သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း NLD အစိုးရကိုသာ ဆက္လက္ကိုယ္စားျပဳ


သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္

(Zawgyi/Unicode)

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ဒီကေန႔က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံမွာ NLD အစိုးရကိုသာ ဆက္ၿပီး ကို္ယ္စားျပဳေၾကာင္း ေျပာသြားပါတယ္။ သံအမတ္ႀကီးရဲ႕ ျမန္မာလိုေျပာဆိုခ်က္ အျပည့္အစံုကေတာ့ -

"မဂၤလာပါ။ ညီအစ္ကိုေမာင္ႏွမမ်ားနဲ႔ ေသြးခ်င္း ညီေနာင္ သားခ်င္မ်ားခင္ဗ်ာ၊ မိမိတုိ႔ ေဆာင္ရြက္ေနတဲ့ စစ္တပ္အာဏာသိမ္းမႈခ်က္ခ်င္း အဆုံးသတ္ေရး၊ မိမိတုိ႔ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတႀကီး ဦး၀င္းျမင့္ နဲ႔ တျခား မတရားထိန္းသိမ္းခံထားရသူမ်ား ခ်က္ခ်င္းလႊတ္ေပးေရး၊ ႏုိင္ငံေတာ္အာဏာျပည္သူ႔ထံျပန္လည္ရရွိေရး၊ ဒီမုိကေရစီျပန္လည္ရရွိေရး နဲ႔ ဒီမုိကရက္တစ္ဖယ္ဒရယ္ ျပည္ေထာင္စု တည္ေထာင္ေရး နဲ႔ ဒီအေရးေတာ္ပုံႀကီးေအာင္ျမင္ေရးကို မိမိတုိ႔အလႊာအသီးသီးမွာ ျပည္သူျပည္သားမ်ားအားလုံး စည္းစည္းလုံးလုံးညီညီညြတ္ညြတ္နဲ႔ အတူတကြလက္တဲြေဆာင္ရြက္ေနတာကို အထူးေက်းဇူးတင္ရွိပါတယ္။ ဆက္လက္ေဆာင္ရြက္သြားၾကဖို႔ကိုလည္း ေမတၱာရပ္ခံ တုိက္တြန္းအပ္ပါတယ္ခင္ဗ်ာ။ ဒီအေရးေတာ္ပုံ မုခ်ေအာင္ျမင္ရမည္ျဖစ္ပါတယ္။ ျပည္သူသာအဓိကပါ။ အေရးေတာ္ပုံ .. ေအာင္ရမည္။ Thank you Mr. President"

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက လက္ရွိ ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕ အာဏာသိမ္းယူမႈကို သူ႔အေနနဲ႔ ကန္႔ကြက္ေၾကာင္းနဲ႔ NLD အစိုးရကိုသာ သူ အသိအမွတ္ ကိုယ္စားျပဳတယ္လို႔ ဒီကေန႔ ကုလသမဂၢ အေထြေထြညီလာခံ မွာ ေျပာၾကားသြားပါတယ္။

အခုခ်ိန္မွာ ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ လက္ရွိဖိအားေတြနဲ႔တင္ မလံုေလာက္ဘဲ အာဏာသိမ္းယူထားတဲ့ ျမန္မာစစ္တပ္ကို ပိုမို ျပင္းထန္တဲ့ ဖိအားေပးဖို႔လည္း ဒီကေန႔ ကုလသမဂၢအေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံအတြက္ သီးသန္႔က်င္းပတဲ့ အလြတ္သေဘာ ေဆြးေႏြးပြဲမွာ ေျပာၾကားသြားပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲအႏိုင္ရ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ CRPH က ဒီအစည္းအေ၀းအတြက္ ေပးပို႔တဲ့ သေဘာထားကိုလည္း သံအမတ္ႀကီးက ဖတ္ျပခဲ့ပါတယ္။

အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး အရပ္သားေခါင္းေဆာင္ေတြကို ဖမ္းဆီး၊ ဆႏၵျပ ျပည္သူေတြကို အင္အားသံုးႏွိမ္နင္းေနတဲ့ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ေတြဟာ ရာဇ၀တ္မႈျဖစ္တယ္၊ လူသားထုအားလံုးအေပၚ က်ဴးလြန္တဲ့ ရာဇ၀တ္မႈျဖစ္တယ္။ ဒီအတြက္ ႏိ္ုင္ငံတကာ အသိုင္းအဝိုင္းက ျပင္းျပင္ထန္ထန္ အေရးယူေပးဖို႔ တိုက္တြန္းပါတယ္။

ကုလသမဂၢ အဖြဲ႔၀င္ႏိုင္ငံအားလံုးအေနနဲ႔ စစ္တပ္အာဏာသိမ္းမႈကို တႏိုင္ငံခ်င္းက ျပင္းျပင္းထန္ထန္ ရႈတ္ခ်ဖို႔၊ စစ္အုပ္ခ်ဳပ္သူေတြနဲ႔ မပူးေပါင္းဖို႔၊ ႏို၀င္ဘာ ေရြးေကာက္ပြဲရလဒ္ကို အသိအမွတ္ျပဳၿပီး ေရြးေကာက္ခံလႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ CRPH ကို ေထာက္ခံေပးဖို႔ နဲ႔ လက္ရွိ ျမန္မာႏိုင္ငံတြင္းက စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္ေနၾကတဲ့ ဆႏၵျပသူေတြကို ျမန္မာစစ္တပ္က အၾကမ္းဖက္ႏွိမ္ႏွင္းမႈေတြကို ရပ္တန္႔ေအာင္ ျဖစ္ႏိုင္တဲ့နည္းမ်ိဳးစံုသံုးၿပီး ဖိအားေပးဖို႔ CRPH က အေလးအနက္ထား ေတာင္းဆိုသြားပါတယ္။

သူ႔ရဲ႕ မိန္႔ခြန္းအပိတ္မွာေတာ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ဒီေဆြးေႏြးပြဲကို ၾကည့္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြနဲ႔အတူ သူ ရပ္တည္ေနေၾကာင္းနဲ႔ စစ္အုပ္ခ်ဳပ္ေရး က်ဆံုးၿပီး အရပ္သားအစိုးရ အာဏာျပန္လည္ ရတဲ့အထိ ဆက္ၿပီး ႀကိဳးပမ္းသြားၾကဖို႔ ျမန္မာလို ေျပာၿပီး တိုက္တြန္းသြားခဲ့ပါတယ္။

..........................

(Unicode)

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီကနေ့ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ NLD အစိုးရကိုသာ ဆက်ပြီး ကိုယ်စားပြုကြောင်း ပြောသွားပါတယ်။ သံအမတ်ကြီးရဲ့ မြန်မာလိုပြောဆိုချက် အပြည့်အစုံကတော့ -

"မင်္ဂလာပါ။ ညီအစ်ကိုမောင်နှမများနဲ့ သွေးချင်း ညီနောင် သားချင်များခင်ဗျာ၊ မိမိတို့ ဆောင်ရွက်နေတဲ့ စစ်တပ်အာဏာသိမ်းမှုချက်ချင်း အဆုံးသတ်ရေး၊ မိမိတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် နဲ့ တခြား မတရားထိန်းသိမ်းခံထားရသူများ ချက်ချင်းလွှတ်ပေးရေး၊ နိုင်ငံတော်အာဏာပြည်သူ့ထံပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး နဲ့ ဒီမိုကရက်တစ်ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး နဲ့ ဒီအရေးတော်ပုံကြီးအောင်မြင်ရေးကို မိမိတို့အလွှာအသီးသီးမှာ ပြည်သူပြည်သားများအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အတူတကွလက်တွဲဆောင်ရွက်နေတာကို အထူးကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။ ဒီအရေးတော်ပုံ မုချအောင်မြင်ရမည်ဖြစ်ပါတယ်။ ပြည်သူသာအဓိကပါ။ အရေးတော်ပုံ .. အောင်ရမည်။ Thank you Mr. President"

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုကို သူ့အနေနဲ့ ကန့်ကွက်ကြောင်းနဲ့ NLD အစိုးရကိုသာ သူ အသိအမှတ် ကိုယ်စားပြုတယ်လို့ ဒီကနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ ပြောကြားသွားပါတယ်။

အခုချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်ရှိဖိအားတွေနဲ့တင် မလုံလောက်ဘဲ အာဏာသိမ်းယူထားတဲ့ မြန်မာစစ်တပ်ကို ပိုမို ပြင်းထန်တဲ့ ဖိအားပေးဖို့လည်း ဒီကနေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံအတွက် သီးသန့်ကျင်းပတဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH က ဒီအစည်းအဝေးအတွက် ပေးပို့တဲ့ သဘောထားကိုလည်း သံအမတ်ကြီးက ဖတ်ပြခဲ့ပါတယ်။

အရပ်သားအစိုးရကို ဖြုတ်ချပြီး အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီး၊ ဆန္ဒပြ ပြည်သူတွေကို အင်အားသုံးနှိမ်နင်းနေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ရာဇဝတ်မှုဖြစ်တယ်၊ လူသားထုအားလုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်။ ဒီအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်ထန်ထန် အရေးယူပေးဖို့ တိုက်တွန်းပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ စစ်တပ်အာဏာသိမ်းမှုကို တနိုင်ငံချင်းက ပြင်းပြင်းထန်ထန် ရှုတ်ချဖို့၊ စစ်အုပ်ချုပ်သူတွေနဲ့ မပူးပေါင်းဖို့၊ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ကို ထောက်ခံပေးဖို့ နဲ့ လက်ရှိ မြန်မာနိုင်ငံတွင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ဆန္ဒပြသူတွေကို မြန်မာစစ်တပ်က အကြမ်းဖက်နှိမ်နှင်းမှုတွေကို ရပ်တန့်အောင် ဖြစ်နိုင်တဲ့နည်းမျိုးစုံသုံးပြီး ဖိအားပေးဖို့ CRPH က အလေးအနက်ထား တောင်းဆိုသွားပါတယ်။

သူ့ရဲ့ မိန့်ခွန်းအပိတ်မှာတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီဆွေးနွေးပွဲကို ကြည့်နေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ သူ ရပ်တည်နေကြောင်းနဲ့ စစ်အုပ်ချုပ်ရေး ကျဆုံးပြီး အရပ်သားအစိုးရ အာဏာပြန်လည် ရတဲ့အထိ ဆက်ပြီး ကြိုးပမ်းသွားကြဖို့ မြန်မာလို ပြောပြီး တိုက်တွန်းသွားခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ မြန်မာလိုပြောဆိုချက်အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG