သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာသမၼတနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္ကို ျပန္လႊတ္ဖို႔ အာဆီယံေခါင္းေဆာင္ေတြ တိုက္တြန္း


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (ဝဲ) နဲ႔ သမၼတ ဦးဝင္းျမင့္ (ယာ) (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ဖမ္းဆီးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ကိစၥနဲ႔ ပတ္သက္လို႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို အျမန္ဆံုးျပန္လႊတ္ေပးဖို႔ စကၤာပူႏိုင္ငံက ေတာင္းဆိုလိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ လက္နက္မဲ့ အရပ္သားေတြအေပၚ ေသေစတဲ့ လက္နက္ေတြ သံုးေနတာ ရပ္ဖို႔၊ ေနာက္ထပ္ ေသဆံုးမႈေတြ၊ ေသြးထြက္သံယိုမႈေတြ မျဖစ္ေအာင္ စစ္အာဏာပိုင္ေတြအေနနဲ႔ ခ်က္ခ်င္းလုပ္ရမယ္လို႔ စကၤာပူႏိုင္ငံျခားေရးဝန္ႀကီး Dr. Vivian Balakrishnan ကေျပာၾကားခဲ့ပါတယ္။

သူက သမၼတဦးဝင္းျမင့္လို႔ သံုးစြဲေခၚေဝၚခဲ့သလို ျမန္မာစစ္အာဏာပိုင္ေတြလို႔ အာဏာသိမ္းယူအုပ္ခ်ဳပ္ေနသူေတြကို သံုးႏႈန္းပါတယ္။ စကၤာပူႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီအေျပာင္းအလဲအတြက္ ဆက္ၿပီးေထာက္ခံေနပါတယ္လို႔လည္း စကၤာပူႏိုင္ငံျခားေရးဝန္ႀကီးက သူ႔ရဲ မိန္႔ခြန္းထဲမွာ ေျပာၾကားပါတယ္။ ျမန္မာႏိုင္ငံ အေျခအေန ဆက္မဆိုးေအာင္ အေရးတႀကီး ဦးစားေပးလုပ္ဖို႔ လိုအပ္တယ္ဆိုတာကိုလည္း သူက အေသအခ်ာေျပာပါတယ္။ ျမန္မာအာဏာပိ္ုင္ေတြအေနနဲ႔ အေျခအေနကို အတတ္ႏိုင္ဆံုး ထိန္းထိန္းသိမ္းသိမ္း လုပ္ပါမယ္။ ေသေစႏိုင္တဲ့လက္နက္ေတြ အသံုးျပဳတာ ရပ္ပါမယ္။ ေနာက္ထပ္ အၾကမ္းဖက္ ေသြးထြက္သံယို မျဖစ္ေအာင္ အာမခံပါမယ္ဆိုတာကို ဒီေန႔ လူသိရွင္ၾကား ကတိျပဳပါလို႔လည္း စကၤာပူႏိုင္ငံက ေတာင္းဆိုခဲ့ပါတယ္။

အင္ဒိုနီးရွားႏိ္ုင္ငံကလည္း ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔နဲ႔ လံုျခံဳေရးတပ္ဖဲြ႕ေတြဘက္က အင္အားသံုးေနတာကို ထိန္းဖို႔ ေတာင္းဆိုခ့ဲပါတယ္။

"လံုျခံဳေရးတပ္ေတြအေနနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြကို ရပ္ဖို႔ အင္ဒိုနီးရွားက ေတာင္းဆိုပါတယ္။ ျမန္မာႏိုင္ငံမွာ လူေသေစတဲ့အထိ အၾကမ္းဖက္ေနမႈအတြက္ အင္ဒိုနီရွားႏိုင္ငံက စိုးရိမ္တယ္။ အရပ္သားေတြ ထိခိုက္ ေသဆံုးေနတာ၊ ဖမ္းဆီးခံေနရတာေတြဟာ စိုးရိမ္စရာျဖစ္တယ္။" လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က ေျပာၾကားသြားတာျဖစ္ပါတယ္။

မေလးရွားႏိုင္ငံကလည္း ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဖမ္းဆီးထားတဲ့ အစိုးရ ေခါင္းေဆာင္ေတြကို ျပန္လႊတ္ေပးဖို႔ေတာင္းဆိုပါတယ္။ ၿပီးခဲ့တဲ့ ႏိုင္ဝင္ဘာေရြးေကာက္ပြဲမွာ မဲမသာမႈေတြရွိႏိုင္တယ္ဆိုတဲ့ စစ္တပ္တဲ့ စြပ္စြဲခ်က္ေတြကို စံုစမ္းႏိုင္ေရး အာဆီယံက ကၽြမ္းက်င္သူအဖဲြ႕ ဖဲြ႕စည္းေပးဖို႔ အဆိုျပဳခဲ့ပါတယ္။ ဒီေန႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ Online ေပၚမွာ အလြတ္သေဘာ ေတ႔ြဆံုၿပီး ျမန္မာ့အေရးအတြက္ ဘယ္လို အေျဖရွာႏိုင္မလဲဆိုတာ ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

ကုလသမဂၢလံုျခံဳေရးေကာင္စီမွာေတာ့ အေမရိကန္ျပည္ေထာင္စု ဥကၠ႒တာဝန္ယူတဲ့ ကာလအတြင္း ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္လု႔ိ ထဲထဲဝင္ဝင္ေဆြးေႏြးဖို႔ တိုက္တိုက္တြန္းတြန္းလုပ္သြားမယ္လို႔ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က မေန႔က ေျပာၾကားခဲ့ပါတယ္။

"ျမန္မာႏိုင္ငံက အေျခအေနကို ကမာၻႀကီးက ေစာင့္ၾကည့္ေနတယ္ဆိုတာ ရွင္းပါတယ္။ ျပည္သူေတြ ရက္ရက္စက္စက္ လုပ္ခံေနရတာ၊ လူ႔အခြင့္အေရးခ်ဳိးေဖာက္ခံေနရတာကို ဒီတိုင္း ထိုင္ၾကည့္ေနလို႔ မျဖစ္ဘူးဆိုတာလည္း ရွင္းပါတယ္။ ဒီကိစၥကို က်မ သိပ္ကို အေလးအနက္ထားပါတယ္။ လာမယ့္ရက္ပိုင္းေတြအတြင္း ျမန္မာ့အေရးကိစၥကို ေဆြးေႏြးသြားဖို႔ရွိပါတယ္လို႔ ကုလသမဂၢလံုျခံဳေရးေကာင္စီ အလွည့္က် ဥကၠ႒ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ကေျပာၾကားခဲ့တာျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာျပည္သူေတြဘက္က ခိုင္ခိုင္မာမာ ရပ္တည္ေနတယ္။" လို႔လည္း မေန႔ကသတင္းစာရွင္းပြဲမွာ သူကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္တပ္က အရပ္သားအစိုးရကို အာဏာျပန္ေပးေအာင္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ New York ၿမိဳ႕ ကုလသမဂၢမွာေရာ ႏိုင္ငံတကာမွာ ခ်ဥ္းကပ္ႀကိဳးစားဖို႔ သႏၷိဌာန္ ခ်ထားပါတယ္။ ဒါေပမဲ့ အာဏာသိ္မ္းထားသူေတြဖက္ကလည္း လြယ္လြယ္ ေလွ်ာ့ေပးမယ့္ပံု မရတဲ့အတြက္ သူတို႔အေပၚ ဖိအားတိုးေပးရမယ္လို႔လည္း သံအမတ္ႀကီး Thomas-Greenfield က တနလၤာေန႔က ေျပာၾကားခဲ့ပါတယ္။ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ ပတ္သက္လို႔လည္း ကုလသမဂၢဆိုင္ရာသံအမတ္ႀကီးအျဖစ္ သူ႔ကို ဖယ္ရွားဖို႔အတြက္ တရားဝင္ ေတာင္းဆိုတာမ်ဳိး မေတြ႕ရေသးေၾကာင္းနဲ႔ လက္ရွိမွာေတာ့ သူဟာ ျမန္မာႏိုင္ငံကိုယ္စားျပဳ သံအမတ္ႀကီးျဖစ္တယ္လို႔ ကုလသမဂၢလံုျခံဳေရးေကာင္စီ အလွည့္က် ဥကၠ႒က ေျပာၾကားခဲ့ပါတယ္။

အလားတူ အေမရိကန္ျပည္ေထာင္စုကလည္း ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ မူဝါဒ အေျပာင္းအလဲမရွိေသးတဲ့အတြက္ NLD အစိုးရကိုသာ လက္ရွိ အစိုးရအျဖစ္ သတ္မွတ္ထားဆဲျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Ned Price က မေန႔တုန္းက သတင္းစာရွင္းပြဲမွာ ေျပာၾကားသြားပါတယ္။

"NLD အစိုးရသာ ႏိုင္တကာအသိအမွတ္ ျပဳထားတဲ့ အစိုးရျဖစ္ပါတယ္။" လို႔ မေန႔က လုပ္တဲ့ သတင္းစာရွင္းပြဲမွာ ေျပာၾကားသြားတာျဖစ္ပါတယ္။ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ၿပီး ႏိုင္ငံတဝန္း သတၱိရွိစြာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း လမ္းေပၚထြက္ဆႏၵျပေနၾက ေထာင္ေပါင္းမ်ားစြာနဲ႔အတူ အေမရိကန္ျပည္ေထာင္စုက ရပ္တည္ေနတယ္လို႔လည္း သူက ထပ္ၿပီးေတာ့ ေျပာပါတယ္။ ျမန္မာစစ္တပ္အေနနဲ႔ ဒီမိုကေရစီနည္းက် ေရြးေကာက္ခံထားရတဲ့ အစိုးရလက္ကို အာဏာျပန္အပ္ဖို႔ ျငင္းဆန္ေနမယ္။ ၿငိမ္းခ်မ္းစြာဆႏၵျပေနၾကသူေတြကို အၾကမ္းဖက္မႈ မရပ္ဘူးဆိုရင္ အေမရိကန္က ေနာက္ထပ္ အေရးယူ ဒဏ္ခတ္မႈေတြ လုပ္သြားမွာျဖစ္တယၤလို႔လည္း ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Ned Price က တနလၤာေန႔က သတင္းစာရွင္းပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။

ေရြးေကာက္ခံ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က ႏိုင္ငံျခားေရးဝန္ႀကီးအပါအဝင္ ေခတၱ ျပည္ေထာင္စုဝန္ႀကီး ေလး ေယာက္ ခန္႔အပ္လိုက္ပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ေဒၚဇင္မာေအာင္၊ သမၼတရံုးဝန္ႀကီးအျဖစ္ ဦးလြင္ကိုလတ္၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနစတဲ့ ဝန္ႀကီးဌာန သံုး ခုကို တာဝန္ယူဖို႔ ဦးတင္ထြန္းႏိုင္ကို ဝန္ႀကီးအျဖစ္တာဝန္ေပးသလို၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန၊ ပညာေရးဝန္ႀကီးဌာန၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနစတဲ့ ဝန္ႀကီးဌာန သံုး ခုအတြက္ ေဒါက္တာေဇာ္ေဝစိုး တို႔ကို CRPH က ေခတၱ ျပည္ေထာင္စုဝန္ႀကီး ခန္႔အပ္တာဝန္ေပးလိုက္တာျဖစ္ပါတယ္။ သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ဦးေဆာင္တဲ့ အစိုးရကို စစ္အာဏာသိမ္းအုပ္စုက အဓမၼနည္းနဲ႔ ဖယ္ရွား အာဏာသိမ္းယူထားတာေၾကာင့္ ျပည္ေထာင္စုဝန္ႀကီးေတြအေနနဲ႔ လက္ရွိတာဝန္ထမ္းေဆာင္ႏိုင္တဲ့ အေျခအေန မရွိတာေၾကာင့္ အခုလို ေခတၱဝန္ႀကီးေတြ ခန္႔အပ္တာျဖစ္တယ္လို႔ CRPH ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ ႏိုင္ငံေတာ္အစိုးရရဲ႕ လုပ္ငန္းတာဝန္ေတြကို ထိေရာက္စြာ ေဆာင္႐ြက္ဖို႔အတြက္ သင့္ေတာ္တဲ့ ပုဂၢိဳလ္ေတြကို လိုအပ္သလို ဆက္ၿပီး တာဝန္ေပးသြားမယ္လို႔လည္း ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ကေျပာၾကားထားပါတယ္။

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပြဲေတြ ျမန္မာႏိုင္ငံတဝန္းမွာ ဒီေန႔လည္း ဆက္လုပ္ေနၾကသလို၊ လံုျခံဳေရးေတြကလည္း အင္အားသံုးၿဖိဳခြဲမႈေတြ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ထဲမွာကို စမ္းေခ်ာင္း၊ ကမာရြတ္၊ ဗိုလ္တေထာင္၊ ပုဇြန္ေတာင္၊ တာေမြ၊ သကၤန္းကၽြန္းစတဲ့ေနရာအႏွံ႔မွာ ဆႏၵျပသူေတြကို မ်က္ရည္ယိုဗံုးေတြ၊ အသံဗံုးေတြ၊ ရာဘာက်ည္ေတြနဲ႔ ပစ္ခတ္ၿဖိဳခဲြပါတယ္။

မ်က္ရည္ယိုဗံုးေတြ ပစ္ေနတဲ့အတြက္ ဝပ္ေနၾကဖို႔ ေအာ္ေျပာေနၾကတဲ့ အသံေတြျဖစ္ပါတယ္။ ဒီလိုအေျခအေနၾကားမွာပဲ ဆႏၵျပသူေတြဘက္ကလည္း အကာအကြယ္ေတြယူၿပီး အေလွ်ာ့မေပး ဆႏၵျပခဲ့ၾကပါတယ္။

"ဒို႔အေရး၊ ဒို႔အေရး။ ဖမ္းဆီးထားေသာ ေခါင္းေဆာင္မ်ား... ခ်က္ခ်င္းလႊတ္၊ ခ်က္ခ်င္းလႊတ္။"

ရန္ကုန္ၿမိဳ႕မွာ ထိခိုက္၊ ေသဆံုးတဲ့သတင္းေတြ ဒီေန႔ မၾကားရေပမဲ့ ဖမ္းဆီးခံရ ဆယ္ဂဏန္း ရွိပါတယ္။ ခ်င္းျပည္နယ္ ကေလးၿမိဳ႕မွာေတာ့ လက္နက္ကိုင္တပ္ေတြ က်ည္အစစ္ေတြနဲ႔ ပစ္ခတ္မႈေၾကာင့္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရသူ ႏွစ္ ေယာက္အပါအဝင္ တဒါဇင္ေက်ာ္ ဒဏ္ရာရရွိခဲ့ပါတယ္။ မႏၲေလး၊ မံုရြာ၊ ျမစ္ႀကီးနား၊ ထားဝယ္ၿမိဳ႕ေတြမွာလည္း ဆႏၵျပသူေတြကို အင္အားသံုး အၾကမ္းဖက္ ၿဖိဳခဲြခဲ့ပါတယ္။ ေတာင္ႀကီးၿမိဳ႕မွာ ဆႏၵျပသူ အမ်ားအျပား ဖမ္းဆီးခံရပါတယ္။ ထားဝယ္မွာဆို အရင္ေန႔ေတြက ေသဆံုးခဲ့သူေတြအတြက္ ေအာက္ေမ့ဘြယ္ အခမ္းအနားလုပ္ေနသူေတြကို မ်က္ရည္ယိုဗံုးေတြ သံုးၿဖိဳခဲြခဲ့ပါတယ္။ ျမစ္ႀကီးနားၿမိဳ႕က ဆိုင္ကယ္နဲ႔ ဆႏၵျပသူေတြက္ိုေတာ့ လံုျခံဳေရးေတြက ေလာက္ေလးဂြနဲ႔ ပစ္လို႔ ေတာ္ေတာ္မ်ားမ်ား ဒဏ္ရာရခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာသမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြန်လွှတ်ဖို့ အာဆီယံခေါင်းဆောင်တွေ တိုက်တွန်း

မြန်မာနိုင်ငံမှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်း အုပ်ချုပ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ စင်္ကာပူနိုင်ငံက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်မဲ့ အရပ်သားတွေအပေါ် သေစေတဲ့ လက်နက်တွေ သုံးနေတာ ရပ်ဖို့၊ နောက်ထပ် သေဆုံးမှုတွေ၊ သွေးထွက်သံယိုမှုတွေ မဖြစ်အောင် စစ်အာဏာပိုင်တွေအနေနဲ့ ချက်ချင်းလုပ်ရမယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan ကပြောကြားခဲ့ပါတယ်။

သူက သမ္မတဦးဝင်းမြင့်လို့ သုံးစွဲခေါ်ဝေါ်ခဲ့သလို မြန်မာစစ်အာဏာပိုင်တွေလို့ အာဏာသိမ်းယူအုပ်ချုပ်နေသူတွေကို သုံးနှုန်းပါတယ်။ စင်္ကာပူနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲအတွက် ဆက်ပြီးထောက်ခံနေပါတယ်လို့လည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ မိန့်ခွန်းထဲမှာ ပြောကြားပါတယ်။ မြန်မာနိုင်ငံ အခြေအနေ ဆက်မဆိုးအောင် အရေးတကြီး ဦးစားပေးလုပ်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သူက အသေအချာပြောပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ အခြေအနေကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ပါမယ်။ သေစေနိုင်တဲ့လက်နက်တွေ အသုံးပြုတာ ရပ်ပါမယ်။ နောက်ထပ် အကြမ်းဖက် သွေးထွက်သံယို မဖြစ်အောင် အာမခံပါမယ်ဆိုတာကို ဒီနေ့ လူသိရှင်ကြား ကတိပြုပါလို့လည်း စင်္ကာပူနိုင်ငံက တောင်းဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကလည်း ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဘက်က အင်အားသုံးနေတာကို ထိန်းဖို့ တောင်းဆိုခဲ့ပါတယ်။

"လုံခြုံရေးတပ်တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်ဖို့ အင်ဒိုနီးရှားက တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ လူသေစေတဲ့အထိ အကြမ်းဖက်နေမှုအတွက် အင်ဒိုနီရှားနိုင်ငံက စိုးရိမ်တယ်။ အရပ်သားတွေ ထိခိုက် သေဆုံးနေတာ၊ ဖမ်းဆီးခံနေရတာတွေဟာ စိုးရိမ်စရာဖြစ်တယ်။" လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောကြားသွားတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ အစိုးရ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်။ ပြီးခဲ့တဲ့ နိုင်ဝင်ဘာရွေးကောက်ပွဲမှာ မဲမသာမှုတွေရှိနိုင်တယ်ဆိုတဲ့ စစ်တပ်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းနိုင်ရေး အာဆီယံက ကျွမ်းကျင်သူအဖွဲ့ ဖွဲ့စည်းပေးဖို့ အဆိုပြုခဲ့ပါတယ်။ ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ Online ပေါ်မှာ အလွတ်သဘော တေ့ွဆုံပြီး မြန်မာ့အရေးအတွက် ဘယ်လို အဖြေရှာနိုင်မလဲဆိုတာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာတော့ အမေရိကန်ပြည်ထောင်စု ဥက္ကဋ္ဌတာဝန်ယူတဲ့ ကာလအတွင်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လု့ိ ထဲထဲဝင်ဝင်ဆွေးနွေးဖို့ တိုက်တိုက်တွန်းတွန်းလုပ်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က မနေ့က ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံက အခြေအနေကို ကမ္ဘာကြီးက စောင့်ကြည့်နေတယ်ဆိုတာ ရှင်းပါတယ်။ ပြည်သူတွေ ရက်ရက်စက်စက် လုပ်ခံနေရတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာကို ဒီတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ဘူးဆိုတာလည်း ရှင်းပါတယ်။ ဒီကိစ္စကို ကျမ သိပ်ကို အလေးအနက်ထားပါတယ်။ လာမယ့်ရက်ပိုင်းတွေအတွင်း မြန်မာ့အရေးကိစ္စကို ဆွေးနွေးသွားဖို့ရှိပါတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကပြောကြားခဲ့တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေဘက်က ခိုင်ခိုင်မာမာ ရပ်တည်နေတယ်။" လို့လည်း မနေ့ကသတင်းစာရှင်းပွဲမှာ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က အရပ်သားအစိုးရကို အာဏာပြန်ပေးအောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ New York မြို့ ကုလသမဂ္ဂမှာရော နိုင်ငံတကာမှာ ချဉ်းကပ်ကြိုးစားဖို့ သန္နိဌာန် ချထားပါတယ်။ ဒါပေမဲ့ အာဏာသိမ်းထားသူတွေဖက်ကလည်း လွယ်လွယ် လျှော့ပေးမယ့်ပုံ မရတဲ့အတွက် သူတို့အပေါ် ဖိအားတိုးပေးရမယ်လို့လည်း သံအမတ်ကြီး Thomas-Greenfield က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီးအဖြစ် သူ့ကို ဖယ်ရှားဖို့အတွက် တရားဝင် တောင်းဆိုတာမျိုး မတွေ့ရသေးကြောင်းနဲ့ လက်ရှိမှာတော့ သူဟာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးဖြစ်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

အလားတူ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒ အပြောင်းအလဲမရှိသေးတဲ့အတွက် NLD အစိုးရကိုသာ လက်ရှိ အစိုးရအဖြစ် သတ်မှတ်ထားဆဲဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price က မနေ့တုန်းက သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

"NLD အစိုးရသာ နိုင်တကာအသိအမှတ် ပြုထားတဲ့ အစိုးရဖြစ်ပါတယ်။" လို့ မနေ့က လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး နိုင်ငံတဝန်း သတ္တိရှိစွာ ငြိမ်းငြိမ်းချမ်းချမ်း လမ်းပေါ်ထွက်ဆန္ဒပြနေကြ ထောင်ပေါင်းများစွာနဲ့အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်နေတယ်လို့လည်း သူက ထပ်ပြီးတော့ ပြောပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရလက်ကို အာဏာပြန်အပ်ဖို့ ငြင်းဆန်နေမယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေကြသူတွေကို အကြမ်းဖက်မှု မရပ်ဘူးဆိုရင် အမေရိကန်က နောက်ထပ် အရေးယူ ဒဏ်ခတ်မှုတွေ လုပ်သွားမှာဖြစ်တင်္ယလို့လည်း နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price က တနင်္လာနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ခေတ္တ ပြည်ထောင်စုဝန်ကြီး လေး ယောက် ခန့်အပ်လိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်ဇင်မာအောင်၊ သမ္မတရုံးဝန်ကြီးအဖြစ် ဦးလွင်ကိုလတ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစတဲ့ ဝန်ကြီးဌာန သုံး ခုကို တာဝန်ယူဖို့ ဦးတင်ထွန်းနိုင်ကို ဝန်ကြီးအဖြစ်တာဝန်ပေးသလို၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစတဲ့ ဝန်ကြီးဌာန သုံး ခုအတွက် ဒေါက်တာဇော်ဝေစိုး တို့ကို CRPH က ခေတ္တ ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်တဲ့ အစိုးရကို စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းနဲ့ ဖယ်ရှား အာဏာသိမ်းယူထားတာကြောင့် ပြည်ထောင်စုဝန်ကြီးတွေအနေနဲ့ လက်ရှိတာဝန်ထမ်းဆောင်နိုင်တဲ့ အခြေအနေ မရှိတာကြောင့် အခုလို ခေတ္တဝန်ကြီးတွေ ခန့်အပ်တာဖြစ်တယ်လို့ CRPH ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို ထိရောက်စွာ ဆောင်ရွက်ဖို့အတွက် သင့်တော်တဲ့ ပုဂ္ဂိုလ်တွေကို လိုအပ်သလို ဆက်ပြီး တာဝန်ပေးသွားမယ်လို့လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကပြောကြားထားပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံတဝန်းမှာ ဒီနေ့လည်း ဆက်လုပ်နေကြသလို၊ လုံခြုံရေးတွေကလည်း အင်အားသုံးဖြိုခွဲမှုတွေ မြို့တော်တော်များများမှာ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မြို့ထဲမှာကို စမ်းချောင်း၊ ကမာရွတ်၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ တာမွေ၊ သင်္ကန်းကျွန်းစတဲ့နေရာအနှံ့မှာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွဲပါတယ်။

မျက်ရည်ယိုဗုံးတွေ ပစ်နေတဲ့အတွက် ဝပ်နေကြဖို့ အော်ပြောနေကြတဲ့ အသံတွေဖြစ်ပါတယ်။ ဒီလိုအခြေအနေကြားမှာပဲ ဆန္ဒပြသူတွေဘက်ကလည်း အကာအကွယ်တွေယူပြီး အလျှော့မပေး ဆန္ဒပြခဲ့ကြပါတယ်။

"ဒို့အရေး၊ ဒို့အရေး။ ဖမ်းဆီးထားသော ခေါင်းဆောင်များ... ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်။"

ရန်ကုန်မြို့မှာ ထိခိုက်၊ သေဆုံးတဲ့သတင်းတွေ ဒီနေ့ မကြားရပေမဲ့ ဖမ်းဆီးခံရ ဆယ်ဂဏန်း ရှိပါတယ်။ ချင်းပြည်နယ် ကလေးမြို့မှာတော့ လက်နက်ကိုင်တပ်တွေ ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသူ နှစ် ယောက်အပါအဝင် တဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ မန္တလေး၊ မုံရွာ၊ မြစ်ကြီးနား၊ ထားဝယ်မြို့တွေမှာလည်း ဆန္ဒပြသူတွေကို အင်အားသုံး အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ တောင်ကြီးမြို့မှာ ဆန္ဒပြသူ အများအပြား ဖမ်းဆီးခံရပါတယ်။ ထားဝယ်မှာဆို အရင်နေ့တွေက သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဘွယ် အခမ်းအနားလုပ်နေသူတွေကို မျက်ရည်ယိုဗုံးတွေ သုံးဖြိုခွဲခဲ့ပါတယ်။ မြစ်ကြီးနားမြို့က ဆိုင်ကယ်နဲ့ ဆန္ဒပြသူတွေကိုတော့ လုံခြုံရေးတွေက လောက်လေးဂွနဲ့ ပစ်လို့ တော်တော်များများ ဒဏ်ရာရခဲ့ကြပါတယ်။

XS
SM
MD
LG