သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ ရက္စက္အၾကမ္းဖက္မႈကို တညီတညြတ္တည္း ရႈတ္ခ်ဖို႔ အေမရိကန္ေဆာ္ၾသ


ဆႏၵျပသူမ်ားကို မႏၱေလးတြင္ အၾကမ္းဖက္ ၿဖိဳခြဲစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ကန္႔ကြက္ဆႏၵျပသူေတြကို အၾကမ္းဖက္ႏွိမ္နင္းတဲ့ လုပ္ရပ္အတြက္ ထိတ္လန္႔တုန္လႈပ္မိေၾကာင္း အေမရိကန္က ေျပာလိုက္ပါတယ္။

“အရပ္ဖက္အုပ္ခ်ဳပ္ေရး ျပန္လည္ရရွိဖို႔ ၿငိမ္းခ်မ္းစြာ ႀကိဳးပမ္းေတာင္းဆိုေနတဲ့ ျမန္မာျပည္သူေတြအေပၚ ရက္ရက္စက္စက္ ျပဳမူေနတဲ့ လုပ္ရပ္ေတြကို ေတြ႕ျမင္ရတဲ့အတြက္ စိတ္ပ်က္ တုန္လႈပ္မိေၾကာင္း” အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Ned Price က ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုလိုက္တာပါ။

အရပ္သားအစိုးရကို စစ္တပ္က ဖယ္ရွားၿပီး အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ တလေလာက္ ရွိလာခ်ိန္မွာပဲ အာဏာပိုင္ေတြဖက္က ၿဇိဳခြင္းမႈေတြကို အရွိန္ႁမွင့္လာရာက ဗုဒၶဟူးေန႔မွာ ေသဆုံးသူ ၃၈ ေယာက္ထက္မနည္း ရွိခဲ့ေၾကာင္းလည္း ကုလသမဂၢက ေျပာဆိုထားပါတယ္။ ႏိုင္ငံတကာက သတိေပးေနတဲ့ ၾကားမွာပဲ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို ႏွိမ္နင္းမႈေတြ ဆက္လုပ္ေနတာေၾကာင့္ တညီတၫြတ္တည္း ဝိုင္း၀န္း ႀကိဳးပမ္းၾကဖို႔လည္း အေမရိကန္က တိုက္တြန္းေနပါတယ္။

“ကိုယ့္ျပည္သူေတြအေပၚ စစ္တပ္က ရက္ရက္စက္စက္ အၾကမ္းဖက္ေနတဲ့ လုပ္ရပ္ကို ျပစ္တင္႐ႈတ္ခ်ဖို႔ အသက္ေပါင္းမ်ားစြာ ဆုံး႐ႈံးခဲ့ရတဲ့အထိ က်ဳးလြန္ခဲ့တဲ့ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္အတြက္ တာ၀န္ခံမႈရွိေစဖို႔ ႏိုင္ငံေတြအားလုံးက တသံတည္း ထြက္ၾကဖို႔ လိုအပ္ေၾကာင္း” အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက ေျပာဆိုလိုက္တာပါ။

ျမန္မာ့အေရး ေျဖရွင္းရာမွာ တ႐ုတ္ႏိုင္ငံက အျပဳသေဘာေဆာင္တဲ့ အခန္းက႑က ပါ၀င္ဖို႔ အေမရိကန္က တိုက္တြန္းထားေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာစစ်တပ် ရက်စက်အကြမ်းဖက်မှုကို တညီတညွတ်တည်း ရှုတ်ချဖို့ အမေရိကန်ဆော်သြ

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ လုပ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။

“အရပ်ဖက်အုပ်ချုပ်ရေး ပြန်လည်ရရှိဖို့ ငြိမ်းချမ်းစွာ ကြိုးပမ်းတောင်းဆိုနေတဲ့ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ပြုမူနေတဲ့ လုပ်ရပ်တွေကို တွေ့မြင်ရတဲ့အတွက် စိတ်ပျက် တုန်လှုပ်မိကြောင်း” အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

အရပ်သားအစိုးရကို စစ်တပ်က ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ တလလောက် ရှိလာချိန်မှာပဲ အာဏာပိုင်တွေဖက်က ဇြိုခွင်းမှုတွေကို အရှိန်မြှင့်လာရာက ဗုဒ္ဓဟူးနေ့မှာ သေဆုံးသူ ၃၈ ယောက်ထက်မနည်း ရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ နိုင်ငံတကာက သတိပေးနေတဲ့ ကြားမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေ ဆက်လုပ်နေတာကြောင့် တညီတညွတ်တည်း ဝိုင်းဝန်း ကြိုးပမ်းကြဖို့လည်း အမေရိကန်က တိုက်တွန်းနေပါတယ်။

“ကိုယ့်ပြည်သူတွေအပေါ် စစ်တပ်က ရက်ရက်စက်စက် အကြမ်းဖက်နေတဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချဖို့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အထိ ကျုးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်အတွက် တာဝန်ခံမှုရှိစေဖို့ နိုင်ငံတွေအားလုံးက တသံတည်း ထွက်ကြဖို့ လိုအပ်ကြောင်း” အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောဆိုလိုက်တာပါ။

မြန်မာ့အရေး ဖြေရှင်းရာမှာ တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ အမေရိကန်က တိုက်တွန်းထားကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG