သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM လုပ္တဲ့ တပ္မေတာ္သား ၁၀ ဦးေက်ာ္ KNU နဲ႔ ပူးေပါင္းလာ 


CDM အျဖစ္ပူးေပါင္းလာတဲ့ ျမန္မာတပ္ မေတာ္သားမ်ား ( KNLA 5)

(Zawgyi/Unicode)

ကရင္အမ်ိဳးသားအစည္းအရံုး ေကအန္ယူ တပ္မဟာ(၅)တပ္ရင္းတပ္ဖဲြ ့ေတြထံကို CDM အၾကမ္းမဖက္ အာခံတဲ့ တပ္မေတာ္သား၀န္ထမ္းမ်ား လာေရာက္ပူးေပါင္းေနၿပီလို႔ KNU တပ္မဟာ(၅)ကထုတ္ေဖာ္ေျပာဆုိလိုက္ပါတယ္။ ဒီသတင္းကို မေအးေအးမာက ေျပာျပေပးမွာပါ။

ကရင္ျပည္နယ္၊ ဖာပြန္ခရိုင္၊ ေကအန္ယူ တပ္မဟာ(၅)မူထေရာ္ခရိုင္ထဲမွာ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီ လက္ေအာက္မွာ အမူ ့မထမ္းလိုတဲ့ တပ္မေတာ္သား CDM ေတြ ပူးေပါင္းပါ၀င္လာေၾကာင္း ေကအန္ယူတပ္မဟာ(၅)ရဲ႕ ေျပာေရးဆုိခြင့္ရွိသူ ဖဒုိမန္းမန္းက ေျပာဆုိလိုက္ပါတယ္။

“ ဟုတ္ကဲ့ ၁၀ေယာက္ေက်ာ္ေက်ာ္ေလာက္ေတာ့ က်ေနာ္တို႔ ေယဘူယ်ေျပာရမယ္ေနာက္ထပ္ လာႏိုင္တဲ့အလားအလာလည္းရွိတယ္ CDM ေတြ လုပ္မယ့္ဟာေတြ အစီအမံေတြ ေရာက္လာႏိုင္မယ့္ အလားအလာေတြလည္း ရွိပါေသးတယ္။ က်ေနာ္တို႕က သူတို႔ကို စိတ္ခ်လံုၿခံဳတဲ့ ေနရာမွာေရာ ေနာက္ သူတို႔ စား၀တ္ေနေရးနဲ႔ သူတို႕ ေနထုိင္ေရးအားလံုး က်ေနာ္တို႔ လက္ရွိ ေကအန္ယူက တာ၀န္ယူေပးထားတာ ျဖစ္ပါတယ္။”

ေကအန္ယူတပ္မဟာ(၅)အေနနဲ႔ ကေတာ့ သူတို႔ ဆီကုိပူးေပါင္းလာတဲ့ တပ္မေတာ္သားေတြဟာ သူတုိ႔ဆီကုိလက္နက္ခ်တာမဟုတ္ပဲCDM လုပ္တဲ့အေနနဲ႕ ပူးေပါင္းလာတာျဖစ္လို႔ သီးျခားေနရာမွာ လြတ္လပ္စြာထားေပးထားတယ္လို႔လည္းေျပာပါတယ္။

“ က်ေနာ္တို႕ တပ္ထဲမွာမထားပါဘူး။ သူတို႔ကို သီးျခားေနရာမွာထားေပးထားတာျဖစ္ပါတယ္။ သူတို့လည္း အဆင္ေျပေအာင္ေပါ့။ သူတို႔ ေတာ္ေတာ္မ်ားမ်ာက အသက္လည္းငယ္တယ္။”

အခုဆိုရင္ ျမန္မာစစ္တပ္နဲ႕ တိုက္ပဲြေတြ ျဖစ္တာထက္ တပ္မေတာ္သားေတြ လူထုနဲ႔ အတူ ပူးေပါင္းပါ၀င္လာေအာင္ ေကအန္ယူ လက္ေအာက္ခံတပ္မဟာေတြက စီစဥ္ေဆာင္ရြက္ခဲ့တာ ျဖစ္တယ္လို့လည္း ေျပာျပပါတယ္။

“ဟုတ္ကဲ့ က်ေနာ္တို႔ ေၾကညာခ်က္ထုတ္ၿပီးသားလည္း ျဖစ္ပါတယ္။

တပ္မဟာ (၅)အေနနဲ႕လည္း ဒါနဲ႕ ပတ္သက္ျပီးေတာ့လူထုအတြင္း ပါ၀င္လာတဲ့ေနရာမွာ တပ္မေတာ္ဘက္ကေန အမွန္တရားေပၚမွာ လူထုအေပၚမွာ ရပ္တည္တဲ့ တပ္မေတာ္တပ္သားေတြ အေနနဲ႔ ပူးေပါင္းပါ၀င္လာဖို႕ က်ေနာ္တို႕ ကနဦးေၾကညာခ်က္ထဲမွာလည္း ဖိတ္ေခၚၿပိီးသားပါ။ ဒီကေန႔မွာလည္း ျပည္သူလူထု ဆႏၵကလည္း ဒီအတုိင္းပဲ ရွိသလို က်ေနာ္တို႔ ေတာ္လွန္ေရးအဖဲြ ့အစည္းေတြကလည္း ဒီသေဘာထားရိွပါတယ္။ ဒါေၾကာင့္ တျခား၀န္ထမ္းေတြ ဆရာ၀န္ေတြ၊ ေရွ႕ေနေတြ ၊ ေက်ာင္းဆရာေတြ သာမကပဲ တပ္မေတာ္သားေတြလည္း ပါ၀င္လာဖုိ ့က်ေနာ္တို႔ စီမံေဆာင္ရြက္တာျဖစ္ပါတယ္။”

ဒါဟာ ေကအန္ယူတပ္မဟာ(၅)အေနနဲ႕တပ္မေတာ္ထဲက CDM လုပ္ခ်င္တဲ့သူေတြကို ဖိတ္ေခၚခဲ့တာျဖစ္ၿပီး တျခားတပ္မဟာေတြလည္း ဒီလိုေဆာင္ရြက္တာမ်ိဳးေတြ ရွိႏိုင္တယ္လို႕ ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

CDM လုပ်တဲ့ တပ်မတော်သား ၁၀ ဦးကျော် KNU နဲ့ ပူးပေါင်းလာ

(Unicode)

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ(၅)တပ်ရင်းတပ်ဖွဲ့တွေထံကို CDM အကြမ်းမဖက် အာခံတဲ့ တပ်မတော်သားဝန်ထမ်းများ လာရောက်ပူးပေါင်းနေပြီလို့ KNU တပ်မဟာ(၅)ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို မအေးအေးမာက ပြောပြပေးမှာပါ။

ကရင်ပြည်ဖာပွန်ခရိုင်၊ ကေအန်ယူ တပ်မဟာ(၅)မူထရော်ခရိုင်ထဲမှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ လက်အောက်မှာ အမူ့မထမ်းလိုတဲ့ တပ်မတော်သား CDM တွေ ပူးပေါင်းပါဝင်လာကြောင်း ကေအန်ယူတပ်မဟာ(၅)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုမန်းမန်းက ပြောဆိုလိုက်ပါတယ်။

“ ဟုတ်ကဲ့ ၁၀ယောက်ကျော်ကျော်လောက်တော့ ကျနော်တို့ ယေဘူယျပြောရမယ်နောက်ထပ် လာနိုင်တဲ့အလားအလာလည်းရှိတယ် CDM တွေ လုပ်မယ့်ဟာတွေ အစီအမံတွေ ရောက်လာနိုင်မယ့် အလားအလာတွေလည်း ရှိပါသေးတယ်။ ကျနော်တို့က သူတို့ကို စိတ်ချလုံခြုံတဲ့ နေရာမှာရော နောက် သူတို့ စားဝတ်နေရေးနဲ့ သူတို့ နေထိုင်ရေးအားလုံး ကျနော်တို့ လက်ရှိ ကေအန်ယူက တာဝန်ယူပေးထားတာ ဖြစ်ပါတယ်။”

ကေအန်ယူတပ်မဟာ(၅)အနေနဲ့ ကတော့ သူတို့ ဆီကိုပူးပေါင်းလာတဲ့ တပ်မတော်သားတွေဟာ သူတို့ဆီကိုလက်နက်ချတာမဟုတ်ပဲCDM လုပ်တဲ့အနေနဲ့ ပူးပေါင်းလာတာဖြစ်လို့ သီးခြားနေရာမှာ လွတ်လပ်စွာထားပေးထားတယ်လို့လည်းပြောပါတယ်။

“ ကျနော်တို့ တပ်ထဲမှာမထားပါဘူး။ သူတို့ကို သီးခြားနေရာမှာထားပေးထားတာဖြစ်ပါတယ်။ သူတို့လည်း အဆင်ပြေအောင်ပေါ့။ သူတို့ တော်တော်များမျာက အသက်လည်းငယ်တယ်။”

အခုဆိုရင် မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်တာထက် တပ်မတော်သားတွေ လူထုနဲ့ အတူ ပူးပေါင်းပါဝင်လာအောင် ကေအန်ယူ လက်အောက်ခံတပ်မဟာတွေက စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပြပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ ကြေညာချက်ထုတ်ပြီးသားလည်း ဖြစ်ပါတယ်။

တပ်မဟာ (၅)အနေနဲ့လည်း ဒါနဲ့ ပတ်သက်ပြီးတော့လူထုအတွင်း ပါဝင်လာတဲ့နေရာမှာ တပ်မတော်ဘက်ကနေ အမှန်တရားပေါ်မှာ လူထုအပေါ်မှာ ရပ်တည်တဲ့ တပ်မတော်တပ်သားတွေ အနေနဲ့ ပူးပေါင်းပါဝင်လာဖို့ ကျနော်တို့ ကနဦးကြေညာချက်ထဲမှာလည်း ဖိတ်ခေါ်ပြီးသားပါ။ ဒီကနေ့မှာလည်း ပြည်သူလူထု ဆန္ဒကလည်း ဒီအတိုင်းပဲ ရှိသလို ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း ဒီသဘောထားရှိပါတယ်။ ဒါကြောင့် တခြားဝန်ထမ်းတွေ ဆရာဝန်တွေ၊ ရှေ့နေတွေ ၊ ကျောင်းဆရာတွေ သာမကပဲ တပ်မတော်သားတွေလည်း ပါဝင်လာဖို့ကျနော်တို့ စီမံဆောင်ရွက်တာဖြစ်ပါတယ်။”

ဒါဟာ ကေအန်ယူတပ်မဟာ(၅)အနေနဲ့တပ်မတော်ထဲက CDM လုပ်ချင်တဲ့သူတွေကို ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး တခြားတပ်မဟာတွေလည်း ဒီလိုဆောင်ရွက်တာမျိုးတွေ ရှိနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG