[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရဆီကေန စစ္တပ္က အာဏာသိမ္းယူခဲ့တာ တလေက်ာ္လာၿပီ ျဖစ္ေပမဲ့ လမ္းေပၚထြက္ ဆန႔္က်င္ဆႏၵျပမႈေတြဟာ အရွိန္ေကာင္းလာေနဆဲ ရွိပါတယ္။ ဒီကေန႔မွာေတာ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္ကေန မုံ႐ြာ၊ မႏၲေလး၊ မေကြးတို႔မွာ အင္အားသုံးၿဖိဳခြင္းတာေတြေၾကာင့္ လူ ၈ ဦး ထပ္မနည္း ေသဆုံးခဲ့ရပါတယ္။ ဒီသတင္းကို ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေမခက စုစည္းတင္ျပသြားမွာပါ။
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကစလို႔ အရပ္သား အစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ ျမန္မာႏိုင္ငံအႏွံ႔ စစ္အာဏာရွင္ဆန႔္က်င္လႈပ္ရွားမႈေတြဟာ အရွိန္ေလ်ာ့မသြားဘဲ ပိုတိုးလာေနပါတယ္။ ဒီကေန႔ မနက္ပိုင္းကစလို႔ မုံ႐ြာ၊ မႏၲေလး၊ မေကြးနဲ႔ ေမၿမိဳ႕တို႔ေတြမွာ စစ္အာဏာရွင္ ဆန႔္က်င္ေရးလုပ္ေနတဲ့ သပိတ္စစ္ေၾကာင္းေတြကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အာဏာပိုင္ေတြက အၾကမ္းဖက္အင္အားသုံးၿဖိဳခြင္းတာေတြ လုပ္ခဲ့တာေၾကာင့္ အရပ္သားအနည္းဆုံး ၈ ဦးထက္မနည္း ေသဆုံးခဲ့ရၿပီး ဒဏ္ရာရ လူနာဟာ ဒါဇင္ခ်ီရွိခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။
စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕ ထန္းေတာရက္ကြက္နဲ႔ ရန္ကင္းရပ္ကြက္အၾကား ျပည္ေထာင္စုလမ္းနဲ႔ ဘုရားနီလမ္းဆုံေနရာမွာ ဒီမနက္ ၁၁ နာရီဝန္းက်င္က မုံ႐ြာ ဆႏၵျပ ပင္မသပိတ္ စစ္ေၾကာင္းနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕တို႔ ထိပ္တိုက္ဆုံမိရာက ပစ္ခတ္ၿဖိဳခြင္းခဲ့လို႔ ဆႏၵျပသူ လူ ၆ ေယာက္ ေသဆုံးသြားခဲ့ပါတယ္။ ျပင္းထန္ဒဏ္ရာရသူေတြလည္း ရွိေနတာေၾကာင့္ ေသဆုံးသူဦးေရဟာ တိုးလာႏိုင္တယ္ဆိုတဲ့ စိုးရိမ္စရာအေျခအေနလည္း ရွိေနတယ္လို႔ မုံ႐ြာၿမိဳ႕ခံေတြကေျပာၾကပါတယ္။
ဒီပစ္ခတ္ၿဖိဳခြင္းမႈကို ကိုယ္တိုင္ႀကဳံသူလည္းျဖစ္ တက္ႂကြလႈပ္ရွားသူ တဦးလည္း ျဖစ္သူတဦးကေတာ့ ပစ္ခတ္ၿဖိဳခြင္းမႈဟာ အၾကမ္းဖက္လုပ္ရပ္ဆန္ကာ ရက္ရက္စက္စက္ႏွိမ္နင္းတာကို ျမင္ခဲ့ရတယ္လို႔ေျပာျပပါတယ္။
"ႏွစ္ ဦးကဆို ေနာက္ကေန က်ည္မွန္တာ၊ တဦးဆို ေရွ႕နားထင္ မွန္တယ္။ တဦးကေနာက္ဘက္ပိုင္း မွန္တာေပါ့... အဲဒီလိုမ်ိဳး။ အဓိကကေတာ့ တပ္က ခြဲထားတယ္။ ေနာက္ကေနလည္း ပစ္တယ္။ အဓိကကေတာ့ ရဲေတြကို အေရွ႕ထားၿပီးေတာ့ စစ္တပ္ကပစ္တာ။ တပ္က ေနာက္က ဝမ္းယားေမွာက္ယက္နဲ႔ကိုပစ္တာ။ သူတို႔ကေရကားနဲ႔ ထိုးတယ္။ ဓာတ္ေငြ႕ဟာနဲ႔ ပစ္တယ္။ တၿပိဳင္နက္ထဲ လုပ္တာ၊ ဆင့္ကဲဆင့္ကဲလုပ္တာမဟုတ္ဘူး။ အဲဒီလိုတၿပိဳင္နက္ထဲလုပ္ေနတဲ့ၾကားထဲမွာလည္း ေနာက္မွာေနတဲ့၊ ေဘးမွာေနတဲ့ စစ္တပ္က ပစ္တယ္။ လူအုပ္ၾကားထဲ ပစ္တယ္။ အဲဒီေတာ့ မွန္တဲ့သူမွန္တယ္။ ဒါႀကီးက လူမဆန္ဘူးဗ်။ လုပ္ရပ္ၾကီးက အဓိက႐ုဏ္းႏွိမ္နင္းတဲ့ ပုံစံမဟုတ္ဘူး။ စစ္ေျမျပင္ကို သူပုန္ပစ္သလို ပံုစံမ်ိဳးကို ပစ္တာ။ ဒါၾကီးက အၾကမ္းဖက္လုပ္ငန္းၾကီးေပါ့ဗ်ာ။"
ဒီေန႔ လူေသဆုံးမႈဟာ မုံ႐ြာမွာ စစ္အာဏာသိမ္းေကာင္စီ ၿဖိဳခြင္းမႈေၾကာင့္ ပထမဆုံးလူေသဆုံးခဲ့တာလည္းျဖစ္ပါတယ္။
ေနာက္ထပ္ အၾကမ္းဖက္ၿဖိဳခြဲခံရၿပီး ေသြးေျမက်ခဲ့ရတဲ့ ေနရာေနာက္တခုကေတာ့ မႏၲေလးၿမိဳ႕ေပၚမွာပဲ ျဖစ္ပါတယ္။ ၆၂ လမ္းေပၚက အင္အားသုံးၿဖိဳခြင္းမႈမွာ အသက္ ၁၉ ႏွစ္အ႐ြယ္အမ်ိဳးသမီးငယ္တဦးအပါအဝင္၊ အမ်ိဳးသားတဦး၊ ေပါင္း ၂ ဦးဟာေနရာမွာတင္ က်ည္အစစ္နဲ႔ ပစ္ခတ္တယ္လို႔ ယူဆႏိုင္တဲ့ ပစ္ခတ္မႈေၾကာင့္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ရတယ္လို႔ အဲဒီေနရာမွာ ရွိေနတဲ့ ဗြီအိုေအသတင္းေထာက္က ေျပာျပပါတယ္။
"ဒဏ္ရာရတာကေတာ့ ၁၀ ေယာက္၊ ၁၅ ေယာက္ေလာက္ရွိတယ္။ ဒီဘက္ ၆၂ လမ္းေပၚမွာလည္း မနက္ကတည္းက ပိတ္ထားတဲ့လမ္းေတြကို ဘူထိုစာေတြနဲ႔ ထိုးတယ္။ လမ္းေတြကို လံုျခံဳေရးယူၿပီးေတာ့ ရပ္ကြက္ေတြထဲကို ပစ္တာ၊ ခတ္တာေတြ ရွိတယ္။ သံအမိႈက္ကန္မွာလည္း က်ည္ေဖာက္ရာေတြ ေတြ႔ရတယ္။ လမ္းမွာ ရပ္ထားတဲ့ ဆိုင္ကယ္ေတြကိုလည္း ဖ်က္ဆီးသြားတာေတြလည္း ရွိတယ္ခင္ဗ်။ တေယာက္ဆိုရင္ ဒဏ္ရာရသြားတာဆိုရင္ ဒီပါးအသားပဲ့ထြက္သြားတယ္။ ဒီဘက္မွာ သံုး၊ ေလး၊ ငါးေယာက္ ဒဏ္ရာရသြားတာ ရွိတယ္ခင္ဗ်။ မ်က္ရည္ယိုဗံုးေတြနဲ႔ ခဲြတယ္။၊ လူစုလူေဝးအရမ္းမ်ားတဲ့ေနရာဆိုရင္ က်ည္အစစ္လို႔ ယူဆရတဲ့ဟာေတြနဲ႔ ပစ္တယ္၊ ရာဘာက်ည္ေတြနဲ႔လည္း ပစ္ခတ္ၿပီးေတာ့ ျဖိဳခြင္းတာေတြ လုပ္တယ္။"
ဒီလိုၿဖိဳခြင္းမႈျဖစ္စဥ္ကို မ်က္ျမင္ေတြ႕ခဲ့တဲ့ က်မတို႔သတင္းေထာက္ဟာလည္း ဘယ္ဘက္ရင္အုံမွာ ရာဘာက်ည္ဆံ ႏွစ္ ခ်က္တိတိ ထိမွန္ခံခဲ့ရပါတယ္။
ဒီကေန႔႔ မုံ႐ြာနဲ႔ မႏၲေလးမွာေတာ့ အာဏာပိုင္ေတြေၾကာင့္ အသက္ဆုံးရႈံးရသူဦးေရဟာ ၈ ဦးထက္ မနည္းရွိေနတာပါ။
မေကြးၿမိဳ႕မွာလည္း ဒီကေန႔ မနက္ပိုင္းက စစ္အာဏာရွင္က်ဆုံးေရးအတြက္ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့ ျပည္သူေတြကို လုံၿခဳံေရးတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးေတြ၊ ရာဘာက်ည္ေတြနဲ႔ ပစ္ခတ္ၿဖိဳခြဲခဲ့ၿပီး အၾကမ္းဖက္ ဖမ္းဆီးထိန္းသိမ္းတာေတြ ျပဳလုပ္ခဲ့ပါတယ္။ မေကြးၿမိဳ႕ သစၥာလမ္းနဲ႔ မဲထီးလမ္းေတြမွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက မ်က္ရည္ယိုဗုံးေတြ၊ ရာဘာက်ည္ေတြနဲ႔ ပစ္ခတ္လူစုခြဲခဲ့တာေၾကာင့္ ႏွစ္ ေယာက္ထက္မနည္း ထိခိုက္ ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံတဦးကေျပာပါတယ္။
"မေကြးက ေသဆံုးတာေတာ့ မရွိေသးဘူး။ အခုခ်ိန္ထိ ဒဏ္ရာရတာပဲ ရွိတယ္။ မေကြးနည္းပညာေက်ာင္းသားက ကေလးတေယာက္ကေတာ့ လက္ကအေျခအေနေတာ္ေတာ္ေလး စိုးရိမ္စရာေကာင္းတယ္။ ေနာက္တေယာက္ကေတာ့ သတင္းေထာက္ တစ္ ေယာက္ေပါ့.. သူကေတာ့ ပခုံးမွန္တာေပါ့။ ကေလးဒဏ္ရာရဲ႕ အေနအထားကိုၾကည့္တာကေတာ့ အဲဒီပုံၾကည့္တာ... ရာဘာက်ည္ကေတာ့ လံုးဝမျဖစ္ႏိုင္ဘူးဗ်။ လုံးလုံးႀကီးကို အသားက ဟက္တက္ၾကီးကဲြၿပီးေတာ့ အထဲက အ႐ိုးေတာင္ေငါထြက္သြားတယ္။ လူစုခြဲတဲ့ ပံုစံမဟုတ္ေတာ့ဘဲနဲ႔ အၿငိဳးႀကီးမားစြာလုပ္တဲ့ပုံစံမ်ိဳးေတြ ျဖစ္ေနတယ္။ ကေလးေတြ လူစုခြဲေျပးပုန္းေနလည္း အဲဒီပုန္းေနတဲ့ အိမ္ေတြကို တံခါးေတြ ဖ်က္တယ္၊ ဝင္ဆဲြတယ္။ အဲဒါမ်ိဳးေတြ ျဖစ္လာၿပီေပါ့။"
ရပ္ကြက္လမ္းၾကားေတြထဲအထိ မ်က္ရည္ယိုဗုံးေတြ၊ ရာဘာက်ည္ေတြနဲ႔ ပစ္ခတ္ဖမ္းဆီးေနတာျဖစ္ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းခြင္ထဲက လူငယ္ ၁၄ ေယာက္ေလာက္အျပင္ အနည္းဆုံးလူ ၃၀ ထက္မနည္း အဖမ္းခံရတယ္လို႔ သိရၿပီး ဖမ္းဆီးခံရသူ အေရအတြက္ကိုေတာ့ အတည္မျပဳႏိုင္ေသးပါဘူး။
လက္ရွိ အခ်ိန္ထိ ဒီၿမိဳ႕နယ္ ၃ ခုအျပင္ တပ္စခန္းနဲ႔ တပ္သင္တန္းေက်ာင္းေတြ ရွိတဲ့ ေမၿမိဳ႕မွာလည္း အင္အားသုံးၿဖိဳခြင္းမႈေတြရွိခဲ့ၿပီး လူေသဆုံးမႈ မရွိေပမဲ့ ထိခိုက္ဒဏ္ရာရသူ ၁၀ ဦးထပ္မနည္းရွိတယ္လို႔ ၿမိဳ႕ခံေတြကေျပာပါတယ္။
[Unicode Version]
ဆန္ဒပြမှုအကြမ်းဖက်ခံရမှု မုံရွာ ၆ ဦး၊ မန္တလေး၂ ဦး သေဆုံး
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့တာ တလကျော်လာပြီ ဖြစ်ပေမဲ့ လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြမှုတွေဟာ အရှိန်ကောင်းလာနေဆဲ ရှိပါတယ်။ ဒီကနေ့မှာတော့ စစ်အုပ်ချုပ်ရေးကောင်စီဘက်ကနေ မုံရွာ၊ မန္တလေး၊ မကွေးတို့မှာ အင်အားသုံးဖြိုခွင်းတာတွေကြောင့် လူ ၈ ဦး ထပ်မနည်း သေဆုံးခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက စုစည်းတင်ပြသွားမှာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံအနှံ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေဟာ အရှိန်လျော့မသွားဘဲ ပိုတိုးလာနေပါတယ်။ ဒီကနေ့ မနက်ပိုင်းကစလို့ မုံရွာ၊ မန္တလေး၊ မကွေးနဲ့ မေမြို့တို့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်နေတဲ့ သပိတ်စစ်ကြောင်းတွေကို စစ်အုပ်ချုပ်ရေးကောင်စီ အာဏာပိုင်တွေက အကြမ်းဖက်အင်အားသုံးဖြိုခွင်းတာတွေ လုပ်ခဲ့တာကြောင့် အရပ်သားအနည်းဆုံး ၈ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရ လူနာဟာ ဒါဇင်ချီရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့ ထန်းတောရက်ကွက်နဲ့ ရန်ကင်းရပ်ကွက်အကြား ပြည်ထောင်စုလမ်းနဲ့ ဘုရားနီလမ်းဆုံနေရာမှာ ဒီမနက် ၁၁ နာရီဝန်းကျင်က မုံရွာ ဆန္ဒပြ ပင်မသပိတ် စစ်ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တို့ ထိပ်တိုက်ဆုံမိရာက ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဆန္ဒပြသူ လူ ၆ ယောက် သေဆုံးသွားခဲ့ပါတယ်။ ပြင်းထန်ဒဏ်ရာရသူတွေလည်း ရှိနေတာကြောင့် သေဆုံးသူဦးရေဟာ တိုးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်စရာအခြေအနေလည်း ရှိနေတယ်လို့ မုံရွာမြို့ခံတွေကပြောကြပါတယ်။
ဒီပစ်ခတ်ဖြိုခွင်းမှုကို ကိုယ်တိုင်ကြုံသူလည်းဖြစ် တက်ကြွလှုပ်ရှားသူ တဦးလည်း ဖြစ်သူတဦးကတော့ ပစ်ခတ်ဖြိုခွင်းမှုဟာ အကြမ်းဖက်လုပ်ရပ်ဆန်ကာ ရက်ရက်စက်စက်နှိမ်နင်းတာကို မြင်ခဲ့ရတယ်လို့ပြောပြပါတယ်။
"နှစ် ဦးကဆို နောက်ကနေ ကျည်မှန်တာ၊ တဦးဆို ရှေ့နားထင် မှန်တယ်။ တဦးကနောက်ဘက်ပိုင်း မှန်တာပေါ့... အဲဒီလိုမျိုး။ အဓိကကတော့ တပ်က ခွဲထားတယ်။ နောက်ကနေလည်း ပစ်တယ်။ အဓိကကတော့ ရဲတွေကို အရှေ့ထားပြီးတော့ စစ်တပ်ကပစ်တာ။ တပ်က နောက်က ဝမ်းယားမှောက်ယက်နဲ့ကိုပစ်တာ။ သူတို့ကရေကားနဲ့ ထိုးတယ်။ ဓာတ်ငွေ့ဟာနဲ့ ပစ်တယ်။ တပြိုင်နက်ထဲ လုပ်တာ၊ ဆင့်ကဲဆင့်ကဲလုပ်တာမဟုတ်ဘူး။ အဲဒီလိုတပြိုင်နက်ထဲလုပ်နေတဲ့ကြားထဲမှာလည်း နောက်မှာနေတဲ့၊ ဘေးမှာနေတဲ့ စစ်တပ်က ပစ်တယ်။ လူအုပ်ကြားထဲ ပစ်တယ်။ အဲဒီတော့ မှန်တဲ့သူမှန်တယ်။ ဒါကြီးက လူမဆန်ဘူးဗျ။ လုပ်ရပ်ကြီးက အဓိကရုဏ်းနှိမ်နင်းတဲ့ ပုံစံမဟုတ်ဘူး။ စစ်မြေပြင်ကို သူပုန်ပစ်သလို ပုံစံမျိုးကို ပစ်တာ။ ဒါကြီးက အကြမ်းဖက်လုပ်ငန်းကြီးပေါ့ဗျာ။"
ဒီနေ့ လူသေဆုံးမှုဟာ မုံရွာမှာ စစ်အာဏာသိမ်းကောင်စီ ဖြိုခွင်းမှုကြောင့် ပထမဆုံးလူသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။
နောက်ထပ် အကြမ်းဖက်ဖြိုခွဲခံရပြီး သွေးမြေကျခဲ့ရတဲ့ နေရာနောက်တခုကတော့ မန္တလေးမြို့ပေါ်မှာပဲ ဖြစ်ပါတယ်။ ၆၂ လမ်းပေါ်က အင်အားသုံးဖြိုခွင်းမှုမှာ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးငယ်တဦးအပါအဝင်၊ အမျိုးသားတဦး၊ ပေါင်း ၂ ဦးဟာနေရာမှာတင် ကျည်အစစ်နဲ့ ပစ်ခတ်တယ်လို့ ယူဆနိုင်တဲ့ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ အဲဒီနေရာမှာ ရှိနေတဲ့ ဗွီအိုအေသတင်းထောက်က ပြောပြပါတယ်။
"ဒဏ်ရာရတာကတော့ ၁၀ ယောက်၊ ၁၅ ယောက်လောက်ရှိတယ်။ ဒီဘက် ၆၂ လမ်းပေါ်မှာလည်း မနက်ကတည်းက ပိတ်ထားတဲ့လမ်းတွေကို ဘူထိုစာတွေနဲ့ ထိုးတယ်။ လမ်းတွေကို လုံခြုံရေးယူပြီးတော့ ရပ်ကွက်တွေထဲကို ပစ်တာ၊ ခတ်တာတွေ ရှိတယ်။ သံအမှိုက်ကန်မှာလည်း ကျည်ဖောက်ရာတွေ တွေ့ရတယ်။ လမ်းမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးသွားတာတွေလည်း ရှိတယ်ခင်ဗျ။ တယောက်ဆိုရင် ဒဏ်ရာရသွားတာဆိုရင် ဒီပါးအသားပဲ့ထွက်သွားတယ်။ ဒီဘက်မှာ သုံး၊ လေး၊ ငါးယောက် ဒဏ်ရာရသွားတာ ရှိတယ်ခင်ဗျ။ မျက်ရည်ယိုဗုံးတွေနဲ့ ခွဲတယ်။၊ လူစုလူဝေးအရမ်းများတဲ့နေရာဆိုရင် ကျည်အစစ်လို့ ယူဆရတဲ့ဟာတွေနဲ့ ပစ်တယ်၊ ရာဘာကျည်တွေနဲ့လည်း ပစ်ခတ်ပြီးတော့ ဖြိုခွင်းတာတွေ လုပ်တယ်။"
ဒီလိုဖြိုခွင်းမှုဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့တဲ့ ကျမတို့သတင်းထောက်ဟာလည်း ဘယ်ဘက်ရင်အုံမှာ ရာဘာကျည်ဆံ နှစ် ချက်တိတိ ထိမှန်ခံခဲ့ရပါတယ်။
ဒီကနေ့မုံရွာနဲ့ မန္တလေးမှာတော့ အာဏာပိုင်တွေကြောင့် အသက်ဆုံးရှုံးရသူဦးရေဟာ ၈ ဦးထက် မနည်းရှိနေတာပါ။
မကွေးမြို့မှာလည်း ဒီကနေ့ မနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပြီး အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ မကွေးမြို့ သစ္စာလမ်းနဲ့ မဲထီးလမ်းတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တာကြောင့် နှစ် ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
"မကွေးက သေဆုံးတာတော့ မရှိသေးဘူး။ အခုချိန်ထိ ဒဏ်ရာရတာပဲ ရှိတယ်။ မကွေးနည်းပညာကျောင်းသားက ကလေးတယောက်ကတော့ လက်ကအခြေအနေတော်တော်လေး စိုးရိမ်စရာကောင်းတယ်။ နောက်တယောက်ကတော့ သတင်းထောက် တစ် ယောက်ပေါ့.. သူကတော့ ပခုံးမှန်တာပေါ့။ ကလေးဒဏ်ရာရဲ့ အနေအထားကိုကြည့်တာကတော့ အဲဒီပုံကြည့်တာ... ရာဘာကျည်ကတော့ လုံးဝမဖြစ်နိုင်ဘူးဗျ။ လုံးလုံးကြီးကို အသားက ဟက်တက်ကြီးကွဲပြီးတော့ အထဲက အရိုးတောင်ငေါထွက်သွားတယ်။ လူစုခွဲတဲ့ ပုံစံမဟုတ်တော့ဘဲနဲ့ အငြိုးကြီးမားစွာလုပ်တဲ့ပုံစံမျိုးတွေ ဖြစ်နေတယ်။ ကလေးတွေ လူစုခွဲပြေးပုန်းနေလည်း အဲဒီပုန်းနေတဲ့ အိမ်တွေကို တံခါးတွေ ဖျက်တယ်၊ ဝင်ဆွဲတယ်။ အဲဒါမျိုးတွေ ဖြစ်လာပြီပေါ့။"
ရပ်ကွက်လမ်းကြားတွေထဲအထိ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖမ်းဆီးနေတာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက လူငယ် ၁၄ ယောက်လောက်အပြင် အနည်းဆုံးလူ ၃၀ ထက်မနည်း အဖမ်းခံရတယ်လို့ သိရပြီး ဖမ်းဆီးခံရသူ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
လက်ရှိ အချိန်ထိ ဒီမြို့နယ် ၃ ခုအပြင် တပ်စခန်းနဲ့ တပ်သင်တန်းကျောင်းတွေ ရှိတဲ့ မေမြို့မှာလည်း အင်အားသုံးဖြိုခွင်းမှုတွေရှိခဲ့ပြီး လူသေဆုံးမှု မရှိပေမဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထပ်မနည်းရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။