သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပပဲြအတြင္း လုံျခံဳေရးတပ္ဖဲြ႕လက္ခ်က္နဲ႔ ေသဆုံးသူတခ်ဳိ႕ကို သၿဂႋဳဟ္


ေသနတ္ဒဏ္ရာနဲ႔ ေသဆံုးခဲ႔တဲ႔ အသက္ ၂၃ ႏွစ္ အရြယ္ ေက်ာင္းသား ကိုညီညီေအာင္ထက္ႏုိင္ ကို အဂၤါေန႔မွာ သၿဂႋဳဟ္ခဲ႔ပါတယ္။

(Zawgyi/Unicode)

စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပၾကတဲ႔ တနဂၤေႏြေန႔မွာ လံုၿခံဳေရး တပ္ဖြဲ႔ေတြရဲ႕ ေသနတ္က်ည္ ထိမွန္ ေသဆံုးခဲ႔ရသူ တခ်ိဳ႕ကို အဂၤါေန႔မွာ သၿဂႋဳဟ္ခဲ႔ပါတယ္။

ေဖေဖာ္၀ါရီလ ၂၈ ရက္ေန႔က ေသနတ္ဒဏ္ရာနဲ႔ ေသဆံုးခဲ႔တဲ႔ အသက္ ၂၃ ႏွစ္ အရြယ္ ေက်ာင္းသား ကိုညီညီေအာင္ထက္ႏုိင္ကို အဂၤါေန႔မွာ သၿဂၤ ိဳဟ္ ခဲ႔တာမွာ လူေပါင္း ေထာင္ခ်ီ တက္ေရာက္ခဲ႔ၾကပါတယ္။

“က်ေနာ္တို႔ ဒီမိုကေရစီ တိုက္ပြဲအတြက္ ၊ က်ေနာ္တို႔ တရားမွ်တမႈအတြက္ က်ေနာ္တို႔ လူ႔အခြင့္အေရးအတြက္ က်ဆံုးသြားတဲ့ က်ေနာ္တို႔ရဲ႕ သူရဲေကာင္းေတြ ၊ က်ေနာ္တို႔ ရဟန္းရွင္လူျပည္သူေတြအတြက္ တရားမွ်တမႈအတြက္ က်ေနာ္တို႔ ျပန္လိုခ်င္တယ္။ အဲဒီ တရားမွ်တမႈကို မရမခ်င္း က်ေနာ္တုိ႔ ၿငိမ္းခ်မ္းစြာနဲ႔ ေန႔စဥ္ လမ္းေပၚထြက္ၿပီးေတာ့ စစ္အာဏာရွင္၊ စစ္ေကာင္စီအစိုးရကို က်ေနာ္တို႔ တြန္းလွန္ေနမယ္ဆိုတာကို ဒီေနရာကေနၿပီးေတာ့ က်ေနာ္ ရဲရဲ၀ံ႔၀ံ႔ေျပာခ်င္တယ္။”

အလားတူဘဲ တနဂၤေႏြေန႔ ဆႏၵျပပြဲ အတြင္း ေသဆံုးခဲ႔ရတဲ႔ ရန္ကုန္က အလယ္တန္းျပ ေက်ာင္းဆရာမ ေဒၚတင္ႏြဲ႕ရီကိုလည္း အဂၤါေန႔မွာ သၿဂႋဳဟ္ခဲ႔ပါတယ္။ တနဂၤေႏြေန႔ ဆႏၵျပပြဲေတြ အတြင္း ေသဆံုးခဲ႔တဲ႔ ေရျဖဴၿမိဳ႕နယ္ ပုေဂါဇြန္းရြာက အသက္ ၃၄ ႏွစ္ အရြယ္ ကိုေဖသန္း ေခၚ ႏြန္ငိုရဲ႕ ေနာက္ဆံုး ခရီးမွာ လူေပါင္း ရာခ်ီ ပို႔ေဆာင္ ႏႈတ္ဆက္ခဲ႔ၾကပါတယ္။

ႏုိင္ငံတ၀န္း ဆႏၵျပပြဲေတြ အတြင္း လံုၿခံဳေရး တပ္ဖြဲ႔ေတြရဲ႕ လက္ခ်က္ေၾကာင့္ ေသဆံုးရသူ အေရး သမာသမတ္က်တဲ႔ စံုစမ္းစစ္ေဆးမႈေတြ လုပ္ဖို႔ အခြင့္အေရး လႈပ္ရွားမႈအဖြဲ႔ HRW ရဲ႕ အာရွေရးရာ ဒုတိယ ညႊန္ၾကားေရးမွဴး Phil Robertson က တိုက္တြန္းထားတာပါ။ ႏုိင္ငံတ၀န္း ဆႏၵျပပြဲေတြ အတြင္း လံုၿခံဳေရး တပ္ဖြဲ႔ေတြ လက္ခ်က္နဲ႔ ေသဆံုးရသူ စုစုေပါင္း ၃၀ ေက်ာ္ ရွိၿပီလို႔ ခန္႔မွန္း ေျပာဆိုထားၾကၿပီး ဒီ ေသဆံုးရသူေတြ အေရး အာဏာပိုင္ေတြဘက္က ဘယ္လို ေဆာင္ရြက္သလဲ ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

တိုက္႐ိုက္ လင့္ခ္


.......

ဆန္ဒပြပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့တွေလက်ချက်နဲ့ သေဆုံးသူတချို့ကို သင်္ဂြိုဟ်

(Unicode)

စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြကြတဲ့ တနင်္ဂနွေနေ့မှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ သေနတ်ကျည် ထိမှန် သေဆုံးခဲ့ရသူ တချို့ကို အင်္ဂါနေ့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ အသက် ၂၃ နှစ် အရွယ် ကျောင်းသား ကိုညီညီအောင်ထက်နိုင်ကို အင်္ဂါနေ့မှာ သင်္ဂြ ိုဟ် ခဲ့တာမှာ လူပေါင်း ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။

“ကျနော်တို့ ဒီမိုကရေစီ တိုက်ပွဲအတွက် ၊ ကျနော်တို့ တရားမျှတမှုအတွက် ကျနော်တို့ လူ့အခွင့်အရေးအတွက် ကျဆုံးသွားတဲ့ ကျနော်တို့ရဲ့ သူရဲကောင်းတွေ ၊ ကျနော်တို့ ရဟန်းရှင်လူပြည်သူတွေအတွက် တရားမျှတမှုအတွက် ကျနော်တို့ ပြန်လိုချင်တယ်။ အဲဒီ တရားမျှတမှုကို မရမချင်း ကျနော်တို့ ငြိမ်းချမ်းစွာနဲ့ နေ့စဉ် လမ်းပေါ်ထွက်ပြီးတော့ စစ်အာဏာရှင်၊ စစ်ကောင်စီအစိုးရကို ကျနော်တို့ တွန်းလှန်နေမယ်ဆိုတာကို ဒီနေရာကနေပြီးတော့ ကျနော် ရဲရဲဝံ့ဝံ့ပြောချင်တယ်။”

အလားတူဘဲ တနင်္ဂနွေနေ့ ဆန္ဒပြပွဲ အတွင်း သေဆုံးခဲ့ရတဲ့ ရန်ကုန်က အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီကိုလည်း အင်္ဂါနေ့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွေ အတွင်း သေဆုံးခဲ့တဲ့ ရေဖြူမြို့နယ် ပုဂေါဇွန်းရွာက အသက် ၃၄ နှစ် အရွယ် ကိုဖေသန်း ခေါ် နွန်ငိုရဲ့ နောက်ဆုံး ခရီးမှာ လူပေါင်း ရာချီ ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။

နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် သေဆုံးရသူ အရေး သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ HRW ရဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က တိုက်တွန်းထားတာပါ။ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးရသူ စုစုပေါင်း ၃၀ ကျော် ရှိပြီလို့ ခန့်မှန်း ပြောဆိုထားကြပြီး ဒီ သေဆုံးရသူတွေ အရေး အာဏာပိုင်တွေဘက်က ဘယ်လို ဆောင်ရွက်သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG