႔အေနနဲ႔က ေျပာရလို႔ရွိရင္ အာဆီယံအေနနဲ႔ေတာ့ လက္ရွိ အာဏာသိမ္းထားတဲ့ စစ္ေကာင္စီကို က်ေနာ္တို႔က က်ဥ္ထားေစခ်င္တယ္။ ဒါက က်ေနာ္တို႔ ခိုင္ခိုင္မာမာ ေျပာတာေပါ့ေနာ္။”

အဲဒီေနာက္ ေဖေဖာ္ဝါရီ ၂၄ ရက္မွာ အင္ဒိုနီးရွားနိုင္ငံျခားေရးဝန္ႀကီး Retno Marsudi ဟာ စစ္တပ္ဖြဲ႔စည္းထားတဲ့ အုပ္ခ်ဳပ္ေရးေကာင္စီက ခန႔္အပ္ထားတဲ့ နိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္နဲ႔ ထိုင္းနိုင္ငံမွာေတြ႕ဆုံခဲ့ပါတယ္။ ဒီေတြ႕ဆုံမႈအေပၚမွာ ေဝဖန္မႈေတြရွိခဲ့ၿပီး အင္ဒိုနီရွားနိုင္ငံျခားေရးဌာနဘက္ကေတာ့ ဒါဟာ ႀကိဳတင္စီစဥ္ထားတဲ့ ေတြ႕ဆုံမႈမဟုတ္ေၾကာင္း CRPH ကို အေၾကာင္းျပန္ခဲ့တယ္လို႔ ဆိုပါတယ္။

“ထိုင္းမွာ ေတြ႕ဆုံၿပီးတဲ့ေနာက္ပိုင္းေတာ့ က်ေနာ္တို႔ဘက္ကလည္း ဒီေတြ႕ဆုံမႈနဲ႔ပတ္သက္ၿပီး ဘယ္လိုေတြ႕ဆုံတာလဲဆိုေတာ့ သူတို႔ဘက္က ေျပာတာကေတာ့ သူတို႔ နိုင္ငံျခားေရးဝန္ႀကီး အစည္းအေဝးထဲမွာေတာ့ မပါပါဘူး။ ဒီဥစၥာက ေအာက္ကိုေရာက္တဲ့အခါမွာ ေအာက္မွာက ေတြ႕ဖို႔ စီစဥ္ၿပီးသားျဖစ္လို႔ အလြတ္သေဘာ ေတြ႕တဲ့သေဘာမ်ိဳးလို႔ က်ေနာ္တို႔ကို အေၾကာင္းျပန္သြားတာ ရွိပါတယ္။”

အာဆီယံအေနနဲ႔ လက္ရွိျမန္မာ့အေရးကို ကိုင္တြယ္တာမမွန္ရင္ ေဝဖန္မႈေတြနဲ႔ ဆက္ၿပီးရင္ဆိုင္ရႏုိင္တယ္လို႔ လူ႔အခြင့္ေရး ကာကြယ္ေစာင့္ေရွာက္သူမ်ားဖိုရမ္ (HRDF) ဥကၠ႒ ဦးေအာင္ေဇာ္ဦးက ဗြီအိုေအကို ေျပာပါတယ္။

“အာဆီယံအတြက္လည္း အရွက္ရစရာလည္း ျဖစ္တယ္။ ဒီကိစၥမွာသူတို႔ ကိုင္တြယ္မႈေတြ မွားမယ္ဆိုရင္ေတာ့ အာဆီယံအတြက္လည္း မေကာင္းသလို၊ က်ေနာ္တို႔ ျမန္မာနိုင္ငံရဲ့ ေရွ႕အလားအလာေပါ့.. အာဆီယံထဲမွာ သြားမယ့္ကိစၥေတြဟာလည္း ကမၻာ့ရဲ့ အျမင္ေတြမွာလည္း မေကာင္းနိုင္ပါဘူး။ UN တို႔၊ EU တို႔၊ အေမရိကန္တို႔။”

အာဆီယံနိုင္ငံေတြအေနနဲ႔ ျမန္မာ့နိုင္ငံေရးကို သုံးသပ္၊ ေျဖရွင္းေပးတာမွာ မွားယြင္းတဲ့ပုံစံရွိၿပီး ဒါကိုလူထုက လက္ခံမွာမဟုတ္သလို လူထုရဲ့ နိုင္ငံေရးေရခ်ိန္ ျမင့္တက္လာတဲ့အေပၚမွာ အာဆီယံက သတိထား ကိုင္တြယ္ရလိမ့္မယ္လို႔ ဦးေအာင္ေဇာ္ဦးက ဆက္ေျပာပါတယ္။

“လူထုကလည္း ဒီကိစၥႀကီးက သူတို႔မဲေပးထားတဲ့ဟာႀကီးကို သက္သက္မဲ့ အရွက္ခြဲလိုက္တာလည္း ျဖစ္သလို၊ အခြင့္အေရး ခ်ိဳးေဖာက္လိုက္တာလည္း ျဖစ္တယ္ဆိုေတာ့ လူငယ္ေတြရဲ့ အုံႂကြမႈကလည္း ႀကီးလာတဲ့အခ်ိန္က်ေတာ့ အာဆီယံကလည္း မေနသာေလာက္ဘူး။ ဒီကိစၥမွာ သူတို႔ ပါးပါးနပ္နပ္နဲ႔ လက္ဝင္လွ်ိဳမွရမယ္။ အရင္လို မ်က္ႏွာလႊဲခဲပစ္ေနတဲ့ပုံစံ ေနလို႔မရသလို၊ သူတို႔ဝင္ပါရင္ေတာင္မွ လူထုေက်နပ္ေလာက္တဲ့ အတိုင္းအတာအထိ ဝင္ပါမွ လက္ရွိသြားေနတဲ့ လူထုကလည္း လက္ခံနိုင္မွာပါ။”

၂၂၂၂၂ လူထုလႈပ္ရွားမႈေန႔က ျမန္မာတနိုင္ငံလုံးမွာ ဆႏၵျပသူဦးေရ သန္းနဲ႔ခ်ီရွိခဲ့တာပါ။ အဲဒီေနာက္ပိုင္း ရက္ေတြမွာလည္း ဆႏၵျပသူေတြက အေမရိကန္၊ အီးယူ၊ ကုလသမဂၢ၊ ဂ်ပန္၊ ႐ုရွား၊ တ႐ုတ္၊ အင္ဒိုနီးရွား၊ ထိုင္း စတဲ့ နိုင္ငံတကာသံ႐ုံးေတြေရွ႕မွာ ဆက္ၿပီးဆႏၵျပၾကေပမဲ့ ရဲအင္အား အေျမာက္အမ်ားနဲ႔ တားဆီးပိတ္ဆုိ႔တာေတြ လုပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆက်သွယ်ပြောဆိုမှု CRPH အတည်ပြု

အာဆီယံအဖွဲ့အနေနဲ့ ပဋိညာဉ်စာတမ်းပါ မူအတိုင်းရပ်တည်ပေးဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့တယ်လို့ CRPH ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက သူ မြန်မာပြည်လာမယ့်အပေါ် သဘောထားကို CRPH ကိုမေးမြန်းခဲ့ပြီးတဲ့နောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာလို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

မြန်မာ့အရေးကို ဝင်ပြီး ဖြေရှင်းပေးဖို့ ကြိုးစားနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ကနဦး စီစဉ်ထားတဲ့ မြန်မာပြည်ခရီးစဉ်မတိုင်ခင် ဖေဖော်ဝါရီ ၂၃ ရက်မှာ ကုလသမဂ္ဂအထူးသံတမန်ကတဆင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိချုပ်က ဆက်သွယ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ သဘောထားကို တောင်းခံခဲ့တာပါ။

မြန်မာ့ နိုင်ငံရေးအကြပ်အတည်းမှာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အာဆီယံ ပဋိညာဉ်ပါ မူတွေအတိုင်း ရပ်တည်ပေးဖို့ မျှော်လင့်ကြောင်း CRPH ဘက်က တုံ့ပြန်လိုက်ပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်ကြောင်း CRPH ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးလွင်ကိုလတ်က ဗွီအိုအေကို ပြောပါတယ်။

“သူတို့ နိုင်ငံခြားရေးရုံး အကြီးအကဲက ဖုန်းလှမ်းဆက်တာပါ။ ကျနော်တို့ဘက်က ပြောလိုက်တာကတော့ ဒီအစိုးရက unconstitutionally ပေါ့... coup (အာဏာသိမ်း) လုပ်ထားတာဖြစ်တယ်ပေါ့။ ဒါကြောင့် အာဆီယံ charter နဲ့လည်း မညီဘူးပေါ့နော်။ ဒါကြောင့် အာဆီယံ charter အတိုင်းပဲ ရပ်တည်ပေးဖို့ အဓိက ကျနော်တို့ ပြောခဲ့တာပါ။ မြန်မာနိုင်ငံကို လာမယ့်ခရီးစဉ်တော့ ပျက်သွားတယ်ပေါ့နော်။ ပျက်သွားပြီးတော့ ထိုင်းဘက်မှာ သွားတွေ့တဲ့ အနေအထားမျိုးရှိတယ်။ ကျနော်တို့အနေနဲ့က ပြောရလို့ရှိရင် အာဆီယံအနေနဲ့တော့ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ကျနော်တို့က ကျဉ်ထားစေချင်တယ်။ ဒါက ကျနော်တို့ ခိုင်ခိုင်မာမာ ပြောတာပေါ့နော်။”

အဲဒီနောက် ဖေဖော်ဝါရီ ၂၄ ရက်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ စစ်တပ်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ထိုင်းနိုင်ငံမှာတွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုအပေါ်မှာ ဝေဖန်မှုတွေရှိခဲ့ပြီး အင်ဒိုနီရှားနိုင်ငံခြားရေးဌာနဘက်ကတော့ ဒါဟာ ကြိုတင်စီစဉ်ထားတဲ့ တွေ့ဆုံမှုမဟုတ်ကြောင်း CRPH ကို အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

“ထိုင်းမှာ တွေ့ဆုံပြီးတဲ့နောက်ပိုင်းတော့ ကျနော်တို့ဘက်ကလည်း ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဘယ်လိုတွေ့ဆုံတာလဲဆိုတော့ သူတို့ဘက်က ပြောတာကတော့ သူတို့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးထဲမှာတော့ မပါပါဘူး။ ဒီဥစ္စာက အောက်ကိုရောက်တဲ့အခါမှာ အောက်မှာက တွေ့ဖို့ စီစဉ်ပြီးသားဖြစ်လို့ အလွတ်သဘော တွေ့တဲ့သဘောမျိုးလို့ ကျနော်တို့ကို အကြောင်းပြန်သွားတာ ရှိပါတယ်။”

အာဆီယံအနေနဲ့ လက်ရှိမြန်မာ့အရေးကို ကိုင်တွယ်တာမမှန်ရင် ဝေဖန်မှုတွေနဲ့ ဆက်ပြီးရင်ဆိုင်ရနိုင်တယ်လို့ လူ့အခွင့်ရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ် (HRDF) ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ဗွီအိုအေကို ပြောပါတယ်။

“အာဆီယံအတွက်လည်း အရှက်ရစရာလည်း ဖြစ်တယ်။ ဒီကိစ္စမှာသူတို့ ကိုင်တွယ်မှုတွေ မှားမယ်ဆိုရင်တော့ အာဆီယံအတွက်လည်း မကောင်းသလို၊ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာပေါ့.. အာဆီယံထဲမှာ သွားမယ့်ကိစ္စတွေဟာလည်း ကမ္ဘာ့ရဲ့ အမြင်တွေမှာလည်း မကောင်းနိုင်ပါဘူး။ UN တို့၊ EU တို့၊ အမေရိကန်တို့။”

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာ့နိုင်ငံရေးကို သုံးသပ်၊ ဖြေရှင်းပေးတာမှာ မှားယွင်းတဲ့ပုံစံရှိပြီး ဒါကိုလူထုက လက်ခံမှာမဟုတ်သလို လူထုရဲ့ နိုင်ငံရေးရေချိန် မြင့်တက်လာတဲ့အပေါ်မှာ အာဆီယံက သတိထား ကိုင်တွယ်ရလိမ့်မယ်လို့ ဦးအောင်ဇော်ဦးက ဆက်ပြောပါတယ်။

“လူထုကလည်း ဒီကိစ္စကြီးက သူတို့မဲပေးထားတဲ့ဟာကြီးကို သက်သက်မဲ့ အရှက်ခွဲလိုက်တာလည်း ဖြစ်သလို၊ အခွင့်အရေး ချိုးဖောက်လိုက်တာလည်း ဖြစ်တယ်ဆိုတော့ လူငယ်တွေရဲ့ အုံကြွမှုကလည်း ကြီးလာတဲ့အချိန်ကျတော့ အာဆီယံကလည်း မနေသာလောက်ဘူး။ ဒီကိစ္စမှာ သူတို့ ပါးပါးနပ်နပ်နဲ့ လက်ဝင်လျှိုမှရမယ်။ အရင်လို မျက်နှာလွှဲခဲပစ်နေတဲ့ပုံစံ နေလို့မရသလို၊ သူတို့ဝင်ပါရင်တောင်မှ လူထုကျေနပ်လောက်တဲ့ အတိုင်းအတာအထိ ဝင်ပါမှ လက်ရှိသွားနေတဲ့ လူထုကလည်း လက်ခံနိုင်မှာပါ။”

၂၂၂၂၂ လူထုလှုပ်ရှားမှုနေ့က မြန်မာတနိုင်ငံလုံးမှာ ဆန္ဒပြသူဦးရေ သန်းနဲ့ချီရှိခဲ့တာပါ။ အဲဒီနောက်ပိုင်း ရက်တွေမှာလည်း ဆန္ဒပြသူတွေက အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂ၊ ဂျပန်၊ ရုရှား၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း စတဲ့ နိုင်ငံတကာသံရုံးတွေရှေ့မှာ ဆက်ပြီးဆန္ဒပြကြပေမဲ့ ရဲအင်အား အမြောက်အများနဲ့ တားဆီးပိတ်ဆို့တာတွေ လုပ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG