သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WHO အတွက် အမေရိကန်က ဒေါ်လာသန်း၂၀၀ ကျော် ထောက်ပံ့မည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ပထမအကြိမ် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ- AP)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ပထမအကြိမ် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ- AP)

(Zawgyi/Unicode)
အမေရိကန်ပြည်ထောင်စုအနေနဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ထံ ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ပေးသွားမယ်လို့နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ WHO က ရုပ်သိမ်းနှုတ်ထွက်ရေးအစီအစဉ်ပြီးနောက် လပိုင်းအတွင်းမှာပဲ အခုလို ထောက်ပံ့ပေးအပ်တာဖြစ်ပါတယ်။ အကြီးဆုံးအလှူရှင်အဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းကြီးဆီကို ကတိပေးထားတဲ့အတိုင်း ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။
ဒါဟာ WHO အဖွဲ့ဝင်အဖြစ် လုပ်ဆောင်ရမယ့် ဘဏ္ဍာရေးတာဝန်ကို ဖြည့်ဆည်းပေးတာလည်းဖြစ်ပြီးတော့ ကပ်ဘေးကို တုံ့ပြန်ဖို့တွက် ကမ္ဘာ့ အဖွဲ့အစည်းကြီးတရပ်ဖြစ်တဲ့ WHO ရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးတာလည်းဖြစ်ပါတယ် လို့ ကုလလုံခြုံရေးကောင်စီမှာ Blinken က ပြောဆိုသွားတာပါ။

ကမ္ဘာ့စိန်ခေါ်မှုတွေကို ထုတ်ဖော်ပြောဆိုရာမှာ အမေရိကန်ပြည်ထောင်စုက မိတ်ဖက်အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဆက်လက်ပြီး Blinken က အမေရိကန်ပြည်ထောင်စုအနေနဲ့ အဆင်းရဲဆုံးနိုင်ငံတွေကို ကာကွယ်ဆေးဖြန့်ဖြူးပေးမယ့် နိုင်ငံတကာကာကွယ်ဆေးအဖွဲ့ Covax ဆီၤကို အလှူငွေ အများအပြားထောက်ပံ့ပေးသွားဖို့ရှိတယ်လို့လည်း ပြောဆိုသွားပါတယ်။

................................................................

တိုက်ရိုက် လင့်ခ်


(Unicode)




XS
SM
MD
LG