သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကုလသံအမတ္ႀကီး ရာထူးက ႏုတ္ထြက္


ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း သံအမတ္ႀကီး ဦးျမင့္သူ။ (ေအာက္တိုဘာ ၃၀၊ ၂၀၁၈)

[Zawgyi/Unicode]

ဂ်ီနီဗာၿမိဳ႕ အေျခစိုက္ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း သံအမတ္ႀကီး ဦးျမင့္သူ ရာထူးက ႏုတ္ထြက္သြားတယ္လို႔ အမည္မေဖာ္လိုတဲ့ ႏိုင္ငံျခားေရးဌာန အရာရွိတဦးက ဗြီအိုေအကို အတည္ျပဳေျပာဆိုပါတယ္။

ဒီလို ရာထူးက ႏုတ္ထြက္စာတင္ၿပီး မၾကာခင္မွာပဲ သူ႕ကို ျမန္မာႏိ္ုင္ငံကို ျပန္လည္ေခၚယူတဲ့ ေနရာေရႊ႕ေျပာင္းတဲ့စာလည္း ထြက္လာတယ္လို႔ သိရပါတယ္။ လူမႈကြန္ယက္ေတြမွာ ပ်ံ႕ႏွံ႔လာတဲ့ ႏိုင္ငံျခားေရးဌာန ရံုးစာထဲမွာေတာ့ သံအမတ္ႀကီး ဦးျမင့္သူကို ႏိုင္ငံျခားေရးဌာနရံုးကို ျပန္လည္ေရႊ႕ေျပာင္းမိန္႔ ထုတ္ျပန္ထားတာေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ ျမန္မာ့အေရးအထူးေဆြးေႏြးပဲြအတြင္း သံအမတ္ႀကီး ဦးျမင့္သူက စစ္အုပ္ခ်ဳပ္ေရးေကာင္စီကိုယ္စား ခုခံေျပာဆိုခဲ့ရတာေၾကာင့္ သူ႔အေပၚ ေ၀ဖန္မႈေတြ အေတာ္ေလး ျမင့္တက္ခဲ့ပါတယ္။ ျမန္မာႏိ္ုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းယူခဲ့ၿပီးတဲ့ေနာက္၊ ျပည္တြင္းမွာ စစ္အာဏာသိမ္းဆန္႔က်င္ေရးဆႏၵျပမႈေတြ CDM ေခၚတဲ့ ၀န္ထမ္းေတြ အလုပ္မတက္တဲ့သပိတ္ေတြ အရွိန္ရေနသလိုပဲ ျပည္ပမွာလည္း ႏိုင္ငံတကာဖိအားေတြ ျမင့္တက္ေနခ်ိန္ျဖစ္ပါတယ္။

[Unicode Version]

မြန်မာကုလသံအမတ်ကြီး ရာထူးက နုတ်ထွက်

ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးမြင့်သူ ရာထူးက နုတ်ထွက်သွားတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

ဒီလို ရာထူးက နုတ်ထွက်စာတင်ပြီး မကြာခင်မှာပဲ သူ့ကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူတဲ့ နေရာရွှေ့ပြောင်းတဲ့စာလည်း ထွက်လာတယ်လို့ သိရပါတယ်။ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့လာတဲ့ နိုင်ငံခြားရေးဌာန ရုံးစာထဲမှာတော့ သံအမတ်ကြီး ဦးမြင့်သူကို နိုင်ငံခြားရေးဌာနရုံးကို ပြန်လည်ရွှေ့ပြောင်းမိန့် ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ မြန်မာ့အရေးအထူးဆွေးနွေးပွဲအတွင်း သံအမတ်ကြီး ဦးမြင့်သူက စစ်အုပ်ချုပ်ရေးကောင်စီကိုယ်စား ခုခံပြောဆိုခဲ့ရတာကြောင့် သူ့အပေါ် ဝေဖန်မှုတွေ အတော်လေး မြင့်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက်၊ ပြည်တွင်းမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြမှုတွေ CDM ခေါ်တဲ့ ဝန်ထမ်းတွေ အလုပ်မတက်တဲ့သပိတ်တွေ အရှိန်ရနေသလိုပဲ ပြည်ပမှာလည်း နိုင်ငံတကာဖိအားတွေ မြင့်တက်နေချိန်ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG