သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းမႈအေပၚ အေရးယူမႈ တိုးျမွင့္ဖို႔ ၿဗိတိန္ နည္းလမ္းရွာ


NLD ရံုးခ်ဳပ္အနီး၀န္က်င္ စစ္သားမ်ားကို ေတြ႔ရစဥ္ (ေဖေဖာ္၀ါရီလ ၁၅ ရက္ ၂၀၂၁ )

(Zawgyi/Unicode)

ျမန္မာႏုိင္ငံ စစ္အာဏာသိမ္း အဖြဲ႔တြင္းက လူပုဂၢိဳလ္ေတြကို အေရးယူႏိုင္ေရး ၿဗိတိန္က ဆက္လက္ ေလ႔လာ သံုးသပ္ေနတဲ႔ အျပင္ ျမန္မာႏုိင္ငံတြင္း စစ္တပ္ ထိန္းခ်ဳပ္တဲ႔ လုပ္ငန္းႀကီးေတြနဲ႔ စီးပြားေရး လုပ္ေနတဲ႔ လုပ္ငန္းေတြကိုလည္း သံုးသပ္ေနေၾကာင္း ၿဗိတိန္ႏုိင္ငံျခားေရး ၀န္ႀကီး Dominic Raab က တနလာၤေန႔မွာ ေျပာပါတယ္။ လံုၿခံဳေရး တပ္ဖြဲ႔ေတြ လက္ခ်က္နဲ႔ ဆႏၵျပသူ ၂၀ ေက်ာ္ ေသဆံုးခဲ႔ရၿပီး ေနာက္တေန႔မွာဘဲ ၀န္ႀကီး Raab က အခုလို ေျပာဆိုတာ ျဖစ္ပါတယ္။

“အတိုက္အခံ ႏုိင္ငံေရး သမားေတြ၊ သတင္းေထာက္ေတြနဲ႔ ေ၀ဖန္သူေတြကို ပစ္မွတ္ထားၿပီး အၾကမ္းဖက္တဲ႔ လုပ္ရပ္ေတြကို အဆံုးသတ္ရပါမယ္။ အာဏာသိမ္း စစ္အဖြဲ႔ အေနနဲ႔ ရက္စက္ ၾကမ္းၾကဳတ္မႈေတြကို အဆံုးသတ္ဖို႔ လုိအပ္သလိုဘဲ ဒီမိုကေရစီ လမ္းေၾကာင္းကို ျပန္ေရာက္ေစႏုိင္မယ့္ နည္းလမ္းမ်ိဳးကို စၿပီး စဥ္းစားသံုးသပ္ဖို႔လည္း လိုအပ္တယ္” လို႔ ၿဗိတိန္ ႏုိင္ငံျခားေရး ၀န္ႀကီး Raab က ေျပာဆိုခဲ႔တာပါ။

ျမန္မာ စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္ၿပီး စစ္တပ္ အဆင့္ျမင့္ အရာရွိ ၂၀ ေက်ာ္ကို ၿဗိတိန္က ဒဏ္ခတ္ အေရးယူထားၿပီး ျဖစ္ၿပီး ျမန္မာ စစ္တပ္ပိုင္ လုပ္ငန္းေတြရဲ႕ စီးပြားဘက္ေတြကိုပါ ၿဗိတိန္ဘက္က သံုးသပ္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

မြန်မာစစ်အာဏာသိမ်းမှုအပေါ် အရေးယူမှုတိုးမြှင့်ဖို့ ဗြိတိန် နည်းလမ်းရှာ

(Unicode)

မြန်မာနိုင်ငံ စစ်အာဏာသိမ်း အဖွဲ့တွင်းက လူပုဂ္ဂိုလ်တွေကို အရေးယူနိုင်ရေး ဗြိတိန်က ဆက်လက် လေ့လာ သုံးသပ်နေတဲ့ အပြင် မြန်မာနိုင်ငံတွင်း စစ်တပ် ထိန်းချုပ်တဲ့ လုပ်ငန်းကြီးတွေနဲ့ စီးပွားရေး လုပ်နေတဲ့ လုပ်ငန်းတွေကိုလည်း သုံးသပ်နေကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Dominic Raab က တနလာၤနေ့မှာ ပြောပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ ဆန္ဒပြသူ ၂၀ ကျော် သေဆုံးခဲ့ရပြီး နောက်တနေ့မှာဘဲ ဝန်ကြီး Raab က အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

“အတိုက်အခံ နိုင်ငံရေး သမားတွေ၊ သတင်းထောက်တွေနဲ့ ဝေဖန်သူတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို အဆုံးသတ်ရပါမယ်။ အာဏာသိမ်း စစ်အဖွဲ့ အနေနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို အဆုံးသတ်ဖို့ လိုအပ်သလိုဘဲ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်ရောက်စေနိုင်မယ့် နည်းလမ်းမျိုးကို စပြီး စဉ်းစားသုံးသပ်ဖို့လည်း လိုအပ်တယ်” လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Raab က ပြောဆိုခဲ့တာပါ။

မြန်မာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စစ်တပ် အဆင့်မြင့် အရာရှိ ၂၀ ကျော်ကို ဗြိတိန်က ဒဏ်ခတ် အရေးယူထားပြီး ဖြစ်ပြီး မြန်မာ စစ်တပ်ပိုင် လုပ်ငန်းတွေရဲ့ စီးပွားဘက်တွေကိုပါ ဗြိတိန်ဘက်က သုံးသပ်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG