သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ဥကၠလာနဲ႔ တာေမြအေျခအေန ဆရာဝန္တဦးနဲ႔ ေမးျမန္းခ်က္


ေျမာက္ဥကၠလာဆႏၵျပပဲြျမင္ကြင္း။ (မတ္ ၃၊ ၂၀၂၁)

[Zawgyi/Unicode]

ေသဆံုး ထိခိုက္ဒဏ္ရာရသူေတြ အမ်ားအျပားရွိေနတဲ့ ေျမာက္ဥကၠလာပေဆးရံုႀကီးက အေရးေပၚအေျခအေနမွာ ဆရာဝန္၊ က်န္းမာေရးဝန္ထမ္း အင္အားအေရးတႀကီး လိုအပ္ေနေပမဲ့ လုံျခံဳေရးတပ္ေတြဘက္က လမ္းပိတ္ဆို႔ထားတဲ့အတြက္ ကူညီကယ္ဆယ္ေပးဖို႔ သြားေနတဲ့ဆရာဝန္ေတြ အခက္ၾကံဳေနရတယ္လို႔ ကိုယ္တိုင္သြားေရာက္ကူညီကယ္ဆယ္ေပးဖို႔ႀကိဳးစားေနတဲ့ ဆရာဝန္တဦးကေျပာပါတယ္။ ေျမာက္ဥကၠလာပ ပစ္ခတ္မႈေတြအတြင္း ပြဲခ်င္းၿပီးေသဆံုးသူအေရအတြက္ အေရးေပၚ ထိခိုက္ဒဏ္ရာရေနၾကတဲ့ ေနာက္ဆံုးအေျခအေနကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္ ဆက္သြယ္ေမးျမန္းခ်ိန္ ေဒါက္တာေက်ာ္မင္းထြန္းေျပာျပပါတယ္။

ေျမာက္ဥကၠလာဆႏၵျပမႈ ျမင္ကြင္း။ (မတ္ ၃၊ ၂၀၂၁)
ေျမာက္ဥကၠလာဆႏၵျပမႈ ျမင္ကြင္း။ (မတ္ ၃၊ ၂၀၂၁)

ေဒါက္တာေက်ာ္မင္းထြန္း။ ။ အခုေျမာက္ဥကၠလာဘက္ကို က်ေနာ္တို႔သြားမယ့္အခ်ိန္မွာ ဝင္လို႔မရလိုက္ဘူး။ သူတို႔ အားလံုးပိတ္လိုက္ၿပီ။ Ambulance ေတြ ထြက္တဲ့အခ်ိန္မွာ သူတို႔က လံုးဝပိတ္ခ်လိုက္တယ္။ အဝိုင္းကို ပိတ္လိုက္တယ္ဆိုေတာ့ က်ေနာ္တို႔ဘယ္မွ သြားလို႔မရေတာ့ဘူး။ ေခမာသီဘက္ေရာ၊ သုဓမၼာဘက္ေရာ၊ ေျမာက္ဒဂံုဘက္ေရာ ဘယ္မွသြားလို႔မရေတာ့ဘူး။ အဝိုင္းကို center ယူၿပီးပိတ္လိုက္တယ္။ အေနအထားက ေျမာက္ဥကၠလာဘက္ကို သြားကယ္လို႔မရ၊ ကူလို႔မရတဲ့အေနအထားျဖစ္သြားတယ္။

မဆုမြန္။ ။ ဆရာသိထားသေလာက္ေလးလည္း အေျခအေနေလး နည္းနည္းေျပာျပေပးပါ။ ေျမာက္ဥကၠလာအေျခအေန ဆရာတို႔ ေနာက္ဆံုးသိထားသေလာက္ေပါ့။ ဆရာတို႔ ကိုယ္တိုင္လည္း သြားဖို႔ ၾကိဳးစားေနတယ္ဆိုေတာ့ ဘယ္ေလာက္ထိ စိုးရိမ္စရာအေနအထားရွိပါသလဲဆရာ။

ေဒါက္တာေက်ာ္မင္းထြန္း။ ။ အေနအထားကေတာ့ ျဖစ္ျဖစ္ခ်င္း on the spot မွာ သံုးေယာက္ေလာက္ ဆံုးသြားတဲ့အထိျဖစ္တယ္လို႔ ၾကားတယ္ေပါ့ေနာ္။ ဒဏ္ရာရတဲ့သူေတြကလည္း မ်ားတယ္ေပါ့ေနာ္။ ဒဏ္ရာကလည္း ေတာ္ေတာ္ရၾကတယ္။ ၿပီးေတာ့ ေဆးရံုမွာ ေရာက္ၿပီးေတာ့ ေသတဲ့လူနာေတြလည္း ရွိတယ္။ ဆံုးတဲ့လူနာေတြက အားလံုး total ၇ နာရီ ၅ မိနစ္ရဲ႕ report အရ ေသဆံုးတဲ့သူအားလံုးေပါင္း... ေဆးရံုေရာက္ၿပီး ေသတာေတြေရာ၊ လမ္းမွာ ဆံုးတာေတြေရာ ၁၅ ေယာက္ အၾကမ္းဖ်င္းရွိတယ္။ ျပင္းထန္ဒဏ္ရာေတြကေတာ့ ၅၀ အေပၚမွာ ရွိတယ္။ ျပင္းထန္ဒဏ္ရာမွာ ဆိုရင္ က်ည္ရွိတာေတြေရာ၊ ေခ်ာ္လဲရင္းနဲ႔ ျပဳတ္က်တာေတြေရာ၊ ရိုက္ခံရတာေတြေရာ... အစံုေပါ့ေနာ္။ အေယာက္ ၅၀ ေက်ာ္တယ္။

မဆုမြန္။ ။ ဆရာတို႔ ေနာက္ဆံုးသိထားသေလာက္ဆိုရင္ ေျမာက္ဥကၠလာပ ေဆးရံုမွာ ဆရာဝန္ေတြနဲ႔ ဒီေဆးဝန္ထမ္းေတြေပါ့ေနာ္... ကူညီကယ္ဆယ္ေပးေနသူေတြ အေနအထားေပါ့ေနာ္... သူတို႔ဘယ္မ်ား အခက္အခဲရွိၾကလဲ။ ဆရာတို႔လည္း သြားဖို႔လည္း ၾကိဳးစားေနၾကတဲ့သူေတြဆိုေတာ့ေလ။

ေဒါက္တာေက်ာ္မင္းထြန္း။ ။ အခု အခက္အခဲကေတာ့ လူအင္အားေပါ့ေနာ္။ ေဆးရံုကေတာ့ ပိတ္ထားတယ္။ ဒီ emergency ခ်က္ခ်င္းျဖစ္တဲ့အေပၚမွာ ခ်က္ခ်င္းဖြင့္ၿပီး ခ်က္ခ်က္ကုတယ္။ ရုတ္တရက္ၾကီးဆိုေတာ့ လူအင္အားလိုတယ္။ လိုအပ္မႈရွိသြားတာေပါ့ေနာ္။ volunteer ဆရာဝန္ေတြကလည္း ခ်ိတ္ၿပီးေတာ့ ကူညီေပးတယ္။ အဓိကကေတာ့ ဆရာဝန္အင္အားေလး လိုအပ္ခ်က္ရွိတယ္။ ျဖစ္ျဖစ္ခ်င္းမွာေတာ့ ဝုန္းဒိုင္းၾကဲတဲ့အခ်ိန္မွာေတာ့ ေတာ္ေတာ္အခက္ျဖစ္သြားတယ္။ လူအင္အားလိုအပ္ခ်က္ပံုစံမ်ိဳးျဖစ္သြားတယ္ေပါ့ေနာ္။

မဆုမြန္။ ။ ဆရာဒါကေတာ့ ေျမာက္ဥကၠလာအေျခအေနေပါ့ေနာ္။ ခုဏက ေျပာခဲ့တဲ့ တာေမြဘက္က ေနာက္ဆံုးအေျခအေနလည္း ေျပာျပေပးပါ။ ဆရာတို႔လည္း ကိုယ္တိုင္ ကုသေပးေနတာဆိုေတာ့ေလ။

ေဒါက္တာေက်ာ္မင္းထြန္း။ ။ တာေမြဘက္မွာေတာ့ က်ေနာ္တို႔က အဓိက တာေမြ၊ ေက်ာက္ေျမာင္းဘက္အျခမ္းမွာေတာ့ နည္းနည္းၾကမ္းသြားတယ္။ ဒဏ္ရာရတဲ့သူေတြလည္း ေတာ္ေတာ္ၾကီးမ်ားတယ္။ ေသဆံုးေတာ့မရွိဘူး။ အဲဒီမွာက်ေတာ့ အဓိက ရာဘာက်ည္ဆံ ထိတဲ့သူမ်ားတယ္။ ၿပီးေတာ့ ရိုက္ခံရတဲ့ လူနာ မ်ားတယ္။ ၿပီးေတာ့ ေခ်ာ္လဲရင္နဲ႔ ထိခိုက္ဒဏ္ရာရတဲ့သူမ်ားတယ္။ က်ေနာ္တို႔က ဒီ on ground မွာေတာ့ လုပ္သင့္လုပ္ထိုက္တာ ျမန္ျမန္လုပ္ၿပီးေတာ့ ျပန္ခိုင္းလိုက္တယ္ေပါ့ေနာ္။ အၾကမ္းဖ်င္းစာရင္းက က်ေနာ္တို႔ဆီေရာက္လာတဲ့ data အရေတာ့ ၁၅ ေယာက္ဝန္းက်င္ရွိတယ္။ ေျမျပင္အေျခအေနမွာလုပ္ၿပီး ျပန္တဲ့လူနာကေတာ့ ၂၀ ေက်ာ္ေလာက္ရွိတယ္။ ဖမ္းခံရတဲ့ ျပည္သူလူထုေတြကေတာ့ အေယာက္ ၄၀၀ ေက်ာ္ေလာက္ရွိတယ္။ ဝရုဏ္းသုန္းကား ျဖစ္တဲ့အခ်ိန္မွာေတာ့ ကိုယ္ေတြလည္း ထိမွာတို႔၊ ပါသြားမွာတို႔လို ပံုစံမ်ိဳးအေနအထားရွိေတာ့ အားလံုးျငိမ္တယ္၊ အေျခအေနေကာင္းတယ္ဆိုေတာ့မွပဲ ဝင္လို႔ရတဲ့အေနအထားရွိတယ္ေပါ့ေနာ္။

မဆုမြန္။ ။ ဟုတ္ကဲ့ဆရာ၊ ဆရာခုဏကေျပာတဲ့ လူမႈကယ္ဆယ္ေရးအသင္းေတြေရာ၊ ဒီေဆးဝန္ထမ္းေတြေရာ၊ ပရဟိတ ဆရာဝန္ေတြေရာ... အားလံုးက ဝိုင္းၿပီးေတာ့ ကူေပးေနၾကတယ္။ ဒါေပမဲ့ ဒီကေန႔ ေျမာက္ဥကၠလာျဖစ္စဥ္မွာဆိုရင္ လူမႈကယ္ဆယ္ေရးလုပ္ေပးေနတဲ့ ဝန္ထမ္းေတြေပါ့ေနာ္... ပရဟိတဝန္ထမ္းေတြကိုလည္း လံုျခံဳေရးေတြဘက္ကေန ဖမ္းတာ၊ ဆီးတာ၊ ရိုက္ႏွက္တာလည္း ရွိေနေတာ့ အခုလို ေဆးကုသဖို႔ အေရးေပၚလိုအပ္ေနတဲ့ အေျခအေနမွာ ကုိယ္တိုင္လည္း ကုေပးေနတဲ့ ဆရာဝန္တေယာက္အေနနဲ႔ ဘာမ်ား ေျပာခ်င္တာရွိပါသလဲရွင့္။

ေဒါက္တာေက်ာ္မင္းထြန္း။ ။ က်ေနာ္တို႔ အခုက ျပည္သူလူထုအတြက္ကို အဓိက ဘာပဲျဖစ္ျဖစ္ေပါ့ေနာ္... ရဲျဖစ္ျဖစ္၊ စစ္သားျဖစ္ျဖစ္၊ ျပည္သူလူထုျဖစ္ျဖစ္ ထိခိုက္ဒဏ္ရာရတဲ့ ဘယ္သူမဆို ကုသေပးရမွာ က်ေနာ္တို႔ တာဝန္ေပါ့ေနာ္။ ဘယ္သူဒဏ္ရာရသလဲ။ ဒဏ္ရာရတဲ့သူ က်ေနာ္တို႔က ကုမွာပဲ။ ကုမယ္ဆိုေတာ့ အတတ္ႏိုင္ဆံုးေပါ့ေနာ္... က်ေနာ္တို႔ rescue team ေတြေပါ့ေနာ္... ambulance service ရွိမယ္၊ ဆရာဝန္ေတြရွိမယ္၊ သူနာျပဳေတြရွိမယ္၊ volunteer ေတြရွိမယ္၊ ၾကက္ေျခနီေတြရွိမယ္။ အဲဒီအဖဲြ႔အစည္းေတြကို ျဖစ္ႏိုင္ရင္ေတာ့ ethic အရေပါ့ေနာ္... ကာကြယ္သင့္တယ္လို႔ က်ေနာ္အၾကံျပဳခ်င္တယ္။ ရန္ရွာမွာလည္း မဟုတ္ဘူး၊ ရန္ျပဳမွာလည္း မဟုတ္ဘူး။ ျဖစ္ႏိုင္ရင္ေတာ့ အတတ္ႏိုင္ဆံုး cover လုပ္ေပးေစခ်င္တယ္ေပါ့ေနာ္... အဲဒါေလး အၾကံျပဳခ်င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြောက်ဥက္ကလာနဲ့ တာမွေအခြေအနေ ဆရာဝန်တဦးနဲ့ မေးမြန်းချက်

သေဆုံး ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိနေတဲ့ မြောက်ဥက္ကလာပဆေးရုံကြီးက အရေးပေါ်အခြေအနေမှာ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း အင်အားအရေးတကြီး လိုအပ်နေပေမဲ့ လုံခြုံရေးတပ်တွေဘက်က လမ်းပိတ်ဆို့ထားတဲ့အတွက် ကူညီကယ်ဆယ်ပေးဖို့ သွားနေတဲ့ဆရာဝန်တွေ အခက်ကြုံနေရတယ်လို့ ကိုယ်တိုင်သွားရောက်ကူညီကယ်ဆယ်ပေးဖို့ကြိုးစားနေတဲ့ ဆရာဝန်တဦးကပြောပါတယ်။ မြောက်ဥက္ကလာပ ပစ်ခတ်မှုတွေအတွင်း ပွဲချင်းပြီးသေဆုံးသူအရေအတွက် အရေးပေါ် ထိခိုက်ဒဏ်ရာရနေကြတဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်းချိန် ဒေါက်တာကျော်မင်းထွန်းပြောပြပါတယ်။

ဒေါက်တာကျော်မင်းထွန်း။ ။ အခုမြောက်ဥက္ကလာဘက်ကို ကျနော်တို့သွားမယ့်အချိန်မှာ ဝင်လို့မရလိုက်ဘူး။ သူတို့ အားလုံးပိတ်လိုက်ပြီ။ Ambulance တွေ ထွက်တဲ့အချိန်မှာ သူတို့က လုံးဝပိတ်ချလိုက်တယ်။ အဝိုင်းကို ပိတ်လိုက်တယ်ဆိုတော့ ကျနော်တို့ဘယ်မှ သွားလို့မရတော့ဘူး။ ခေမာသီဘက်ရော၊ သုဓမ္မာဘက်ရော၊ မြောက်ဒဂုံဘက်ရော ဘယ်မှသွားလို့မရတော့ဘူး။ အဝိုင်းကို center ယူပြီးပိတ်လိုက်တယ်။ အနေအထားက မြောက်ဥက္ကလာဘက်ကို သွားကယ်လို့မရ၊ ကူလို့မရတဲ့အနေအထားဖြစ်သွားတယ်။

မဆုမွန်။ ။ ဆရာသိထားသလောက်လေးလည်း အခြေအနေလေး နည်းနည်းပြောပြပေးပါ။ မြောက်ဥက္ကလာအခြေအနေ ဆရာတို့ နောက်ဆုံးသိထားသလောက်ပေါ့။ ဆရာတို့ ကိုယ်တိုင်လည်း သွားဖို့ ကြိုးစားနေတယ်ဆိုတော့ ဘယ်လောက်ထိ စိုးရိမ်စရာအနေအထားရှိပါသလဲဆရာ။

ဒေါက်တာကျော်မင်းထွန်း။ ။ အနေအထားကတော့ ဖြစ်ဖြစ်ချင်း on the spot မှာ သုံးယောက်လောက် ဆုံးသွားတဲ့အထိဖြစ်တယ်လို့ ကြားတယ်ပေါ့နော်။ ဒဏ်ရာရတဲ့သူတွေကလည်း များတယ်ပေါ့နော်။ ဒဏ်ရာကလည်း တော်တော်ရကြတယ်။ ပြီးတော့ ဆေးရုံမှာ ရောက်ပြီးတော့ သေတဲ့လူနာတွေလည်း ရှိတယ်။ ဆုံးတဲ့လူနာတွေက အားလုံး total ၇ နာရီ ၅ မိနစ်ရဲ့ report အရ သေဆုံးတဲ့သူအားလုံးပေါင်း... ဆေးရုံရောက်ပြီး သေတာတွေရော၊ လမ်းမှာ ဆုံးတာတွေရော ၁၅ ယောက် အကြမ်းဖျင်းရှိတယ်။ ပြင်းထန်ဒဏ်ရာတွေကတော့ ၅၀ အပေါ်မှာ ရှိတယ်။ ပြင်းထန်ဒဏ်ရာမှာ ဆိုရင် ကျည်ရှိတာတွေရော၊ ချော်လဲရင်းနဲ့ ပြုတ်ကျတာတွေရော၊ ရိုက်ခံရတာတွေရော... အစုံပေါ့နော်။ အယောက် ၅၀ ကျော်တယ်။

မဆုမွန်။ ။ ဆရာတို့ နောက်ဆုံးသိထားသလောက်ဆိုရင် မြောက်ဥက္ကလာပ ဆေးရုံမှာ ဆရာဝန်တွေနဲ့ ဒီဆေးဝန်ထမ်းတွေပေါ့နော်... ကူညီကယ်ဆယ်ပေးနေသူတွေ အနေအထားပေါ့နော်... သူတို့ဘယ်များ အခက်အခဲရှိကြလဲ။ ဆရာတို့လည်း သွားဖို့လည်း ကြိုးစားနေကြတဲ့သူတွေဆိုတော့လေ။

ဒေါက်တာကျော်မင်းထွန်း။ ။ အခု အခက်အခဲကတော့ လူအင်အားပေါ့နော်။ ဆေးရုံကတော့ ပိတ်ထားတယ်။ ဒီ emergency ချက်ချင်းဖြစ်တဲ့အပေါ်မှာ ချက်ချင်းဖွင့်ပြီး ချက်ချက်ကုတယ်။ ရုတ်တရက်ကြီးဆိုတော့ လူအင်အားလိုတယ်။ လိုအပ်မှုရှိသွားတာပေါ့နော်။ volunteer ဆရာဝန်တွေကလည်း ချိတ်ပြီးတော့ ကူညီပေးတယ်။ အဓိကကတော့ ဆရာဝန်အင်အားလေး လိုအပ်ချက်ရှိတယ်။ ဖြစ်ဖြစ်ချင်းမှာတော့ ဝုန်းဒိုင်းကြဲတဲ့အချိန်မှာတော့ တော်တော်အခက်ဖြစ်သွားတယ်။ လူအင်အားလိုအပ်ချက်ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်။

မဆုမွန်။ ။ ဆရာဒါကတော့ မြောက်ဥက္ကလာအခြေအနေပေါ့နော်။ ခုဏက ပြောခဲ့တဲ့ တာမွေဘက်က နောက်ဆုံးအခြေအနေလည်း ပြောပြပေးပါ။ ဆရာတို့လည်း ကိုယ်တိုင် ကုသပေးနေတာဆိုတော့လေ။

ဒေါက်တာကျော်မင်းထွန်း။ ။ တာမွေဘက်မှာတော့ ကျနော်တို့က အဓိက တာမွေ၊ ကျောက်မြောင်းဘက်အခြမ်းမှာတော့ နည်းနည်းကြမ်းသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း တော်တော်ကြီးများတယ်။ သေဆုံးတော့မရှိဘူး။ အဲဒီမှာကျတော့ အဓိက ရာဘာကျည်ဆံ ထိတဲ့သူများတယ်။ ပြီးတော့ ရိုက်ခံရတဲ့ လူနာ များတယ်။ ပြီးတော့ ချော်လဲရင်နဲ့ ထိခိုက်ဒဏ်ရာရတဲ့သူများတယ်။ ကျနော်တို့က ဒီ on ground မှာတော့ လုပ်သင့်လုပ်ထိုက်တာ မြန်မြန်လုပ်ပြီးတော့ ပြန်ခိုင်းလိုက်တယ်ပေါ့နော်။ အကြမ်းဖျင်းစာရင်းက ကျနော်တို့ဆီရောက်လာတဲ့ data အရတော့ ၁၅ ယောက်ဝန်းကျင်ရှိတယ်။ မြေပြင်အခြေအနေမှာလုပ်ပြီး ပြန်တဲ့လူနာကတော့ ၂၀ ကျော်လောက်ရှိတယ်။ ဖမ်းခံရတဲ့ ပြည်သူလူထုတွေကတော့ အယောက် ၄၀၀ ကျော်လောက်ရှိတယ်။ ဝရုဏ်းသုန်းကား ဖြစ်တဲ့အချိန်မှာတော့ ကိုယ်တွေလည်း ထိမှာတို့၊ ပါသွားမှာတို့လို ပုံစံမျိုးအနေအထားရှိတော့ အားလုံးငြိမ်တယ်၊ အခြေအနေကောင်းတယ်ဆိုတော့မှပဲ ဝင်လို့ရတဲ့အနေအထားရှိတယ်ပေါ့နော်။

မဆုမွန်။ ။ ဟုတ်ကဲ့ဆရာ၊ ဆရာခုဏကပြောတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေရော၊ ဒီဆေးဝန်ထမ်းတွေရော၊ ပရဟိတ ဆရာဝန်တွေရော... အားလုံးက ဝိုင်းပြီးတော့ ကူပေးနေကြတယ်။ ဒါပေမဲ့ ဒီကနေ့ မြောက်ဥက္ကလာဖြစ်စဉ်မှာဆိုရင် လူမှုကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ဝန်ထမ်းတွေပေါ့နော်... ပရဟိတဝန်ထမ်းတွေကိုလည်း လုံခြုံရေးတွေဘက်ကနေ ဖမ်းတာ၊ ဆီးတာ၊ ရိုက်နှက်တာလည်း ရှိနေတော့ အခုလို ဆေးကုသဖို့ အရေးပေါ်လိုအပ်နေတဲ့ အခြေအနေမှာ ကိုယ်တိုင်လည်း ကုပေးနေတဲ့ ဆရာဝန်တယောက်အနေနဲ့ ဘာများ ပြောချင်တာရှိပါသလဲရှင့်။

ဒေါက်တာကျော်မင်းထွန်း။ ။ ကျနော်တို့ အခုက ပြည်သူလူထုအတွက်ကို အဓိက ဘာပဲဖြစ်ဖြစ်ပေါ့နော်... ရဲဖြစ်ဖြစ်၊ စစ်သားဖြစ်ဖြစ်၊ ပြည်သူလူထုဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတဲ့ ဘယ်သူမဆို ကုသပေးရမှာ ကျနော်တို့ တာဝန်ပေါ့နော်။ ဘယ်သူဒဏ်ရာရသလဲ။ ဒဏ်ရာရတဲ့သူ ကျနော်တို့က ကုမှာပဲ။ ကုမယ်ဆိုတော့ အတတ်နိုင်ဆုံးပေါ့နော်... ကျနော်တို့ rescue team တွေပေါ့နော်... ambulance service ရှိမယ်၊ ဆရာဝန်တွေရှိမယ်၊ သူနာပြုတွေရှိမယ်၊ volunteer တွေရှိမယ်၊ ကြက်ခြေနီတွေရှိမယ်။ အဲဒီအဖွဲ့အစည်းတွေကို ဖြစ်နိုင်ရင်တော့ ethic အရပေါ့နော်... ကာကွယ်သင့်တယ်လို့ ကျနော်အကြံပြုချင်တယ်။ ရန်ရှာမှာလည်း မဟုတ်ဘူး၊ ရန်ပြုမှာလည်း မဟုတ်ဘူး။ ဖြစ်နိုင်ရင်တော့ အတတ်နိုင်ဆုံး cover လုပ်ပေးစေချင်တယ်ပေါ့နော်... အဲဒါလေး အကြံပြုချင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG