သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ေရြးေကာက္ပဲြရလဒ္အစိုးရျဖစ္လာဖို႔ ပထမေျခလွမ္း လွမ္း - CRPH အဖြဲ႔ဝင္တဦး


ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က မႏၱေလးၿမိဳ႕ဆႏၵျပပဲြအတြင္း ဆႏၵျပသူမ်ား ကိုင္ေဆာင္ထားတဲ့ ပို႔စ္စတာမ်ား။ (၂၈ ေဖေဖာ္ဝါရီ၊ ၂၀၂၁)

[Zawgyi/Unicode]

CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီအေနနဲ႔ ၀န္ႀကီးဌာန ၉ ခုအတြက္ ေခတၱျပည္ေထာင္စု၀န္ႀကီး ေလးဦးကို ခန္႔ထားတာဟာ အစိုးရကိစၥေတြအတြက္ ပထမအဆင့္ေျခလွမ္းျဖစ္ၿပီး ၂၀၂၀ ေရြးေကာက္ပဲြရလဒ္အရ အစိုးရသစ္ကို အမ်ိဳးသားညီၫြတ္ေရးအစိုးရတခုျဖစ္ဖို႔အထိ ရည္ရြယ္ထားတယ္လို႔ CRPH အဖဲြ႕၀င္တဦးက ေျပာပါတယ္။ မအိ္မ့္သႏၲာထြန္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က ေခတၱျပည္ေထာင္စုဝန္ႀကီး ေလး ဦးကို ခန႔္အပ္တာဝန္ေပးလိုက္ေၾကာင္း ဒီကေန႔ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ဝန္ႀကီးဌာနအလိုက္ အေရးတႀကီး ေဆာင္႐ြက္ရမယ့္ကိစၥေတြကို ေဆာင္႐ြက္ႏိုင္ဖို႔ စီစဥ္ေနသလို သံအမတ္ေတြ ခန႔္အပ္အတည္ျပဳတာေတြလည္း ဆက္လုပ္သြားဖို႔ ရွိတယ္လို႔ CRPH အဖြဲ႕ဝင္ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရည္မြန္က ေျပာပါတယ္။

“က်ေနာ္တို႔ နားလည္တာကေတာ့ ႏိုင္ငံတကာကလည္း က်ေနာ္တို႔ သမၼတႀကီး ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ဦးေဆာင္တဲ့ အစိုးရကိုပဲ ျမန္မာႏိုင္ငံရဲ႕ တည္ဆဲ တရားဝင္ အစိုးရအျဖစ္ အသိအမွတ္ျပဳထားတာပါ။ ဒီအေျခအေနရွိပါတယ္။ က်ေနာ္တို႔ ဒီေန႔ Acting Ministers ဝန္ႀကီးေတြ ခန႔္တယ္ဆိုတာက ဦးဝင္းျမင့္အစိုးရရဲ႕ ယႏၲရားေတြ ျပန္လည္ပတ္ႏိုင္ဖို႔အတြက္ ဝန္ႀကီးဌာနေတြကို ျပည္ေထာင္စုဝန္ႀကီးေတြ ခန႔္အပ္တာဝန္ေပးအပ္တဲ့ သေဘာျဖစ္ပါတယ္။ ဝန္ႀကီးဌာနတစ္ခုခ်င္းက သူတို႔ အေရးတႀကီးေဆာင္႐ြက္ရမယ့္ကိစၥေတြကို ဆက္တိုက္ေဆာင္႐ြက္သြားဖို႔ စီစဥ္ေနတယ္။ သံအမတ္ေတြကို က်ေနာ္တို႔ အတည္ျပဳတာ၊ ခန႔္အပ္တာ ဒါေတြလည္း တြဲၿပီးေတာ့ ပါပါလိမ့္မယ္။”

၂၀၂၀ ေ႐ြးေကာက္ပြဲ ရလဒ္အရ ျပည္ေထာင္စု အစိုးရအသစ္တစ္ခု ဖြဲ႕စည္းႏိုင္ဖို႔ ျပင္ဆင္ေနသလို အမ်ိဳးသား ညီၫြတ္ေရးအစိုးရျဖစ္ဖို႔ ရည္႐ြယ္ထားတယ္လို႔ ဦးရည္မြန္က ေျပာပါတယ္။

“က်ေနာ္တို႔ ဒီကေန ေခတၱဝန္ႀကီးေတြ တာဝန္ေပးတယ္ဆိုတာ အစိုးရကိစၥနဲ႔ ပတ္သက္ရင္ ပထမ ေျခလွမ္းလို႔ေျပာလို႔ရပါတယ္။ က်ေနာ္တို႔ ဒီ ၂၀၂၀ ေ႐ြးေကာက္ပြဲ ရလဒ္အရ က်ေနာ္တို႔ ေနာက္ထပ္ ျပည္ေထာင္စု အစိုးရအသစ္တစ္ခုကိုလည္း ဖြဲ႕စည္းတာဝန္ေပးအပ္ႏိုင္ဖို႔ CRPH အေနနဲ႔ ျပင္ဆင္ေနပါတယ္။ အဲ့ဒီေတာ့ ဒီျပည္ေထာင္စု အစိုးရအသစ္ကေတာ့ ပါဝင္သင့္၊ ပါဝင္ထိုက္တဲ့သူေတြပါဝင္တဲ့ အမ်ိဳသားညီၫြတ္ေရးအစိုးရတစ္ခု ျဖစ္ဖို႔ က်ေနာ္တို႔ ဒီလို ရည္႐ြယ္ထားပါတယ္။”

ေခတၱျပည္ေထာင္စု ဝန္ႀကီးေတြအျဖစ္ တာဝန္ေပးခန႔္အပ္လိုက္သူေတြကေတာ့ ႏိုင္ငံျခားေရးဝန္ႀကီး ဌာနအတြက္ ေဒၚဇင္မာေအာင္၊ သမၼတ႐ုံးဝန္ႀကီးဌာနနဲ႔ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာနတို႔အတြက္ ဦးလြင္ကိုလတ္၊ စီမံကိန္းဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနတို႔အတြက္ ဦးတင္ထြန္းႏိုင္၊ အလုပ္သမား လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူအင္အားဝန္ႀကီးဌာန၊ ပညာေရးဝန္ႀကီးဌာန၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတို႔အတြက္ ေဒါက္တာ ေဇာ္ေဝစိုးတို႔ျဖစ္ပါတယ္။

ႏိုင္ငံတဝန္း လက္နက္ကိုင္ အာဏာပိုင္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ တနဂၤေႏြေန႔က ဆႏၵျပသူ ၂၀ ဝန္းက်င္ ေသဆုံးခဲ့ရပါတယ္။ ျမန္မာႏိုင္ငံမွာ ဆႏၵျပသူေတြကို ေသဆုံးတဲ့ အထိ ပစ္ခတ္နိမ္နင္းခဲ့တဲ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္မႈေကာင္စီကို အၾကမ္းဖက္ အုပ္စုအျဖစ္ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က မေန႔က ေၾကညာလိုက္ပါတယ္။

အခုအခ်ိန္ထိ NLD ကို ျမန္မာအစိုးရအျဖစ္ ႏိုင္ငံတကာက အသိအမွတ္ျပဳထားဆဲျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price က တနလၤာေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

အရပ္သားေခါင္းေဆာင္ေတြကို ဖမ္းၿပီး စစ္အာဏာယူမႈကို စစ္အာဏာသိမ္းမႈအျဖစ္ အေမရိကန္က သတ္မွတ္ထားၿပီး စစ္တပ္ဘက္က အာဏာစြန႔္ဖို႔ ေျပာဆိုထားတာပါ။ စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္ၿပီး တာဝန္ရွိတဲ့ လူပုဂၢိဳလ္ေတြႏွင့္ စီးပြားေရးလုပ္ငန္းေတြကိုပါ ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

၂၀၂၀ ရွေးကောက်ပွဲရလဒ်အစိုးရဖြစ်လာဖို့ ပထမခြေလှမ်း လှမ်း - CRPH အဖွဲ့ဝင်တဦး

CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ဝန်ကြီးဌာန ၉ ခုအတွက် ခေတ္တပြည်ထောင်စုဝန်ကြီး လေးဦးကို ခန့်ထားတာဟာ အစိုးရကိစ္စတွေအတွက် ပထမအဆင့်ခြေလှမ်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ အစိုးရသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရတခုဖြစ်ဖို့အထိ ရည်ရွယ်ထားတယ်လို့ CRPH အဖွဲ့ဝင်တဦးက ပြောပါတယ်။ မအိမ့်သန္တာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ခေတ္တပြည်ထောင်စုဝန်ကြီး လေး ဦးကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဒီကနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဝန်ကြီးဌာနအလိုက် အရေးတကြီး ဆောင်ရွက်ရမယ့်ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ စီစဉ်နေသလို သံအမတ်တွေ ခန့်အပ်အတည်ပြုတာတွေလည်း ဆက်လုပ်သွားဖို့ ရှိတယ်လို့ CRPH အဖွဲ့ဝင် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က ပြောပါတယ်။

“ကျနော်တို့ နားလည်တာကတော့ နိုင်ငံတကာကလည်း ကျနော်တို့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အစိုးရကိုပဲ မြန်မာနိုင်ငံရဲ့ တည်ဆဲ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုထားတာပါ။ ဒီအခြေအနေရှိပါတယ်။ ကျနော်တို့ ဒီနေ့ Acting Ministers ဝန်ကြီးတွေ ခန့်တယ်ဆိုတာက ဦးဝင်းမြင့်အစိုးရရဲ့ ယန္တရားတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် ဝန်ကြီးဌာနတွေကို ပြည်ထောင်စုဝန်ကြီးတွေ ခန့်အပ်တာဝန်ပေးအပ်တဲ့ သဘောဖြစ်ပါတယ်။ ဝန်ကြီးဌာနတစ်ခုချင်းက သူတို့ အရေးတကြီးဆောင်ရွက်ရမယ့်ကိစ္စတွေကို ဆက်တိုက်ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်။ သံအမတ်တွေကို ကျနော်တို့ အတည်ပြုတာ၊ ခန့်အပ်တာ ဒါတွေလည်း တွဲပြီးတော့ ပါပါလိမ့်မယ်။”

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ပြည်ထောင်စု အစိုးရအသစ်တစ်ခု ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နေသလို အမျိုးသား ညီညွတ်ရေးအစိုးရဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဦးရည်မွန်က ပြောပါတယ်။

“ကျနော်တို့ ဒီကနေ ခေတ္တဝန်ကြီးတွေ တာဝန်ပေးတယ်ဆိုတာ အစိုးရကိစ္စနဲ့ ပတ်သက်ရင် ပထမ ခြေလှမ်းလို့ပြောလို့ရပါတယ်။ ကျနော်တို့ ဒီ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ကျနော်တို့ နောက်ထပ် ပြည်ထောင်စု အစိုးရအသစ်တစ်ခုကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ဖို့ CRPH အနေနဲ့ ပြင်ဆင်နေပါတယ်။ အဲ့ဒီတော့ ဒီပြည်ထောင်စု အစိုးရအသစ်ကတော့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့သူတွေပါဝင်တဲ့ အမျိုသားညီညွတ်ရေးအစိုးရတစ်ခု ဖြစ်ဖို့ ကျနော်တို့ ဒီလို ရည်ရွယ်ထားပါတယ်။”

ခေတ္တပြည်ထောင်စု ဝန်ကြီးတွေအဖြစ် တာဝန်ပေးခန့်အပ်လိုက်သူတွေကတော့ နိုင်ငံခြားရေးဝန်ကြီး ဌာနအတွက် ဒေါ်ဇင်မာအောင်၊ သမ္မတရုံးဝန်ကြီးဌာနနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့အတွက် ဦးလွင်ကိုလတ်၊ စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့အတွက် ဦးတင်ထွန်းနိုင်၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အတွက် ဒေါက်တာ ဇော်ဝေစိုးတို့ဖြစ်ပါတယ်။

နိုင်ငံတဝန်း လက်နက်ကိုင် အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် တနင်္ဂနွေနေ့က ဆန္ဒပြသူ ၂၀ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို သေဆုံးတဲ့ အထိ ပစ်ခတ်နိမ်နင်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီကို အကြမ်းဖက် အုပ်စုအဖြစ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က မနေ့က ကြေညာလိုက်ပါတယ်။

အခုအချိန်ထိ NLD ကို မြန်မာအစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အရပ်သားခေါင်းဆောင်တွေကို ဖမ်းပြီး စစ်အာဏာယူမှုကို စစ်အာဏာသိမ်းမှုအဖြစ် အမေရိကန်က သတ်မှတ်ထားပြီး စစ်တပ်ဘက်က အာဏာစွန့်ဖို့ ပြောဆိုထားတာပါ။ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေနှင့် စီးပွားရေးလုပ်ငန်းတွေကိုပါ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG