သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း


ဖေဖော်ဝါရီ ၂၇ ရက်နေ့ စစ်အာဏာဆန့်ကျင် ဆန္ဒပြသူနှစ်ဦးကို ရဲ တပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)
ဖေဖော်ဝါရီ ၂၇ ရက်နေ့ စစ်အာဏာဆန့်ကျင် ဆန္ဒပြသူနှစ်ဦးကို ရဲ တပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ပုပ်ရဟန်းမင်ကြီး Francis။
ပုပ်ရဟန်းမင်ကြီး Francis။

မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို အကြမ်းဖက်ပြီး ဖိနှိပ်အကြပ်ကိုင်လို့ မရဘူးလို့ ပုပ်ရဟန်းမင်းကြီးက ပြောဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိုပါ တောင်းဆိုခဲ့ပါတယ်။

ဒီလိုဖိနှိပ်မှုတွေအစား ဆွေးနွေးမှုတွေ လုပ်ဖို့ မြန်မာအာဏာပိုင်တွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ သွေးမြေကျ အသက်ဆုံးရှုံးရတဲ့ ဆန္ဒပြပွဲအကြောင်း ဝမ်းနည်းစရာသတင်းတွေ ထပ်ရောက်လာပါတယ်။ ဖိနှိပ်မှုတွေအစား ဆွေးနွေးမှုတွေဖြစ်ပေါ်လာဖို့နဲ့ မတူကွဲပြားမှုတွေအပေါ် သဟဇာတဖော်ဆောင်နိုင်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို အကြမ်းဖက်ပြီး ဖိနှိပ်အကြပ်ကိုင်လို့မရအောင် နိုင်ငံတကာကိုလည်း တောင်းဆိုလိုပါတယ်။” လို့ ပြောသွားတာပါ။

မြန်မာလူငယ်တွေအတွက် ပေးသင့်တဲ့ မျှော်လင့်ချက်ကတော့ အနာဂတ်မှာ အမုန်းတရားတွေနဲ့ မတရားမှုတွေအတွက် နေရာ မရှိတော့ဘဲ တွေ့ဆုံဆွေးနွေး ပြန်လည်သင့်မြတ်မှုတွေကသာ နေရာယူလာမယ်ဆိုတာပါပဲလို့လည်း ပုပ်ရဟန်မင်းကြီးက ပြောသွားပါတယ်။ အကျဉ်းကျနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်လွှတ်ပေးခြင်းအားဖြင့် ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့လည်း ပုပ်ရဟန်းမင်းကြီးက ထပ်မံတိုက်တွန်းပါတယ်။ ဗာတီကန်ဘုရားကျောင်းဝတ်ပြုပွဲအပြီးမှာ ပုပ်ရဟန်းမင်းကြီးက အခုလို ဆုတောင်းမှာကြားသွားတာပါ။ ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံကို လာရာက်ခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို မြန်မာစစ်တပ်နဲ့ရဲက အကြမ်းဖက်နှိမ်နင်းတာကြောင့် စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး ခုချိန်ထိ လူ ၃၀ ထက်မနည်း သေဆုံးခဲ့ရပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG