သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တနသၤာရီတိုင္းတြင္း စစ္အာဏာဆန္႔က်င္ေရးဆႏၵျပမႈမ်ား ၿဖိဳခြဲခံရ


ထားဝယ္ၿမိဳ႕မွာ စစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပသူေတြကို မီးခုိးဗံုးခြဲၿပီး ၿဖိဳခြဲ (၀၂၊ ၂၇၊ ၂၀၂၁)

ZawGyi/Unicode

ျမန္မာျပည္ေတာင္ပိုင္း၊ တနသၤာရီတိုင္းေဒသႀကီး ထား၀ယ္ၿမိဳ႕နဲ႔ၿမိဳ႕မွာ စစ္အာဏာသိမ္းမွဳကိုဆန္႕က်င္ဆႏၵျပတဲ့ လူထုသပိတ္ၿဖိဳခြင္းခံရၿပီး လုံၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ပစ္ခတ္မွဳေၾကာင့္ ဆႏၵျပသူ (၆) ဦးဒဏ္ရာရရွိၿပီး (၇) ဦးခန္႔ အဖမ္းရတယ္လို႔ ဆႏၵေဖာ္ထုတ္ပြဲမွာပါတဲ့သူေတြက ေျပာပါတယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

တနသၤာရီတိုင္းေဒသႀကီးဘက္ ေဖေဖၚဝါရီလ ၂၇ ရက္၊ ဆႏၵေဖာ္ထုတ္ေနသူေတြကို လံုၿခံဳေရးတပ္ဖြဲ႔ေတြက မ်က္ရည္ယိုဗံုးေတြ၊ ရာဘာက်ည္ေတြနဲ႔ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရသူရွိခဲ့သလို အဖမ္းအဆီးေတြလည္း ရွိေနတာပါ။ ဒီေန႔မနက္ အေစာပိုင္းမွာ ထားဝယ္ၿမိဳ႕က ဆႏၵျပလူအုပ္ေတြရဲ႕သပိတ္စစ္ေၾကာင္းကို ရဲတပ္ဖြဲ႔ေတြက ၿဖိဳခြင္းရာမွာ ထိခိုက္ဒဏ္ရာရသူေတြရွိခဲ့ေၾကာင္း ဆႏၵေဖာ္ထုတ္ပြဲမွာပါဝင္သူ လူငယ္တဦးက ေျပာပါတယ္။

“က်ေနာ္တို႔ ပထမစစ္ေၾကာင္းက ပံုမွန္အတုိင္းပဲ ဆံုေနက်ေနရာရွိပါတယ္။ ဒီေန႔မနက္က် အဲဒီစုရပ္မွာ ရဲတပ္ဖြဲ႔က လာၿပီးေစာင့္ေန တာေပါ့ ေနာ္။ …ဆိုေတာ့ အဲဒီေနရာမွာ သပိတ္စခန္းစုလို႔မရေတာ့ဘူး။ တျခားေနရာမွာသြားစုၿပီးေတာ့မွ ဆႏၵျပသပိတ္ ထြက္သြားတာေပါ့ေနာ္။ ကရပ္ျပင္လမ္းဆံုကိုေရာက္ေတာ့ ရဲတပ္ဖြဲ႔ေရာက္လာၿပီး မ်က္ရည္ယိုဗံုးေတြနဲ႔ပစ္တယ္။ ရာဘာက်ည္နဲ႔စပစ္တာေပါ့။ စပစ္ေတာ့ မနက္ ၈ နာရီ၊ ၄၅ မိနစ္ေလာက္ရွိၿပီ။ ေသနတ္ေဖာက္တာ ဆယ္ခ်က္ေလာက္ရွိတယ္။ ဒရစပ္ပစ္တာေပါ့ေနာ္။ အဲဒီမွာ ခန လူစုကြဲသြားတယ္။ ဒါေပမယ့္ ခနအတြင္းမွာပဲ သပိတ္စစ္ေၾကာင္း ျပန္ၿပီးေတာ့ လူစုမိသြားတယ္။ ျပန္ခ်ီတက္ၾကေတာ့ အဲဒီမွာ လူစုခြဲၾကတယ္။ အဲဒီေနာက္မွာ ရဲတပ္ဖြဲ႔က ဥတၱံတားႀကီးလမ္းဆံုကို ထပ္ေရာက္လာတာေပါ့ေနာ္။ အဲဒီမွာ တခ်ဳိ႕ က်န္ခဲ့တဲ့လူေတြက ဆႏၵထပ္ျပၾကတာမ်ဳိးဆိုေတာ့ အဲဒီဥတၱံတားႀကီးလမ္းဆံုမွာ ထပ္ပစ္တယ္။ အဲဒီမွာေတာ့ မီးခိုးဗံုးေတြ မသံုးေတာ့ဘူး။ ရာဘာက်ည္ေတြနဲ႔ပစ္တယ္။ ဒဏ္ရာရတဲ့သူေတြကေတာ့ အခုခ်ိန္ထိ သိရတာကေတာ့ ၈ ႏွစ္၊ ၉ႏွစ္ေလာက္ရွိတဲ့ ကေလးေလးရွိတယ္။ ေနာက္ ဆႏၵျပသပိတ္စစ္ေၾကာင္းမွာ ဦးေဆာင္တဲ့သူေတြလည္း ပါတယ္ေပါ့ေနာ္။ အနည္းဆံုးေတာ့ (၆) ေယာက္ေလာက္ရွိတယ္လို႔ သိရတယ္။”

ထားဝယ္ၿမိဳ႕ ၊ ကရပ္ျပင္လမ္းဆုံမွာရွိတဲ့သပိတ္စစ္ေၾကာင္းကိုရဲတပ္ဖြဲ႔က ပထမအႀကိမ္ ၿဖိဳခြင္းပစ္ခတ္အၿပီး လူစုကြဲသြားတဲ့ လူအုပ္ကို ဥတၱံတားႀကီးလမ္းဆုံမွာ ထပ္မံပစ္ခတ္ခဲ့တယ္လို႔ အဆိုပါလူငယ္ကေျပာပါတယ္။ မ်က္ရည္ယိုဗုံးေၾကာင့္ ထိခိုက္ထားသူေတြကိုေတာ့ ထားဝယ္ၿမိဳ႕ဇမၺဴသီရိအေရးေပၚလူနာကူညီသယ္ေဆာင္ေရး အဖြဲ႔က ေဆးကုသေပးေနပါတယ္။

ဒီဆႏၵျပမႈ ၿဖိဳခြင္းရာမွာ လူတဦးကိုလည္း လုံျခံဳေရးတပ္ဖြဲ႔က ေနဖမ္းဆီးခဲ့တယ္လို႔ သူကဆိုပါတယ္။

“ဥတၱံတားႀကီးလမ္းဆုံမွာလည္း လူတေယာက္အဖမ္းခံရတာေပါ့ေနာ္။ ေလာေလာဆယ္သိရတဲ့အေျခအေနကေတာ့ အဲဒီေလာက္ ပါခင္ဗ်။”

အလားတူၿမိတ္ၿမိဳ႕မွာလည္းဒီကေန႔ လူေထာင္နဲ႕ခ်ီဆႏၵျပခဲ့ရာမွာ ေက်ာင္းဆရာမ (၄) ဦးအပါ၀င္ (၆) ဦးဖမ္းဆီးခံရတယ္လို႔ အေထြေထြသပိတ္၀န္းရံသူ ဦးေအးျမင့္က ေျပာပါတယ္။

“လမ္းေၾကာင္းေတြပိတ္ထားေတာ့ ဆႏၵျပၿပီးလို႔ ျဖဳတ္လိုက္တဲ့အခ်ိန္မွာ အဲဒီေကာင္ေတြက ၀င္ဆြဲတာ။ (၁၀) နာရီေက်ာ္ေက်ာ္ေလာက္။ သူတို႔ သပိတ္ႀကီးကိုခြဲလိုက္တာေလ။ သပိတ္ရပ္ပစ္လိုက္တာ။ ရပ္ၿပီးတာနဲ႔ သူတို႔ လူခြဲတဲ့အခ်ိန္မွာ အတင္း၀င္ဆြဲတာေပါ့။ ေက်ာင္းဆရာမ (၄) ဦးကေတာ့ အဖမ္းခံရတယ္။ တျခားအမ်ိဳးသား ၂) ေယာက္ပါသြားတယ္ေျပာတယ္။ အမ်ိဳးသား (၂) ေယာက္က ဒီအနားမွာ အလုပ္လုပ္ေနတဲ့ အလုပ္သမား(၂)ေယာက္။”

ၿမိတ္ၿမိဳ႕ အတြင္း ေနာင္လယ့္ (၁၁)လမ္းမွာ သပိတ္ၿဖိဳခြင္းခံရၿပီး လူ (၆) ဦးအဖမ္းခံထားရတယ္လို႔ သူကဆိုပါတယ္။

လက္ရွိ ထား၀ယ္ၿမိဳ႕နဲ ၿမိတ္ၿမိဳ႕အတြင္း သပိတ္ဦးေဆာင္သူေတြအေနနဲ႔ လုံၿခံဳေရးအေျခအေနအရ တိမ္းေရွာင္ေနရတယ္လို႔ ဦးေဆာင္သူေတြကဆိုပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မနက္ပိုင္းက ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္သမၼတ႐ုံးက အမိန႔္ ေၾကညာစာအမွတ္ ၁/၂၀၂၁ နဲ႔ အေရးေပၚအေျခအေနေၾကညာခဲ့ၿပီး နိုင္ငံေတာ္ရဲ႕ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး တရားစီရင္ေရးလုပ္ငန္းေတြကို တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ထံ အာဏာလႊဲေျပာင္းလိုက္ေၾကာင္းေၾကညာခဲ့ပါတယ္။

တပ္မေတာ္ကေန အာဏာထိန္းသိမ္းခဲ့ၿပီးတဲ့ေနာက္မွာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ သမၼတအပါအဝင္ ျပည္ေထာင္စုအစိုးရအဖြဲ႔ဝင္ေတြ၊ တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြနဲ႔အစိုးရအဖြဲဝင္ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ထိန္းသိမ္းခံခဲ့ရသလို တိုင္းနဲ႔ျပည္နယ္အားလုံးမွာ ကန္႔ကြက္သပိတ္ေမွာက္ဆႏၵျပမွဳေတြရွိေနၿပီး ဖမ္းဆီးတာေတြလည္း တိုးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာပြည်တောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နဲ့မြို့မှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြတဲ့ လူထုသပိတ်ဖြိုခွင်းခံရပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ (၆) ဦးဒဏ်ရာရရှိပြီး (၇) ဦးခန့် အဖမ်းရတယ်လို့ ဆန္ဒဖော်ထုတ်ပွဲမှာပါတဲ့သူတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီးဘက် ဖေဖေါ်ဝါရီလ ၂၇ ရက်၊ ဆန္ဒဖော်ထုတ်နေသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူရှိခဲ့သလို အဖမ်းအဆီးတွေလည်း ရှိနေတာပါ။ ဒီနေ့မနက် အစောပိုင်းမှာ ထားဝယ်မြို့က ဆန္ဒပြလူအုပ်တွေရဲ့သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့တွေက ဖြိုခွင်းရာမှာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဆန္ဒဖော်ထုတ်ပွဲမှာပါဝင်သူ လူငယ်တဦးက ပြောပါတယ်။

“ကျနော်တို့ ပထမစစ်ကြောင်းက ပုံမှန်အတိုင်းပဲ ဆုံနေကျနေရာရှိပါတယ်။ ဒီနေ့မနက်ကျ အဲဒီစုရပ်မှာ ရဲတပ်ဖွဲ့က လာပြီးစောင့်နေ တာပေါ့ နော်။ …ဆိုတော့ အဲဒီနေရာမှာ သပိတ်စခန်းစုလို့မရတော့ဘူး။ တခြားနေရာမှာသွားစုပြီးတော့မှ ဆန္ဒပြသပိတ် ထွက်သွားတာပေါ့နော်။ ကရပ်ပြင်လမ်းဆုံကိုရောက်တော့ ရဲတပ်ဖွဲ့ရောက်လာပြီး မျက်ရည်ယိုဗုံးတွေနဲ့ပစ်တယ်။ ရာဘာကျည်နဲ့စပစ်တာပေါ့။ စပစ်တော့ မနက် ၈ နာရီ၊ ၄၅ မိနစ်လောက်ရှိပြီ။ သေနတ်ဖောက်တာ ဆယ်ချက်လောက်ရှိတယ်။ ဒရစပ်ပစ်တာပေါ့နော်။ အဲဒီမှာ ခန လူစုကွဲသွားတယ်။ ဒါပေမယ့် ခနအတွင်းမှာပဲ သပိတ်စစ်ကြောင်း ပြန်ပြီးတော့ လူစုမိသွားတယ်။ ပြန်ချီတက်ကြတော့ အဲဒီမှာ လူစုခွဲကြတယ်။ အဲဒီနောက်မှာ ရဲတပ်ဖွဲ့က ဥတ္တံတားကြီးလမ်းဆုံကို ထပ်ရောက်လာတာပေါ့နော်။ အဲဒီမှာ တချို့ ကျန်ခဲ့တဲ့လူတွေက ဆန္ဒထပ်ပြကြတာမျိုးဆိုတော့ အဲဒီဥတ္တံတားကြီးလမ်းဆုံမှာ ထပ်ပစ်တယ်။ အဲဒီမှာတော့ မီးခိုးဗုံးတွေ မသုံးတော့ဘူး။ ရာဘာကျည်တွေနဲ့ပစ်တယ်။ ဒဏ်ရာရတဲ့သူတွေကတော့ အခုချိန်ထိ သိရတာကတော့ ၈ နှစ်၊ ၉နှစ်လောက်ရှိတဲ့ ကလေးလေးရှိတယ်။ နောက် ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ဦးဆောင်တဲ့သူတွေလည်း ပါတယ်ပေါ့နော်။ အနည်းဆုံးတော့ (၆) ယောက်လောက်ရှိတယ်လို့ သိရတယ်။”

ထားဝယ်မြို့ ၊ ကရပ်ပြင်လမ်းဆုံမှာရှိတဲ့သပိတ်စစ်ကြောင်းကိုရဲတပ်ဖွဲ့က ပထမအကြိမ် ဖြိုခွင်းပစ်ခတ်အပြီး လူစုကွဲသွားတဲ့ လူအုပ်ကို ဥတ္တံတားကြီးလမ်းဆုံမှာ ထပ်မံပစ်ခတ်ခဲ့တယ်လို့ အဆိုပါလူငယ်ကပြောပါတယ်။ မျက်ရည်ယိုဗုံးကြောင့် ထိခိုက်ထားသူတွေကိုတော့ ထားဝယ်မြို့ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေး အဖွဲ့က ဆေးကုသပေးနေပါတယ်။

ဒီဆန္ဒပြမှု ဖြိုခွင်းရာမှာ လူတဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့က နေဖမ်းဆီးခဲ့တယ်လို့ သူကဆိုပါတယ်။

“ဥတ္တံတားကြီးလမ်းဆုံမှာလည်း လူတယောက်အဖမ်းခံရတာပေါ့နော်။ လောလောဆယ်သိရတဲ့အခြေအနေကတော့ အဲဒီလောက် ပါခင်ဗျ။”

အလားတူမြိတ်မြို့မှာလည်းဒီကနေ့ လူထောင်နဲ့ချီဆန္ဒပြခဲ့ရာမှာ ကျောင်းဆရာမ (၄) ဦးအပါဝင် (၆) ဦးဖမ်းဆီးခံရတယ်လို့ အထွေထွေသပိတ်ဝန်းရံသူ ဦးအေးမြင့်က ပြောပါတယ်။

“လမ်းကြောင်းတွေပိတ်ထားတော့ ဆန္ဒပြပြီးလို့ ဖြုတ်လိုက်တဲ့အချိန်မှာ အဲဒီကောင်တွေက ဝင်ဆွဲတာ။ (၁၀) နာရီကျော်ကျော်လောက်။ သူတို့ သပိတ်ကြီးကိုခွဲလိုက်တာလေ။ သပိတ်ရပ်ပစ်လိုက်တာ။ ရပ်ပြီးတာနဲ့ သူတို့ လူခွဲတဲ့အချိန်မှာ အတင်းဝင်ဆွဲတာပေါ့။ ကျောင်းဆရာမ (၄) ဦးကတော့ အဖမ်းခံရတယ်။ တခြားအမျိုးသား ၂) ယောက်ပါသွားတယ်ပြောတယ်။ အမျိုးသား (၂) ယောက်က ဒီအနားမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား(၂)ယောက်။”

မြိတ်မြို့ အတွင်း နောင်လယ့် (၁၁)လမ်းမှာ သပိတ်ဖြိုခွင်းခံရပြီး လူ (၆) ဦးအဖမ်းခံထားရတယ်လို့ သူကဆိုပါတယ်။

လက်ရှိ ထားဝယ်မြို့နဲ မြိတ်မြို့အတွင်း သပိတ်ဦးဆောင်သူတွေအနေနဲ့ လုံခြုံရေးအခြေအနေအရ တိမ်းရှောင်နေရတယ်လို့ ဦးဆောင်သူတွေကဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးက အမိန့် ကြေညာစာအမှတ် ၁/၂၀၂၁ နဲ့ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေးလုပ်ငန်းတွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အာဏာလွှဲပြောင်းလိုက်ကြောင်းကြေညာခဲ့ပါတယ်။

တပ်မတော်ကနေ အာဏာထိန်းသိမ်းခဲ့ပြီးတဲ့နောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့အစိုးရအဖွဲဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ထိန်းသိမ်းခံခဲ့ရသလို တိုင်းနဲ့ပြည်နယ်အားလုံးမှာ ကန့်ကွက်သပိတ်မှောက်ဆန္ဒပြမှုတွေရှိနေပြီး ဖမ်းဆီးတာတွေလည်း တိုးလာနေပါတယ်။

#MyanmarMilitaryCoup #MyanmarProtests #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG