သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရဲတပ္ဖဲြ႔တခ်ိဳ႕ CDM ပူးေပါင္း


CDM ပူးေပါင္းတဲ့ တနသၤာရီတုိင္းက အမ်ိဳးသမီးရဲတပ္ဖဲြ႔၀င္မ်ား။ (မတ္ ၂၊ ၂၀၂၁)

[Zawgyi/Unicode]

ပဲခူးတိုင္း ျပည္ျမိဳ႕နယ္နဲ႔ တနသၤာရီတုိင္း၊ မႏၱေလးတိုင္းေတြမွာ ရဲတပ္ဖဲြ႔၀င္မ်ား အၾကမ္းမဖက္အာခံတဲ့ CDM လႈပ္ရွားမႈမ်ား လုပ္ဖို႔အတြက္ ျပည္သူေတြနဲ႔ ပူးေပါင္းလာၾကတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

ပဲခူးတုိင္း ျပည္ျမိဳ႕မွာေတာ့ မေန႔က ညေနပိုင္းကစလုိ႔ ရဲတပ္ဖဲြ႔၀င္ ၆ ဦးဟာ ျပည္သူနဲ႔ ပူးေပါင္းလာေၾကာင္း ျပည္ျမိဳ႕မွာ စစ္အာဏရွင္ဆန္႔က်င္ေရး ကန္႔ကြက္ဆႏၵျပမႈေတြ လုပ္ေနတဲ့ သပိတ္ေခါင္းေဆာင္တဦးက အခုလိုေျပာျပပါတယ္။

"က်ေနာ္တို႔ လက္ရွိ ပူးေပါင္းလာတာကေတာ့ ၀က္ထီးကန္တေယာက္ပါတယ္။ ျပည္က ၅ ေယာက္ပါ ပါတယ္။ သူတုိ႔ကေတာ့ စစ္အာဏာရွင္ လက္ေအာက္မွာ မလုပ္ခ်င္ေတာ့ဘူးေပါ့ေနာ္... အဲဒါေၾကာင့္သူတို႔ ထြက္တာေတာ့မဟုတ္ဘူး။ CDM လုပ္ၿပီးေတာ့ ျပည္သူလူထုနဲ႔ တသားတည္းရွိတာကို ေဖာ္ျပတဲ့အေနနဲ႔သူတို႔ပါထြက္လာၾကတယ္။ လံုျခံဳတဲ့ေနရာမွာ က်ေနာ္တို႔ ထားေပးထားပါတယ္။"

လက္ရွိ ျပည္ျမိဳ႕မွာ ဒီကေန႔ မနက္ကတည္းက ပစ္ခတ္ဖမ္းဆီးမႈေတြ လုပ္ေနျပီး အဖမ္းအဆီးအတြင္း DVB သတင္းေထာက္တဦး ပါ၀င္ေၾကာင္းကိုလည္းေျပာျပပါတယ္။

"စုတာနဲ႔၊ ထြက္တာနဲ႔ အကုန္လံုးလိုက္ၿပီးေတာ့ ပစ္တာ။ ျပည္ေရႊဆံေတာ္ဘုရားေရွ႕ နာရီစင္နားမွာ အနည္းဆံုး ေလး၊ ငါးေယာက္ေတာ့ ပါသြားတယ္။ DVB သတင္းေထာက္ကုိမင္းညိဳ အပါအ၀င္ေပါ့။"

ေလာေလာဆယ္ ျပည္ျမိဳ႕မွာ ပူးေပါင္းလာတဲ့ ရဲတပ္ဖဲြ႔၀င္ေတြကုိေတာ့ ေဒသခံသပိတ္ေခါင္းေဆာင္ေတြက လံုျခံဳတဲ့ေနရာမွာ ထားေပးထားပါတယ္။

မတ္လ ၃ ရက္ေန႔မွာေတာ့ မႏၱေလးတိုင္း၊ ေနျပည္ေတာ္တပ္ကုန္းဘက္မွာလည္း ရဲတပ္ဖြဲ႔၀င္ ရွစ္ ဦး ပူးေပါင္းလာတဲ့အတြက္ ေလာေလာဆယ္ ေနျပည္ေတာ္ဘက္မွာ ရဲတပ္ဖဲြ႔၀င္ေတြထဲက CDM လုပ္ျပီး ပူးေပါင္းသူ လူ ၇၀ ဦးခန္႔ ရွိလာျပီျဖစ္ပါတယ္။ မေန႔ကေတာ့ ေနျပည္ေတာ္အမွတ္ (၁၈) လုံၿခဳံေရးရဲတပ္ဖြဲ႕ခြဲက ဒုရဲအုပ္တစ္ဦးအပါအဝင္ ရဲတပ္သားေလးဦးလည္း CDM လႈပ္ရွားမႈမွာ ပါ၀င္လာပါတယ္။ ဒီရက္ပုိင္းမွာပဲ မႏၱေလးတိုင္း မႏၱေလးျမိဳ႕နယ္ ေအာင္ေျမသာဇံရဲစခန္းက ျမိဳ႕မရဲစခန္းမွဴးနဲ႔ ခ်မ္းေအးသာဇံျမိဳ႕နယ္အမွတ္ (၃) ရဲစခန္းမွဴးေတြလည္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီလက္ထက္မွာ တာ၀န္ထမ္းေဆာင္လိုစိတ္ မရွိတဲ့အတြက္ ျပည္သူနဲ႔ ပူးေပါင္းလာတာလို႔ ဆုိပါတယ္။

တနသၤာရီတုိင္းမွာလည္း မေန႔က ရဲတပ္ဖဲြ႔၀င္အမ်ိဳးသမီး ၇ ဦးဟာ CDM လုပ္ျပီး ပူးေပါင္းခဲ့ပါတယ္ ကယားျပည္နယ္မွာေတာ့ ရဲတပ္ဖဲြ႔၀င္ ၇၀ နီးပါးေလာက္ဟာ ေဖေဖၚ၀ါရီလထဲမွာ ပူးေပါင္းခဲ့ပါတယ္။ အခုဆိုရင္ ရဲတပ္ဖဲြ႕၀င္ေတြ အေတာ္မ်ားမ်ားက တိုင္းနဲ႔ ျပည္နယ္ေတြမွာ ႏုတ္ထြက္တာမ်ိဳးေတြ လုပ္လာသလို၊ CDM လုပ္ျပီး ပူးေပါင္းတာေတြလည္း ရွိေနသလုိ မေန႔ကလည္း CDM လုပ္တဲ့ တပ္မေတာ္သား ၁၀ ဦးထက္မနည္းဟာ KNU တပ္မဟာ (၅) မွာ လာေရာက္ ပူးေပါင္းခဲ့ၾကပါတယ္။

ရဲတပ္ဖဲြ႕တခ်ိဳ႕ CDM ပူးေပါင္း
please wait

No media source currently available

0:00 0:02:10 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရဲတပ်ဖွဲ့တချို့ CDM ပူးပေါင်း

ပဲခူးတိုင်း ပြည်မြို့နယ်နဲ့ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းတွေမှာ ရဲတပ်ဖွဲ့ဝင်များ အကြမ်းမဖက်အာခံတဲ့ CDM လှုပ်ရှားမှုများ လုပ်ဖို့အတွက် ပြည်သူတွေနဲ့ ပူးပေါင်းလာကြတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ပဲခူးတိုင်း ပြည်မြို့မှာတော့ မနေ့က ညနေပိုင်းကစလို့ ရဲတပ်ဖွဲ့ဝင် ၆ ဦးဟာ ပြည်သူနဲ့ ပူးပေါင်းလာကြောင်း ပြည်မြို့မှာ စစ်အာဏရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်နေတဲ့ သပိတ်ခေါင်းဆောင်တဦးက အခုလိုပြောပြပါတယ်။

"ကျနော်တို့ လက်ရှိ ပူးပေါင်းလာတာကတော့ ဝက်ထီးကန်တယောက်ပါတယ်။ ပြည်က ၅ ယောက်ပါ ပါတယ်။ သူတို့ကတော့ စစ်အာဏာရှင် လက်အောက်မှာ မလုပ်ချင်တော့ဘူးပေါ့နော်... အဲဒါကြောင့်သူတို့ ထွက်တာတော့မဟုတ်ဘူး။ CDM လုပ်ပြီးတော့ ပြည်သူလူထုနဲ့ တသားတည်းရှိတာကို ဖော်ပြတဲ့အနေနဲ့သူတို့ပါထွက်လာကြတယ်။ လုံခြုံတဲ့နေရာမှာ ကျနော်တို့ ထားပေးထားပါတယ်။"

လက်ရှိ ပြည်မြို့မှာ ဒီကနေ့ မနက်ကတည်းက ပစ်ခတ်ဖမ်းဆီးမှုတွေ လုပ်နေပြီး အဖမ်းအဆီးအတွင်း DVB သတင်းထောက်တဦး ပါဝင်ကြောင်းကိုလည်းပြောပြပါတယ်။

"စုတာနဲ့၊ ထွက်တာနဲ့ အကုန်လုံးလိုက်ပြီးတော့ ပစ်တာ။ ပြည်ရွှေဆံတော်ဘုရားရှေ့ နာရီစင်နားမှာ အနည်းဆုံး လေး၊ ငါးယောက်တော့ ပါသွားတယ်။ DVB သတင်းထောက်ကိုမင်းညို အပါအဝင်ပေါ့။"

လောလောဆယ် ပြည်မြို့မှာ ပူးပေါင်းလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုတော့ ဒေသခံသပိတ်ခေါင်းဆောင်တွေက လုံခြုံတဲ့နေရာမှာ ထားပေးထားပါတယ်။

မတ်လ ၃ ရက်နေ့မှာတော့ မန္တလေးတိုင်း၊ နေပြည်တော်တပ်ကုန်းဘက်မှာလည်း ရဲတပ်ဖွဲ့ဝင် ရှစ် ဦး ပူးပေါင်းလာတဲ့အတွက် လောလောဆယ် နေပြည်တော်ဘက်မှာ ရဲတပ်ဖွဲ့ဝင်တွေထဲက CDM လုပ်ပြီး ပူးပေါင်းသူ လူ ၇၀ ဦးခန့် ရှိလာပြီဖြစ်ပါတယ်။ မနေ့ကတော့ နေပြည်တော်အမှတ် (၁၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်သားလေးဦးလည်း CDM လှုပ်ရှားမှုမှာ ပါဝင်လာပါတယ်။ ဒီရက်ပိုင်းမှာပဲ မန္တလေးတိုင်း မန္တလေးမြို့နယ် အောင်မြေသာဇံရဲစခန်းက မြို့မရဲစခန်းမှူးနဲ့ ချမ်းအေးသာဇံမြို့နယ်အမှတ် (၃) ရဲစခန်းမှူးတွေလည်း စစ်အုပ်ချုပ်ရေးကောင်စီလက်ထက်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတဲ့အတွက် ပြည်သူနဲ့ ပူးပေါင်းလာတာလို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာလည်း မနေ့က ရဲတပ်ဖွဲ့ဝင်အမျိုးသမီး ၇ ဦးဟာ CDM လုပ်ပြီး ပူးပေါင်းခဲ့ပါတယ် ကယားပြည်နယ်မှာတော့ ရဲတပ်ဖွဲ့ဝင် ၇၀ နီးပါးလောက်ဟာ ဖေဖေါ်ဝါရီလထဲမှာ ပူးပေါင်းခဲ့ပါတယ်။ အခုဆိုရင် ရဲတပ်ဖွဲ့ဝင်တွေ အတော်များများက တိုင်းနဲ့ ပြည်နယ်တွေမှာ နုတ်ထွက်တာမျိုးတွေ လုပ်လာသလို၊ CDM လုပ်ပြီး ပူးပေါင်းတာတွေလည်း ရှိနေသလို မနေ့ကလည်း CDM လုပ်တဲ့ တပ်မတော်သား ၁၀ ဦးထက်မနည်းဟာ KNU တပ်မဟာ (၅) မှာ လာရောက် ပူးပေါင်းခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG