သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ရေး အမေရိကန်မှာ ဆန္ဒပြ


ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ ( ၂၇ ဖေဖေါ်ဝါရီ ၂၀၂၁ စနေနေ့)
ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ ( ၂၇ ဖေဖေါ်ဝါရီ ၂၀၂၁ စနေနေ့)

[ ZAWGYI / UNICODE ]


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်အပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြည်တွင်းပြည်ပ ဆက်လက် ပေါ်ပေါက်နေရာမှာ အမေရိကန် ပြည်ထောင်စုမှာလည်း တက်ကြွလှုပ်ရှားသူတွေ စုဝေးဆန္ဒပြခဲ့ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ စနေနေ့တုန်းက ဝါရှင်တန်ဒီစီ အပါအဝင် အမေရိကန် ပြည်ထောင်စု မြို့ကြီးတော်တော်များများမှာ တွေ့ခဲ့ရတာပါ။

ကယ်လီဖိုးနီးယားပြည်နယ် Union City မြို့မှာ ဆိုရင်လည်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းလိုက်တဲ့ (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ) CRPH ကို ထောက်ခံကြောင်းနဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ကားတွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူတဦးဖြစ်တဲ့ မမြတ်စိုးမွန်ကပြောပါတယ်။

" ကျနော်တို့ဒီ Free Burma Action Committee ကတော့ ဒီတပတ်မှာ အဓိကတော့ CRPH ကို ထောက်ခံကြောင်း အမှတ်တရနဲ့ အထင်ကရ ဖြစ်စေချင်တဲ့အတွက် ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာ ထင်ရှားတဲ့ Golden Gate တံတားပေါ်မှာ ကားတွေနဲ့ ၊ အဲဒီကားတွေပေါ်မှာ အလံတွေ ကိုင်ကြမယ်။ ကားခေါင်မိုးတွေပေါ်မှာ စတစ်ကာတွေ ကပ်ပြီးတော့ ဒီက ဒေသခံ မီဒီယာတွေ အကုန်လုံးသိအောင် ကျနော်တို့လုပ်ကြပါတယ်။ "


လော့စ်အိန်းဂျလိ LA မြို့က မြန်မာအရေးလှုပ်ရှားတဲ့အဖွဲ့ တွေကလည်း မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာလည်း အလားတူ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြောင်း မြန်မာ့အရေးလှုပ်ရှားသူ ကိုကျော်ဝဏ္ဏက ပြောပါတယ်။

" ကျနော်တို့ ဒီ LA မိသားစုတွေက CRPH ကိုထောက်ခံပါတယ်။ ကျနော်တို့ရဲ့ တရားဝင်အစိုးရကို ကိုယ်စားပြုတဲ့ တရားဝင်အဖွဲ့အစည်းလို့ပဲ လက်ခံပါတယ်။ ဘာလို့လည်းဆိုတော့ ခုချိန်ထိကို အာဏာလုတဲ့ စစ်အုပ်စုကို အသိမှတ်ပြုပြီးတော့ လက်ခံတဲ့နိုင်ငံ တနိုင်ငံမှ ရှိတယ်လို့ ကျနော်တို့ မကြားမိသေးပါဘူး။ အဲလိုအချိန်မှာ CRPH အနေနဲ့ ဒေါက်တာဆာဆာနဲ့ ကိုထင်လင်းအောင်တို့ကို သံတမန်တွေအဖြစ် ခန့်အပ်တဲ့ဥစ္စာကိုလည်း ဝမ်းပန်းတသာနဲ့ ကြိုဆို ထောက်ခံပါတယ်။ "

မြောက်ကယ်ရိုလိုင်းနားပြည်နယ် Raleigh မြို့မှာလည်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်းနဲ့ CRPH ရဲ့ ဦးဆောင်မှုကို ထောက်ခံကြောင်း စုဝေးဆန္ဒပြခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူ ကိုအောင်သန်းက ပြောပါတယ်။

" မြန်မာပြည်မှာ စစ်အာဏာသိမ်းထားတဲ့ဟာကို ကျနော်တို့ မြောက်ကယ်ရိုလိုင်းနားမှာ နေတဲ့ မြန်မာပြည်သူတွေက လာရောက် ဆန္ဒပြခြင်းဖြစ်ပါတယ်။ CRPH ကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ CRPH ကထုတ်တဲ့ ကြေညာချက်တွေ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကိုလည်း ထောက်ခံပြီး မြန်မာပြည်သူတွေနဲ့ တသားထဲ ကျနော်တို့ ပူးပေါင်းပါဝင် ဆောင်ရွက်နေပါတယ်။ "

ဆန်ဖရန်စစ္စကိုမြို့မှာ ဆိုရင်လည်း အလားတူ လှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ ၈၈ မျိုးဆက် ဦးကိုကိုလေးကပြောပါတယ်။

" CRPH ကိုထောက်ခံရခြင်း အကြောင်းရင်းက ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒီအတွက်ကြောင့် ကျနော်တို့က ၁၀၀% အပြည့်အဝ ထောက်ခံတာဖြစ်တယ်။ နောက်တခုက CDM ကို ကျနော်တို့ ထောက်ခံတဲ့ပွဲလည်းဖြစ်တယ်။ လက်နက်နဲ့ အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်စစ်အုပ်စုမှာ တရားဝင်မှု Legitimacy မရှိပါဘူး။ ဒါက လက်နက်နဲ့ ဝင်ရမ်းတဲ့ကိစ္စသာလျှင်ဖြစ်တယ်။ ကျုပ်တို့ အနေနဲ့ အသိအမှတ် မပြုနိုင်ဘူး။ ကုလသမဂ္ဂ ကလည်း အသိအမှတ်မပြုအောင် ကျနော်တို့တွေ ဒီဘက်မှာ ကြိုးစားနေပါတယ်။ "

အမေရိကန်နဲ့ ကပ်လျက် ကနေဒါနိုင်ငံ Ottawa မြို့မှာလည်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ စုဝေးပြီး မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ စနေနေ့က ပြုလုပ်ခဲ့ကြပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်



[ UNICODE ]

ျမန္မာစစ္တပ် အာဏာသိမ်းမှုဆန့်က်င်ရေး အေမရိကန္မွာ ဆန္ဒျပ

ျမန္မာနိုင်ငံမွာ စစ္တပ္က အာဏာသိမ်းတဲ့လုပ်ရပေ်အပါ် ဆန့်က်င္တဲ့ လှုပ်ရွားမှုတြေ ျပည္တြင်းျပည္ပ ဆက္လက် ပေါ်ပေါက်နေရာမွာ အေမရိကန် ျပည်ထောင္စုမွာလည်း တက်ြကြလှုပ်ရွားသူတြေ စုဝေးဆန္ဒျပခဲ့ကြတဲ့အေကြာင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ျပထားပါတယ်။

အရပ်သားအစိုးရကို ဖယ်ရွားပြီး စစ္တပ္ကအာဏာသိမ်းတာကို ဆန့်က်င္တဲ့ လှုပ်ရွားမှုတြေ စေနေန့တုန်းက ဝါရွင္တန္ဒီစီ အပါအဝင် အေမရိကန် ျပည်ထောင္စု မြို့ကြီးတော်တ္မော်ားမ်ားမွာ တြေ့ခဲ့ရတာပါ။

ကယ္လီဖိုးနီးယားျပည္နယ် Union City မြို့မွာ ဆိုရင္လည်း စစ္တပ္က အာဏာသိမ်းလိုက်ပြီးနောက် ရြေးကောက္ခံ လွှတ်တော်အမတ်တြေနဲ့ ဖြဲ့စည်းလိုက္တဲ့ (ျပည်ထောင္စုလွှတ်တော် ကိုယ္စားျပုက္မောတီ) CRPH ကို ထောက္ခံကြောင်းနဲ့ စစ်အာဏာသိမ်းတာကို ဆန့်က်င်ကြောင်း ကားတြေနဲ့ လွည့်လည္ဆန္ဒျပခဲ့ကြတယ္လို့ လှုပ်ရွားမှုမွာ ပါဝင်သူတဦးျဖစ္တဲ့ မျမတ္စိုးမြန္ကေျပာပါတယ်။

" က်န္တောို့ဒီ Free Burma Action Committee ကေတာ့ ဒီတပတ္မွာ အဓိကေတာ့ CRPH ကို ထောက္ခံကြောင်း အမွတ္တရနဲ့ အထင္ကရ ျဖစ်စေခ်င္တဲ့အတြက် ဆန္ဖရန္စစ္စကို ဘေးဧရိယာမွာ ထင်ရွားတဲ့ Golden Gate တံတားပေါ်မွာ ကားတြေနဲ့ ၊ အဲဒီကားေတြေပါ်မွာ အလံတြေ ကိုင်ကြမယ်။ ကားခေါင္မိုးေတြေပါ်မွာ စတစ္ကာတြေ ကပ်ပြီးတော့ ဒီက ဒေသခံ မီဒီယာတြေ အကုန္လုံးသိအောင် က်န္တောို့လုပ်ကြပါတယ်။ "

လော့စ်အိန်းဂ်လိ LA မြို့က ျမန္မာအေရးလှုပ်ရွားတဲ့အဖြဲ့ တြေကလည်း ျမန္မာကောင္စစ်ဝန်ရုံးရွေ့မွာလည်း အလားတူ လှုပ်ရွားမှုတြေ လုပ္ခဲ့ကြောင်း ျမန္မာ့အေရးလှုပ်ရွားသူ ကိုကေ်ာ်ဝဏ္ဏက ေျပာပါတယ်။

" က်န္တောို့ ဒီ LA မိသားစုတြေက CRPH ကိုထောက္ခံပါတယ်။ က်န္တောို့ရဲ့ တရားဝင်အစိုးရကို ကိုယ္စားျပုတဲ့ တရားဝင်အဖြဲ့အစည်းလို့ပဲ လက္ခံပါတယ်။ ဘာလို့လည်းဆိုတော့ ခုခိန္ထိကို အာဏာလုတဲ့ စစ်အုပ္စုကို အသိမွတ်ျပုပြီးတော့ လက္ခံတဲ့နိုင်ငံ တနိုင်ငံမွ ရွိတယ္လို့ က်န္တောို့ မကြားမိသေးပါဘူး။ အဲလိုအခိန္မွာ CRPH အေနနဲ့ ဒေါက္တာဆာဆာနဲ့ ကိုထင္လင်းအောင္တို့ကို သံတမန်တြေအျဖစ် ခန့်အပ္တဲ့ဥစ္စာကိုလည်း ဝမ်းပန်းတသာနဲ့ ကြိုဆို ထောက္ခံပါတယ်။ "

ေျမာက္ကယ်ရိုလိုင်းနားျပည္နယ် Raleigh မြို့မွာလည်း ျမန္မာစစ္တပ်ရဲ့ လုပ်ရပ္ကို ဆန့်က်င်ကြောင်းနဲ့ CRPH ရဲ့ ဦးဆောင္မှုကို ထောက္ခံကြောင်း စုဝေးဆန္ဒျပခဲ့ကြတယ္လို့ တက်ြကြလှုပ်ရွားသူ ကိုအောင်သန်းက ပြောပါတယျ။

" မြန်မာပြည်မှာ စစ်အာဏာသိမ်းထားတဲ့ဟာကို က်န္တောို့ ေျမာက္ကယ်ရိုလိုင်းနားမွာ နေတဲ့ ျမန္မာျပည်သူတြေက လာရောက် ဆန္ဒျပျခင်းျဖစ္ပါတယ်။ CRPH ကို က်န္တောို့ အသိအမွတ်ျပုပါတယ်။ CRPH ကထုတ္တဲ့ ကြေညာခ်က်တြေ သူတို့ရဲ့ လုပ်ဆောင္ခ်က်တြေ အားလုံးကိုလည်း ထောက္ခံပြီး ျမန္မာျပည်သူတြေနဲ့ တသားထဲ က်န္တောို့ ပူးပေါင်းပါဝင် ဆောြင်ရက်နေပါတယ်။ "

DC protest
DC protest


ဆန္ဖရန္စစ္စကိုမြို့မွာ ဆိုရင္လည်း အလားတူ လှုပ်ရွားမှုတြေ ရွိခဲ့တယ္လို့ ၈၈ မိုးဆက် ဦးကိုကိုလေးကျေပာပါတယ်။

" CRPH ကိုထောက္ခံရျခင်း အေကြာင်းရင်းက ျပည်သူလူထုက ရြေးခ်ယ္တင်ေျမှာက္လိုက္တဲ့ ျပည်သူ့ကိုယ္စားလွယ်တြေ ျဖစ္တယ်။ ဒီအတြက်ကြောင့် က်န္တောို့က ၁၀၀% အျပည့်အဝ ထောက္ခံတာျဖစ္တယ်။ နောက္တခုက CDM ကို က်န္တောို့ ထောက္ခံတဲ့ပဲလြည်းျဖစ္တယ်။ လက္နက္နဲ့ အာဏာသိမ်းထားတဲ့ မင်းအောင္လှိုင္စစ်အုပ္စုမွာ တရားဝင္မှု Legitimacy မရွိပါဘူး။ ဒါက လက္နက္နဲ့ ဝင်ရမ်းတဲ့ကိစ္စသာလွ်င်ျဖစ္တယ်။ က်ုပ္တို့ အေနနဲ့ အသိအမွတ် မျပုနိုင္ဘူး။ ကုလသမဂ္ဂကလည်း အသိအမွတ္မျပုအောင် က်န္တောို့တြေ ဒီဘက္မွာ ကြိုးစားနေပါတယ်။ "

အေမရိကန္နဲ့ ကပ္လ်က် ကေနဒါနိုင်ငံ Ottawa မြို့မွာလည်း ျမန္မာ့အေရး တက်ြကြလှုပ်ရွားသူတြေ စုဝေးပြီး ျမန္မာစစ္တပ်ရဲ့ အာဏာသိမ်းတဲ့လုပ်ရပ္ကို ဆန့်က်င္တဲ့ လှုပ်ရွားမှုတြေ စေနေန့က ျပုလုပ္ခဲ့ကြပါတယ္ခင္ဗ်ာ။

XS
SM
MD
LG