(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြကို အာဏာပိုင္ေတြ ႏွိမ္နင္းရာက ဖမ္းဆီးထားတဲ့ သတင္းသမားေတြကို ျပန္လႊတ္ဖို႔ အေမရိကန္က ေတာင္းဆိုလိုက္ပါတယ္။
အေမရိကန္ သတင္းဌာနတခုျဖစ္တဲ့ AP သတင္းေထာက္ ကိုသိန္းေဇာ္နဲ႔ ေနာက္ထပ္သတင္းသမား ၅ ေယာက္ကို ျပန္လႊတ္ေပးဖို႔ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Ned Price က ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုလိုက္တာပါ။
သတင္းမီဒီယာသမားေတြ ဖမ္းဆီးခံရမႈ မ်ားလာတဲ့အေပၚ စိုးရိမ္ေၾကာင္းနဲ႔ ကိုယ့္အလုပ္ကိုယ္လုပ္ေနၾကတဲ့ သတင္းသမားေတြကို ဖမ္းဆီးတာ ၿခိမ္းေျခာက္တာေတြကို ရပ္တန္းက ရပ္ဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။
စစ္အာဏာသိမ္းေခါင္းေဆာင္ေတြအေပၚ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ခ်မွတ္ထားတဲ့ အေမရိကန္ ျပည္ေထာင္စုက ေနာက္ထပ္ အေရးယူႏိုင္မယ့္ နည္းလမ္းေတြကိုလည္း စဥ္းစားေနေၾကာင္း ေျပာဆိုခဲ့ေပမဲ့၊ ျမန္မာျပည္သူေတြ မထိခိုက္ေအာင္ ႀကိဳးပမ္းမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
..........
ဖမ်းဆီးးထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ အမေရိကန် တောင်းဆို
(Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ နှိမ်နင်းရာက ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ အမေရိကန်က တောင်းဆိုလိုက်ပါတယ်။
အမေရိကန် သတင်းဌာနတခုဖြစ်တဲ့ AP သတင်းထောက် ကိုသိန်းဇော်နဲ့ နောက်ထပ်သတင်းသမား ၅ ယောက်ကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ သတင်းမီဒီယာသမားတွေ ဖမ်းဆီးခံရမှု များလာတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတဲ့ သတင်းသမားတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေကို ရပ်တန်းက ရပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းခေါင်းဆောင်တွေအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက နောက်ထပ် အရေးယူနိုင်မယ့် နည်းလမ်းတွေကိုလည်း စဉ်းစားနေကြောင်း ပြောဆိုခဲ့ပေမဲ့၊ မြန်မာပြည်သူတွေ မထိခိုက်အောင် ကြိုးပမ်းမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။