(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တာ ျပန္ေပးဆဲြ လုယူတဲ့ လုပ္ရပ္ျဖစ္သလို ဒီမိုကေရစီေရး ႀကိဳးပမ္းမႈေတြကိုလည္း ထိခိုက္ေစခဲ့တယ္လို႔ အေမရိကန္စစ္တပ္ အဆင့္ျမင့္အရာရွိတဦးက ေျပာလိုက္ပါတယ္။
ဒီမိုကေရစီေပၚထြန္းဖို႔ အခြင့္အေရးရခဲ့တဲ့ လြန္ခဲ့တဲ့ ၁၀ ႏွစ္တာကာလက အေျခအေနေတြကို ေတြ႕ခဲ့ရၿပီးေနာက္ အခုလို အေျခအေနမ်ဳိးေတြ ၾကံဳရတာဟာ လက္ခံဖို႔ ခက္ခဲလွသလို၊ ဒါဟာ ျပန္ေပးဆဲြလုယူၿပီး၊ ဒီမိုကေရစီလမ္းေၾကာင္းကေန ေသြဖီေအာင္ လုပ္လိုက္တဲ့ လုပ္ရပ္ ျဖစ္တဲ့အေၾကာင္း အေမရိကန္ အင္ဒို၊ ပစိဖိတ္ေဒသ ေထာက္လွမ္းေရးဌာန ဒါ႐ိုက္တာ ေရတပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး Michael Studeman က အဂၤါေန႔မွာပဲ ေျပာလိုက္တာပါ။
ျမန္မာစစ္တပ္အေနနဲ႔လည္း အာဏာကိုလုံး၀ ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးပမ္းေကာင္း ႀကိဳးပမ္းသြားမယ့္ အလားအလာေတြ ရွိေနတယ္လို႔လည္း ေျပာဆိုခဲ့တာပါ။
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္အတြက္ တာ၀န္ရွိသူေတြကိုေတာ့ အေမရိကန္ အပါအင္ အေနာက္ႏိုင္ငံေတြက ပိတ္ဆို႔ဒဏ္ခတ္ အေရးယူမႈေတြ ခ်မွတ္ထားသလို၊ ေနာက္ထပ္ အေရးယူဖို႔ ျပင္ဆင္ေနေၾကာင္းလည္း သတိေပးထားပါတယ္။
.............
မြန်မာစစ်အာဏာသိမ်းမှု အပေါ် အင်ဒို-ပစိဖိတ် ဆိုင်ရာ ကန်စစ်အရာရှိကြီးတဦးရဲ့ မှတ်ချက်
(Unicode)
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ပြန်ပေးဆွဲ လုယူတဲ့ လုပ်ရပ်ဖြစ်သလို ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကိုလည်း ထိခိုက်စေခဲ့တယ်လို့ အမေရိကန်စစ်တပ် အဆင့်မြင့်အရာရှိတဦးက ပြောလိုက်ပါတယ်။
ဒီမိုကရေစီပေါ်ထွန်းဖို့ အခွင့်အရေးရခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလက အခြေအနေတွေကို တွေ့ခဲ့ရပြီးနောက် အခုလို အခြေအနေမျိုးတွေ ကြုံရတာဟာ လက်ခံဖို့ ခက်ခဲလှသလို၊ ဒါဟာ ပြန်ပေးဆွဲလုယူပြီး၊ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖီအောင် လုပ်လိုက်တဲ့ လုပ်ရပ် ဖြစ်တဲ့အကြောင်း အမေရိကန် အင်ဒို၊ ပစိဖိတ်ဒေသ ထောက်လှမ်းရေးဌာန ဒါရိုက်တာ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး Michael Studeman က အင်္ဂါနေ့မှာပဲ ပြောလိုက်တာပါ။
မြန်မာစစ်တပ်အနေနဲ့လည်း အာဏာကိုလုံး၀ ထိန်းချုပ်နိုင်အောင် ကြိုးပမ်းကောင်း ကြိုးပမ်းသွားမယ့် အလားအလာတွေ ရှိနေတယ်လို့လည်း ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အတွက် တာဝန်ရှိသူတွေကိုတော့ အမေရိကန် အပါအင် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားသလို၊ နောက်ထပ် အရေးယူဖို့ ပြင်ဆင်နေကြောင်းလည်း သတိပေးထားပါတယ်။