သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕ဆႏၵျပသူ ရာနဲ႔ခ်ီဖမ္းဆီးခံရ၊ ဒဏ္ရာရသူမ်ားျပား


ရန္ကုန္ၿမိဳ႕က ဆႏၵျပသူမ်ားကို ရဲမ်ားက ဖမ္းဆီးသြားတဲ့ ျမင္ကြင္း။ (မတ္ ၂၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္တစ္ၿမိဳ႕လံုး အာဏာသိမ္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို ဆန္႔က်င္ဆႏၵျပသူေတြကို အၾကမ္းပတမ္း ၿဖိဳခြင္းတာေၾကာင့္ ေျခာက္ ဦး ထက္မနည္း ေသေၾကရသလို လူဦးေရ ရာနဲ႔ခ်ီ အဖမ္းခံထားရပါတယ္။ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က အၾကမ္းဖက္ႏွိမ္နင္းေပမဲ့ ဆႏၵျပျပည္သူေတြ အရင္ကထက္ ပိုမိုျပင္းထန္လာပါတယ္။ ရန္ကုန္အေျခအေနကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က တင္ျပေပးမွာပါ။

အာဏာသိမ္း စစ္တပ္ကို ဆန္႔က်င္ကန္႔ကြက္သူေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က အၾကမ္းဖက္ၿဖိဳခြဲခဲ့လို႔ ေျမာက္ဥကၠလာၿမိဳ႕နယ္ ေလး ဦးနဲ႔ ေျမာက္ဒဂုံၿမိဳ႕နယ္ ႏွစ္ ဦး က်ည္ထိမွန္လို႔ ဒဏ္ရာအျပင္းအထန္ရရွိၿပီး ေသဆုံးခဲ့ပါတယ္။

ေသဆံုးခဲ့သူေတြထဲမွာ သံုးဦးက ဦးေခါင္းပြင့္ထြက္သြားတယ္လို႔ ေဆး႐ုံေရာက္ေနတဲ့ မ်က္ျမင္တစ္ဦးက အခုလို ဗီြအိုေအကုိ ေျပာပါတယ္။

“ဒီလိုခင္ဗ်ာ မနက္က ႏွစ္ေယာက္ဆုံးသြားတယ္။ ညေန က်ေနာ္ ေဆး႐ုံေရာက္ေတာ့ ၄ ေယာက္ေပါ့။ စုစုေပါင္းေတာ့ ဒီေန႔တစ္ေန႔လုံး ေျခာက္ေယာက္ခင္ဗ်ာ။ အမ်ိဳးသားခ်ည္းပဲ ေျခာက္ ေယာက္၊ ႏွစ္ ေယာက္ကေတာ့ ေျမာက္ဒဂုံၿမိဳ႕နယ္ေပါ့။ ေျမာက္ဒဂုံၿမိဳ႕နယ္ဆိုေတာ့ ေျမာက္ဥကၠလာနဲ႔ မေဝးဘူး၊ တံတားေလးပဲ ျခားတယ္။ အဲ့ဒီေနရာကို လာၿပီးေတာ့ ဆႏၵျပပြဲကို လာၿပီးပူးေပါင္းတဲ့ ႏွစ္ ေယာက္က ပါဝင္တယ္ေပါ့ေနာ္... အဲ့ဒီေသဆုံးသြားတာခင္ဗ်ာ ဟုတ္။ သုံးေယာက္ကေတာ့ ဦးေခါင္းကပြင့္သြားတယ္ေပါ့ေနာ္။ က်ေနာ္မ်က္လုံးနဲ႔ ျမင္ခဲ့တဲ့ ဒဏ္ရာအေျခအေနက သုံးေယာက္က ဦးေခါင္းက ပြင့္သြားတယ္။ တစ္ေယာက္က ဦးစပ္ေက်သြားတာ ဘယ္လိုပုံစံလဲေတာ့ က်ေနာ္မသိဘူး။ ဦးစပ္ေက်သြားတယ္။ ေနာက္တစ္ေယာက္ကက်ေတာ့ ႏွလုံးေပါ့ေနာ္။ ႏွလုံးထိတယ္။ ေနာက္တစ္ေယာက္ကေတာ့ ဆီးခုံ ထိၿပီးေတာ့ ဆုံးသြားတယ္။”

ဒီေန႔ မတ္လ ၃ ရက္ေန႔မွာ ေျမာက္ဥကၠလာၿမိဳ႕နယ္ (ဇ) ရပ္ကြက္မွာ စစ္အာဏာရွင္ဆန္႔က်င္သူေတြကို အၾကမ္းဖက္ၿဖိဳခြဲလို႔ အျပင္းအထန္ဒဏ္ရာရရွိသူ၊ ရာဘာက်ည္ထိမွန္သူေတြ ရွိေနပါတယ္။

ပရိဟိတအဖြဲ႕ေတြကို ရဲတပ္ဖြဲ႕က ေျခေထာက္နဲ႔ေစာင့္ကန္တာ နံပါတ္တုတ္ေတြ၊ ေသနတ္ဒင္ေတြနဲ႔ ျပင္းျပင္းထန္ထန္ ႐ုိက္ႏွက္ဖမ္းဆီးသြားတယ္လို႔လည္း အနီးအနားမွာရွိေနတဲ့ မ်က္ျမင္ သက္ေသေတြက ေျပာပါတယ္။

အဲ့ဒီၿမိဳ႕နယ္မွာပဲ သႏၱာလမ္းထိပ္၊ သုဓမၼာလမ္းမႀကီးေပၚ ကန္သာယာပန္းျခံအနီး သပိတ္စစ္ေၾကာင္းကို ရာဘာက်ည္၊ မ်က္ရည္ယိုဗံုး အသံဗံုးေတြနဲ႔ ပစ္ခတ္ၿဖိဳခြဲလို႔ ဒဏ္ရာရသူရွိသလို အဖမ္းခံရသူလည္း ရွိတယ္လို႔ မ်က္ျမင္တစ္ဦးက ဗီြအိုေအကုိ ေျပာပါတယ္။

တာေမြ၊ ေက်ာက္ေျမာင္း သပိတ္စစ္ေၾကာင္းကိုလည္း မ်က္ရည္ယိုဗံုး၊ အသံဗံုး၊ ရာဘာက်ည္နဲ႔ ၿဖိဳခြင္းၿပီး စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပိတ္ဖမ္းဆီးလို႔ လူ ၂၀၀ ထက္မနည္း ဖမ္းခံရတယ္လို႔ သတင္းယူေနတဲ့ သတင္းေထာက္ ကိုထက္ဇင္က ေျပာပါတယ္။

“စစ္ေၾကာင္းက ေက်ာက္ေျမာင္းထဲမွာပဲ လွည့္ၿပီးေတာ့ ျပန္ေရာက္တဲ့အခါမွာ ဗကသစစ္ေၾကာင္းေပါ့... GSC စစ္ေၾကာင္းလို႔ သိရပါတယ္။ အဲဒီ GSC စစ္ေၾကာင္းက ေက်ာက္ေျမာင္းထဲမွာလွည့္ၿပီး တာေမြကိုထြက္တာေပါ့။ လမ္းမႀကီးဘက္ထြက္ေတာ့ ေက်ာက္ေျမာင္းေစ်းပြိဳင့္မွာ လုံၿခဳံေရးအဖြဲ႕ေတြ၊ တပ္ကေန အကုန္လုံးကို ဝိုင္းပိတ္ၿပီးဖမ္းေတာ့ လူ ၂၀၀ ပတ္ဝန္းက်င္ေလာက္ ဖမ္းခံရတယ္လို႔ က်ေနာ္တို႔သိရတယ္။ ေက်ာက္ေျမာင္းဘက္မွာ ေနတဲ့သူေတာ္ေတာ္မ်ားမ်ား ပါသြားၾကတယ္။ အခုတပ္ကေန ဘာလုပ္ထားလဲဆိုေတာ့ ေက်ာက္ေျမာင္းထဲကို ဝင္လို႔ရတဲ့ လမ္း... ၾသဘာလမ္း၊ သဂၤဟလမ္း၊ သီတာလမ္းေတြ အဲ့ဒီလမ္းေတြအကုန္လုံးကို ပိတ္ၿပီး ရပ္ေနတာေပါ့။ ေက်ာက္ေျမာင္းထဲကိုေတာ့ ဝင္မလာဘူး။ လမ္းေတြထဲမွာေတာ့ ဆန္႔က်င္ေရး ဆက္လုပ္ေနတယ္။ ထိုင္သပိတ္ေတြလည္း ဆက္ရွိေနတယ္။ ေက်ာက္ေျမာင္းမွာရွိေနတဲ့ လမ္းေတြကို ျပည္သူကပိတ္ထားေတာ့ လမ္းထဲေရာက္ေနတဲ့ ကားေတြလည္း ျပန္ထြက္ဖို႔ ေတာ္ေတာ္အခက္အခဲျဖစ္ေနတာေပါ့။”

အလာတူ စမ္းေခ်ာင္းၿမိဳ႕နယ္ ပဒုမၼာလမ္း၊ ကၽြန္းေတာလမ္း၊ ဗဟိုလမ္းတစ္ဝိုက္မွာလည္း ရဲတပ္ဖြြဲ႕က မ်က္ရည္ဗံုး၊ အသံဗံုး၊ ေလာက္ေလးခြေတြနဲ႔ ဆႏၵျပလူအုပ္စုကို အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲလိုက္တယ္လို႔ ဆႏၵျပသူေတြက ေျပာပါတယ္။ အၾကမ္းဖက္ၿဖိဳခြဲလို႔ ရာဘာက်ည္ထိမွန္သူရွိသလို အဖမ္းခံရသူလည္း အမ်ားအျပား ရွိေနပါတယ္။

လႈိင္ၿမိဳ႕နယ္၊ ပါရမီလမ္း စိန္ေဂဟာအနီးမွာ ဆႏၵျပသူ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦးကို လက္နက္ကိုင္ေတြက ပစ္ခတ္လိုက္လို႔ ဒဏ္ရာျပင္းထန္ၿပီး စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနပါတယ္။

ဆႏၵျပျပည္သူေတြကို မ်က္ရည္ယိုဗုံးသုံးတာ၊ ဖမ္းဆီးတာနဲ႔ အၾကမ္းဖက္ ပစ္ခတ္တာေတြရွိေနေပမယ့္ တေက်ာ့ျပန္သပိတ္စစ္ေၾကာင္းကိုလည္း ျပည္သူေတြဘက္က ေန႔လယ္ပိုင္းအခ်ိန္မွာ ျပင္ဆင္ခဲ့ပါတယ္။

သမိုင္းလမ္းဆုံ၊ ကုလားေက်ာင္းမွတ္တိုင္ အနီးက ရပ္ကြက္ေတြထဲ မေန႔ကတည္းက ဝင္ေရာက္ေျခာက္လွန္႔တာေတြ ရွိေနၿပီး ဒီေန႔မွာလည္း လက္နက္ကိုင္ေတြဘက္က အင္အားသုံးအၾကမ္းဖက္လို႔ ပိတ္မိေနသူေတြ ရွိေနခဲ့တာပါ။

အင္းစိန္၊ ႀကိဳ႕ကုန္းနားမွာေတာ့ ဆႏၵျပျပည္သူေတြကို လက္နက္ကိုင္ေတြဘက္က မနက္ကတည္းက မ်က္ရည္ယိုဗုံးသုံးတာ၊ အၾကမ္းဖက္ ပစ္ခတ္တာေတြေၾကာင့္ ထိခိုက္ဒဏ္ရာရသူတခ်ိဳ႕ ရွိခဲ့ပါတယ္။ စစ္တပ္နဲ႔ ရဲေတြ ေနာက္ျပန္ဆုတ္တဲ့ အခ်ိန္ ဆႏၵျပသူေတြ တစ္ခါျပန္စုၿပီး ဆႏၵဆက္ျပေနၾကလို႔ လူမစုႏိုင္ေအာင္ ရဲေတြ အႀကိမ္ႀကိမ္ၿဖိဳခြဲ ဖမ္းဆီးေနပါတယ္။

ရန္ကုန္ၿမိဳ႕ ေနရာအႏွံ႔မွာ ဆႏၵျပသူေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က အၾကမ္းဖက္ ပစ္ခတ္ ႏွိမ္နင္းေနေပမဲ့ လူငယ္ေတြ အေလွ်ာ့မေပးဘဲ တစ္ေန႔ထက္တစ္ေန႔ ဆႏၵျပလူအင္အား ပိုမိုတုိးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်မြို့ဆန္ဒပြသူ ရာနဲ့ချီဖမ်းဆီးခံရ၊ ဒဏ်ရာရသူများပြား

ရန်ကုန်တစ်မြို့လုံး အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းပတမ်း ဖြိုခွင်းတာကြောင့် ခြောက် ဦး ထက်မနည်း သေကြေရသလို လူဦးရေ ရာနဲ့ချီ အဖမ်းခံထားရပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းပေမဲ့ ဆန္ဒပြပြည်သူတွေ အရင်ကထက် ပိုမိုပြင်းထန်လာပါတယ်။ ရန်ကုန်အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က တင်ပြပေးမှာပါ။

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်ကန့်ကွက်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့လို့ မြောက်ဥက္ကလာမြို့နယ် လေး ဦးနဲ့ မြောက်ဒဂုံမြို့နယ် နှစ် ဦး ကျည်ထိမှန်လို့ ဒဏ်ရာအပြင်းအထန်ရရှိပြီး သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ သုံးဦးက ဦးခေါင်းပွင့်ထွက်သွားတယ်လို့ ဆေးရုံရောက်နေတဲ့ မျက်မြင်တစ်ဦးက အခုလို ဗွီအိုအေကို ပြောပါတယ်။

“ဒီလိုခင်ဗျာ မနက်က နှစ်ယောက်ဆုံးသွားတယ်။ ညနေ ကျနော် ဆေးရုံရောက်တော့ ၄ ယောက်ပေါ့။ စုစုပေါင်းတော့ ဒီနေ့တစ်နေ့လုံး ခြောက်ယောက်ခင်ဗျာ။ အမျိုးသားချည်းပဲ ခြောက် ယောက်၊ နှစ် ယောက်ကတော့ မြောက်ဒဂုံမြို့နယ်ပေါ့။ မြောက်ဒဂုံမြို့နယ်ဆိုတော့ မြောက်ဥက္ကလာနဲ့ မဝေးဘူး၊ တံတားလေးပဲ ခြားတယ်။ အဲ့ဒီနေရာကို လာပြီးတော့ ဆန္ဒပြပွဲကို လာပြီးပူးပေါင်းတဲ့ နှစ် ယောက်က ပါဝင်တယ်ပေါ့နော်... အဲ့ဒီသေဆုံးသွားတာခင်ဗျာ ဟုတ်။ သုံးယောက်ကတော့ ဦးခေါင်းကပွင့်သွားတယ်ပေါ့နော်။ ကျနော်မျက်လုံးနဲ့ မြင်ခဲ့တဲ့ ဒဏ်ရာအခြေအနေက သုံးယောက်က ဦးခေါင်းက ပွင့်သွားတယ်။ တစ်ယောက်က ဦးစပ်ကျေသွားတာ ဘယ်လိုပုံစံလဲတော့ ကျနော်မသိဘူး။ ဦးစပ်ကျေသွားတယ်။ နောက်တစ်ယောက်ကကျတော့ နှလုံးပေါ့နော်။ နှလုံးထိတယ်။ နောက်တစ်ယောက်ကတော့ ဆီးခုံ ထိပြီးတော့ ဆုံးသွားတယ်။”

ဒီနေ့ မတ်လ ၃ ရက်နေ့မှာ မြောက်ဥက္ကလာမြို့နယ် (ဇ) ရပ်ကွက်မှာ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို အကြမ်းဖက်ဖြိုခွဲလို့ အပြင်းအထန်ဒဏ်ရာရရှိသူ ရာဘာကျည်ထိမှန်သူတွေ ရှိနေပါတယ်။

ပရိဟိတအဖွဲ့တွေကို ရဲတပ်ဖွဲ့က ခြေထောက်နဲ့စောင့်ကန်တာ နံပါတ်တုတ်တွေ၊ သေနတ်ဒင်တွေနဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ဖမ်းဆီးသွားတယ်လို့လည်း အနီးအနားမှာရှိနေတဲ့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အဲ့ဒီမြို့နယ်မှာပဲ သန္တာလမ်းထိပ်၊ သုဓမ္မာလမ်းမကြီးပေါ် ကန်သာယာပန်းခြံအနီး သပိတ်စစ်ကြောင်းကို ရာဘာကျည်၊ မျက်ရည်ယိုဗုံး အသံဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲလို့ ဒဏ်ရာရသူရှိသလို အဖမ်းခံရသူလည်း ရှိတယ်လို့ မျက်မြင်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

တာမွေ၊ ကျောက်မြောင်း သပိတ်စစ်ကြောင်းကိုလည်း မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်နဲ့ ဖြိုခွင်းပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပိတ်ဖမ်းဆီးလို့ လူ ၂၀၀ ထက်မနည်း ဖမ်းခံရတယ်လို့ သတင်းယူနေတဲ့ သတင်းထောက် ကိုထက်ဇင်က ပြောပါတယ်။

“စစ်ကြောင်းက ကျောက်မြောင်းထဲမှာပဲ လှည့်ပြီးတော့ ပြန်ရောက်တဲ့အခါမှာ ဗကသစစ်ကြောင်းပေါ့... GSC စစ်ကြောင်းလို့ သိရပါတယ်။ အဲဒီ GSC စစ်ကြောင်းက ကျောက်မြောင်းထဲမှာလှည့်ပြီး တာမွေကိုထွက်တာပေါ့။ လမ်းမကြီးဘက်ထွက်တော့ ကျောက်မြောင်းဈေးပွိုင့်မှာ လုံခြုံရေးအဖွဲ့တွေ၊ တပ်ကနေ အကုန်လုံးကို ဝိုင်းပိတ်ပြီးဖမ်းတော့ လူ ၂၀၀ ပတ်ဝန်းကျင်လောက် ဖမ်းခံရတယ်လို့ ကျနော်တို့သိရတယ်။ ကျောက်မြောင်းဘက်မှာ နေတဲ့သူတော်တော်များများ ပါသွားကြတယ်။ အခုတပ်ကနေ ဘာလုပ်ထားလဲဆိုတော့ ကျောက်မြောင်းထဲကို ဝင်လို့ရတဲ့ လမ်း... သြဘာလမ်း၊ သင်္ဂဟလမ်း၊ သီတာလမ်းတွေ အဲ့ဒီလမ်းတွေအကုန်လုံးကို ပိတ်ပြီး ရပ်နေတာပေါ့။ ကျောက်မြောင်းထဲကိုတော့ ဝင်မလာဘူး။ လမ်းတွေထဲမှာတော့ ဆန့်ကျင်ရေး ဆက်လုပ်နေတယ်။ ထိုင်သပိတ်တွေလည်း ဆက်ရှိနေတယ်။ ကျောက်မြောင်းမှာရှိနေတဲ့ လမ်းတွေကို ပြည်သူကပိတ်ထားတော့ လမ်းထဲရောက်နေတဲ့ ကားတွေလည်း ပြန်ထွက်ဖို့ တော်တော်အခက်အခဲဖြစ်နေတာပေါ့။”

အလာတူ စမ်းချောင်းမြို့နယ် ပဒုမ္မာလမ်း၊ ကျွန်းတောလမ်း၊ ဗဟိုလမ်းတစ်ဝိုက်မှာလည်း ရဲတပ်ဖွဲ့က မျက်ရည်ဗုံး၊ အသံဗုံး၊ လောက်လေးခွတွေနဲ့ ဆန္ဒပြလူအုပ်စုကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲလိုက်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အကြမ်းဖက်ဖြိုခွဲလို့ ရာဘာကျည်ထိမှန်သူရှိသလို အဖမ်းခံရသူလည်း အများအပြား ရှိနေပါတယ်။

လှိုင်မြို့နယ်၊ ပါရမီလမ်း စိန်ဂေဟာအနီးမှာ ဆန္ဒပြသူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို လက်နက်ကိုင်တွေက ပစ်ခတ်လိုက်လို့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဆန္ဒပြပြည်သူတွေကို မျက်ရည်ယိုဗုံးသုံးတာ၊ ဖမ်းဆီးတာနဲ့ အကြမ်းဖက် ပစ်ခတ်တာတွေရှိနေပေမယ့် တကျော့ပြန်သပိတ်စစ်ကြောင်းကိုလည်း ပြည်သူတွေဘက်က နေ့လယ်ပိုင်းအချိန်မှာ ပြင်ဆင်ခဲ့ပါတယ်။

သမိုင်းလမ်းဆုံ၊ ကုလားကျောင်းမှတ်တိုင် အနီးက ရပ်ကွက်တွေထဲ မနေ့ကတည်းက ဝင်ရောက်ခြောက်လှန့်တာတွေ ရှိနေပြီး ဒီနေ့မှာလည်း လက်နက်ကိုင်တွေဘက်က အင်အားသုံးအကြမ်းဖက်လို့ ပိတ်မိနေသူတွေ ရှိနေခဲ့တာပါ။

အင်းစိန်၊ ကြို့ကုန်းနားမှာတော့ ဆန္ဒပြပြည်သူတွေကို လက်နက်ကိုင်တွေဘက်က မနက်ကတည်းက မျက်ရည်ယိုဗုံးသုံးတာ၊ အကြမ်းဖက် ပစ်ခတ်တာတွေကြောင့် ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။ စစ်တပ်နဲ့ ရဲတွေ နောက်ပြန်ဆုတ်တဲ့ အချိန် ဆန္ဒပြသူတွေ တစ်ခါပြန်စုပြီး ဆန္ဒဆက်ပြနေကြလို့ လူမစုနိုင်အောင် ရဲတွေ အကြိမ်ကြိမ်ဖြိုခွဲ ဖမ်းဆီးနေပါတယ်။

ရန်ကုန်မြို့ နေရာအနှံ့မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ် နှိမ်နင်းနေပေမဲ့ လူငယ်တွေ အလျှော့မပေးဘဲ တစ်နေ့ထက်တစ်နေ့ ဆန္ဒပြလူအင်အား ပိုမိုတိုးလာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG