သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဆႏၵျပသူေတြနဲ႔အတူ ရပ္တည္ေၾကာင္း ထိုင္ဝမ္မွာဆႏၵျပ


ျမန္မာစစ္အာဏာသိမ္းမႈဆန္႔က်င္ကန္႔ကြက္တဲ့ တုိင္ဝမ္MilkTea Alliance ဆႏၵျပျမင္ကြင္း။

ZawGyi/Unicode

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈဆန္႔က်င္ဆႏၵျပသူေတြနဲ႔ အတူရပ္တည္တယ္ဆိုတာ ျပသတဲ့အေနနဲ႔ ထိုင္ဝမ္မွာလည္း ဒီေန႔ဆႏၵျပၾကပါတယ္။

ျမန္မာ၊ ထိုင္း၊ ေဟာင္ေကာင္နဲ႔ ထိုင္ဝမ္တို႔က ဒီမိုကေရစီေရးတက္ႂကြတဲ့လူငယ္ေတြ အြန္လိုင္းေပၚမွာ ဖဲြ႔ထားတဲ့ Milk Tea Alliance မဟာမိတ္အဖဲြ႔က ဒီေန႔ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ကို ျမန္မာႏိုင္ငံဒီမိုကေရစီေရးအတြက္ ဆႏၵျပၾကဖုိ႔ ေဆာ္ၾသထားတာျဖစ္ပါတယ္။ ထိုင္ဝမ္ေရာက္ ျမန္မာေတြ၊ ထိုင္ဝမ္အမ်ဳိးသားတကၠသိုလ္က ေက်ာင္းသား၊ ေက်ာင္းသူေတြစုစုေပါင္း ရာဂဏန္းေလာက္႐ွိတဲ့ ဆႏၵျပသူေတြဟာ ထိုင္ေပၿမိဳ႕မွာခ်ီတက္ဆႏၵျပၾကပါတယ္။

ဆႏၵျပၾကသူေတြက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ဓါတ္ပံုေတြ၊ စစ္အာဏာ႐ွင္စနစ္ဆန္႔က်င္တ့ဲ ပိုစတာေတြ၊ ျမန္မာႏိုင္ငံက CDM လႈပ္႐ွားမႈမွာ ပါဝင္သူေတြကိုေထာက္ခံတဲ့ စာတန္း ႐ုပ္ပံုေတြကိုင္ေဆာင္ၿပီး ေႂကြးေၾကာ္ဆႏၵျပခဲ့ၾကတာပါ။ ျမန္မာျပည္သူေတြ ခံစားေနရတာကို မၾကည့္ရက္လို႔ ဆႏၵလာျပတာျဖစ္တယ္လို႔ ျမန္မာႏြယ္ဖြားတေယာက္က မက္ဒရိန္းဘာသာနဲ႔အခုလို ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေသြးထြက္သံယို အၾကမ္းဖက္ႏွိမ္ႏွင္းေနတာေတြ ျမင္ေတ႔ြေနရတာ အင္မတန္စိတ္မေကာင္းျဖစ္ရတယ္လို႔ ေျပာသြားတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ တရားမွ်တမႈ႐ွိၿပီး ေအးေအးခ်မ္းခ်မ္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အစိုးရလက္ အာဏာျပန္ေရာက္တာျမင္ခ်င္တယ္လို႔ ဒီေန႔ ထိုင္ဝမ္က ဆႏၵျပသူေတြက ေျပာၾကပါတယ္။ Milk Tea Alliance အဖဲြ႔ရဲ႕ ျမန္မာႏိုင္ငံအတြက္ လဖက္ရည္ေသာက္ သပိတ္ေမွာက္ေန႔အျဖစ္ သတ္မွတ္ထားတဲ့ ဒီေန႔မွာ ကမာၻဝန္းမွာ႐ွိေနၾကတဲ့ ျမန္မာေတြကလည္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ဆႏၵျပပဲြကို အြန္လိုင္းကေန ပါဝင္ေနၾကပါတယ္႐ွင္။

တိုက္႐ိုက္ လင့္ခ္

ျမန္မာျပည္တြင္းစစ္အာဏာသိမ္းမႈကို ကန္႔ကြက္တဲ့ တိုင္ဝမ္ကMilk Tea Alliance ဆႏၵျပျမင္ကြင္း။
ျမန္မာျပည္တြင္းစစ္အာဏာသိမ္းမႈကို ကန္႔ကြက္တဲ့ တိုင္ဝမ္ကMilk Tea Alliance ဆႏၵျပျမင္ကြင္း။

Unicode

မြန်မာဆန္ဒပြသူတွေအတူရပ်တည်ကြောင်း ထိုင်ဝမ်မှာဆန္ဒပြ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေနဲ့ အတူရပ်တည်တယ်ဆိုတာ ပြသတဲ့အနေနဲ့ ထိုင်ဝမ်မှာလည်း ဒီနေ့ဆန္ဒပြကြပါတယ်။

မြန်မာ၊ ထိုင်း၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့က ဒီမိုကရေစီရေးတက်ကြွတဲ့လူငယ်တွေ အွန်လိုင်းပေါ်မှာ ဖွဲ့ထားတဲ့ Milk Tea Alliance မဟာမိတ်အဖွဲ့က ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကို မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် ဆန္ဒပြကြဖို့ ဆော်သြထားတာဖြစ်ပါတယ်။ ထိုင်ဝမ်ရောက် မြန်မာတွေ၊ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေစုစုပေါင်း ရာဂဏန်းလောက်ရှိတဲ့ ဆန္ဒပြသူတွေဟာ ထိုင်ပေမြို့မှာချီတက်ဆန္ဒပြကြပါတယ်။

ဆန္ဒပြကြသူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓါတ်ပုံတွေ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ ပိုစတာတွေ၊ မြန်မာနိုင်ငံက CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကိုထောက်ခံတဲ့ စာတန်း ရုပ်ပုံတွေကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။ မြန်မာပြည်သူတွေ ခံစားနေရတာကို မကြည့်ရက်လို့ ဆန္ဒလာပြတာဖြစ်တယ်လို့ မြန်မာနွယ်ဖွားတယောက်က မက်ဒရိန်းဘာသာနဲ့အခုလို ပြောပါတယ်။

မြန်မာနိုင်ငံမှာ သွေးထွက်သံယို အကြမ်းဖက်နှိမ်နှင်းနေတာတွေ မြင်တေ့ွနေရတာ အင်မတန်စိတ်မကောင်းဖြစ်ရတယ်လို့ ပြောသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရားမျှတမှုရှိပြီး အေးအေးချမ်းချမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက် အာဏာပြန်ရောက်တာမြင်ချင်တယ်လို့ ဒီနေ့ ထိုင်ဝမ်က ဆန္ဒပြသူတွေက ပြောကြပါတယ်။ Milk Tea Alliance အဖွဲ့ရဲ့ မြန်မာနိုင်ငံအတွက် လဖက်ရည်သောက် သပိတ်မှောက်နေ့အဖြစ် သတ်မှတ်ထားတဲ့ ဒီနေ့မှာ ကမ္ဘာဝန်းမှာရှိနေကြတဲ့ မြန်မာတွေကလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို အွန်လိုင်းကနေ ပါဝင်နေကြပါတယ်ရှင်။

#MyanmarMilitaryCoup #MyanamrProtest #MyanamrTaiwan #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG