သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမင္းျခံဆႏၵျပပဲြ အၾကမ္းဖက္ခံရမႈ တဦးေသဆံုး၊ ၂၀ ဒဏ္ရာရ


ျမင္းျခံၿမိဳ႕ရွိ လမ္းတခုမွာေတြ႔ရတဲ့ ရဲတပ္ဖဲြ႔ဝင္မ်ားနဲ႔ စစ္သားတဦး။ (မတ္ ၀၃၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈ တလေက်ာ္လာခ်ိန္ထိ လမ္းေပၚထြက္ ဆန္႔က်င္ ဆႏၵျပ ေနၾကဆဲျဖစ္ၿပီး ဒီကေန႔မွာ ဆိုရင္လည္း ျမင္းၿခံၿမိဳ႕နယ္မွာ အာဏာရွင္ဆန္႔က်င္ လႈပ္ရွားသူေတြကို အာဏာပိုင္ေတြဘက္က ပစ္ခတ္ခဲ့တာေၾကာင့္ တစ္ဦးေသဆံုးၿပီး ၂၀ နီးပါး ဒဏ္ရာ ရရွိခဲ့တာပါ။ မႏၱေလးတုိင္း ျမင္းၿခံၿမိဳ႕နဲ႔ ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕ဘက္က အာဏာရွင္ဆန္႔က်င္လႈပ္ရွားမႈေတြနဲ႔ ပတ္သတ္ၿပီး ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏုိင္က စုစည္းတင္ျပေပးပါမယ္။

အရပ္သား အစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ ျမန္မာႏိုင္ငံအႏွံ႔ အာဏာရွင္ဆန္႔က်င္လႈပ္ရွားမႈေတြ ဒီကေန႔အထိ ႀကီးထြားလာေနတာပါ။ ဒီကေန႔ ေန႔လယ္ပိုင္းကလည္း မႏၱေလးတိုင္းေဒသႀကီး ျမင္းၿခံၿမိဳ႕နယ္မွာ အာဏာရွင္ဆန္႔က်င္လႈပ္ရွား သူေတြကို အာဏာပိုင္ေတြဘက္က ပစ္ခတ္ခဲ့တာေၾကာင့္ တစ္ဦးေသဆံုးၿပီး လူ ၂၀ ထက္မနည္း ဒဏ္ရာရရွိခဲ့တယ္လို႔ ျမင္းၿခံၿမိဳ႕ လူမႈကယ္ဆယ္ေရးအသင္းက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

“ေလာေလာဆယ္ကေတာ့ က်ေနာ္တို႔ အသင္းက အကုန္လံုးေတာ့ မစုရေသးဘူးေပါ့ေနာ္။ လက္ရွိ အသင္းအေနနဲ႔ ေကာက္ရတဲ့ ဥစၥာကေတာ့ က်ေနာ္တို႔ ၁၇ ႏွစ္ေယာက္ေလာက္ေတာ့ ရွိပါၿပီဗ်ာ။ တစ္ေယာက္ကေတာ့ ဦးေခါင္း ထိမွန္တဲ့အတြက္ ေသဆံုးသြားပါၿပီ။ အခုကေတာ့ ေသဆံုးသြားသူေတြရဲ႕ မိဘေတြကို ေလာေလာဆယ္ သြားပို႔တယ္။ အေလာင္းကိုေတာ့ ခဏ ဖြက္ထားတယ္။ TM မလုပ္ရေသးဘူး။ ဆရာဝန္ႀကီးေတြက ေခါင္းထဲက က်ည္ဆံကို ထုတ္ဖို႔ ရွိေသးတာေပါ့ေနာ္။”

ဒဏ္ရာရရွိသူေတြထဲမွာ ဒဏ္ရာျပင္းထန္သူေတြလည္း ရွိတယ္လို႔ သူက ဆက္ေျပာပါတယ္။

“က်ေနာ္လည္း အျပင္ထြက္လိုက္ လူနာေကာက္လိုက္ သြားၿပီးေတာ့ ေတြ႔လိုက္နဲ႔... က်ေနာ္ သိတာေတာ့ သံုးေယာက္ေလာက္ေတာ့ ရွိတယ္။ နံၾကားထဲမွာ ဝင္ေနတာ တစ္ေယာက္ ရွိမယ္ေပါ့။ ေနာက္ၿပီးေတာ့ လက္ဖ်ံရိုးထဲမွာ ဝင္ေနတာ တစ္ေယာက္ရွိမယ္။ အေသးစိတ္ေတာ့ မသိေသးပါဘူး။ ကနဦးအေနနဲ႔ အတည္ျပဳလို႔ရတာေတာ့ အဲဒီေလာက္ေတာ့ လုပ္လို႔ ရပါတယ္ခင္ဗ်ာ။”

ျမင္းၿခံၿမိဳ႕နယ္မွာ အာဏာရွင္ဆန္႔က်င္လႈပ္ရွားသူေတြကို ပစ္ခတ္မႈအတြင္း ဒဏ္ရာရရွိခဲ့သူေတြကို ကိုယ္တိုင္ကယ္ထုတ္လာခဲ့သူ တစ္ဦးကေတာ့ သူႀကံဳေတြ႔ခဲ့ရတာကို အခုလို ေျပာပါတယ္။

“ျဖစ္တဲ့အခ်ိန္ ဘယ္လိုႀကံဳေတြ႕ရလဲဆိုေတာ့... ဟိုဘက္ကလည္း ပစ္တာေပါ့ေနာ္။ ဟိုဘက္က ပစ္တဲ့အခ်ိန္ လူထုကလည္း ေဘးကို ခ်ဲလိုက္၊ ေစာင့္လိုက္ေပါ့ေနာ္။ အဲဒီလိုပဲေပါ့ေနာ္။ဖမ္းဆီးသြားတာေတာ့ က်ေနာ္မေတြ႔လိုက္ပါဘူး ခင္ဗ်။ ဒဏ္ရာရတဲ့သူေတြကိုေတာ့ က်ေနာ္တို႔ ကိုယ္တိုင္သယ္ထုတ္ပါတယ္ခင္ဗ်။ အကုန္လံုး တတ္ႏိုင္သေလာက္ေတာ့ ဒဏ္ရာရတဲ့သူေတြကို အဆင္ေျပေအာင္ေတာ့ ေဆးခန္းကို ပို႔ေပးပါတယ္။”

ဒါ့အျပင္ ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕မွာလည္း အာဏာရွင္ ဆန္႔က်င္လႈပ္ရွားသူေတြကို အာဏာပိုင္ေတြဘက္က ပစ္ခတ္ၿဖိဳခြင္းရာမွာ ေလးဦးထက္မနည္း ဒဏ္ရာရရွိခဲ့တယ္လို႔ ဖားကန္႔ေဒသခံ တစ္ဦးက ေျပာပါတယ္။

“၁၁ နာရီေလာက္က ျဖစ္တာ အခုကေတာ့ လူစုကြဲသြားၿပီေလ ေလးေယာက္ေလာက္ေတာ့ ဒဏ္ရာရတယ္ဗ်။ ဖားကန္႔ၿမိဳ႕မ ရဲစခန္းေရွ႕မွာ ျဖစ္တာဗ်။ သူတို႔က ေသနတ္နဲ႔ ပစ္တယ္။ မ်က္ရည္ယိုဗံုးေတြ ပစ္တယ္။ ရဲေရာ၊ စစ္သားေရာ ပစ္တယ္။ တစ္ေယာက္က ဗိုက္ပြင့္ သြားတယ္။ ေသလား၊ မေသလားေတာ့ မသိဘူး။ အခုက ေဆးရံုကိုလည္း ပိတ္ထားတယ္ဆိုေတာ့ ေဆးခန္းမွာ ျပထားတယ္။ အေျခအေန ဆုိးတယ္ဗ်၊ အေျခအေနဆိုးတယ္။”

လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာရွင္ ဆန္႔က်င္ လႈပ္ရွားမႈေတြကလည္း ဆက္တိုက္ဆိုသလို ရွိေနတာပါ။ လႈပ္ရွားမႈေတြအတြင္း ေသဆံုးသူေတြ၊ ထိခိုက္ဒဏ္ရာရသူေတြလည္း အမ်ားအျပားရွိေနသလို ဖမ္းဆီးခံရသူေတြလည္း ႏိုင္ငံအနွံ႔ ရွိေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြင်းခြံဆန္ဒပြပွဲ အကြမ်းဖက်ခံရမှု တဦးသေဆုံး ၂၀ ဒဏ်ရာရ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တလကျော်လာချိန်ထိ လမ်းပေါ်ထွက် ဆန့်ကျင် ဆန္ဒပြ နေကြဆဲဖြစ်ပြီး ဒီကနေ့မှာ ဆိုရင်လည်း မြင်းခြံမြို့နယ်မှာ အာဏာရှင်ဆန့်ကျင် လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာ ရရှိခဲ့တာပါ။ မန္တလေးတိုင်း မြင်းခြံမြို့နဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်က အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က စုစည်းတင်ပြပေးပါမယ်။

အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံအနှံ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေ ဒီကနေ့အထိ ကြီးထွားလာနေတာပါ။ ဒီကနေ့ နေ့လယ်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှာ အာဏာရှင်ဆန့်ကျင်လှုပ်ရှား သူတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံမြို့ လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လောလောဆယ်ကတော့ ကျနော်တို့ အသင်းက အကုန်လုံးတော့ မစုရသေးဘူးပေါ့နော်။ လက်ရှိ အသင်းအနေနဲ့ ကောက်ရတဲ့ ဥစ္စာကတော့ ကျနော်တို့ ၁၇ နှစ်ယောက်လောက်တော့ ရှိပါပြီဗျာ။ တစ်ယောက်ကတော့ ဦးခေါင်း ထိမှန်တဲ့အတွက် သေဆုံးသွားပါပြီ။ အခုကတော့ သေဆုံးသွားသူတွေရဲ့ မိဘတွေကို လောလောဆယ် သွားပို့တယ်။ အလောင်းကိုတော့ ခဏ ဖွက်ထားတယ်။ TM မလုပ်ရသေးဘူး။ ဆရာဝန်ကြီးတွေက ခေါင်းထဲက ကျည်ဆံကို ထုတ်ဖို့ ရှိသေးတာပေါ့နော်။”

ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျနော်လည်း အပြင်ထွက်လိုက် လူနာကောက်လိုက် သွားပြီးတော့ တွေ့လိုက်နဲ့... ကျနော် သိတာတော့ သုံးယောက်လောက်တော့ ရှိတယ်။ နံကြားထဲမှာ ဝင်နေတာ တစ်ယောက် ရှိမယ်ပေါ့။ နောက်ပြီးတော့ လက်ဖျံရိုးထဲမှာ ဝင်နေတာ တစ်ယောက်ရှိမယ်။ အသေးစိတ်တော့ မသိသေးပါဘူး။ ကနဦးအနေနဲ့ အတည်ပြုလို့ရတာတော့ အဲဒီလောက်တော့ လုပ်လို့ ရပါတယ်ခင်ဗျာ။”

မြင်းခြံမြို့နယ်မှာ အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သူတွေကို ကိုယ်တိုင်ကယ်ထုတ်လာခဲ့သူ တစ်ဦးကတော့ သူကြုံတွေ့ခဲ့ရတာကို အခုလို ပြောပါတယ်။

“ဖြစ်တဲ့အချိန် ဘယ်လိုကြုံတွေ့ရလဲဆိုတော့... ဟိုဘက်ကလည်း ပစ်တာပေါ့နော်။ ဟိုဘက်က ပစ်တဲ့အချိန် လူထုကလည်း ဘေးကို ချဲလိုက်၊ စောင့်လိုက်ပေါ့နော်။ အဲဒီလိုပဲပေါ့နော်။ဖမ်းဆီးသွားတာတော့ ကျနော်မတွေ့လိုက်ပါဘူး ခင်ဗျ။ ဒဏ်ရာရတဲ့သူတွေကိုတော့ ကျနော်တို့ ကိုယ်တိုင်သယ်ထုတ်ပါတယ်ခင်ဗျ။ အကုန်လုံး တတ်နိုင်သလောက်တော့ ဒဏ်ရာရတဲ့သူတွေကို အဆင်ပြေအောင်တော့ ဆေးခန်းကို ပို့ပေးပါတယ်။”

ဒါ့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း အာဏာရှင် ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်ဖြိုခွင်းရာမှာ လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံ တစ်ဦးက ပြောပါတယ်။

“၁၁ နာရီလောက်က ဖြစ်တာ အခုကတော့ လူစုကွဲသွားပြီလေ လေးယောက်လောက်တော့ ဒဏ်ရာရတယ်ဗျ။ ဖားကန့်မြို့မ ရဲစခန်းရှေ့မှာ ဖြစ်တာဗျ။ သူတို့က သေနတ်နဲ့ ပစ်တယ်။ မျက်ရည်ယိုဗုံးတွေ ပစ်တယ်။ ရဲရော၊ စစ်သားရော ပစ်တယ်။ တစ်ယောက်က ဗိုက်ပွင့် သွားတယ်။ သေလား၊ မသေလားတော့ မသိဘူး။ အခုက ဆေးရုံကိုလည်း ပိတ်ထားတယ်ဆိုတော့ ဆေးခန်းမှာ ပြထားတယ်။ အခြေအနေ ဆိုးတယ်ဗျ၊ အခြေအနေဆိုးတယ်။”

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင် ဆန့်ကျင် လှုပ်ရှားမှုတွေကလည်း ဆက်တိုက်ဆိုသလို ရှိနေတာပါ။ လှုပ်ရှားမှုတွေအတွင်း သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိနေသလို ဖမ်းဆီးခံရသူတွေလည်း နိုင်ငံအနှံ့ ရှိနေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG