သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္အေျခစိုက္ ျမန္မာသံရံုး၀န္ထမ္းတဦး CDM မွာ ပါ၀င္ပူးေပါင္း


ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕က ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံး၊ သံ႐ုံးအုပ္ ေဒၚျမျမၾကည္ (Mya Myakyi facebook)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို ဆန္႔က်င္ေနၾကတဲ့အထဲ အေမရိကန္ေရာက္ သံ႐ုံး၀န္ထမ္းေတြ ထပ္မံပူးေပါင္းပါ၀င္လာေနၾကပါတယ္။ အၾကမ္းမဖက္တဲ့ လႈပ္ရွားမႈေတြနဲ႔ စစ္အာဏာသိမ္းတာကို ဆန္႔က်င္ဖို႔ တိုက္တြန္းမႈေတြၾကားမွာပဲ သံ႐ုံး၀န္ထမ္းတခ်ဳိ႕လည္း ပူးေပါင္းခဲ့ၾကတာပါ။ အျပည့္အစုံကိုေတာ့ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုေအာင္လြင္ဦးက ေျပာျပေပးမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တာကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈမွာ အေမရိကန္ အေျခစိုက္ ျမန္မာသံ႐ုံး၀န္ထမ္းတဦး ထပ္မံပူးေပါင္း ပါ၀င္လာပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕က ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံး၊ သံ႐ုံးအုပ္အျဖစ္ တာ၀န္ထမ္းေဆာင္ေနတဲ့ ေဒၚျမျမၾကည္ဟာ အာဏာသိမ္းစစ္တပ္ရဲ႕ အမိန္႔ကို နာခံမွာမဟုတ္ေၾကာင္း ေရြးေကာက္ခံ ကိုယ္စားလွယ္ေတြနဲ႔ ဖဲြ႕စည္းထားတဲ့ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) ရဲ႕ ၫႊန္ၾကားခ်က္ေတြကိုသာ လိုက္နာမွာျဖစ္ေၾကာင္း ဗြီအိုေအကို ေျပာဆိုလိုက္တာပါ။

" အခုလက္ရွိ အာဏာသိမ္း စစ္ေကာင္စီရဲ႕ မတရားတဲ့လုပ္ရပ္ကို မေထာက္ခံတဲ့အတြက္ေၾကာင့္ က်မ CDM လုပ္ျခင္းျဖစ္ပါတယ္။ CRPH နဲ႔ ဆက္သြယ္သြားမယ္။ CRPH လမ္းညႊန္ခ်က္အတိုင္းကို က်မတို႔ တေသြမတိမ္း လိုက္နာသြားပါမယ္။”

ျမန္မာႏိုင္ငံျခားေရး၀န္ႀကီးဌာနမွာ ၀န္ထမ္းသက္တမ္း ၂၃ ႏွစ္ေက်ာ္ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး၊ အေမရိကန္ျပည္ေထာင္စုမွာ ၃ ႏွစ္ၾကာ အမႈထမ္းေနတဲ့ ေဒၚျမျမၾကည္ကို ျမန္မာစစ္အာဏာပိုင္ေတြက ႏိုင္ငံျခားေရး၀န္ႀကီးဌာနကို ျပန္လည္ေျပာင္းေရႊ႕ဖို႔ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔က အမိန္႔ထုတ္ခဲ့တာကိုလည္း လိုက္နာမွာ မဟုတ္ေၾကာင္း Facebook လူမႈကြန္ရက္ကေန ေၾကညာထားပါတယ္။

စစ္အာဏာသိမ္းမႈကို ၿငိမ္းခ်မ္းစြာ ဆန္႔က်င္ လႈပ္ရွားမႈေတြကို လုံျခံဳေရးအာဏာပိုင္ေတြ အင္အားသုံး ၿဖိဳခြင္းမႈေတြ အပါအ၀င္ အာဏာသိမ္းၿပီးေနာက္ပိုင္း အေျခအေနေတြကို လက္မခံႏိုင္တာေၾကာင့္ အခုေနာက္ဆုံး အႏုနည္းနဲ႔ အာဏာဖီဆန္တဲ့ လႈပ္ရွားမႈမွာ ပါ၀င္ဖို႔ ဆုံးျဖတ္ခဲ့တာလို႔လည္း ေဒၚျမျမၾကည္က ေျပာပါတယ္။

“ က်မတို႔ ျပည္သူဟာ က်မတို႔ မိသားစုပဲ၊ က်မတို႔ ၀န္ထမ္းေတြသည္လည္း ျပည္သူေကၽြးေမြးထားတဲ့ ထမင္းေတြနဲ႔ က်မတို႔ အသက္ရွင္သန္ေနရတာ။ ျပည္သူေကၽြးေမြးထားတဲ့အတြက္ အသက္ရွင္သန္ေနတဲ့အတြက္ေၾကာင့္ ျပည္သူရဲ႕ စိတ္ဆႏၵအတိုင္း က်မတို႔ တေသြးတည္း တသားတည္း ရပ္တည္တယ္ဆိုတာကို က်မတို႔ ရုပ္ရွင္ပိတ္ကားေပၚမွာ ၾကည့္ေနရတဲ့ ရုပ္ရွင္ပိတ္ကားမဟုတ္ပါဘူး။ ေျမျပင္မွာ ျဖစ္ပ်က္ေနတဲ့ ျပည္သူ႔အေသြးအသားေတြနဲ႔ ေပးဆပ္ၿပီးေတာ့ ေသေက်ေနၾကတာ ဒါေတြက က်မတို႔ ျပင္ပမွာ ေနေပမယ့္ ေတာ္ေတာ္ကို စိတ္မေကာင္းျဖစ္မိပါတယ္။ စိတ္မေကာင္းတာထက္ကို ေတာ္ေတာ္၀မ္းနည္းတယ္ ေန႔တဓူ၀ မအိပ္ရဘူး က်မတို႔။ ေန႔ေရာညေရာ မအိပ္ရပါဘူး။ ဒီလိုခံစားခ်က္ေတြေၾကာင့္ က်မ ဒီလို ဆံုးျဖတ္ခ်က္ ခ်လိုက္တာပါ။ က်မ ႏိုင္ငံေရးလည္း နားမလည္ဘူး အမွန္အတိုင္းေျပာရင္၊ ဒါမတရားမႈၾကီးျဖစ္ေနတယ္။ ဒါလူေတြသတ္ေနတယ္၊ ညွဥ္းပန္းႏွိပ္စက္ေနတယ္။ လူေတြကို အတင္းအဓမၼေတြနဲ႔ ေထာင္ခ်တယ္။ အဲဒီလုပ္ရပ္ေတြက သူတို႔က ျပည္သူကို ကာကြယ္ရမယ့္ဟာကို ျပည္သူကို မကာကြယ္ပဲနဲ႔ သူတို႔က ျပည္သူကို ညွဥ္းပန္းႏွိပ္စက္ေနတယ္။ အၾကမ္းဖက္ေနၾကတာ ၊ အၾကမ္းဖက္တဲ့ အဆင့္အထိကိုေရာက္ေနၿပီ။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကို ဆန္႔က်င္ေၾကာင္း တရား၀င္ေၾကညာခဲ့ၾကတဲ့ အေမရိကန္အေျခစိုက္ ျမန္မာသံအမႈထမ္းေတြထဲမွာ ေဒၚျမျမၾကည္နဲ႔ပါဆိုရင္ ၃ ေယာက္ရွိသြားပါၿပီ။ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ဟာ ဆိုရင္လည္း မၾကာေသးခင္တုန္းက ကုလသမဂၢ အေထြေထြညီလာခံရဲ႕ အလြတ္သေဘာ ေဆြးေႏြးခန္းမွာ အာဏာသိမ္းစစ္တပ္က ဖယ္ရွားခဲ့တဲ့ အရပ္သား အစိုးရကိုသာ ဆက္လက္ ကိ္ုယ္စားျပဳမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့တာပါ။ ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးမွာ ပထမအတြင္း၀န္ တာ၀န္ယူခဲ့တဲ့ ဦးေမာင္ေမာင္လတ္ဟာဆိုရင္လည္း မၾကာေသးခင္ကပဲ ရာထူးကေန ႏုတ္ထြက္ၿပီး စစ္အာဏာသိမ္းတဲ့ လႈပ္ရွားမႈကို ဆန္႔က်င္မႈေတြမွာ ပူးေပါင္းပါ၀င္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

အမေရိကန်အခြေစိုက် မြန်မာသံရုံးဝန်ထမ်းတဦး CDM မှာ ပါဝင်ပူးပေါင်း

(Unicode)

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်နေကြတဲ့အထဲ အမေရိကန်ရောက် သံရုံးဝန်ထမ်းတွေ ထပ်မံပူးပေါင်းပါဝင်လာနေကြပါတယ်။ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေနဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဖို့ တိုက်တွန်းမှုတွေကြားမှာပဲ သံရုံးဝန်ထမ်းတချို့လည်း ပူးပေါင်းခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ အမေရိကန် အခြေစိုက် မြန်မာသံရုံးဝန်ထမ်းတဦး ထပ်မံပူးပေါင်း ပါဝင်လာပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ သံရုံးအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်မြမြကြည်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အမိန့်ကို နာခံမှာမဟုတ်ကြောင်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ညွှန်ကြားချက်တွေကိုသာ လိုက်နာမှာဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုလိုက်တာပါ။

" အခုလက်ရှိ အာဏာသိမ်း စစ်ကောင်စီရဲ့ မတရားတဲ့လုပ်ရပ်ကို မထောက်ခံတဲ့အတွက်ကြောင့် ကျမ CDM လုပ်ခြင်းဖြစ်ပါတယ်။ CRPH နဲ့ ဆက်သွယ်သွားမယ်။ CRPH လမ်းညွှန်ချက်အတိုင်းကို ကျမတို့ တသွေမတိမ်း လိုက်နာသွားပါမယ်။”

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဝန်ထမ်းသက်တမ်း ၂၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုမှာ ၃ နှစ်ကြာ အမှုထမ်းနေတဲ့ ဒေါ်မြမြကြည်ကို မြန်မာစစ်အာဏာပိုင်တွေက နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြန်လည်ပြောင်းရွှေ့ဖို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမိန့်ထုတ်ခဲ့တာကိုလည်း လိုက်နာမှာ မဟုတ်ကြောင်း Facebook လူမှုကွန်ရက်ကနေ ကြေညာထားပါတယ်။

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင် လှုပ်ရှားမှုတွေကို လုံခြုံရေးအာဏာပိုင်တွေ အင်အားသုံး ဖြိုခွင်းမှုတွေ အပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေကို လက်မခံနိုင်တာကြောင့် အခုနောက်ဆုံး အနုနည်းနဲ့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ဒေါ်မြမြကြည်က ပြောပါတယ်။

“ ကျမတို့ ပြည်သူဟာ ကျမတို့ မိသားစုပဲ၊ ကျမတို့ ဝန်ထမ်းတွေသည်လည်း ပြည်သူကျွေးမွေးထားတဲ့ ထမင်းတွေနဲ့ ကျမတို့ အသက်ရှင်သန်နေရတာ။ ပြည်သူကျွေးမွေးထားတဲ့အတွက် အသက်ရှင်သန်နေတဲ့အတွက်ကြောင့် ပြည်သူရဲ့ စိတ်ဆန္ဒအတိုင်း ကျမတို့ တသွေးတည်း တသားတည်း ရပ်တည်တယ်ဆိုတာကို ကျမတို့ ရုပ်ရှင်ပိတ်ကားပေါ်မှာ ကြည့်နေရတဲ့ ရုပ်ရှင်ပိတ်ကားမဟုတ်ပါဘူး။ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူ့အသွေးအသားတွေနဲ့ ပေးဆပ်ပြီးတော့ သေကျေနေကြတာ ဒါတွေက ကျမတို့ ပြင်ပမှာ နေပေမယ့် တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ်။ စိတ်မကောင်းတာထက်ကို တော်တော်ဝမ်းနည်းတယ် နေ့တဓူ၀ မအိပ်ရဘူး ကျမတို့။ နေ့ရောညရော မအိပ်ရပါဘူး။ ဒီလိုခံစားချက်တွေကြောင့် ကျမ ဒီလို ဆုံးဖြတ်ချက် ချလိုက်တာပါ။ ကျမ နိုင်ငံရေးလည်း နားမလည်ဘူး အမှန်အတိုင်းပြောရင်၊ ဒါမတရားမှုကြီးဖြစ်နေတယ်။ ဒါလူတွေသတ်နေတယ်၊ ညှဉ်းပန်းနှိပ်စက်နေတယ်။ လူတွေကို အတင်းအဓမ္မတွေနဲ့ ထောင်ချတယ်။ အဲဒီလုပ်ရပ်တွေက သူတို့က ပြည်သူကို ကာကွယ်ရမယ့်ဟာကို ပြည်သူကို မကာကွယ်ပဲနဲ့ သူတို့က ပြည်သူကို ညှဉ်းပန်းနှိပ်စက်နေတယ်။ အကြမ်းဖက်နေကြတာ ၊ အကြမ်းဖက်တဲ့ အဆင့်အထိကိုရောက်နေပြီ။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း တရားဝင်ကြေညာခဲ့ကြတဲ့ အမေရိကန်အခြေစိုက် မြန်မာသံအမှုထမ်းတွေထဲမှာ ဒေါ်မြမြကြည်နဲ့ပါဆိုရင် ၃ ယောက်ရှိသွားပါပြီ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဟာ ဆိုရင်လည်း မကြာသေးခင်တုန်းက ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အလွတ်သဘော ဆွေးနွေးခန်းမှာ အာဏာသိမ်းစစ်တပ်က ဖယ်ရှားခဲ့တဲ့ အရပ်သား အစိုးရကိုသာ ဆက်လက် ကိုယ်စားပြုမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ပထမအတွင်းဝန် တာဝန်ယူခဲ့တဲ့ ဦးမောင်မောင်လတ်ဟာဆိုရင်လည်း မကြာသေးခင်ကပဲ ရာထူးကနေ နုတ်ထွက်ပြီး စစ်အာဏာသိမ်းတဲ့ လှုပ်ရှားမှုကို ဆန့်ကျင်မှုတွေမှာ ပူးပေါင်းပါဝင်နေပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG