သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ ႏွင္႔ တိုင္းရင္းသားလက္နက္ကိုင္တို႔ အေနအထား


ျမန္မာ့အေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုး - EAO အဖြဲ႔အစည္းမ်ားအေပၚ ေဆြးေႏြးသံုးသပ္ခ်က္
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာသိမ္းယူလိုက္တဲ႔အေပၚ ဝန္ထမ္းေတြ အာဏာဖီဆန္ေရးလုပ္တာ၊ မ်ိဳးဆက္သစ္လူငယ္ေတြ လမ္းေပၚထြက္ ကန္႔ကြက္ဆႏၵျပတာေတြဟာ ရန္ကုန္၊ မႏၱေလး အပါအဝင္ တိုင္းေဒသႀကီးေတြမွာ အျပင္းအထန္ ျဖစ္ေပၚေနပါတယ္။ ဒါေပမဲ့ တိုင္းရင္းသားေဒသေတြမွာ သိပ္မေတြ႔ရသလို၊ တိုင္းရင္းသား လက္နက္ကိုိင္အင္အားစုတခ်ိဳ႕လည္း ႏႈတ္ဆိတ္ေနၾကပါတယ္။ ဘာေၾကာင္႔ပါလဲ။ ျမန္မာ႔ႏိုင္ငံေရးသံုးသပ္သူ ဦးေမာင္ေမာင္စိုးနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ အခုျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေနၾကတာ အထူးသျဖင့္ ျပည္မက ျမန္မာျပည္အလယ္ပိုင္းက ၿမိဳ ႔ ႀကီးေတြ ရန္ကုန္၊ မႏၱေလး၊ မံုရြာစတဲ့ ၿမိဳ ႔ႀကီးေတြမွာ ျဖစ္သေလာက္ တိုင္းရင္းသားေဒသတခ်ဳိ ႔မွာ ျပင္းျပင္းထန္ထန္ အဲဒီလို ဆန္႔က်င္တာ မေတြ႔ရဘူး။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ တခ်ဳိ ႔က အားမလိုအားမရ ျဖစ္ၾကပါတယ္။ ပထမဦးဆံုး ဘာေၾကာင့္ဘာညာဆိုတာကို မေျပာခင္မွာ ဒီအေျခအေနကို လႊမ္းၿခံဳၿပီး သံုးသပ္ပါအံုး။ ဆရာ့အေနနဲ႔ ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ ျပည္မလူထုရဲ ႔ ဒီမုိကေရစီ ေရစီးေၾကာင္းနဲ႔ တုိင္းရင္းသားေတြရဲ ႔ ဖယ္ဒရယ္ေရစီးေၾကာင္းေတြက ၿပိဳင္စီးေနတဲ့ မဆံုႏုိင္တဲ့အရာ တစ္ခုျဖစ္ေနတယ္။ ဗမာျပည္မွာ။ အဲဒါကို က်ေနာ္တို႔က အျပန္အလွန္ နားလည္ႏိုင္မႈ ေဝးေနၾကတယ္။ အေျခအေနက ဒါေၾကာင့္မို႔လို႔ ဒီမိုကေရစီ ေရစီလိႈင္းထန္တဲ့အခ်ိန္ရယ္၊ ဖယ္ဒရယ္ ေရစီးလိႈင္းထန္တဲ့အခ်ိန္ရယ္က မေပါင္းစည္းႏုိင္ဘူးလို႔ပဲ ထင္ပါတယ္။

ေမး ။ ။ တကယ္ေတာ့ ဒီမိုကေရစီနဲ႔ ဖယ္ဒရယ္ဆိုတာ အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ ခြဲျခားလို႔ ရႏိုင္ပါရဲ ႔လား။ တစ္ခုမရိွဘဲ တစ္ခု ျဖစ္ႏိုင္ပါလား။ အဲဒီေတာ့ တိုင္းရင္းသားေတြက ဖယ္ဒရယ္မရဘဲနဲ႔ သူတုိ႔လိုခ်င္တာကို မရရင္ ၿငိမ္းခ်မ္းေရး သူတို႔ေဒသမွာ ျဖစ္ႏုိင္မွာ မဟုတ္ဘူး။ အဲဒီေတာ့ ျပည္ေထာင္စုတစ္ခုလံုးအေနနဲ႔ ဒီမိုကေရစီ တည္ေဆာက္ဖို႔ ရႏုိင္ပါ့မလား။ ထိုနည္းလည္းေကာင္းပဲ ဒီမိုကေရစီ မရိွဘဲနဲ႔ စစ္အာဏာရွင္စနစ္ေအာက္မွာ ဖယ္ဒရယ္ျပည္ေထာင္စုဆိုတာ ျဖစ္ႏုိင္ပါ့မလား။ ဒီႏွစ္ခုက။

ေျဖ ။ ။ ဒီေနရာမွာ မတူညီတဲ့ အျမင္ေတြေတာ့ ရိွတယ္။ ေလာေလာဆယ္မွာ ျပည္မဒီမိုကရက္တစ္အင္အားစုေတြမွာ လႊမ္းေနတဲ့ အယူအဆကေတာ့ ဒီမိုကေရစီ အရင္ရဖုိ႔လိုတယ္။ ဒီမိုကေရစီရမွသာ ဖယ္ဒရယ္ ရမယ္ဆိုတာမ်ဳိ ရိွၾကတယ္။ ဒါေပမဲ့ က်ေနာ္တုိ႔ ဗမာျပည္သမုိင္းမွာ တိုင္းရင္းသားေတြေတာင္းတဲ့ ဖယ္ဒရယ္က ဒီမိုကေရစီနဲ႔ ထပ္တူမက်တဲ့ အခ်ိန္ေတြလည္း ရိွတယ္။ ဥပမာဆိုရင္ က်ေနာ္တို႔ - ေခတ္တုန္းကလည္း ဖယ္ဒရယ္ဆိုတာ ရိွတယ္ပဲ။ ဆိုလိုတာကေတာ့ ရွမ္းျပည္နယ္ ေစာ္ဘြားေတြက သူ႔ေဒသမွာသူ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကာလေတြ ရိွခဲ့တယ္။ ကိုလိုနီေခတ္မွာလည္း ဖယ္ဒရယ္ရတဲ့ ကာလေတြ ရိွတယ္။ ရွမ္းျပည္နယ္ေစာ္ဘြားေတြက သူတုိ႔ကိုယ္ပိုင္ နယ္ေျမေတြကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတဲ့ ေဒသေတြ ရိွတယ္။ တခါ ၈၉ ခုနွစ္ နဝတေခတ္မွာ မိုင္းလားလို ေဒသေတြက နဝတစစ္တပ္နဲ႔ အပစ္ခတ္ရပ္ၿပီး အခ်ိန္ကာလမွာ သူတုိ႔ျပည္နယ္၊ သူတုိ႔ေဒသေတြကို အုပ္စိုးလာတာ ဒီေန႔အထိ။ ဆိုေတာ့ က်ေနာ္တို႔က ဒီမိုကေရစီနဲ႔ ဖယ္ဒရယ္ဆိုတာကို ဆက္စပ္ၿပီး စဥ္းစားလို႔လည္း ရတယ္။ ဒါေပမဲ့ တဘက္သတ္ ၾကည့္မယ္ဆိုရင္ တိုင္းရင္းသားေတြ လိုလားတဲ့ ဖယ္ဒရယ္ဆိုတာက သူတုိ႔အေျခအေန အခ်ိန္အခါေအာက္မွာ သူတုိ႔ ထူေထာင္ၾကျခင္း ျဖစ္တယ္ဆိုတာကိုလည္း နားလည္ဖို႔ လိုမယ္လို႔ထင္ပါတယ္။

ေမး ။ ။ ေနာက္တစ္ခုက အခုျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ကိစၥကို တုိိင္းရင္းသားတခ်ဳိ ႔က ဒါသည္ စစ္တပ္နဲ႔ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစိုးရၾကားမွာ ျဖစ္တဲ့ ျပႆနာသာ ျဖစ္တယ္လို႔မ်ား တြက္ေနၿပီး သူတုိ႔မပါဘူးလို႔မ်ား စဥ္းစားေနၾကသလား။

ေျဖ ။ ။ တခ်ဳိ ႔ကေတာ့ အဲဒီလိုမ်ဳိး စဥ္းစားေကာင္း စဥ္းစားပါလိမ့္မယ္။ တခ်ဳိ ႔ကေတာ့ အားလံုးနဲ႔ သက္ဆိုင္တဲ့ ျပႆနာလို႔ ျမင္တဲ့လူလည္း ရိွသလို၊ ကိုယ္နဲ႔မဆိုင္ဘူးဆိုၿပီး ျမင္တဲ့လူလည္း ရိွပါတယ္။ အဲဒါေၾကာင့္မို႔ အခုနေစာေစာက ေျပာခဲ့သလိုပဲ ဖယ္ဒရယ္နဲ႔ ပတ္သက္ၿပီး စဥ္းစားခ်က္ရယ္၊ ဒီမုိကေရစီနဲ႔ ပတ္သက္ၿပီး စဥ္းစားခ်က္ရယ္။ ဒီေရစီးေၾကာင္းႏွစ္ခုက ဗမာျပည္မွာ မဆံုႏုိင္တဲ့ ျပႆနာလို႔ပဲ က်ေနာ္ ေျပာရျခင္း ျဖစ္ပါတယ္။

ေမး ။ ။ ေနာက္တစ္ခုက အခုျဖစ္ေနတဲ့ကိစၥမွာ အထူးသျဖင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ေတြဆီက ပိုၿပီးေတာ့ ႏႈတ္ဆိတ္ေနတဲ့သေဘာ ေတြ႔ရတယ္လို႔ဆိုရင္ မွားမယ္မဟုတ္ပါဘူး။ ဒီကိစၥမွာ သူတုိ႔က တရုတ္နဲ႔ နီးစပ္တဲ့အတြက္ေၾကာင့္ တရုတ္ရဲ ႔ အခ်က္ျပမႈကို ငဲ့ကြက္ေနရတယ္လို႔မ်ား စဥ္းစားရင္ မွားသလား။

ေျဖ ။ ။ ဒီဥစၥာလဲ ေျမာက္ပိုင္းအဖြဲ႔ေတြ ဒီတစ္ေခါက္မပါဘူးဆိုတာ ျပႆနာက ေျမာက္ပိုင္းအဖြဲ႔ေတြက ထူးျခားခ်က္ေတြ ရိွတယ္။ တစ္ခုကေတာ့ ဝနဲ႔မုိင္းလားတုိ႔သည္ သူ႔ေဒသနဲ႔သူ အုပ္ခ်ဳပ္လာတာက အႏွစ္ (၃၀) ေက်ာ္သြားၿပီ။ ဆိုတာက နဝတနဲ႔ ၈၉ ခုႏွစ္ အပစ္ခတ္ရပ္စဲၿပီး ဒီေန႔အထိ ဘာတုိက္ပြဲမွ မရိွဘူး။ ဒါေပမဲ့ သူတို႔ ပဋိပကၡ မရိွတာေတာ့ မဟုတ္ဘူး။ ဒီ ၂၀၀၉-၂၀၁၀ မွာ ၂၀၀၈ အေျခခံဥပေဒ ေရးဆြဲၿပီးေတာ့ နယ္ျခားေစာင့္တပ္ ဖြဲ႔စည္းေရးလုပ္တဲ့အခ်ိန္္တုန္းက သူတုိ႔လက္မခံတဲ့အတြက္ စစ္ေရးအရ တင္းတင္းမာမာ ျဖစ္ၾကတယ္။ စစ္ျပင္ၾကတယ္။ ေနာက္တစ္ခါ ၂၀၁၅ မွာ NCA မထိုးတဲ့အတြက္ တင္းတင္းမာမာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဝေဒသတုိ႔ကို ရိကၡာ ဆန္္၊ ဒီဇယ္ အစရိွသျဖင့္ သယ္ယူပို႔ေဆာင္ေရးေတြ ပိတ္ထားခဲ့တာ ဒီေန႔အထိကာလ။ ဒါေပမဲ့ ဒီလိုတင္းမာေနတဲ့ အေျခအေနမွာ ျပည္မတံု႔ျပန္မႈကေတာ့ ဘာမွမရိွခဲ့ဘူး။ တဆက္တည္းမွာလဲ ဝတို႔ မိုင္းလားတို႔ ဆိုတာကလဲ သူ႔ေဒသကို လာတုိက္ရင္ေတာ့ ျပန္တုိက္မွာပဲ။ သူ႔ေဒသကို လာမတိိုက္ရင္ မတုိက္ဘူးဆိုတဲ့ အေနအထားမ်ဳိး ရိွတယ္။ ဒါ့အျပင္ က်န္တဲ့အဖြဲ႔ေတြကို ေယဘုယ်ေျပာရရင္ ၂၀၁၁ ခုနွစ္ကစတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ တြန္းအားေပးတာ ျဖစ္တာက လက္နက္ကိုင္အဖြဲ႔ေတြ။ လက္နက္ကိုင္အဖြဲ႔ေတြ တြန္းအားေပးလာတဲ့အခါၾကေတာ့ ၂၀၁၈ ေလာက္ကစၿပီိး KIA နဲ႔ တုိက္ပြဲေတြ မရိွသေလာက္ ျဖစ္သြားတယ္။ ၂၀၁၉ ေလာက္ဆိုရင္ KNLA, ကိုးကန္႔တို႔နဲ႔ တိုက္ပြဲေတြ ေလ်ာ့က်သြားတယ္။ ၂၀၂၀ ႏွစ္ကုန္ဆုိရင္ AA နဲ႔ ေလ်ာ့က်တယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္လမ္းကို ေျပာင္းဖုိ႔အတြက္ ျပင္ဆင္လာၾကတယ္။ ႏိုင္ငံေရးစကားဝိုင္းအတြက္။ ဒါက NLD အစိုးရလက္ထက္မွာ။ ဒါေပမဲ့ ရုတ္ခ်ည္း ေဖေဖၚဝါရီလ (၁) ရက္ေန႔မွာ စစ္ေကာင္စီ အုပ္ခ်ဳပ္ေရး ေျပာင္းသြားတဲ့အခါၾကေတာ့ ဒါကိုခ်က္ခ်ည္းလႊဲေျပာင္းဖို႔၊ ခ်က္ခ်ည္းၿငိမ္းခ်မ္းေရး မလုပ္ေတာ့ဘူး၊ စစ္တိုက္ဖို႔ဆုိတာမ်ဳိးက မျဖစ္ႏိုင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ လက္နက္ကိုင္အဖြဲ႔အစည္းတစ္ခုဆိုတာက သူ႔အင္အားေတြကို ထိန္းသိမ္းတာ၊ စစ္တိုက္ဖို႔ ျပင္ဆင္တာပဲျဖစ္ေစ၊ ၿငိမ္းခ်မ္းေရးတစ္ခုကို ျပင္ဆင္တာပဲျဖစ္ေစ အခ်ိန္ယူပါတယ္။

ေနာက္တစ္ခုက တရုတ္ရဲ ႔ ပါဝင္ပတ္သက္မႈကေတာ့ ၾသဇာလႊမ္းမိုးမႈကေတာ့ ရိွေကာင္းရိွႏိုင္ပါတယ္။ ဒါေပမဲ့ ဒါကို က်ေနာ္တို႔ ေသခ်ာမေျပာႏိုင္ပါဘူး။

ေမး ။ ။ ေျမာက္ပိုင္းမဟာမိတ္ေတြရဲ ႔ ရပ္တည္ခ်က္ကို ေျပာဖို႔ ေစာေသးတယ္ဆိုတဲ့ သေဘာမ်ဳိးေပါ့။ ဒါေပမဲ့ က်ေနာ္စဥ္းစားတာက ဝတို႔၊ မုိင္းလားတို႔ကိုေပးတဲ့ ဖယ္ဒရယ္ဆိုၾကပါစို႔။ ဖယ္ဒရယ္ထက္ေတာင္ သာေနေသးတယ္။ ကိုယ္ပိုင္စစ္တပ္ေတြ ဘာေတြ ရိွေနတဲ့ဟာ။ အဲဒီလို အခြင့္အေရးမ်ဳိး က်န္တဲ့ တိုင္းရင္းသားေဒသေတြကို စစ္တပ္က ေပးႏိုင္လိမ့္မယ္လို႔မ်ား ေမွ်ာ္လင့္ႏိုင္စရာ အေၾကာင္းရိွလား။

ေျဖ ။ ။ စစ္တပ္ကေတာ့ ဒီထက္ ဘယ္သူကိုမွ အသားလႊတ္ မေပးဘူး။ လက္နက္ကိုင္အင္အား တည္ေဆာက္ၿပီး ထိန္းခ်ဳပ္ႏို္င္တဲ့ လူေတြကိုပဲ အဲဒီအခြင့္အေရး ရႏုိင္လိမ့္မယ္လို႔ ထင္ပါတယ္။ စစ္တပ္ကေတာ့ အသားလႊတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ေပးတာပဲျဖစ္ျဖစ္၊ ဒီမုိကေရစီ ေပးတာပဲျဖစ္ျဖစ္ က်ေနာ္ကေတာ့ ေပးမယ္မထင္ပါဘူး။ ဒါကို လက္နက္ကိုင္ အန္တုႏိုင္တယ္၊ ဒါမွမဟုတ္ တျခားနည္းနဲ႔ အန္တုႏုိင္တယ္ဆိုရင္ေတာ့ သူရဲ ႔ အင္အားတည္ေဆာက္မႈေပၚမွာပဲ ရႏုိင္ပါလိမ့္မယ္။

ေမး ။ ။ ေနာက္ တိုင္းရင္းသားေတြအေနနဲ႔ သူတုိ႔လိုခ်င္တဲ့ အခြင့္အေရး သူတို႔လိုခ်င္တဲ့ ဖယ္ဒရယ္ ကိုယ္ပိုင္ျပဌာန္းခြင့္ကို လုိခ်င္ရင္ စစ္အာဏာရွင္စနစ္နဲ႔ လက္နက္ကိုင္လူေတြနဲ႔ ေစ့စပ္ညိွႏိႈင္းေပးရတာထက္ ဒီမိုကေရစီအင္အားစုေတြနဲ႔ ေစ့စပ္ရတာ ပိုၿပီးမေကာင္းမေနဘူးလား။ စစ္တပ္နဲ႔ ေစ့စပ္ရရင္ လက္လိမ္ခ်ဳိးၿပီးေတာ့ အင္အားႀကီးတဲ့လူက အင္အားနဲ႔ စကားေျပာမယ္။ ဆရာ ေစာေစာကေျပာသလို သူတုိ႔ကို ျပန္တိုက္ႏုိင္တဲ့ ဝတို႔လို အဖြဲ႔မ်ဳိးၾကေတာ့ သူက ေၾကာက္တယ္၊ အေလွ်ာ့ေပးတယ္။ ဒါေပမဲ့ အားနည္းတဲ့လူေတြၾကေတာ့ လက္လိမ္ခ်ဳိးၿပီး သူတုိ႔လုပ္မွာပဲ။ ဆိုေတာ့ ဒါေတြကို တုိင္းရင္းသားေတြက နားလည္တယ္ဆိုရင္ ဒီမိုကေရစီအင္အားစုနဲ႔ ေစ့စပ္ရတာ ပိုအဆင္မေျပႏုိင္ဘူးလား သူတို႔အတြက္။

ေျဖ ။ ။ သီအုိရီအရေတာ့ အဲဒီအတုိင္းပဲ သီအုိရီအရေတာ့ ဒီမိုကေရစီအင္အားစုေတြနဲ႔ ေစ့စပ္ေဆြးေႏြးလို႔ရိွရင္ ပိုၿပီးအဆင္ေျပႏုိင္တယ္လို႔ သီအုိရီအရ ျဖစ္ႏုိင္တယ္။ သို႔ေသာ္လဲ တစ္ခ်က္က NLD အာဏာရေနတဲ့ ကာလမွာ တုိင္းရင္းသားေတြနဲ႔ အဆင္မေျပခဲ့တာ အေၾကာင္းအခ်က္ တစ္ခုရိွတယ္။ ဒါကေတာ့ ႏွစ္ဘက္အျပန္အလွန္ သံုးသပ္ဖို႔ လိုတာေပါ့။ ဒုတိယတစ္ခ်က္က ဘာလဲဆိုေတာ့ NLD အစိုးရတက္လာတဲ့ အခ်ိန္အတြင္းမွာ လက္နက္ကိုင္တပ္ေတြရဲ ႔ စစ္ရပ္စဲေရးတို႔ ဘာတို႔ေျပာလာရင္ စစ္တပ္ရဲ ႔ အခန္းက႑က ေတာ္ေတာ္အေရးႀကီးတယ္။ ဒါကို တုိင္းရင္းသားလက္နက္ကိုင္ေတြက ေကာင္းေကာင္းသိၾကတယ္။ ဒါကို ရပ္တာပဲျဖစ္ျဖစ္၊ တိုက္တာပဲျဖစ္ျဖစ္ ဆံုးျဖတ္ႏိုင္တာ စစ္တပ္က ျဖစ္ေနတယ္။ NLD အစိုးရအေနနဲ႔ မလႊမ္းမိုးႏုိင္ဘူးဆိုတဲ့ အခ်က္ကို သိေနတယ္။ အဲဒီအခ်ိန္မွာေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ဒီအခ်က္ကို လက္ေတြ႔အသံုးျပဳတဲ့ ေနရာမွာေတာ့ သူတုိ႔ခ်င့္ခ်င့္ခ်ိန္ခ်ိန္ အသံုးျပဳၾကလိမ့္မယ္ ထင္ပါတယ္။

ေမး ။ ။ အခု စစ္တပ္ကလဲ တုိင္းရင္းသားလက္နက္ကိုင္ေတြ အေတာ္ေလးခ်င့္ခ်ိန္ၿပီးေတာ့ တနည္းအားျဖင့္ ေျပာရရင္ ျပည္မမွာ အလႊာေပါင္းစံု မ်ဳိးဆက္ေပါင္းစံုက ဝိုင္းဝန္းဆန္႔က်င္ေနၾကေတာ့ သူတို႔အတြက္ အားကိုးအားထားရ မဟာမိတ္အဖြဲ႔က တုိင္းရင္းသားလက္နက္ကိုင္ေတြလို႔မ်ား ေတြးေကာင္းေတြးေနမလား။ က်ေနာ္က ဒါကို ဘာေၾကာင့္ေျပာရသလဲဆိုရင္ တိုင္းရင္းသားေတြ လိုခ်င္ေနၾကတဲ့ အခ်ဳိးက် ကိုယ္စားျပဳတဲ့စနစ္ အဲဒါမ်ဳိးကို အခုေရြးေကာက္ပြဲ ေကာ္မရွင္အသစ္၊ သူတုိ႔ဖြဲ႔ေပးတဲ့ ေရြးေကာက္ပြဲ ေကာ္မရွင္အသစ္က ဒီလုိလုပ္မယ္ဆိုတဲ့ ေလသံပစ္လာတာကို ေတြ႔ရပါတယ္။ ဒီဟာက ဘယ္ေလာက္အထိ ထိေရာက္မႈ ရိွႏိုင္ပါလဲ။ တိုင္းရင္းသားေတြအေပၚမွာ သူတုိ႔ကို ဒီေၾကြးေၾကာ္သံနဲ႔ စစ္တပ္ဘက္က စည္းလံုးသိမ္းသြင္းႏုိင္မယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ ေလာေလာဆယ္ေတာ့ ေျပာရခက္တယ္။ ေလာေလာဆယ္ ေျပာရခက္တယ္ဆိုတာက စစ္ေကာင္စီ တရားဝင္မႈနဲ႔ ခိုင္မာမႈကိုေတာ့ က်ေနာ္ထင္တယ္၊ ျပည္တြင္းျပည္ပက ေစာင့္ၾကည့္ေနတုန္းပဲ။ ေစာင့္ၾကည့္ေနတဲ့အထဲမွာ တုိင္းရင္းသားေတြလည္း ပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ေတြလည္း ပါတယ္။ ေနာက္တစ္ခုက PR စနစ္နဲ႔ ပတ္သက္လို႔ ေျပာရရင္ေတာ့ တုိင္းရင္းသားလူနည္းစုေတြကေတာ့ သေဘာက်ၾကမယ္ ထင္ပါတယ္။

ေမး ။ ။ ေနာက္ဆံုးအေနနဲ႔ ခန္႔မွန္းရမယ္ဆိုရင္ ဒီပဋိပကၡက တိုင္းျပည္အတြက္ အင္မတန္ နစ္နာေစမယ့္ ကိစၥ ျဖစ္တယ္။ ဒီမိုကေရစီလမ္းေၾကာင္းလည္း ေနာက္ဆုတ္သြားတာ ျဖစ္တယ္ဆိုေတာ့ ဒီဟာက ေျပလည္မႈ ရရိွႏိုင္စရာအေၾကာင္း တစံုတရာ ရိွႏုိင္ပါသလား။ တုိင္းရင္းသားအင္အားစုေတြဟာ စစ္တပ္နဲ႔ NLD အစိုးရၾကားမွာ ေစ့စပ္ေပးႏိုင္တဲ့ တတိယအင္အားစုမ်ား ျဖစ္လာႏိုင္စရာ အေၾကာင္းရိွပါသလား။ အဲဒါကို ေမွ်ာ္လင့္တယ္ဆိုရင္ စိတ္ကူးယဥ္လြန္ရာ ၾကမလား။

ေျဖ ။ ။ ေလာေလာဆယ္အေနအထားမွာေတာ့ စစ္ေကာင္စီကလည္း သူ႔အာဏာတည္ၿမဲမႈကို ဦးစားေပးေနတဲ့ကာလ ျဖစ္တယ္။ ျပည္တြင္းက ဆန္႔က်င္ေနတဲ့ ဒီမိုကရက္တစ္အင္အားစုေတြကလည္း အျပတ္အသတ္ တုိက္ခိုက္မယ္ဆိုတဲ့ ရည္ရြယ္ခ်က္၊ ပိုင္ျဖတ္ခ်က္ေတြနဲ႔ တိုက္ခိုက္ေနတဲ့ အခ်ိန္မွာေတာ့ ေလာေလာဆယ္မွာ ေစ့စပ္ေဆြးေႏြးေရး ျဖစ္ႏုိင္ဖို႔က မျဖစ္ႏိုင္ပါဘူး။ ေစ့စပ္ေဆြးေႏြးေရးကာလက တကယ္ေတာ့ ေက်ာ္သြားခဲ့ပါၿပီ။ အဲဒီေတာ့ ေလာေလာဆယ္ ေစ့စပ္ေဆြးေႏြးေရး မျဖစ္ႏိုင္ပါဘူး။ ေနာက္တစ္ခုကေတာ့ လက္ရိွအေျခအေနမွာ တုိိင္းရင္းသား လက္နက္ကိုင္အင္အားစုေတြက ျပည္မအင္အားစုႏွစ္ခုၾကားမွာ ေစ့စပ္ညိွႏိႈင္းဖို႔ကေတာ့ က်ေနာ့္အျမင္ ျဖစ္ႏုိင္လိမ့္မယ္လို႔ မျမင္ပါဘူး။


==Unicode ==

မြန်မာနိုင်ငံမှာ စစ်တပ်ကအာသိမ်းယူလိုက်တဲ့အပေါ် ဝန်ထမ်းတွေ အာဏာဖီဆန်ရေးလုပ်တာ၊ မျိုးဆက်သစ်လူငယ်တွေ လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြတာတွေဟာ ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းဒေသကြီးတွေမှာ အပြင်းအထန် ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာ သိပ်မတွေ့ရသလို၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတချို့လည်း နှုတ်ဆိတ်နေကြပါတယ်။ ဘာကြောင့်ပါလဲ။ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခုမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတာ အထူးသဖြင့် ပြည်မက မြန်မာပြည်အလယ်ပိုင်းက မြို့ ကြီးတွေ ရန်ကုန်၊ မန္တလေး၊ မုံရွာစတဲ့ မြို့ကြီးတွေမှာ ဖြစ်သလောက် တိုင်းရင်းသားဒေသတချို့မှာ ပြင်းပြင်းထန်ထန် အဲဒီလို ဆန့်ကျင်တာ မတွေ့ရဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တချို့က အားမလိုအားမရ ဖြစ်ကြပါတယ်။ ပထမဦးဆုံး ဘာကြောင့်ဘာညာဆိုတာကို မပြောခင်မှာ ဒီအခြေအနေကို လွှမ်းခြုံပြီး သုံးသပ်ပါအုံး။ ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ကျနော်မြင်တာကတော့ ပြည်မလူထုရဲ့ ဒီမိုကရေစီ ရေစီးကြောင်းနဲ့ တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ်ရေစီးကြောင်းတွေက ပြိုင်စီးနေတဲ့ မဆုံနိုင်တဲ့အရာ တစ်ခုဖြစ်နေတယ်။ ဗမာပြည်မှာ။ အဲဒါကို ကျနော်တို့က အပြန်အလှန် နားလည်နိုင်မှု ဝေးနေကြတယ်။ အခြေအနေက ဒါကြောင့်မို့လို့ ဒီမိုကရေစီ ရေစီလှိုင်းထန်တဲ့အချိန်ရယ်၊ ဖယ်ဒရယ် ရေစီးလှိုင်းထန်တဲ့အချိန်ရယ်က မပေါင်းစည်းနိုင်ဘူးလို့ပဲ ထင်ပါတယ်။

မေး ။ ။ တကယ်တော့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ဆိုတာ အထူးသဖြင့် မြန်မာနိုင်ငံမှာ ခွဲခြားလို့ ရနိုင်ပါရဲ့လား။ တစ်ခုမရှိဘဲ တစ်ခု ဖြစ်နိုင်ပါလား။ အဲဒီတော့ တိုင်းရင်းသားတွေက ဖယ်ဒရယ်မရဘဲနဲ့ သူတို့လိုချင်တာကို မရရင် ငြိမ်းချမ်းရေး သူတို့ဒေသမှာ ဖြစ်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ပြည်ထောင်စုတစ်ခုလုံးအနေနဲ့ ဒီမိုကရေစီ တည်ဆောက်ဖို့ ရနိုင်ပါ့မလား။ ထိုနည်းလည်းကောင်းပဲ ဒီမိုကရေစီ မရှိဘဲနဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဖယ်ဒရယ်ပြည်ထောင်စုဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒီနှစ်ခုက။

ဖြေ ။ ။ ဒီနေရာမှာ မတူညီတဲ့ အမြင်တွေတော့ ရှိတယ်။ လောလောဆယ်မှာ ပြည်မဒီမိုကရက်တစ်အင်အားစုတွေမှာ လွှမ်းနေတဲ့ အယူအဆကတော့ ဒီမိုကရေစီ အရင်ရဖို့လိုတယ်။ ဒီမိုကရေစီရမှသာ ဖယ်ဒရယ် ရမယ်ဆိုတာမျို ရှိကြတယ်။ ဒါပေမဲ့ ကျနော်တို့ ဗမာပြည်သမိုင်းမှာ တိုင်းရင်းသားတွေတောင်းတဲ့ ဖယ်ဒရယ်က ဒီမိုကရေစီနဲ့ ထပ်တူမကျတဲ့ အချိန်တွေလည်း ရှိတယ်။ ဥပမာဆိုရင် ကျနော်တို့ - ခေတ်တုန်းကလည်း ဖယ်ဒရယ်ဆိုတာ ရှိတယ်ပဲ။ ဆိုလိုတာကတော့ ရှမ်းပြည်နယ် စော်ဘွားတွေက သူ့ဒေသမှာသူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကာလတွေ ရှိခဲ့တယ်။ ကိုလိုနီခေတ်မှာလည်း ဖယ်ဒရယ်ရတဲ့ ကာလတွေ ရှိတယ်။ ရှမ်းပြည်နယ်စော်ဘွားတွေက သူတို့ကိုယ်ပိုင် နယ်မြေတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဒေသတွေ ရှိတယ်။ တခါ ၈၉ ခုနှစ် နဝတခေတ်မှာ မိုင်းလားလို ဒေသတွေက နဝတစစ်တပ်နဲ့ အပစ်ခတ်ရပ်ပြီး အချိန်ကာလမှာ သူတို့ပြည်နယ်၊ သူတို့ဒေသတွေကို အုပ်စိုးလာတာ ဒီနေ့အထိ။ ဆိုတော့ ကျနော်တို့က ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ဆိုတာကို ဆက်စပ်ပြီး စဉ်းစားလို့လည်း ရတယ်။ ဒါပေမဲ့ တဘက်သတ် ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ်ဆိုတာက သူတို့အခြေအနေ အချိန်အခါအောက်မှာ သူတို့ ထူထောင်ကြခြင်း ဖြစ်တယ်ဆိုတာကိုလည်း နားလည်ဖို့ လိုမယ်လို့ထင်ပါတယ်။

မေး ။ ။ နောက်တစ်ခုက အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စကို တိုင်းရင်းသားတချို့က ဒါသည် စစ်တပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကြားမှာ ဖြစ်တဲ့ ပြဿနာသာ ဖြစ်တယ်လို့များ တွက်နေပြီး သူတို့မပါဘူးလို့များ စဉ်းစားနေကြသလား။

ဖြေ ။ ။ တချို့ကတော့ အဲဒီလိုမျိုး စဉ်းစားကောင်း စဉ်းစားပါလိမ့်မယ်။ တချို့ကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာလို့ မြင်တဲ့လူလည်း ရှိသလို၊ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မြင်တဲ့လူလည်း ရှိပါတယ်။ အဲဒါကြောင့်မို့ အခုနစောစောက ပြောခဲ့သလိုပဲ ဖယ်ဒရယ်နဲ့ ပတ်သက်ပြီး စဉ်းစားချက်ရယ်၊ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး စဉ်းစားချက်ရယ်။ ဒီရေစီးကြောင်းနှစ်ခုက ဗမာပြည်မှာ မဆုံနိုင်တဲ့ ပြဿနာလို့ပဲ ကျနော် ပြောရခြင်း ဖြစ်ပါတယ်။

မေး ။ ။ နောက်တစ်ခုက အခုဖြစ်နေတဲ့ကိစ္စမှာ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဆီက ပိုပြီးတော့ နှုတ်ဆိတ်နေတဲ့သဘော တွေ့ရတယ်လို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဒီကိစ္စမှာ သူတို့က တရုတ်နဲ့ နီးစပ်တဲ့အတွက်ကြောင့် တရုတ်ရဲ့ အချက်ပြမှုကို ငဲ့ကွက်နေရတယ်လို့များ စဉ်းစားရင် မှားသလား။

ဖြေ ။ ။ ဒီဥစ္စာလဲ မြောက်ပိုင်းအဖွဲ့တွေ ဒီတစ်ခေါက်မပါဘူးဆိုတာ ပြဿနာက မြောက်ပိုင်းအဖွဲ့တွေက ထူးခြားချက်တွေ ရှိတယ်။ တစ်ခုကတော့ ဝနဲ့မိုင်းလားတို့သည် သူ့ဒေသနဲ့သူ အုပ်ချုပ်လာတာက အနှစ် (၃၀) ကျော်သွားပြီ။ ဆိုတာက နဝတနဲ့ ၈၉ ခုနှစ် အပစ်ခတ်ရပ်စဲပြီး ဒီနေ့အထိ ဘာတိုက်ပွဲမှ မရှိဘူး။ ဒါပေမဲ့ သူတို့ ပဋိပက္ခ မရှိတာတော့ မဟုတ်ဘူး။ ဒီ ၂၀၀၉-၂၀၁၀ မှာ ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲပြီးတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးလုပ်တဲ့အချိန်တုန်းက သူတို့လက်မခံတဲ့အတွက် စစ်ရေးအရ တင်းတင်းမာမာ ဖြစ်ကြတယ်။ စစ်ပြင်ကြတယ်။ နောက်တစ်ခါ ၂၀၁၅ မှာ NCA မထိုးတဲ့အတွက် တင်းတင်းမာမာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဝဒေသတို့ကို ရိက္ခာ ဆန်၊ ဒီဇယ် အစရှိသဖြင့် သယ်ယူပို့ဆောင်ရေးတွေ ပိတ်ထားခဲ့တာ ဒီနေ့အထိကာလ။ ဒါပေမဲ့ ဒီလိုတင်းမာနေတဲ့ အခြေအနေမှာ ပြည်မတုံ့ပြန်မှုကတော့ ဘာမှမရှိခဲ့ဘူး။ တဆက်တည်းမှာလဲ ဝတို့ မိုင်းလားတို့ ဆိုတာကလဲ သူ့ဒေသကို လာတိုက်ရင်တော့ ပြန်တိုက်မှာပဲ။ သူ့ဒေသကို လာမတိုက်ရင် မတိုက်ဘူးဆိုတဲ့ အနေအထားမျိုး ရှိတယ်။ ဒါ့အပြင် ကျန်တဲ့အဖွဲ့တွေကို ယေဘုယျပြောရရင် ၂၀၁၁ ခုနှစ်ကစတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တွန်းအားပေးတာ ဖြစ်တာက လက်နက်ကိုင်အဖွဲ့တွေ။ လက်နက်ကိုင်အဖွဲ့တွေ တွန်းအားပေးလာတဲ့အခါကြတော့ ၂၀၁၈ လောက်ကစပြီး KIA နဲ့ တိုက်ပွဲတွေ မရှိသလောက် ဖြစ်သွားတယ်။ ၂၀၁၉ လောက်ဆိုရင် KNLA, ကိုးကန့်တို့နဲ့ တိုက်ပွဲတွေ လျော့ကျသွားတယ်။ ၂၀၂၀ နှစ်ကုန်ဆိုရင် AA နဲ့ လျော့ကျတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လမ်းကို ပြောင်းဖို့အတွက် ပြင်ဆင်လာကြတယ်။ နိုင်ငံရေးစကားဝိုင်းအတွက်။ ဒါက NLD အစိုးရလက်ထက်မှာ။ ဒါပေမဲ့ ရုတ်ချည်း ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ စစ်ကောင်စီ အုပ်ချုပ်ရေး ပြောင်းသွားတဲ့အခါကြတော့ ဒါကိုချက်ချည်းလွှဲပြောင်းဖို့၊ ချက်ချည်းငြိမ်းချမ်းရေး မလုပ်တော့ဘူး၊ စစ်တိုက်ဖို့ဆိုတာမျိုးက မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဆိုတာက သူ့အင်အားတွေကို ထိန်းသိမ်းတာ၊ စစ်တိုက်ဖို့ ပြင်ဆင်တာပဲဖြစ်စေ၊ ငြိမ်းချမ်းရေးတစ်ခုကို ပြင်ဆင်တာပဲဖြစ်စေ အချိန်ယူပါတယ်။

နောက်တစ်ခုက တရုတ်ရဲ့ ပါဝင်ပတ်သက်မှုကတော့ သြဇာလွှမ်းမိုးမှုကတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို ကျနော်တို့ သေချာမပြောနိုင်ပါဘူး။

မေး ။ ။ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ရပ်တည်ချက်ကို ပြောဖို့ စောသေးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါပေမဲ့ ကျနော်စဉ်းစားတာက ဝတို့၊ မိုင်းလားတို့ကိုပေးတဲ့ ဖယ်ဒရယ်ဆိုကြပါစို့။ ဖယ်ဒရယ်ထက်တောင် သာနေသေးတယ်။ ကိုယ်ပိုင်စစ်တပ်တွေ ဘာတွေ ရှိနေတဲ့ဟာ။ အဲဒီလို အခွင့်အရေးမျိုး ကျန်တဲ့ တိုင်းရင်းသားဒေသတွေကို စစ်တပ်က ပေးနိုင်လိမ့်မယ်လို့များ မျှော်လင့်နိုင်စရာ အကြောင်းရှိလား။

ဖြေ ။ ။ စစ်တပ်ကတော့ ဒီထက် ဘယ်သူကိုမှ အသားလွှတ် မပေးဘူး။ လက်နက်ကိုင်အင်အား တည်ဆောက်ပြီး ထိန်းချုပ်နိုင်တဲ့ လူတွေကိုပဲ အဲဒီအခွင့်အရေး ရနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ စစ်တပ်ကတော့ အသားလွှတ် ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးတာပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ ပေးတာပဲဖြစ်ဖြစ် ကျနော်ကတော့ ပေးမယ်မထင်ပါဘူး။ ဒါကို လက်နက်ကိုင် အန်တုနိုင်တယ်၊ ဒါမှမဟုတ် တခြားနည်းနဲ့ အန်တုနိုင်တယ်ဆိုရင်တော့ သူရဲ့ အင်အားတည်ဆောက်မှုပေါ်မှာပဲ ရနိုင်ပါလိမ့်မယ်။

မေး ။ ။ နောက် တိုင်းရင်းသားတွေအနေနဲ့ သူတို့လိုချင်တဲ့ အခွင့်အရေး သူတို့လိုချင်တဲ့ ဖယ်ဒရယ် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုချင်ရင် စစ်အာဏာရှင်စနစ်နဲ့ လက်နက်ကိုင်လူတွေနဲ့ စေ့စပ်ညှိနှိုင်းပေးရတာထက် ဒီမိုကရေစီအင်အားစုတွေနဲ့ စေ့စပ်ရတာ ပိုပြီးမကောင်းမနေဘူးလား။ စစ်တပ်နဲ့ စေ့စပ်ရရင် လက်လိမ်ချိုးပြီးတော့ အင်အားကြီးတဲ့လူက အင်အားနဲ့ စကားပြောမယ်။ ဆရာ စောစောကပြောသလို သူတို့ကို ပြန်တိုက်နိုင်တဲ့ ဝတို့လို အဖွဲ့မျိုးကြတော့ သူက ကြောက်တယ်၊ အလျှော့ပေးတယ်။ ဒါပေမဲ့ အားနည်းတဲ့လူတွေကြတော့ လက်လိမ်ချိုးပြီး သူတို့လုပ်မှာပဲ။ ဆိုတော့ ဒါတွေကို တိုင်းရင်းသားတွေက နားလည်တယ်ဆိုရင် ဒီမိုကရေစီအင်အားစုနဲ့ စေ့စပ်ရတာ ပိုအဆင်မပြေနိုင်ဘူးလား သူတို့အတွက်။

ဖြေ ။ ။ သီအိုရီအရတော့ အဲဒီအတိုင်းပဲ သီအိုရီအရတော့ ဒီမိုကရေစီအင်အားစုတွေနဲ့ စေ့စပ်ဆွေးနွေးလို့ရှိရင် ပိုပြီးအဆင်ပြေနိုင်တယ်လို့ သီအိုရီအရ ဖြစ်နိုင်တယ်။ သို့သော်လဲ တစ်ချက်က NLD အာဏာရနေတဲ့ ကာလမှာ တိုင်းရင်းသားတွေနဲ့ အဆင်မပြေခဲ့တာ အကြောင်းအချက် တစ်ခုရှိတယ်။ ဒါကတော့ နှစ်ဘက်အပြန်အလှန် သုံးသပ်ဖို့ လိုတာပေါ့။ ဒုတိယတစ်ချက်က ဘာလဲဆိုတော့ NLD အစိုးရတက်လာတဲ့ အချိန်အတွင်းမှာ လက်နက်ကိုင်တပ်တွေရဲ့ စစ်ရပ်စဲရေးတို့ ဘာတို့ပြောလာရင် စစ်တပ်ရဲ့ အခန်းကဏ္ဍက တော်တော်အရေးကြီးတယ်။ ဒါကို တိုင်းရင်းသားလက်နက်ကိုင်တွေက ကောင်းကောင်းသိကြတယ်။ ဒါကို ရပ်တာပဲဖြစ်ဖြစ်၊ တိုက်တာပဲဖြစ်ဖြစ် ဆုံးဖြတ်နိုင်တာ စစ်တပ်က ဖြစ်နေတယ်။ NLD အစိုးရအနေနဲ့ မလွှမ်းမိုးနိုင်ဘူးဆိုတဲ့ အချက်ကို သိနေတယ်။ အဲဒီအချိန်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒီအချက်ကို လက်တွေ့အသုံးပြုတဲ့ နေရာမှာတော့ သူတို့ချင့်ချင့်ချိန်ချိန် အသုံးပြုကြလိမ့်မယ် ထင်ပါတယ်။

မေး ။ ။ အခု စစ်တပ်ကလဲ တိုင်းရင်းသားလက်နက်ကိုင်တွေ အတော်လေးချင့်ချိန်ပြီးတော့ တနည်းအားဖြင့် ပြောရရင် ပြည်မမှာ အလွှာပေါင်းစုံ မျိုးဆက်ပေါင်းစုံက ဝိုင်းဝန်းဆန့်ကျင်နေကြတော့ သူတို့အတွက် အားကိုးအားထားရ မဟာမိတ်အဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်တွေလို့များ တွေးကောင်းတွေးနေမလား။ ကျနော်က ဒါကို ဘာကြောင့်ပြောရသလဲဆိုရင် တိုင်းရင်းသားတွေ လိုချင်နေကြတဲ့ အချိုးကျ ကိုယ်စားပြုတဲ့စနစ် အဲဒါမျိုးကို အခုရွေးကောက်ပွဲ ကော်မရှင်အသစ်၊ သူတို့ဖွဲ့ပေးတဲ့ ရွေးကောက်ပွဲ ကော်မရှင်အသစ်က ဒီလိုလုပ်မယ်ဆိုတဲ့ လေသံပစ်လာတာကို တွေ့ရပါတယ်။ ဒီဟာက ဘယ်လောက်အထိ ထိရောက်မှု ရှိနိုင်ပါလဲ။ တိုင်းရင်းသားတွေအပေါ်မှာ သူတို့ကို ဒီကြွေးကြော်သံနဲ့ စစ်တပ်ဘက်က စည်းလုံးသိမ်းသွင်းနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ လောလောဆယ်တော့ ပြောရခက်တယ်။ လောလောဆယ် ပြောရခက်တယ်ဆိုတာက စစ်ကောင်စီ တရားဝင်မှုနဲ့ ခိုင်မာမှုကိုတော့ ကျနော်ထင်တယ်၊ ပြည်တွင်းပြည်ပက စောင့်ကြည့်နေတုန်းပဲ။ စောင့်ကြည့်နေတဲ့အထဲမှာ တိုင်းရင်းသားတွေလည်း ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ပါတယ်။ နောက်တစ်ခုက PR စနစ်နဲ့ ပတ်သက်လို့ ပြောရရင်တော့ တိုင်းရင်းသားလူနည်းစုတွေကတော့ သဘောကျကြမယ် ထင်ပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ခန့်မှန်းရမယ်ဆိုရင် ဒီပဋိပက္ခက တိုင်းပြည်အတွက် အင်မတန် နစ်နာစေမယ့် ကိစ္စ ဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်းလည်း နောက်ဆုတ်သွားတာ ဖြစ်တယ်ဆိုတော့ ဒီဟာက ပြေလည်မှု ရရှိနိုင်စရာအကြောင်း တစုံတရာ ရှိနိုင်ပါသလား။ တိုင်းရင်းသားအင်အားစုတွေဟာ စစ်တပ်နဲ့ NLD အစိုးရကြားမှာ စေ့စပ်ပေးနိုင်တဲ့ တတိယအင်အားစုများ ဖြစ်လာနိုင်စရာ အကြောင်းရှိပါသလား။ အဲဒါကို မျှော်လင့်တယ်ဆိုရင် စိတ်ကူးယဉ်လွန်ရာ ကြမလား။

ဖြေ ။ ။ လောလောဆယ်အနေအထားမှာတော့ စစ်ကောင်စီကလည်း သူ့အာဏာတည်မြဲမှုကို ဦးစားပေးနေတဲ့ကာလ ဖြစ်တယ်။ ပြည်တွင်းက ဆန့်ကျင်နေတဲ့ ဒီမိုကရက်တစ်အင်အားစုတွေကလည်း အပြတ်အသတ် တိုက်ခိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်၊ ပိုင်ဖြတ်ချက်တွေနဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာတော့ လောလောဆယ်မှာ စေ့စပ်ဆွေးနွေးရေး ဖြစ်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။ စေ့စပ်ဆွေးနွေးရေးကာလက တကယ်တော့ ကျော်သွားခဲ့ပါပြီ။ အဲဒီတော့ လောလောဆယ် စေ့စပ်ဆွေးနွေးရေး မဖြစ်နိုင်ပါဘူး။ နောက်တစ်ခုကတော့ လက်ရှိအခြေအနေမှာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေက ပြည်မအင်အားစုနှစ်ခုကြားမှာ စေ့စပ်ညှိနှိုင်းဖို့ကတော့ ကျနော့်အမြင် ဖြစ်နိုင်လိမ့်မယ်လို့ မမြင်ပါဘူး။

XS
SM
MD
LG