သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-တရုတ္ဆက္ဆံေရးဟာ ၂၁ ရာစု ပထ၀ီ၀င္ႏိုင္ငံေရး အႀကီးမားဆံုးစိန္ေခၚမႈ (၀န္ႀကီး Blinken)


(Zawgyi/Unicode)

အေမရိကန္နဲ ့တရုတ္နိုင္ငံအၾကား ဆက္ဆံေရးကို ဒီရာစုရဲ႕ ကမၻာ့အၾကီးဆံုး ပထ၀ီႏိုင္ငံေရး အကဲစမ္းမႈ တရပ္အျဖစ္ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီး Antony Blinken ဗုဒၶဟူးေန ့က ေၾကညာလိုက္ပါတယ္။

သူ ့ရဲ႕ ပထမဦးဆံုး ႏိုင္ငံျခားေရးမူ၀ါဒမိန္ ့ခြန္းထဲမွာ ဘိုင္ဒန္အစိုးရသစ္အေနနဲ ့အားေကာင္းတဲ့ အေနထားတရပ္ကေန တရုတ္ႏိုင္ငံနဲ ့ဆက္ႏြယ္မႈကို စီမံသြားမယ္လို ့ေဖာ္ျပထားပါတယ္။

“ တရုတ္ႏိုင္ငံရဲ႕ စိန္ေခၚမွုခ်က္က တမူကြဲျပားပါတယ္။ တရုတ္နိုင္ငံဟာ စီးပြားေရး၊ သံတမန္ေရး၊ စစ္ေရး၊ နည္းပညာအားေတြနဲ ့ တည္ျငိမ္ပြင့္လင္းတဲ့ ႏိုင္ငံတကာစနစ္နဲ ့က်ေနာ္တို သြားခ်င္ေနတဲ့ စည္းမ်ဥ္း၊ စံတန္ဖိုးနဲ ့မိတ္ေဆြျဖစ္မႈေတြကို ထိထိေရာက္ေရာက္စိန္ေခၚနိင္တဲ့ တခုတည္းေသာတိုင္းျပည္ျဖစ္ပါတယ္။ ” လို ့ Blinken က ႏိုင္ငံျခားေရး ၀န္ႀကီးဌာနမွာ ေျပာဆိုသြားပါတယ္။

ဆက္လက္ျပီး သူက ၀ါရွင္တန္ဟာ တရုတ္နိုင္ငံနဲ ့ ပက္သက္လာလို ့ လိုအပ္လာရင္ ဆက္ျပီး ျပီးေျမာက္ေအာင္ျမင္ဖို ့၊ ပူးေပါင္းေဆာင္ရြက္ဖို ့နဲ ့ ပဋိပကၡဆန္ဖို ့ရွိတယ္လို ့ဆိုပါတယ္။

သံတမန္ေရးဦးေဆာင္မွုစိတ္ပိုင္းျဖတ္မွုနဲ ့အတူ ကမၻာ့ စင္ျမင့္မွာ အေမရိကန္ရဲ့ စြမ္းအားကို ျပန္လည္ဆန္းသစ္ဖို ့ဆိုတဲ့ သမၼတ Joe Biden ရဲ့ မဟာဗ်ဴဟာကို Blinken ရဲ့ မိန္ ့ခြန္းမွာ ခ်ျပသြားပါတယ္။

ဘိုင္ဒန္အစိုးရရဲ႕ အဓိက နိုင္ငံျခားေရး ရည္မွန္းခ်က္ေတြမွာ ကိုရိုနာဗိုင္းရပ္စ္ကို ကမၻာလံုးဆိုင္ရာထိန္းခ်ဳပ္ဖို ့၊ ပိုမိုစုေပါင္းပါ၀င္တဲ့ ကမၻာ့စီးပြားေရးကို တည္ေဆာက္ဖို ့နဲ ့ကမၻာ့ကပ္ေဘးၾကီးက မီးထိုးေပးတဲ့ တိုးျမင့္လာေနတဲ့ ဒီမိုကေရစီစနစ္အေပၚ ျခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ၾကဖို ့ေတြ ပါ၀င္ပါတယ္။

ဆက္လက္ျပီး Blinken က ဘိုင္ဒန္အစိုးရဟာ အီရန္နဲ ့ ကမၻာ့ အင္အားၾကီးနိုင္ငံေတြအၾကား ႏ်ဴကလီးယား သေဘာတူညီေရးစာခ်ဳပ္အတြက္ တိုးျမွင့္ခ်ဲ ့ထြင္မယ္ဖို ့နည္းလမ္းရွာၾကံသြားဖို ့ရွိတယ္လို ့ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ကန်-တရုတ်ဆက်ဆံရေးဟာ ၂၁ ရာစု ပထဝီဝင်နိုင်ငံရေး အကြီးမားဆုံးစိန်ခေါ်မှု (ဝန်ကြီး Blinken)

(Unicode)

အမေရိကန်နဲ့တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို ဒီရာစုရဲ့ ကမ္ဘာ့အကြီးဆုံး ပထဝီနိုင်ငံရေး အကဲစမ်းမှု တရပ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

သူ့ရဲ့ ပထမဦးဆုံး နိုင်ငံခြားရေးမူဝါဒမိန့်ခွန်းထဲမှာ ဘိုင်ဒန်အစိုးရသစ်အနေနဲ့အားကောင်းတဲ့ အနေထားတရပ်ကနေ တရုတ်နိုင်ငံနဲ့ဆက်နွယ်မှုကို စီမံသွားမယ်လို့ဖော်ပြထားပါတယ်။

“ တရုတ်နိုင်ငံရဲ့ စိန်ခေါ်မှုချက်က တမူကွဲပြားပါတယ်။ တရုတ်နိုင်ငံဟာ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး၊ နည်းပညာအားတွေနဲ့ တည်ငြိမ်ပွင့်လင်းတဲ့ နိုင်ငံတကာစနစ်နဲ ့ကျနော်တို သွားချင်နေတဲ့ စည်းမျဉ်း၊ စံတန်ဖိုးနဲ့မိတ်ဆွေဖြစ်မှုတွေကို ထိထိရောက်ရောက်စိန်ခေါ်နိင်တဲ့ တခုတည်းသောတိုင်းပြည်ဖြစ်ပါတယ်။ ” လို့ Blinken က နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ပြောဆိုသွားပါတယ်။

ဆက်လက်ပြီး သူက ဝါရှင်တန်ဟာ တရုတ်နိုင်ငံနဲ့ ပက်သက်လာလို့ လိုအပ်လာရင် ဆက်ပြီး ပြီးမြောက်အောင်မြင်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပဋိပက္ခဆန်ဖို့ရှိတယ်လို့ဆိုပါတယ်။

သံတမန်ရေးဦးဆောင်မှုစိတ်ပိုင်းဖြတ်မှုနဲ့အတူ ကမ္ဘာ့ စင်မြင့်မှာ အမေရိကန်ရဲ့ စွမ်းအားကို ပြန်လည်ဆန်းသစ်ဖို့ဆိုတဲ့ သမ္မတ Joe Biden ရဲ့ မဟာဗျူဟာကို Blinken ရဲ့ မိန့်ခွန်းမှာ ချပြသွားပါတယ်။

ဘိုင်ဒန်အစိုးရရဲ့ အဓိက နိုင်ငံခြားရေး ရည်မှန်းချက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာလုံးဆိုင်ရာထိန်းချုပ်ဖို့၊ ပိုမိုစုပေါင်းပါဝင်တဲ့ ကမ္ဘာ့စီးပွားရေးကို တည်ဆောက်ဖို့နဲ့ကမ္ဘာ့ကပ်ဘေးကြီးက မီးထိုးပေးတဲ့ တိုးမြင့်လာနေတဲ့ ဒီမိုကရေစီစနစ်အပေါ် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ကြဖို့တွေ ပါဝင်ပါတယ်။

ဆက်လက်ပြီး Blinken က ဘိုင်ဒန်အစိုးရဟာ အီရန်နဲ့ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေအကြား နျူကလီးယား သဘောတူညီရေးစာချုပ်အတွက် တိုးမြှင့်ချဲ့ထွင်မယ်ဖို့နည်းလမ်းရှာကြံသွားဖို့ရှိတယ်လို့ပြောဆိုသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG