သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ထိေရာက္တဲ့နည္းနဲ႔ လုပ္ေဆာင္ေပးဖို႔ တ႐ုတ္ကို ကန္တိုက္တြန္း


အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Ned Price။

[Zawgyi/Unicode]

ျမန္မာႏိုင္ငံအေပၚ ၾသဇာလႊမ္းမိုးမႈ႐ွိတဲ့ တ႐ုတ္ႏိုင္ငံအေနနဲ႔ ျမန္မာျပည္သူေတြရဲ႕ အက်ဳိးကို ေ႐ွ႕႐ႈၿပီး ထိေရာက္တဲ့ နည္းလမ္းေတြနဲ႔ ေဆာင္႐ြက္ေပးဖို႔ အေမရိကန္ျပည္ေထာင္စုက တ႐ုတ္ႏိုင္ငံကို ေျပာၾကားခဲ့ပါတယ္။ အာဏာသိမ္းထားသူေတြအေနနဲ႔ အရပ္သားအစိုးရလက္ျပန္အပ္ေရးအတြက္ အေမရိကန္ရဲ႕ မဟာမိတ္ႏိုင္ငံေတြနဲ႔ ေဆြးေႏြးေဆာင္႐ြက္ေနသလို တ႐ုတ္ႏိုင္ငံကိုလည္း တိုက္တြန္းထားတယ္လို႔ ႏုိင္ငံျခားေရးဌာနေျပာခြင့္ရ Ned Price က မေန႔က သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့တာပါ။

"ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရလက္ အာဏာျပန္ေရာက္ေအာင္ တ႐ုတ္ႏိုင္ငံအေနနဲ႔ အျပဳသေဘာနဲ႔ ေဆာင္႐ြက္ေပးဖို႔ လိုလားေၾကာင္း အေမရိကန္ျပည္ေထာင္စုက တ႐ုတ္ကို ေျပာထားတယ္။" လို႔ ႏိုင္ငံျခားေရးဌာနေျပာခြင့္ရက မေန႔က သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခ့ဲတာပါ။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အျမင္တူတဲ႔ မိတ္ဖက္ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတဲ့ တခ်ိန္ထဲမွာ တ႐ုတ္ႏိုင္ငံကိုလည္း ေတာင္းဆိုေနတာျဖစ္တယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံအတြက္ အေရးပါတဲ့ ေနာက္ထပ္ စီးပြားေရးမိတ္ဖက္ႏိုင္ငံေတြျဖစ္တဲ့ အိႏၵိယႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံတို႔နဲ႔လည္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာ့အေရးကိစၥကို ေဆြးေႏြး တိုက္တြန္းထားတယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနည္းလမ္းက် ေ႐ြးေကာက္တင္ေျမွာက္ခံထားရတဲ့ အရပ္သားအစိုးရ အာဏာျပန္ ေရာက္ႏိုင္ေရး ဆက္ၿပီးေဆာင္႐ြက္သြားၾကဖို႔အတြက္ Indo-Pacific ေဒသထဲက အေမရိကန္ရဲ႕ အဓိက မဟာမိတ္ေတြျဖစ္ၾကတဲ့ ဂ်ပန္၊ အိႏၵိယတို႔နဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး သီးျခားစီေဆြးေႏြးစဥ္မွာေရာ၊ Australia ႏိုင္ငံပါ ပါဝင္တဲ့ ၄ ႏိုင္ငံစုေပါင္း ေဆြးေႏြးစဥ္မွာပါ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကေျပာၾကားထားပါတယ္။

စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့အေပၚ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပေနတာကုိ အာဏာသိမ္းထားသူေတြဘက္က ရက္ရက္စက္စက္ ႏွိမ္နင္းေနတဲ့အေပၚ ႏိုင္ငံေတြအားလံုးက တညီတၫြတ္ထဲ ျပစ္တင္ ႐ႈတ္ခ်ၾကဖုိ႔ ႏိုင္ငံျခားေရးဌာနေျပာခြင့္ရက မေန႔က သတင္းစာ႐ွင္းပြဲမွာ တိုက္တြန္းသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့အရေး ထိရောက်တဲ့နည်းနဲ့ လုပ်ဆောင်ပေးဖို့ တရုတ်ကို ကန်တိုက်တွန်း

မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးကို ရှေ့ရှုပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို ပြောကြားခဲ့ပါတယ်။ အာဏာသိမ်းထားသူတွေအနေနဲ့ အရပ်သားအစိုးရလက်ပြန်အပ်ရေးအတွက် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးဆောင်ရွက်နေသလို တရုတ်နိုင်ငံကိုလည်း တိုက်တွန်းထားတယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price က မနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။

"မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက် အာဏာပြန်ရောက်အောင် တရုတ်နိုင်ငံအနေနဲ့ အပြုသဘောနဲ့ ဆောင်ရွက်ပေးဖို့ လိုလားကြောင်း အမေရိကန်ပြည်ထောင်စုက တရုတ်ကို ပြောထားတယ်။" လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရက မနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အမြင်တူတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တချိန်ထဲမှာ တရုတ်နိုင်ငံကိုလည်း တောင်းဆိုနေတာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွက် အရေးပါတဲ့ နောက်ထပ် စီးပွားရေးမိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံတို့နဲ့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးကိစ္စကို ဆွေးနွေး တိုက်တွန်းထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အရပ်သားအစိုးရ အာဏာပြန် ရောက်နိုင်ရေး ဆက်ပြီးဆောင်ရွက်သွားကြဖို့အတွက် Indo-Pacific ဒေသထဲက အမေရိကန်ရဲ့ အဓိက မဟာမိတ်တွေဖြစ်ကြတဲ့ ဂျပန်၊ အိန္ဒိယတို့နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး သီးခြားစီဆွေးနွေးစဉ်မှာရော၊ Australia နိုင်ငံပါ ပါဝင်တဲ့ ၄ နိုင်ငံစုပေါင်း ဆွေးနွေးစဉ်မှာပါ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားထားပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အပေါ် ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေတာကို အာဏာသိမ်းထားသူတွေဘက်က ရက်ရက်စက်စက် နှိမ်နင်းနေတဲ့အပေါ် နိုင်ငံတွေအားလုံးက တညီတညွတ်ထဲ ပြစ်တင် ရှုတ်ချကြဖို့ နိုင်ငံခြားရေးဌာနပြောခွင့်ရက မနေ့က သတင်းစာရှင်းပွဲမှာ တိုက်တွန်းသွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG