သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လက္နက္မဲ႔ အရပ္သားေတြကို ပစ္ခတ္ျခင္းသည္ ႏိုင္ငံတကာဥပေဒခ်ိဳးေဖာက္မႈ (ဥေရာပ သမဂၢ)


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြကို အာဏာပိုင္ေတြ ႏွိမ္နင္းရာမွာ လက္နက္မဲ့ အရပ္သားေတြ၊ က်န္းမာေရး လုပ္သားေတြကို ပစ္ခတ္တာဟာ ႏိုင္ငံတကာ ဥပေဒကို ခ်ဳိးေဖာက္ရာေရာက္ေၾကာင္း ဥေရာပသမဂၢ (EU) က ေျပာဆိုလိုက္ပါတယ္။

ၿငိမ္းခ်မ္းစြာဆႏၵျပသူေတြအေပၚ လုံျခံဳေရးတပ္ဖဲြ႕ေတြက ဆက္လက္ အၾကမ္းဖက္ႏွိမ္နင္းမႈေၾကာင့္ အျပစ္မဲ့ အရပ္သားေတြ အသက္ဆုံး႐ႈံးရတဲ့အေပၚ ျပစ္တင္႐ႈတ္ခ်ေၾကာင္းလည္း ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ EU ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။

ရာနဲ႔ခ်ီတဲ့လူေတြ ဖမ္းဆီးခံခဲ့ရၿပီး သတင္းမီဒီယာေတြကိုလည္း ဖိႏွိပ္မႈေတြရွိေနၿပီး၊ ဖမ္းဆီး အေရးယူခံရတဲ့ သတင္းသမား အေရအတြက္ တိုးလာေနေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ သတင္းမီဒီယာသမားေတြ ကိုယ့္အလုပ္ကိုယ္လုပ္ေနတာကို အေရးယူတာ၊ ၿခိမ္းေျခာက္တာေတြဟာ လက္ခံႏိုင္စရာ မရွိေၾကာင္းလည္း EU က ထုတ္ျပန္ခ်က္မွာ ေျပာဆိုထားပါတယ္။

သတင္းမီဒီယာေတြကို ႏႈတ္ပိတ္ဖို႔ ႀကိဳးစားေနေပမဲ့လည္း လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ေတြကို တားဆီးေဖ်ာက္ဖ်က္လို႔ မရသလို၊ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္နဲ႔ ျမန္မာလူထုရဲ႕ ရဲစြမ္းသတိၱကို ကမာၻႀကီးက မျမင္ေတြ႕ႏိုင္ေအာင္ တားဆီးလို႔ မရႏိုင္ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။ ျမန္မာစစ္တပ္ရဲ႕ အာဏာသိမ္းတဲ့ လုပ္ရပ္ကိုလည္း အသိအမွတ္ျပဳ လက္ခံမွာမဟုတ္ေၾကာင္းနဲ႔ စစ္တပ္ရဲ႕ လုပ္ရပ္အတြက္ တာ၀န္ယူမႈရွိဖို႔၊ ဒီမိုကေရစီ ျပန္လည္ ထြန္းကားဖို႔ ေဆာင္ရြက္ရမွာ ျဖစ္ေၾကာင္းလည္း EU ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံတကာ အသိုင္းအ၀န္းက သတိေပးေနတဲ့ ၾကားကပဲ အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြအေပၚ အာဏာပိုင္ေတြ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြ ဆက္လက္ေပၚေပါက္ေနတာပါ။ အေမရိကန္၊ ၿဗိတိန္နဲ႔ ဆြစ္ဇာလန္ အပါအ၀င္ ျမန္မာႏိုင္ငံအေျခစိုက္ အေနာက္ႏိုင္ငံ သံ႐ုံးတခ်ဳိ႕ကေတာ့ ေသြးထြက္သံယို ႏွိမ္နင္းမႈေတြကို ကန္႔ကြက္တဲ့အေနနဲ႔ Facebook လူမႈကြန္ရက္ စာမ်က္ႏွာမွာ အနက္ေရာင္ profile ပုံေတြကို ေျပာင္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.......

လက်နက်မဲ့ အရပ်သားတွေကို ပစ်ခတ်ခြင်းသည် နိုင်ငံတကာဥပဒေချိုးဖောက်မှု (ဥရောပ သမဂ္ဂ)

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ နှိမ်နင်းရာမှာ လက်နက်မဲ့ အရပ်သားတွေ၊ ကျန်းမာရေး လုပ်သားတွေကို ပစ်ခတ်တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ဥရောပသမဂ္ဂ (EU) က ပြောဆိုလိုက်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ဆက်လက် အကြမ်းဖက်နှိမ်နင်းမှုကြောင့် အပြစ်မဲ့ အရပ်သားတွေ အသက်ဆုံးရှုံးရတဲ့အပေါ် ပြစ်တင်ရှုတ်ချကြောင်းလည်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ EU ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ရာနဲ့ချီတဲ့လူတွေ ဖမ်းဆီးခံခဲ့ရပြီး သတင်းမီဒီယာတွေကိုလည်း ဖိနှိပ်မှုတွေရှိနေပြီး၊ ဖမ်းဆီး အရေးယူခံရတဲ့ သတင်းသမား အရေအတွက် တိုးလာနေကြောင်းလည်း ဖော်ပြထားပါတယ်။ သတင်းမီဒီယာသမားတွေ ကိုယ့်အလုပ်ကိုယ်လုပ်နေတာကို အရေးယူတာ၊ ခြိမ်းခြောက်တာတွေဟာ လက်ခံနိုင်စရာ မရှိကြောင်းလည်း EU က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

သတင်းမီဒီယာတွေကို နှုတ်ပိတ်ဖို့ ကြိုးစားနေပေမဲ့လည်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေကို တားဆီးဖျောက်ဖျက်လို့ မရသလို၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်နဲ့ မြန်မာလူထုရဲ့ ရဲစွမ်းသတ္တိကို ကမ္ဘာကြီးက မမြင်တွေ့နိုင်အောင် တားဆီးလို့ မရနိုင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်ကိုလည်း အသိအမှတ်ပြု လက်ခံမှာမဟုတ်ကြောင်းနဲ့ စစ်တပ်ရဲ့ လုပ်ရပ်အတွက် တာဝန်ယူမှုရှိဖို့၊ ဒီမိုကရေစီ ပြန်လည် ထွန်းကားဖို့ ဆောင်ရွက်ရမှာ ဖြစ်ကြောင်းလည်း EU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေတဲ့ ကြားကပဲ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေအပေါ် အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုတွေ ဆက်လက်ပေါ်ပေါက်နေတာပါ။ အမေရိကန်၊ ဗြိတိန်နဲ့ ဆွစ်ဇာလန် အပါအဝင် မြန်မာနိုင်ငံအခြေစိုက် အနောက်နိုင်ငံ သံရုံးတချို့ကတော့ သွေးထွက်သံယို နှိမ်နင်းမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ အနက်ရောင် profile ပုံတွေကို ပြောင်းထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG