သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် ဒဏ်ခတ်အရေးယူတဲ့ မြန်မာစစ်ဗိုလ်စာရင်း (၆) ဦး ထပ်တိုး


မှတ်တမ်းဓါတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် စစ်ကောင်စီအဖွဲ့ဝင်များဆွေးနွေးစဉ် (ဓါတ်ပုံ-တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့)
မှတ်တမ်းဓါတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် စစ်ကောင်စီအဖွဲ့ဝင်များဆွေးနွေးစဉ် (ဓါတ်ပုံ-တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံက နောက်ထပ် မြန်မာစစ်အရာရှိ ၆ ယောက်ကို အရေးယူ ဒဏ်ခတ်မယ့်အကြောင်း ကြေညာလိုက်ပါတယ်။

ဗြိတိန်နိုင်ငံက ဒဏ်ခတ်အရေးယူထားတဲ့ မြန်မာစစ်တပ် အဆင့်မြင့် အရာရှိ ၁၉ ယောက် စာရင်းမှာ နောက်ထပ် ၆ ယောက် ထပ်တိုးမယ့်အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာပဲ ကြေညာလိုက်တာပါ။ မြန်မာစစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ ဗြိတိသျှကုမ္ပဏီတွေ လုပ်ငန်းမလုပ်ကြဖို့ ကုန်သွယ်ရေးဝန်ကြီးက စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေ အနေနဲ့ ကျုးလွန်တဲ့လုပ်ရပ်အတွက် တာဝန်ခံရမယ်ဆိုတာကို အခုအရေးယူ ဒဏ်ခတ်မှုနဲ့ သတင်းစကား ပါးလိုက်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကပြောဆိုခဲ့တာပါ။ မြန်မာလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရထံ အာဏာပြန်လွှဲပေးဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် အနောက်နိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ချမှတ်လာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)





XS
SM
MD
LG